← Chapters

အခန်း (၃၁၁)

Vol. 32 Ch. 311

အခန်း (၃၁၁)

Vol. 32 Ch. 311

ယွီပါးပါးသည် ဇနီးဟောင်းထံမှ ပထမဆုံးစကားကြားလိုက်ရသည့်အချိန်မှစ၍ အံ့ဩသွားပြီး ဒုတိယစာကြောင်းရောက်လာချိန်တွင် မတ်တပ်တောင် ရပ်နိုင်တော့ချေ။ ကံကောင်းထောက်မစွာ ယွီယွဲ့ သူ့အား ထိန်းပေးထားခဲ့သည်။

ယွီယွဲ့လည်း အံ့အားသင့်နေခဲ့သည်။ သူ့ကြည့်ရသည်မှာ ဒေါသများ မျိုချပြီး စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသော် လည်း ထိုအမျိုးသမီးသည် ရုတ်တရက်ပေါ်လာပြီး အရာအားလုံးကို ဖော်ထုတ်လိုက်သည်။ သူ ဘယ်လိုကျေးဇူးတင်ရမလဲတောင် တကယ်မသိတော့ဘူး!

ဟာဟားဟား ဘာပဲဖြစ်ဖြစ် အဲဒါကို ထုတ်ဖော်တဲ့သူက သူ မဟုတ်လို့ ကလေးက သူ့ဟာ မဟုတ်ကြောင်း တိုက်ရိုက်ပြသနေသည်။ ကလေးပျက်ကျသည်ဖြစ်စေ မပျက်ကျစေ ဂရုမစိုက်စရာမဟုတ်တော့ပေ။

ထိုအချိန်တွင် အဖွဲ့ထဲရှိအခြားလူများလည်း ယွီယွဲ့ ၏ဘေး တိုက် မျက်နှာကိုကြည့်နေကြသည်။

ခယ့်ယွမ်အာသည် ကလေးမှာ သူမတို့ကလေးဟု အမြဲယုံ ကြည်နေတာကို ယွီယွဲ့ မေ့သွားတာလား? နောက်ကျရင် သူမသာ အပြစ်လွှဲချလာလျှင်...

ချင်ရှန့်သည် ထိုအရာကို စိုးရိမ်စရာတစ်ခုဟု မထင်ခဲ့ပေ။ သူ မူလတွင် သက်သေပြရန် ခက်ခဲမည်ဟု ထင်ခဲ့သော်လည်း ယခုလိုတစ်စုံတစ်ယောက်သည် ၎င်းအစား သားဖွားစစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီး နမူနာများကိုသိမ်းဆည်းထားပေးသည်။ နောင်တွင် ၎င်းအား လိမ်လည်စွပ်စွဲခံရပါက နောက်တစ်ကြိမ်စမ်း သပ်မှုလုပ်နိုင်သည်။

တစ်ဖက်တွင်ရှိသော နေရာတစ်ခုလုံးတွင် ဆွေးနွေးမှုများနှင့် ဆူညံနေပြီး ယွီမိသားစုမှ အခြားအဖွဲ့ဝင်များသည် အမြန်ထိန်းရန်သွားလိုက်ကြသည်။

ယွီပါးပါးသည် အသိပြန်၀င်လာပြီး ဒေါသတကြီးပြောလာသည် - "ငါတို့ ကွာရှင်းတုန်းက မင်းကို လျော်ကြေးပေးလိုက်တယ်လေ၊ အခုမှ မင်းက ရှုပ်ထွေးအောင် လာလုပ်နေတာလဲ!"

【သူ သံသယတောင်မ၀င်ဘူးလား?]

ချင်မိသားစုလည်း မယုံကြည်နိုင်ဖြစ်သွားသည်။ သူသည် မျက်နှာပျက်မှာ စိတ်ပူနေသည်လား သို့မဟုတ် အလှတရားကြောင့် မျက်စိကန်းသွားပေခြင်းလား ?

သို့သော် ချင်ရှန့်သည် ယွီပါးပါး၏ စိတ်ကိုပိုင်းခြားစိတ်ဖြာနိုင်သည်။ အဆုံးတွင် သူသည် ကလေးယူနိုင်စွမ်း ဆုံးရှုံးနေသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားသည်။ ဤနောက်ဆုံးရင်သွေးလေးသည် သူ့ကိုယ်ပိုင်မဟုတ်ဟု ထင်လျှင်ပင်လက် ခံနိုင်မည်မဟုတ်ချေ။ သို့ဖြစ်ရာ ဇနီးဟောင်းသည် သူ့မိသားစုကိုတမင်ဖျက်ဆီးဖို့ ကြိုးစားနေသည်ဟုသာ မသိစိတ်မှယုံသွားသည်။

၎င်းဘေးတွင်ရှိသော ခယ့်ယွမ်အာ၏ မျက်နှာသည်ကြောက် မက်ဖွယ်ကောင်းနေသည်။ သူမ အပြစ်ရှိသလို ခံစားလာရသောကြောင့် သူမဘက်မှရပ်တည်ရန် ယွီယွဲ့ ကို ထိတ်လန့်မှုများဖြင့်ကြည့်နေမိသည်။

ယွီယွဲ့ သည် သူ့ဘေးနားရှိပြင်းထန်သော အကြည့်ကို သဘာဝအတိုင်းခံစားမိသည်။ သူ တုန်လှုပ်သွားဟန်ပေါ်သော်လည်း အမှန်တွင်မူ ခယ့်ယွမ်အာကို မျက်လုံးလှန်ပြချင်နေမိသည်။

ခယ့်ယွမ်အာသည် ယွီယွဲ့မှာ သူမကို မကြည့်သည်ကို မြင်ချိန် ပို၍နာကျင်သွား သလို ခံစားလိုက်ရသည်။ သူမသည်နှုတ် ခမ်းကို ကိုက်လိုက်ကာ ထိုအမျိုးသမီးအားတည့်တည့်စိုက်ကြည့်ပြီး "ရှင် ကျွန်မကို မုန်းနေမှန်း ကျွန်မ သိပါတယ်၊ ဒါပေမယ့် ရှင် ကျွန်မနဲ့ ကျွန်မကလေးအပေါ်ကိုတော့ ဒီလိုလာမစွပ်စွဲသင့်ဘူး"

ဇနီးဟောင်းသည်လည်း သူမ အလွယ်တကူဝန်ခံမည်မဟုတ်ကြောင်းသိသဖြင့် သက်သေကိုထုတ်လိုက်သည်။

သူမသည် ဖခင်ဖြစ်ကြောင်း စမ်းသပ်ခြင်း အစီရင်ခံစာကိုဖွင့်ကာ ယွီပါးပါး၏မျက်နှာရှေ့တွင် သူ ရှင်းရှင်းလင်းလင်းမြင်စေရန် ထောင်ပြလိုက်သည်။

ခယ့်ယွမ်အာ၏ မျက်နှာသည် ဇနီးဟောင်း၏ယုံကြည်မှုပြည့်နေသော မျက်နှာကြောင့် တခဏချင်းဖြူဖျော့သွားသည်။

"သားအဖ စစ်ဆေးမှုလုပ်ခဲ့တဲ့ဆေးရုံက ငါ့ထိန်းချုပ်မှုအောက်မှာရှိနေတာ နင်မသိဘူးလား။ ဟားဟား နင့်လို အရှက်မရှိတဲ့ သောက်ခွေးမက သက်သေရှိနေပြီဆိုတော့ ဘယ်လိုငြင်းဦးမလဲ သိချင်လိုက်တာ" ဇနီးဟောင်းသည် လှောင်ပြောင်လိုက်သည်။

ခယ့်ယွမ်အာသည် ယခုအခါ အမှန်တကယ် ကြောက်လန့်မှုကြောင့် အေးခဲသွားသည်။ သူမသည် ယွီယွဲ့ ကို အလိုလိုကြည့်မိလိုက်သော်လည်း သူသည် အစီရင်ခံစာကိုသာ စေ့စေ့စပ်စပ် ဖတ်နေသည်ကိုတွေ့လိုက်ကာ သူ့မျက်လုံးများပင်တောက်ပလာသည်။

ခယ့်ယွမ်အာသည် လေးလေးနက်နက် စဉ်းစားရန် အချိန်မရှိတော့ သူမ ကမ္ဘာကြီးပြိုကျသွားသလို ခံစားလိုက်ရသည်။ သူမ စိတ်ကူးထားသည့် အကောင်းဆုံးမြင်ကွင်းသည် သူမရှေ့မှသောက်ကောင်မကြောင့် ပျက်ဆီးသွားသည်။

ဟင့်အင်း၊ သူ လက်မခံနိုင်ဘူး။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သေချာပေါက် အတုပဲကို၊ ယောင်္ကျား အဲ့ဒါက အတုပဲဖြစ်ရမယ်၊ သူက ကျွန်မကိုစွပ်စွဲဖို့ တမင်ကြံစည်နေတာ၊ အဲ့ဆေးရုံက သူမ ပိုင်တာဆိုတော့ ကျွန်မကို စွပ်စွဲဖို့ ပိုလွယ်တာပေါ့။ ယောင်္ကျား ရှင် ကျွန်မကို ယုံရမယ်နော်" ခယ့်ယွမ်အာသည် ချက်ချင်းပင် သနားစဖွယ် ငိုကြွေးလာခဲ့သည်။

ယွီပါးပါး၏ အမူအရာသည် မူးဝေနေဆဲပင်။

သို့သော် တခြားသူများသည် ခယ့်ယွမ်အာ၏စကားများကို မယုံကြည်ကြပေ။

အဆုံးတွင် ဇနီးဟောင်းသည် အလွန်ယုံကြည်မှုရှိနေပြီး သက် သေ‌များလည်း ရှိတယ်။ ထို့အပြင် ၎င်းတို့သည် ကလေးပျက်ကျသွားသည်ကိုမသိသဖြင့် ဇနီးဟောင်းသည် အလွယ်တကူ စစ်ဆေးနိုင်သော အရာတစ်ခုအတွက် လိမ်ညာရန်အကြောင်းမရှိဟု ထင်ကြသည်။ ထို့အပြင်...

လူတော်တော်များများ၏အကြည့်သည် ဒရမ်မာဆီမှ ကျီဖေးဆီကို စိုက်ရောက်လာပြီး အံ့သြမှုများပြည့်နှက်နေသည်။

အစောပိုင်းတွင် ၎င်းတို့သည် ထိုအဖြစ်အပျက်ကြီး ပေါ်လာသဖြင့် သတိမထားမိသော်လည်း ယခုအခါ လူတိုင်းသတိထား မိသွားသည်။

အထက်တန်းလွှာ မိသားစုများ၏အတင်းအဖျင်းဘုရင်မသည် ဤနေရာတွင် ရှိနေသောကြောင့် ထိုအရည်ရွှမ်းလှသောသတင်းသည် မှန်ကန်သည်ဟုယူဆနိုင်သည်။

ထို့ကြောင့် လူတိုင်းသည် အမှန်တရားကို စမ်းစစ်ခြင်းကိုကျော် သွားပြီး ဇနီးဟောင်း၏စကားများကို စတင်စဉ်းစားခဲ့ကြသည်။

ယွီသခင်ကြီးသည် အဖေအရင်းမဟုတ်ပဲ သွေးသားတူနေပါက ယွီမိသားစုထဲရှိတစ်ယောက်ယောက်သည် ယွီပါးပါးကို ဦးထုပ်စိမ်းဆောင်းပေးနေခြင်းဖြစ်မည်။ ထို့အပြင် ယွီပါးပါးအား တခြား သူ၏သားကိုပါ ပြုစုပျိုးထောင်စေချင်နေပုံပင်။

အမွေကိစ္စနှင့်ဆိုင်လောက်‌ပေမည်။ ထိုအဖြစ်အပျက်ကို ၎င်းတို့ရင်းနှီးပေသည်။ မကြာသေးမီက တစ်စုံတစ်ယောက်သည် လှည်းကြိုးထားရတော့မည်ကို သူတို့မြင်ခဲ့သည်။

အဖွဲ့ထဲရှိ လောဖေးသည် ရုတ်တရက်နှာချေမိသွားပြီး အခြားသူများနှင့်အတူ ပွဲကို ဆက်လက်ကြည့်ရှုနေသည်။

【ရို့ ရို့ရို့ အခုလိုအခြေအနေကြီးမှ ယွီရီတွေးနေတာက စိတ် ဝင်စားစရာကောင်းလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ အခုအချိန်အနေက သူ့လုပ်ရပ်ပေါ်သွားမလားဆိုတာ မသေချာနေတာ၊ နောက်ကျ ကိစ္စတွေပိုရှုပ်လာရင် ခယ့်ယွမ်အာက ယွီယွဲ့ဆီကိုပဲ အပြစ်ပုံချဖို့ သူ ဆုတောင်းနေတာပဲ၊ ယွီယွဲ့လည်း အဲ့ညက မူးနေလို့ သူ ဘာမှမမှတ်မိနိုင်လောက်ဘူး၊ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ အတိတ်တုန်းက ဆက်ဆံရေးကြောင့် ယွီယွဲ့ ငြင်းလို့ရမှာမဟုတ်ဘူး၊ ဒါကြောင့် ယွီရီ တည်တည်ငြိမ်ငြိမ်နေနိုင်နေတာပဲ]

အမှန်တွင် လူတော်တော်များများသည် ယွီပါးပါးကို ဦးထုပ်စိမ်းဆောင်ပေးသည့်လူကိုသာ အဖြေရှာဖို့ ကြိုးစားနေကြသည်။

ယွီယွဲ့သည် ပိုင်ရှောင်ရှီကိုသာ ချစ်မြတ်နိုးကြောင်း လူအများသိသောကြောင့် သံသယ၀င်မှု အနည်းဆုံးလူဖြစ်သည်။ အမျိုးသမီးအများအပြားသည် ယွီယွဲ့အားဖြားယောင်းရန် ကြိုးစားခဲ့ကြသော်လည်း ငြင်းပယ်ခြင်းကိုသာ လက်ခံရရှိသောကြောင့် လူအများသည် သူ့ကို ဂရုမစိုက်ကြတော့ပေ။

သို့သော် ယွီမိသားစုရှိ အမျိုးသားများသည် ၎င်းတို့အားသိမ်း ငှက်တစ်ကောင် စောင့်ကြည့်နေသကဲ့သို့ ခံစားရသည်။

တစ်ယောက်ပြီး တစ်ယောက်ရှေ့သို့ခုန်ထွက်လာပြီး "အစ်ကိုကြီး ဘယ်လို ဖြစ်တာလဲ?"

"ဒီကိစ္စကို ရှင်းမှရမှာ မဟုတ်ရင် ကျွန်တော်တို့ ယွီမိသားစုရဲ့ နာမည်ပျက်သွားလိမ့်မယ်"

"ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော်၊ ကျွန်တော် ဒီနေ့မှ ခယ်မအသစ်ကို တွေ့ဖူးတာ"

အမျိုးသားများအနားရှိ အမျိုးသမီးများသည် ၎င်းတို့၏ခင် ပွန်းများကို သံသယဖြစ်စွာ ကြည့်နေမိသည်။ ယွီမိသားစုသည် ချမ်းသာခြင်း၏နည်းလမ်းမှာ သားသမီးများစွာမွေးခြင်းဟု ယုံကြည်ခဲ့သည်။ တစ်နည်းဆိုရသော် အခြားမိသားစုများနှင့် နှိုင်းယှဉ်ပါက ယွီမိသားစုတွင် တရားမ၀င်ကလေးယူခြင်းအပေါ် နားလည်မှုရှိကြသည်။ ထို့ကြောင့် ယွီမိသားစုတွင် ယွီယွဲ့မှလွဲ၍ မည်သူမှသစ္စာမရှိကြပေ။

သို့သော် သူတို့ ဤမျှရယ်စရာကောင်းသည့် ကိစ္စကိုတော့ လုပ်မည်မဟုတ်ချေ။

ယွီပါးပါးသည် ခယ့်ယွမ်အာကိုလှည့်ကြည့်လိုက်ချိန် သူမ၏ တကိုယ်လုံးသည် တုန်ရီ‌နေပြီး မိုးရေထဲတွင် ပွင့်လန်းနေသော ပန်းပွင့်ငယ်လေးတစ်ဖွယ် တစ်စက်စက် တုန်ခါ၍ ငိုကြွေးနေ သည်။ "ရှင် ကျွန်မကို သံသယရှိရင်ကွာရှင်းကြရအောင်၊ ရှင့် မိန်းမဆိုတဲ့ ရာထူးကို ဘယ်သူယူယူ ကျွန်မ ဂရုမစိုက်ဘူး။"

သူမသည် နာကျင်စွာဖြင့် ထွက်သွားတော့မည့်အတိုင်းပင်။

【၀ါး.. သူ့မှာ သရုပ်ဆောင် စွမ်းရည်လည်းရှိတာပဲ၊ အင်း ဒါကြောင့်လည်း ‌ဒီလိုအရည်ရွှမ်းတဲ့ အတင်းအဖျင်းဖြစ်အောင်လုပ်နိုင်တာကို】

သို့‌သော် ဤအခြေအနေတွင် သူ သရုပ်ဆောင်ရုံလောက်ဖြင့် ဖြေရှင်းပြီးသွားမှာ မဟုတ်ချေ။

အထူးသဖြင့် ဇနီးဟောင်းသည် ဤနေရာတွင် ကလဲ့စားချေရန်သာ တမင်လာသဖြင့် ယခင်ယောက်ျားကိုပြန်ရဖို့ မကြိုးစားသောကြောင့်ဖြစ်သည်။

"နင် ဘာတွေ ငိုနေတာလဲ၊ ငါက နင့်ကို အနိုင်ကျင့်နေလို့လား? နင်အဲ့လောက်တောင်သေချာနေရင် အခုပဲသွားစစ်ကြည့်ရအောင်လေ၊ ငါ မှားခဲ့တယ်ဆိုရင် နင့်ကိုဒူးထောက်ပြီးတောင်းပန်ပေးမယ်"

ဇနီးဟောင်းဖြစ်သူသည် ယွီပါးပါးထံလှည့်ကာ "ဘာပဲဖြစ်ဖြစ် ကျွန်မတို့ အရင်က တလင်မယားတစ်ခါ ဖြစ်ခဲ့ဖူးတော့ ရှင့်ရဲ့ ခန္ဓာကိုယ်က ကလေးမရနိုင်ဘူးဆိုတာ ကျွန်မသိတယ်၊ အခု ကျွန်မလာရတာကလည်း ရှင့်ကို အမှောင်ထဲမှာထားပြီး ဦးထုပ်စိမ်းဆောင်းပေးနေတာကို သည်းမခံနိုင်လို့ပဲ၊ နောက်ဆိုပိုသတိထားပေါ့ ပထွေးဖြစ်နေဦးမယ်"

[ဟားဟား... ဒီအစ်မကြီးက တကယ်ဉာဏ်ကြီးရှင်ပဲ၊ ထုတ်မပြောသင့်တဲ့ အရာတွေကိုတောင် အားလုံးကိုထုတ်ပြောရဲတယ်။ ကလေးမမွေးနိုင်တဲ့ပြဿနာကို လူတချို့သိထားပြီးပေမဲ့ ဘယ်သူမှမဟရဲဘူး၊ အခုတော့ ပွဲကြီးက ဖရဲသီးတွေ ဘူဖေးကျွေးနေသလိုပဲ။]

ယွီပါးပါး၏ မျက်နှာလည်းစိမ်းဖန့်သွားသည်။ သာမန်အခြေအ နေမျိုးသာ ဖြစ်ခဲ့ပါက သူဖုံးကွယ်ပြီး လျှို့ဝှက်စုံစမ်းဖို့ကြိုး စားပေလိမ့်မယ်။ လူမြင်ကွင်းတွင် သူ့ကိုယ်သူ မျက်နှာပျက်အောင်တော့ မလုပ်နိုင်ချေ။

သူ ဇနီးဟောင်းကို ငြင်းဆန်လိုက်ချင်သော်လည်း အခြားယွီမိသားစုရှိ အပြစ်မရှိသော လူများသည် ခွင့်မပြုနိုင်ချေ။

မှန်းဆထားသလိုပင် သူ စကားမပြောရခင် အခြားယွီမိသားစုရှိ ဇနီးမောင်နှံများသည် ဇနီးဟောင်းကိုစပြီးထောက်ခံလာကြသည်။

All Chapters