အခန်း (၃၁၀)
Vol. 31 Ch. 310
ချင်မိသားစုသည် မှတ်ချက်ပေးရန်ပင် ပင်ပန်းလွန်းနေသည်။ ပါးပါးယွီနှင့်ခယ့်ယွမ်အာတို့သည် လှေကားပေါ်မှဆင်းလာသည့်လူတစ်စုအား သတိပြုမိပြီး ၎င်းတို့ကြားတွင် ယွီယွဲ့ အား တွေ့လိုက်ရသည်။ ယွီယွဲ့မှ ခယ့်ယွမ်အာအား အေးစက်စွာကြည့်နေစဉ် ခယ့်ယွမ်အာမှ ယွီယွဲ့အား မက်မောစွာစိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူ၏စွဲလမ်းသည့်အကြည့်အောက် ယွီယွဲ့တုန်လှုပ်သွားကာ အလွန်စိတ်မသက်မသာဖြစ်လာပြီး သူ့အကြည့်များအားရှောင်ဖယ်ကာ သူ့မျက် လုံးသန့်ရှင်းသွားစေရန် ပိုင်ရှောင်ရှီကိုသာ အသဲအသန်ကြည့်နေလိုက်သည်။
အဖွဲ့ရှိအခြားသူများလည်း ခယ့်ယွမ်အာ၏မကျေမနပ်အ ကြည့်အား သတိပြုမိကြပြီး အမှန်တကယ်စက်ဆုပ်ရွံရှာကြသော်လည်း ရယ်စရာကောင်းသည်ကိုရှာတွေ့ခဲ့သည်။
သနားဖို့ကောင်းလိုက်တဲ့ ယွီယွဲ့၊ ဘယ်လောက်ကြေကွဲစရာကောင်းတဲ့လူလဲ!
ချင်ရှန့်၏အကြံဉာဏ်အားခံယူပြီးနောက် ယွီယွဲ့ သည် လက်ရှိအခြေနေကိုဖြတ်ကျော်ရန် အာရုံစိုက်ကာ တစ်ချိန်လုံးခံနိုင် ရည်ရှိရန်မှတပါး ရွေးချယ်စရာမရှိပေ။
သူ့အဖေမှ သူ့အား အတူတူစားဖို့မခေါ်ရန် အနည်းငယ်မျှော် လင့်မိသည်။
ကောင်းပြီ၊ သူ့အခြေအနေအရ၊ ယွီယွဲ့ လိုက်နာယုံမှလွဲ၍ ရွေး ချယ်စရာမရှိချေ။ သူ့သူငယ်ချင်းများ၏ စာနာသည့်အကြည့်များအောက်တွင် သူသည် ကွပ်မျက်ခံနေရသလိုခံစားရစေသည့် နေရာဆီသို့လျှောက်သွားခဲ့သည်။
လူတိုင်း ထိုင်ခုံသို့ပြန်ရောက်ကြသောအခါ ဧည့်ခံထားသည့်အစားအသောက်များအားမစားချင်ကြပေ။ ထို့အစား၊ သူတို့အားလုံးသည် ဒရာမာပေါ်တွင်သာ အာရုံဖြန့်ကျက်ထားကြသည်။
အဆုံးတွင် ဤကဲ့သို့စစ်မြေပြင်မျိုးသညါ ရှားပါးမြင်ကွင်းတစ်ခုဖြစ်သည်။
တင်းမာမှုအား သတိမမူမိသည့်ယွီပါးပါးသည် သူ့သတို့သမီးမှ လင်ပါသားအား လုံးလုံးလျားလျားဆွဲလမ်းနေချိန် အလယ်၌ ရပ်ကာ ကလေးယူဖို့ဆွေးနွေးရန် စိတ်ကူးယဉ်နေသည်။
ထိုအချိန်တွင် လင်ပါသားယွီယွဲ့ သည် မြင်ရတာသက်သောင့် သက်သာမဖြစ်သဖြင့် ခယ့်ယွမ်အာနှင့် မိုင်ပေါင်းတစ်သိန်းဝေးသည့်နေရာသို့ ရောက်ရပါလို၏ဟုဆုတောင်းလိုက်သည်။ သူ့အဖေမှ သူ့အားကြိမ်ဖန်များစွာစိုက်ကြည့်ပြီး နီးနီးကပ်ကပ်နေရန်သတိပေးနေသည်။
[ယွီယွဲ့အတွက် သုံးစက္ကန့်လောက် ဝမ်းနည်းပေးကြရအောင်။ Hahaha၊ ခယ့်ယွမ်အာက အလှည့်အပြောင်းတွေမှာ ယွီယွဲ့နဲ့ တိတ်တိတ်လေး ပရောပရည်လုပ်ဖို့ကြိုးစားနေတာလား? ယွီယွဲ့ အံ့ဩလွန်းလို့ ထခုန်လုနီးပါးဖြစ်နေပြီ။ နောက်ကျရင် သူ အဲ့ဒီအဝတ်အစားတွေကို လွှင့်ပစ်လောက်တယ်။]
ချင်ရှန့်သည် အလွန်စာနာချင်စိတ်မရှိသော်လည်း ကျီဖေး၏ မှတ်ချက်အား မရယ်မောပဲမနေနိုင်ပေ။
ကျီဖေး၏တိုက်ရိုက်ဝေဖန်ချက်အားကြားရသည့် ချင်မိသားစုသည်လည်း အသေးစိတ်အချက်အလက်များအား ခွဲခြမ်းစိတ် ဖြာရာတွင် ပူးပေါင်းခဲ့သည်။
မားမားချင်: " ခယ့်ယွမ်အာက သူ့အကြည့်တွေနဲ့ flirt ဖို့ကြိုး စားနေပေမဲ့ ယွီယွဲ့ က ချက်ချင်းခေါင်းလှည့်သွားတာလား?"
ချင်ရန်: "ကြည့်! ခယ့်ယွမ်အာက ယွီယွဲ့ နဲ့ ဖန်ခွက်ချင်းလဲဖို့ ကြိုးစားခဲ့တာပဲ၊ ယွီယွဲ့ အတွက် သူ့ဖန်ခွက်ကိုအမြန်ပြန်ယူနိုင်ဖို့ပဲလား?"
ပါးပါးချင်: "ယွီယွဲ့ အခုချွေးတွေတောင်သုတ်နေရပြီလား? အိုး! သူတကယ်ကြီး သူ့ခင်ပွန်းရှေ့မှာတင် လက်ကိုင်ပုဝါတစ်ထည်ပေးဖို့ ကြိုးစားနေတာပဲ..."
[ဟားဟား၊ ယွီယွဲ့ က ပါးလွှာတဲ့ရေခဲပြင်ပေါ်မှာလမ်းလျှောက်နေရတာပဲ။]
အဖွဲ့သည်လည်း တစ်စုံတစ်ခုပိတ်သွားသည်ကိုသတိပြုမိလာသည်။
ပိုင်ရှောင်ရှီသည် ယွီယွဲ့ အားအလွန်တပ်မက်နေသည်ကိုမြင်ရသဖြင့် သူ ထိုင်မနေနိုင်လောက်အောင် စိတ်မကောင်းဖြစ်မိသည်။
ကောင်းယာလန်မှ " ယွီယွဲ့ က အရမ်းသနားဖို့ကောင်းတယ်။ ငါတို့ ဒီတိုင်းကြည့်နေမှာလား?"
"ငါတို့ ဘာလုပ်နိုင်မှာလဲ ?" လော့ဖေးမှ ကူကယ်ရာမဲ့စွာမျက် ခုံးပင့်လိုက်သည်။
ကျန်းရန် ပေါ့ပေါ့ပါးပါးချောင်းဆိုးလိုက်ပြီး "သူ့သီလ သူကာကွယ်လိမ့်မယ်။"
စမ်ထင် သူ့လက်ဖက်ရည်အား ထွေးထုတ်လုမတတ်ပင်။
ခဏအကြာ သုံးယောက်သားမုန့်စားရန် သူ့တို့စားပွဲသို့ရောက် လာသည်။
ပိုင်ရှောင်ရှီသည် ယွီယွဲ့အနားတွင် ချက်ချင်းရပ်လိုက်ပြီး စိုးရိမ်စိတ်ဖြင့်ကြည့်ကာ ခြေထောက်ကြားမှအမြှီးပေါက်နေသည့် ကြောင်ယွမ်အာ(ခယ့်ယွမ်အာ) အား စူးစူးစိုက်စိုက်လှည့်ကြည့်လိုက်သည်။
သို့သော်လည်း ပိုင်ရှောင်ရှီ၏မျက်လုံးများသည် အစောကငိုထားသဖြင့် အနည်းငယ်ရောင်နေသေးသည်။
ယွီယွဲ့ အား လုံးလုံးလျားလျားအာရုံစိုက်ထားသည့် ခယ့်ယွမ်အာသည် ပိုင်ရှောင်ရှီအားသဘာဝကျကျသတိထားမိသည်။
သူ့အား တွေ့လိုက်ရသဖြင့် မျက်လုံးများတောက်ပလာသည်။
ခယ့်ယွမ်အာ၏အတွေးများအား ကြားလိုက်ရသည့် ကျီဖေး သည် ချက်ခြင်းချောင်းထဆိုးကာ လူတိုင်းအားထိတ်လန့်စေခဲ့သည်။
ချင်ရှန့်သည် ကျီဖေး၏နောက်ကျောအားအလျင်အမြန်ပုတ်ပေးလိုက်သည်။
ယွီပါးပါးမှ "မင်းအဆင်ပြေရဲ့လား ?"
ကျီဖေးချောင်းဆိုးတာရပ်သွားပေမယ့် ဘာမှပြန်မပြောရဲပေ။ စိတ်ထဲတွင် အော်နေမိသည်။
[ဒါပေါ့၊ အဆင်မပြေဘူးလေ! ရှင့်မယားကို ကျွန်မအရမ်းစိတ် ညစ်တယ်! သူ့အတွေးတွေက ရယ်စရာကောင်းလွန်းတယ်... ခယ့်ယွမ်အာက ယွီယွဲ့ နဲ့ပိုင်ရှောင်ရှီတို့ သူ့ကြောင့်ရန်ဖြစ်ထားလို့ ပိုင်ရှောင်ရှီငိုနေတာလို့ သူက ထင်နေတာ။ သူ့ကိုယ်သူ ယွီယွဲ့ရဲ့နှလုံးသားထဲမှာ ပိုင်ရှောင်ရှီထက်ကျော်တက်သွားပြီလို့တောင် ခန့်မှန်းနေသေးတယ်။]
ချင်ရှန့်သည် ခယ့်ယွမ်အာအား စိတ်ဆိုးသည့်အကြည့်ဖြင့်ပစ်သတ်လိုက်ပြီး သူ့စိတ်ကူးယဉ်အတွေးများမှာ သူ့ဇနီးအား စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ဒေါသထွက်နေသည်။
"ဟီးဟီး ကျွန်မနေကောင်းပါတယ်၊ နည်းနည်း မွန်းကြပ်နေရုံပါ။" ဟု ကျီဖေးပြောလိုက်သည်။
ယွီပါးပါးမှ နောက်စားပွဲသို့မသွားခင် သူ့အား ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ချင်ရှန့်သည် အခြားသူများမှ ကျီဖေးအား မည်သို့ကြည့်ရှုသည်နှင့်ပတ်သတ်၍ အလွန်အကဲဆတ်ပြီး ယွီပါးပါး၏နောက် ဆုံးအကြည့်သည် မည်သည်ကိုဆိုလိုသည်ကိုသိချင်နေသည်။ ထို့နောက် ကျီဖေးမှ ၎င်းအားဖမ်းမိခဲ့သည်ကို သူသတိပြုမိ သည်။
[အဲ့အကြည့်က ဘာကိုဆိုလိုတာလဲ ? ဟားဟား၊ အူတက်နေပြီ။ ဆိုတော့ ဒီအဘိုးကြီးလည်း ငါ့ရဲ့ ကောလဟာလတွေကို ကြားဖူးတယ်ပေါ့။ အခု အားလုံးကချောချောမောမောဖြစ်နေတာကြောင့် သူက ဟာသသပ်သပ်ပဲလို့တွေးနေတာ။ မဟုတ်ရင် သူ့အိမ်ထောင်ရေးကအောင်မြင်ကြောင်းသက်သေပြနေတယ်လို့ ယုံကြည်နေတယ်။ အိုး၊ ယွီပါးပါးရေ၊ ရှင် တကယ့်ကို... အရမ်းယုံကြည်မှုလွန်ကဲလွန်းနေတာပဲ။]
ချင်မိသားစုလည်း ရယ်စရာကောင်းသည်ကို တွေ့ခဲ့ရသည်။ ဒရာမာမှာအကြီးကြီးဖြစ်ပြီး အဘိုးအိုမှ ၎င်းအားမထိန်းနိုင်လောက်ပေ။
အရာအားလုံးအား ကွက်ကွက်ကွင်းကွင်းမဖော်ပြခြင်းသည် ကရုဏာလုပ်ရပ်ဟုယူဆနိုင်သည်။
အခန်းထဲရှိ လူတော်တော်များများစိတ်ပျက်သွားကြသည်။ နောက်ဆုံးတော့၊ ဒီလိုစွမ်းရည်ရှိသည့်မင်္ဂလာပွဲတစ်ခုတွင် လူငယ်တော်တော်များများသည် တကယ့်လက်တွေ့ဘဝဒရာမာတချို့အား မြင်တွေ့ရဖို့မျှော်လင့်ပြီး အရည်ရွှမ်းသည့် အတင်းအဖျင်းတချို့အား သက်သေပြရန်မျှော်လင့်ခဲ့ကြသည်။
ကောင်းပြီ၊ အနည်းဆုံးတော့ အရှိန်တက်မလာဘူး၊ ဒါမှမဟုတ် ကျီဖေးရဲ့နာမည်ဂုဏ်သတင်းက ပိုပြီးတော့ ညှိုးနွမ်းသွားလိမ့်မယ်။
၎င်းကို တွေးနေရင်းနှင့် အပေါက်ဝတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။
ခမ်းနားထည်ဝါစွာ၀တ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦးသည် ယွီပါးပါးအား "လောင်ယွီ! ရှင် အဲ့ဒီအရှက်မရှိတဲ့မိန်းမကိုလက်ထပ်လို့မရဘူး! သူ ရှင့်ကိုလှည့်စားနေတာ! သူ့ဗိုက်ထဲကကလေးက ရှင့် ကလေးမဟုတ်ဘူး!"
သူ၏စကားများသည် မိုးခြိမ်းသံများကဲ့သို့ အခန်းတွင်းရှိလူတိုင်းအား ထိတ်လန့်စေသည်။
ကျီဖေး၏မေးရိုးများ ပြုတ်ကျသွားသည်။
အတွင်းဇာတ်လမ်းအား သိထားသူများလည်း ထိတ်လန့်သွားကြသည်။
သူတို့အားလုံးသည် မင်္ဂလာပွဲအား အေးအေးချမ်းချမ်းဖြတ် သန်းရန် စီစဉ်ခဲ့ကြသော်ငြား ယခုတွင် ဝှက်ထားသည့်ဝှက်ဖဲမှာ ပေါ်လာခဲ့သည်။
"သူက ဘယ်သူလဲ ?" ချင်ရှန့်သည် ကျီဖေးအား စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။
ဒီလိုကိစ္စများနှင့်ပတ်သက်ပြီး ပိုတတ်ကျွမ်းသည့်ကျန်းရန်က "ဒါက ယွီယွဲ့ရဲ့အရင်မိထွေး။ ယွီပါးပါးက ခယ့်ယွမ်အာကိုမြင်ပြီးတာနဲ့ ကွာရှင်းလိုက်တာ" ဟု ရှင်းပြသည်။
ထို့နောက် ဇနီးဟောင်း၏အမည်နှင့် နောက်ခံအား ထုတ်ဖော်ခဲ့သည်။
[သူနာပြု ? သူနာပြုတစ်ယောက်ပဲ!!! ဒါက ဒီလိုကိုး။]
ချင်မိသားစုသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။ ဘယ် လိုလဲ? ဇနီးဟောင်းက ဒီလိုလျှို့ဝှက်ချက်မျိုးကို ဘယ်လိုရှာတွေ့ခဲ့တာလဲ?
ချင်ရှန့်လည်း သံသယဖြစ်မိသည်။
[တကယ်တော့ ခယ့်ယွမ်အာက ယွီပါးပါးကိုမျိုးမအောင် အောင်လုပ်ခဲ့ပေမယ့် သူ ဘယ်သူ့ကလေးကို လွယ်ထားလဲဆိုတာကိုတော့ သူ သေချာမသိဘူး။ အဲ့တာကြောင့် သူ DNA စစ်ဆေးချက်ကို တိတ်တိတ်လေးလုပ်ခဲ့တာ။ ယွီယွဲ့ပတ်သတ်တာမျိုးကို ရှာမတွေ့ခဲ့ပေမယ့် သူ့ကလေးမဟုတ်ကြောင့်ပြနိုင်ဖို့ကိုတော့ ပါးပါးယွီရဲ့DNA ကိုသုံးခဲ့တယ်။ သူ့စိတ်ထဲ ယွီပါးပါးမဟုတ်ရင် ယွီယွဲ့ပဲဖြစ်နိုင်ချေရှိတယ်။ စမ်းသပ်မှုရလဒ်တွေကယွီပါးပါးရဲ့ကလေးမဟုတ်ဘူးလို့ပြနေတော့ ယွီယွဲ့ရဲ့ကလေးဖြစ်မယ်လို့ပဲ သူ ကောက်ချက်ချလိုက်တယ်။]
[ဒါပေမဲ့ စမ်းသပ်မှုကိုလျှို့ဝှက်ထားဖို့၊ သူကွာရှင်းပြီးနောက်မှာ ဇနီးဟောင်းရင်းနှီးမြုပ်နှံထားတဲ့ ဆေးရုံတစ်ရုံဖြစ်တဲ့ ပုဂ္ဂလိကဆေးရုံကိုသွားခဲ့သည်။ ဇနီးဟောင်းက သူ့နေရာကိုပြန်သိမ်း ပိုက်ပြီး ခယ့်ယွမ်အာကိုအသိအမှတ်ပြုခဲ့တဲ့သူကို သဘာဝကျကျစုံစမ်းစစ်ဆေးခဲ့သည်။ ဒါက သူ့ကိုဖော်ထုတ်ပြီး လက်စား ချေဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေးဖြစ်လို့ မင်္ဂလာပွဲပျက်အောင် ဒီရက်အတိအကျကိုရွေးခဲ့တာ။]
ဟုတ်သည်၊ ဇနီးဟောင်းသည် ပိုလို့ပင်ပေါက်ကွဲစေသည့်ဗုံးသီးအားပစ်ချခဲ့သည်။
"ကလေးက ရှင့်ကလေးမဟုတ်ဘူး၊ ဒါပေမဲ့ ရှင့်သွေးနဲ့ လည်း ဆက်နွယ်နေတယ်။ အဲဒါက ဘာကိုဆိုလိုမှန်းသိလား ? ရှင့်မိသားစုထဲကတစ်ယောက်ယောက်နဲ့အတူ ရှင့်ကို လှည့်စားနေတာ။"
၎င်းဟာ မီးထဲသို့ လောင်စာထည့်လိုက်သလိုပင်။
အခန်းထဲရှိလူတိုင်း အံ့သြသွားကြသည်။
ဒရာမာက တကယ်ကြီးပေါက်ကွဲထွက်လာပြီ!!!!