← Chapters

အခန်း (၃၁၂)

Vol. 32 Ch. 312

အခန်း (၃၁၂)

Vol. 32 Ch. 312

"ဟုတ်တယ်၊ ငိုနေတာနဲ့ နင့်ကိုနင် သက်‌သေပြနိုင်လို့ထင်နေလား ခယ့်ယွမ်အာ၊ နင့် နာမည်ကို ရှင်းဖို့ မစစ်ဆေးရင် နင့်ကို အတင်းအဖျင်းပြောကြလိမ့်မယ်"

"ဟုတ်တယ် ခယ့်ယွမ်အာ မကြောက်နဲ့၊ အဖြစ်မှန်ကို သက် သေပြပြီရင် ငါတို့ ယွီမိသားစုက မင်းကိုသေချာပေါက်နစ်နာ ကြေးပေးပါ့မယ်"

"ကျန်တာကို ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါ့ခင်ပွန်းက အပြစ်ကင်းတယ်။ ငါက သူ့အတွက် သက်သေခံပေးတယ်၊ ဒါကြောင့် ငါတို့နောက်ကွယ်မှာ ဘယ်သူမှအတင်းပြောမနေကြနဲ့"

ယွီမိသားစုမှ အမျိုးသမီးများသည် ရွဲ့စောင်းသောလေသံဖြင့် တစ်ယောက်ကိုတစ်ယောက် သံသယမျက်လုံးဖြင့် ကြည့်ကာ ခင်ပွန်းဖြစ်သူကို သံသယဝင်နေကြသည်။

ခင်ပွန်းများသည် ပါဝင်ပတ်သက်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသည်မှာ သေချာသည်။

ဇနီးမရှိသော ယွီရီသည် အံ့အားသင့်မှုများကြား နစ်မြုပ်နေ သည်။

ယွီရီသည် အမြဲတစေ ငယ်ရွယ်သော မိန်းကလေးများနှင့် အမြဲ ရောနှောနေသောကြောင့် သူ ခယ့်ယွမ်အာကို သူ စိတ်ဝင်စားမည်ဟု ၎င်းတို့ မထင်ခဲ့ကြခြင်းပေ။

သို့သော် ယွီရီ၏အမူအရာသည် အနည်းငယ်ရှုပ်ထွေးနေသည်။

နက်နက်နဲနဲသာ စုံစမ်းရင် ဘာဖြစ်မလဲ? အဲဒီကျရင် သူဆိုတာပေါ်သွားမလား?

ထိုအချိန်တွင် ယွီမိသားစုထဲ အပျော်ဆုံးလူမှာ ယွီယွဲ့ဖြစ်သည်။

ထို့ကြောင့် ခယ့်ယွမ်အာ နောက်တဖန် စိတ်အားထက်သန်စွာ အကူအညီတောင်းဟန်ဖြင့် လှည့်ကြည့်လာသောအခါ ယွီယွဲ့သည် သူမကို လျစ်လျူရှုလိုက်ပြီး ပိုင်ရှောင်ရှီနှင့် အဓိပ္ပါယ်ရှိသောအကြည့်များဖလှယ်နေလိုက်သည်။

ခယ့်ယွမ်အာသည် သူ့ ဦးနှောက်ထဲမှ ကြိုးတစ်ချောင်းပြတ်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာသည် မည်းမှောင်သွားပြီး အပြစ်ကင်းစင်သော မျက်နှာအား ထိန်းသိမ်းရန်လုံးဝ မေ့သွားခဲ့သည်။

ယွီပါးပါးသည် ဒေါသတကြီးဖြစ်နေသော်လည်း ခယ့်ယွမ်အာကိုလုံးဝသံသယမ၀င်သေးချေ။ သူမသည် သူ့မျက်လုံးထဲတွင် အမြဲတစေ သိမ်မွေ့သူဖြစ်သောကြောင့် ယခုလို လုပ်ဖို့သတ္တိမရှိဘူးဟုထင်သည်။ သို့ဖြစ်ရာ ယွီပါးပါးသည် ဤတင်းမာသောလေထုတွင် "ကောင်းပြီ၊ စမ်းသပ်ကြည့်ရအောင်၊ ဒါပေမယ့် မင်းသာ ငါ့ကိုလိမ်နေရင်..."

သူသည် ဇနီးဟောင်းကို ခြိမ်းခြောက်သော အကြည့်ဖြင့်ကြည့်လိုက်သည်။

သို့သော် ဇနီးဟောင်းသည်တော့ ဂရုမစိုက်ပေ။ သူ အမှန်အ တိုင်းသာပြောနေသောကြောင့် ယွီပါးပါးကို ဆက်လုပ်ရန် လက်ခါပြလိုက်သည်။

ယွီပါးပါ ခယ့်ယွမ်အာ လက်ကို ကိုင်ခံနီးတွင် သူမမှာ ယွီယွဲ့ ဘာမှမတုန့်ပြန်သည်ကိုမြင်သဖြင့် ဤဖိအားကို မခံနိုင်တော့ဘဲ "ကျွန်မကို မထိနဲ့!"

ယွီပါးပါးသည် လန့်ဖျပ်သွားပြီး ခယ့်ယွမ်အာကိုကြည့်ကာ သူ့အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။

" မင်းတကယ်..."

"ဟင့်အင်း၊ ဒီကလေးက ရှင့်ကလေးပါ... ဒါပေမဲ့ ကလေးက... ပျက်ကျသွားပြီ" ခယ့်ယွမ်အာသည် သူ့မျက်နှာကို အုပ်ကာ မျက်ရည်များဝဲလျက် "ရှင် နိုင်ငံခြားမှာရှိတုန်းက ကိုယ်ဝန် ပျက်ကျခဲ့တာ"

ယွီပါးပါးသည် ကလေး၏အမည်ကိုတောင် မစဉ်းစားရသေးချေ။ ထိုကလေးသည် သူ၏နောက်ဆုံးသွေးသားလေးဖြစ်နိုင်သည်။

သို့ဖြစ်ရာ သူ မိုးကြိုးပစ်ခံသွားရသလိုတုန်ရီသွားပြီး ခယ့်ယွမ်အာ၏လက်မောင်းကို ချက်ချင်းဆွဲကိုင်လိုက်ကာ

"မင်းဘာတွေပြောနေတာလဲ၊ ဘယ်လိုလုပ် ကိုယ်ဝန်ပျက်သွားတာလဲ ? ဆရာဝန်ရဲ့ စကားကို သေချာနားမထောင်ဘူးလား? တစ်ခြား လူတွေက မင်းကိုကောင်းကောင်းဂရုမစိုက်တာလား၊ မင်း ဘယ်လိုတောင်..."

လူတိုင်း အံ့ဩသွားကြသည်။

ဘာ ?

ကလေးပျက်သွားပြီးလား ?

ခဏလေး ဇာတ်ကွက်ပြောင်းတာ အရမ်းမြန်လွန်းတယ်မလား? အခု သူတို့ ဖခင်ဖြစ်သူကိုရှာဖို့ ကြိုးစားနေတာ မဟုတ်တော့ဘူးလား?

"ဟားဟား လောင်ယွီ ရှင် အဲဒါကို အခုထိ မရှင်းသေးဘူးလား? ဘာကို တိုက်ဆိုင်လိုက်တာလဲ...ဟမ့်! ကလေးက ရှင့်ဟာ မဟုတ်ဘူးဆိုတာကို သူ သိသွားလို့ အဖြစ်မှန်ကို၀န်ခံရမှာ ကြောက်ပြီး ကလေးကို တမင်တကာ ဖျက်ချလိုက်တာ ဖြစ်နိုင်တာပဲ"

ဇနီးဟောင်းသည် ပြတ်သားစွာပြောလာသည်။

"ရှင် သူ့ကိုလက်ထပ်ပြီးတာနဲ့ နောက်ထပ်မတော်တဆမှုတစ်ခုကို အတုလုပ်ပြီး ကလေးပျက်ကျချင်ယောင်ဆောင်လိမ့်မယ်၊ သူ လိမ်တာကိုခံမနေစမ်းပါနဲ့"

သူမ၏ရှင်းလင်းချက်သည် ပြီးပြည့်စုံကာ အဓိပ္ပါယ်ရှိလှသည်။ လူတိုင်းသည် မထိန်းနိုင်စွာ ခေါင်းညိတ်မိကြတော့ သည် ထိုသည်မှာ အမှန်တရား ဖြစ်ကောင်းဖြစ်နိုက်သည်။

"ပါးစပ်ပိတ်ထား!"

ယွီပါးပါးသည် ယခုအခါ ဂရုမစိုက်နိုင်တော့ချေ။ ကလေးသာ ရှိနေပါက သူ့တွင် မျှော်လင့်ချက်တစ်ခုရှိလိမ့်မည်။ သို့သော် ကလေးကို ဆုံးရှုံးသွားသဖြင့် ဖခင်နေရာမှာ ဘယ်သူလဲဆိုတာ အရေးမပါတော့ပေ။

"ဘာဖြစ်ခဲ့တာလဲ ပြောစမ်း!"

ခယ့်ယွမ်အာ တုန်လှုပ်သွားပြီး အဆုံးတွင် သူ့မျက်နှာကို အုတ်ထားသော လက်များကိုချလိုက်ပြီး သူ့မျက်လုံးဝေ့ဝိုက်ကြည့်နေသည် ။

အရာအားလုံးသည် မြန်ဆန်သွားသောကြောင့် ယွီယွဲ့ နှင့် ပိုင်ရှောင်ရှီတို့သည် မမျှော်လင့်ထားကြသဖြင့်ကြိုတင်ပြင်ဆင်ထားခြင်းမရှိပေ။

နောက်တစ်စက္ကန့်တွင် ခယ့်ယွမ်အာသည် ပိုင်ရှောင်ရှီကိုလက် ညှိုးထိုးပြကာ "ကျွန်မကို မစ္စပိုင် မတော်တဆတွန်းချမိသွားတာ၊ ဒါကြောင့် ကျွန်မ ကလေးဆုံးရှုံးခဲ့ရတာ၊ ကျွန်မ တကယ် မရည်ရွယ်ပါဘူး၊ အဲ့တာက ကျွန်မရဲ့ ကလေးပါပဲ ဝူးဝူး...”

လူအုပ်ကြီးသည် ပေါက်ပေါက်စုတ်စားကာ ကလေးဆုံးရှုံးသည့်သတင်းကြောင့် အံ့ဩနေခဲ့ပြီး ယခုအခါအခြေအနေများသည် ယွီပါးပါး၏အနာဂတ်ချွေးမနှင့် ဆက်နွယ်နေသည်ကိုကြားလိုက်ရပြန်သည်။

ထိုသည်မှာ အထက်တန်းလွှာများကြားတွင် နောက်ထပ်ဒရာမာဖြစ်နိုင်သည်။

ဤသည်မှာ ကွင်းဆက် အရှုပ်တော်ပုံဖြစ်သည်။

သူတို့ဘယ်အပိုင်းကို အာရုံစိုက်ရမလဲဆိုသည်ပင်လမ်းပျောက်နေသည်။

ချမ်းသာသောမိသားစုများရှိ အရှုပ်တော်ပုံများမည်သို့မှမသေး ငယ်ကြောင်းသိသော်လည်း ပင့်သက်ရှိုက်မိလိုက်သည်။

ပထမဆုံးတုံ့ပြန်သူမှာ သမီးဖြစ်သူကို ကာကွယ်တက်ကြသော ပိုင်စုံတွဲပင်ဖြစ်သည်။ သူတို့သည် ယောက္ခမများအနေဖြင့် မင်္ဂလာပွဲကို တက်ရောက်ရန်လာခဲ့ကြသော်လည်း ၎င်းတို့အဖိုး တန်သမီးလေးသည် ယွီမိသားစု၏အရှုပ်တော်ပုံကြားသို့ ဆွဲချခြင်းခံနေရသည်။ ယွီယွဲ့သာ ပိုင်ရှောင်ရှီကို ယွီယွဲ့ကို စစ်မှန် သောအချစ်ဖြင့် ချစ်တာမဟုတ်ပါက ပိုင်မိသားစုသည် ယွီမိသားစုကိုလုံး၀ရွံရှာမိပေမည်။

ဇနီးမောင်နှံ နှစ်ယောက်လုံးသည် ဘေးတစ်ဖက်တစ်ချက်ဆီမှ သမီးဖြစ်သူကို ကာထားလိုက်သည်။

"ပေါက်ကရတွေ!"

"ငါတို့ရဲ့ ရှောင်ရှီက နင့်ကို ဘယ်လိုလုပ်တွန်းနိုင်မှာလဲ"

ပိုင်လင်မယား သူ့ကို မကာလိုက်ခင်တွင် ပိုင်ရှောင်ရှီ၏ မျက်နှာ ဖြူဖျော့လာသည်ကိုမြင်မိလိုက်သည်။

ကလေးမှာ ယွီယွဲ့ဟာမဟုတ်ကြောင်း အတည်ပြုနိုင်လိုက်သော် လည်း မွေးကင်းစကလေး‌သည် သူမကြောင့် ပျက်ကျသွားသဖြင့် ပိုင်ရှောင်ရှီ၏စိတ်ထဲအပြစ်ရှိနေမိသည်။

ယခုလို လူသိရှင်ကြား စွပ်စွဲခံရချိန်တွင် သူ့မျက်နှာကိုဆိုးရွားသွားစေသည်။

ဆန့်ကျင်ဘက်တွင်ရှိသော ယွီယွဲ့ ၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။

[အား ထင်ထားသလိုပဲ သူက ပိုင်ရှောင်ရှီကို ဓားစာခံအဖြစ်သုံးဖို့ ကြိုးစားနေတုန်းပဲ၊ ဒီအမျိုးသမီးက တကယ့်ကို…၊ ဒါတွေအားလုံးက သူမ အစီအစဉ်ပဲကို၊ ငါ သူ့ကို အောင်မြင်ဖို့ အခွင့် အရေးမပေးနိုင်ဘူး ဘာလုပ်ရပါ့မလဲ]

ကျီဖေး စိုးရိမ်လာသော်လည်း တစ်ယောက်ယောက်သည် သူမ ပုခုံးကို လက်တစ်ဖက်ဖြင့်ပွေ့ဖက်ကာ သူမနားသို့ ခပ်တိုးတိုးကပ်ပြောလာသည် "စိတ်မပူနဲ့ ယွီယွဲ့နဲ့လွှဲထားလိုက်၊ သူ့မိန်းမသူ ကာကွယ်လိမ့်မယ်"

ကျီဖေးက သိပ်မတွေးတော့ပဲ အလိုလို စိတ်သက်သာရသွားသည်။

အဖွဲ့ထဲရှိလူများလည်း မည်သို့ ကူညီရမှန်းမသိချေ။

ခယ့်ယွမ်အာသည် ပိုင်စုံတွဲရှေ့တွင်ပင် ထပ်မံစွပ်စွဲလာတော့ သည်။

"မစ္စပိုင်က အဲ့လိုလုပ်ဖို့မရည်ရွယ်ဘူးဆိုတာ ကျွန်မသိပလတယ်၊ ဒါက မတော်တဆမှုတစ်ခုပါ၊ ကျွန်မကိုသာ အခုလို အတင်းအကြပ်မမေးရင် ကျွန်မပြောမှာမဟုတ်ပါဘူး၊ ကျွန်မအခု ဘေးကျပ်နံ့ကျပ်ဖြစ်နေလို့... ကျွန်မ... ဝူးဝူးဝူး!"

သူမ ပြောသည့်စကားများသာ အမှန်ဆိုပါက သူ တကယ်ကံမကောင်းခြင်းပင်။

အဆုံးတွင် လူတိုင်း၏စိတ်ထဲတွင် ကလေးမှာဆုံးပါးသွားပြီဖြစ်သဖြင့် စစ်ဆေးဖို့မဖြစ်နိုင်ဟုသာ ထင်ကြသည်။

ဇနီးဟောင်းသည် ထိုအရာကို မကန့်ကွက်နိုင်လိုက်ခင် ယွီပါးပါးသည် ပိုင်ရှောင်ရှီဘက်လှည့်ကာ မေးလိုက်သည်။

"ဟုတ်လား ရှောင်ရှီ....?"

ပိုင်လင်မယားသည် သမီးဖြစ်သူအမူအရာကြောင့် မတော်တ ဆမှုဖြစ်သည်ဆိုတာသိသဖြင့် တခုခုပြောမည်အလုပ် ယွီယွဲ့သည် အေးစက်သောအသံဖြင့် ပြောလာခဲ့သည်။

"ငါ့ကောင်မလေးကို မဟုတ်တာတွေ လာမစွပ်စွဲနဲ့"

"ကျွန်တော် စုံစမ်းထားသလောက်ဆို ရှောင်ရှီနဲ့ မတိုက်မိခင်ထဲက မင်းရဲ့ကိုယ်ဝန်ဆောင်စစ်ဆေးချက်မှာ ကလေးကတစ်ခုခုမှားနေပြီဆိုတာသိလို့ အဲ့ဟာတွေကို ရှောင်ရှီဆီ မတော်တဆဆိုပြီးပုံချလိုက်တာပဲ၊ အဲဒီကလေးက ဘယ်တော့မှမွေးနိုင်မှာ မဟုတ်တော့ ရှောင်ရှီဆီလွှဲချလိုက်တာလေ"

ထိုသည်မှာ မသေချာပေ။ ချင်ရှန့်သည် ထိုအရာကိုတွေးမိသ ဖြင့် ယွီယွဲ့ဆီပေးပို့ခဲ့ပြီး ယခုအခါ ယွီယွဲ့သည်ဟန်ဆောင်နေခြင်းပင်။

All Chapters