← Chapters

အခန်း (၃၁၃)

Vol. 32 Ch. 313

အခန်း (၃၁၃)

Vol. 32 Ch. 313

ခယ့်ယွမ်အာသည် အလွန်သတိကြီးသူဖြစ်သည်။ သူမသည် ယွီမိသားစုနှင့် ဆက်စပ်သော ဆေးရုံများတွင် ပုံမှန်ဆေးစစ်ခြင်းအပြင် အခြားသော စစ်ဆေးမှုများအတွက် မတူညီသော ဆေးရုံများသို့ အမြဲပြောင်းတက်သည်။ ထို့ကြောင့်ဇနီးဟောင်း ၏မတော်တဆ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ သူမ သန္ဓေသားကို စစ်ဆေးချိန်တွင် ပိုသတိကြီးစွာလုပ်ခဲ့သည်။ သူမ ထိုအရာကိုလုပ်ဆောင်ရန် အခြားသူတစ်ဦး၏အထောက် အထားကိုပင် ယူသုံးခဲ့သည်။

သို့သော်လည်း ဇနီးဟောင်း၏၀င်ရောက်စွက်ဖက်မှုကြောင့် ထိုကိစ္စကို လျှို့ဝှက်ထားရန် သူမထံ ယုံကြည်မှုမရှိတော့ပေ။

ထို့ကြောင့် ယွီယွဲ့သည် အမှန်တရားကိုယုံကြည်ချက်ရှိစွာ ထုတ် ဖော်လာသောအခါ သူမ အလိမ်ပေါ်သွားသည်ဟုသာထင်ခဲ့သည်။

ခယ့်ယွမ်အာ၏ မျက်လုံးများသည် ချက်ချင်းပင်သွေးရောင်ပြောင်းသွားကာ ယွီယွဲ့ကို မယုံနိုင်စွာစိုက်ကြည့်နေသည်။ သို့သော် ယွီယွဲ့သည် ပိုင်ရှောင်ရှီဆီကိုသာလျှောက်သွားပြီး ကမ္ဘာပေါ်တွင် အနူးညံ့ဆုံးအကြည့်နှင့် ထိုအမျိုးသမီး တစ် ယောက်တည်းကိုသာ ဂရုတစိုက်သည့်အလားပွေ့ဖက်လိုက်သည်။

ခယ့်ယွမ်အာသည် အလွန်မနာလိုဖြစ်ပြီး နှလုံးများမှသွေးများပင် ထွက်လာသကဲ့သို့ ခံစားရသည်။

ယွီယွဲ့ ဘာကြောင့် ယခုလိုလုပ်ရသည်ကို သူမ နားမလည်နိုင်ချေ။ ကလေးသည် သူနှင့်သက်ဆိုင်ပေသည်။ သူ့ကို ယခုလို အကျပ်အတည်းထဲ သူဘယ်လိုတောင် တွန်းပို့ရက်တာလဲ ?

ပိုင်ရှောင်ရှီကို အန္တရာယ်ကနေကာကွယ်ဖို့အတွက် သူ ဘာမဆိုင်လုပ်ရဲတာလား? မတရားလိုက်တာ!

"ငါ့သမီးလေးကို စွပ်စွဲဖို့မမွေးသေးတဲ့ ကလေးကိုတောင် အသုံးချပြီး လိမ်ရဲတယ်၊ ငါတို့ပိုင်မိသားက မင်းတို့တွေ ရှင်းပြဖို့ တောင်းဆိုတယ်" သမီးဖြစ်သူကို ကာကွယ်တက်သော ပိုင်လင်မယားသည် ဒေါသတကြီးပြောလာသည်။

"ယွီယွဲ့ ဒါအမှန်ပဲလား ? ဘာဖြစ်သွားတာလဲ အတိအကျပြော... ကလေးပျက်ကျသွားတယ်ဆိုတာ မင်းအစထဲက သိလား" ယွီပါးပါးသည် အဆုံးတွင်အသံပြန်ထွက်လာနိုင်ပြီး ကျယ်လောင် သောအသံဖြင့် မေးလာသည်။

ယွီယွဲ့သည် ခယ့်ယွမ်အာကို အေးစက်စွာကြည့်ကာ

"အစကတော့ ကျွန်တော်လည်း အလိမ်ခံရလိုက်တာ၊ ဒါက ရှောင်ရှီကြောင့် မတော်တဆဖြစ်သွားတာပဲလို့ ထင်ခဲ့တာ၊ ကျွန်တော် ထပ်စုံစမ်းရင်းကြည့်မှာ ခယ့်ယွမ်အာရဲ့အရင်ဆေးမှတ်တမ်းတွေကို တွေ့လိုက်မိတော့ ကလေးကမွေးလို့မရဘူးဆိုတာ သိလိုက်ရတာ"

မူလတွင် ယွီယွဲ့တွင် ခိုင်လုံသောသက်သေ မရှိသောကြောင့် မသေချာခဲ့ပေ။ ထိုအရာသည် မယုံနိုင်စရာဖြစ်နေပြီး ချင်ရှန့်၏ စကားတစ်ခွန်းသာဖြစ်သည်။သို့သော် ယခုအခါ ခယ့်ယွမ်အာ ၏အမူအရာကိုမြင်လိုက်ရချိန် သူပြောသည့်အရာသည် အမှန်ဆိုတာ သိလိုက်ရသည်။

သူမ ဘယ်လိုတောင် ရှောင်ရှီကိုအပြစ်ပုံချရဲတာလဲ ? သူ သေဖို့ပဲတန်တယ်။

ယခုအခါ လိမ်ညာမှုသည် ဖုံးကွယ်ထားလို့မရတော့ချေ။

ပိုင်ရှောင်ရှီသည် တုံးအသောကြောင့် ယွီယွဲ့သည် အချိန်တိုလေးအတွင်း အမှန်တရားကို ဖော်ထုတ်နိုင်မှန်း မထင်ထားချေ။ သူမသည် ခယ့်ယွမ်အာ၏ အကြံအစည်နှင့် သူမတို့အပေါ် အပြစ်တင်ချမှုကို ပြန်သတိရသောအခါ ပိုင်ရှောင်ရှီသည် ထိုအမျိုးသမီးကို စိမ်းစိမ်းဝါးဝါးသာကြည့်လိုက်သည်။

ခယ့်ယွမ်အာသည် ယွီယွဲ့၏ ထပ်ခါတလဲလဲစွပ်စွဲမှုများအောက်တွင် မျက်ရည်ကျသည်အထိနာကျင်နေမိသည်။

သူ့အမူအရာသည် အလွန်စစ်မှန်ပြီး ယွီယွဲ့ကိုသာ ကြည့်နေသော်လည်း ယွီယွဲ့နှင့် ယွီပါးပါးတို့သည် နီးကပ်စွာရပ်နေသော ကြောင့် ယွီပါးပါးကို ကြည့်နေသည်ဟုသာ ထင်ကြပေမည်။ သူမ၏သနားစရာအမူအရာကြောင့် လူအများလည်းစာနာလာကြသည်။

ကြည့်ရှုနေသူများ ကိုယ်ချင်းစာမိကြသော်လည်း ကျီဖေးကို တိတ်တဆိတ် ခိုးကြည့်မိလိုက်သည်။

ကျီဖေး၏အမူအရာသည်မတုန်မလှုပ်သာရှိနေဆဲပင်။ အထက် တန်းလွှာမိသားစု၏ အတင်းအဖျင်းဘုရင်မဖြစ်သလိုအနုပညာနယ်ပယ်၏ တရားသူကြီးဖြစ်သော ကျီဖေးရပ်တည်သည့် ဘက်သည် အပြစ်ကင်းစင်ပြီး သူမ၏ရပ်တည်မှုကိုမရသည်သူမှာ လိမ်နေကြောင်းသေချာသည်။

ထိုသည်မှာ အတိတ်တုန်းက အကြိမ်ကြိမ်ဖြစ်ဖူးသည်။

ထို့ကြောင့် ခယ့်ယွမ်အာ၏မည်မျှပင်သနားစရာကောင်းပါစေ လူတိုင်းသတိထားနေကြဆဲဖြစ်သည်။

ယွီပါးပါးသည် "ငိုမနေနဲ့! ငါတို့ကိုပြောစမ်း... ဘာတွေဖြစ်ခဲ့တာလဲ" သူ့ မာနကို ကယ်တင်နိုင်ရန်အလို့ငှာ သူမ၏ ရှင်းပြ ချက်ကို မျှော်လင့်နေဆဲဖြစ်သည်။

ခယ့်ယွမ်အာသည် လဲပြိုလုနီးပါးဖြစ်နေသော်လည်း သူမကိုယ်သူမတော့ ကာကွယ်နိုင်သေးသည်။

"ကျွန်မ... ကလေးက ကြီးထွားတာ ရပ်သွားတယ်ဆိုတာ သိလိုက်ရတော့ အရမ်းကြောက်သွားတာ... ကျွန်မ တာဝန်မယူနိုင်လို့ ကြောက်တယ်၊ နောက်တော့ ပိုင်ရှောင်ရှီနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့ အခြေအနေကို အခွင့်ကောင်းယူမိသွားတာပါ... ကျွန်မက သူရဲဘောကြောင်တဲ့ မိန်းမပေမယ့် ကလေးက ရှင့်ရဲကလေးပါပဲ ယောင်္ကျား"

၎င်းတို့တွင် သက်သေပြရန် အထောက်အထားမရှိသော်လည်း ခယ့်ယွမ်အာသည် တုံးအစွာဝန်ခံမည်မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် သူမကို ဝမ်းနည်းမှုများ ရိုက်ခတ်လာသည်။ ယွီယွဲ့သည် သူမကို ထားခဲ့သည့်အပြင် ယခုလိုအခြေအနေတ့င်တောင် အကာအကွယ်ပေးဖို့ ငြင်းဆန်နေဆဲပင်။ ထို့အပြင် သူသည် တခြားမိန်းမတစ်ယောက်ကို အကာအကွယ်ပေးနေသည်။သူမ သူ့ကို အတိတ်ဘဝက အကြွေးတင်နေခဲ့သဖြင့် ထိုသို့ဖြစ်နေသည့်အတိုင်းပင်။

ထိုအချိန်တွင် ကျီဖေးလည်း ၎င်းတွေးနေသည်ကို သိလိုက်သည်။

သူမ လုံးဝ ရွံရှာသွားသည်။

[တကယ်ကြီး နင်က သနားစရာကောင်းတဲ့ ဇာတ်လိုက်နေရာမှာသရုပ်ဆောင်ဖို့ စွဲလမ်းနေတာလား? မသိရင် ယွီယွဲ့နဲ့ ပိုင် ရှောင်ရှီတို့က ဆန်ကုန်မြေလေးနဲ့ ဗီလိန်မပေါ့ ?]

ချင်မိသားစုသည်လည်း ထိုအရာကိုကြားရသဖြင့် ခယ့်ယွမ်အာမှာ ယွီယွဲ့ ပိုင်ရှောင်ရှီကို စွန့်ခွာပြီးနောက် သူမဆီလာရန် မျှော်လင့်နေသေးကြောင်းသိလိုက်သည်။

ကံကောင်းစွာပင် ယွီယွဲ့သည် ကျီဖေး၏စိတ်ထဲမှ စကားများကို မကြားနိုင်ခြင်းပင်။ သို့မဟုတ်ပါက သူသည် ရွံလွန်းသဖြင့် ထိုးကြိတ်သတ်မိလိမ့်မည်။

ထိုစဉ်တက်နိုင်သလောက် ပုန်းရှောင်နေချင်သော ယွီရီသည် မယုံနိုင်လောက်အောင်ဖြစ်နေမိသည်။ ခယ့်ယွမ်အာသည် ယွီယွဲ့နှင့် ရင်းနှီးစေရန် သူတို့၏မမွေးသေးသည့်ကလေးကိုအသုံး ပြုခဲ့ကြောင်း သိလိုက်ရသဖြင့် သူ့ဗိုက်ထဲနေသာထိုင်သာမရှိတော့ပဲ စားသမျှအန်ချင်လာမိသည်။

အစောပိုင်းတွင် သူသည် ခယ့်ယွမ်အာအတွက် စိတ်မကောင်းဖြစ်နေခဲ့ကာ သူမကို ကူညီရန်အတွက် စွန့်စားဖို့ပင်စဉ်းစားခဲ့ဖူးသည်။ ယခုမူ သူ အရှုပ်အရှင်းများမှ ကင်းကင်းနေရန်သာ ဆုံးဖြတ်လိုက်သည်။ အဆုံးတွင် သူမနှင့်ပတ်သတ်ဖို့သည် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သဖြင့် သူပါဝင်ဖို့ မလိုအပ်ပေ။

ယွီပါးပါးသည်လည်း အတွေးများကြားတွင် ရုန်းကန်နေရသဖြင့် အခြေအနေကို မည်သို့ကိုင်တွယ်ရမှန်း မသိသေးချေ။

ခယ့်ယွမ်အာသည် "ကျွန်မသိသွားပြီ၊ ရှင့် ဇနီးဟောင်းက ကျွန်မ ကလေးပျက်ကျတာသိလို့ အခု‌လိုလာပြောတာပဲ၊ အခု ကျွန်မကိုယ် ကျွန်မ ခုခံဖို့ နည်းလမ်းမရှိအောင်အထိ လုပ်ချင်နေတာ"

ယွီပါးပါးသည် ထိုအရာကိုကြားချိန် မျက်လုံးများ တောက်ပလာသည်။ ထိုအရာသည် သူ့မျက်နှာကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

[ ခယ့်ယွမ်အာတစ်ယောက်တည်း ဇာတ်ကပြသွားတာတော်ညတော်ကို အထင်ကြီးစရာကောင်းတယ်၊ သူက တန်ပြန်တိုက် ခိုက်ဖို့တောင် ရှာနိုင်ခဲ့တာပဲ၊ ဒါပေမယ့် ဇနီးဟောင်းကလည်း ကြိုပြင်ဆင်ပြီးပြီ]

ခယ့်ယွမ်အာ စကားဆုံးသည်နှင့် ဇနီးဟောင်းသည် မထီမဲ့မြင်ပြုံးကာ "ကလေးပျက်ကျသွားတာနဲ့ စစ်ဆေးဖို့ မဖြစ်နိုင်ဘူးလို့ ထင်နေတာလား?"

ခယ့်ယွမ်အာ၏ ငိုသံသည် တစ်ချက်တည်း တိတ်ကျသွားသည်။ အဲ့လိုမဟုတ်ဘူးလား ?

"ကျစ်ကျစ်... နင် ငါ့ဆေးရုံမှာ လာစစ်ဆေးဝာကို ငါက နမူနာတွေကိုမသိမ်းထားဘူးလို့ ထင်နေတာလား? စိတ်မပူပါနဲ့... အရာအားလုံးက နဂိုအတိုင်းပဲ၊ နင့် ကလေးအဖေဖြစ်နိုင်တဲ့သူကိုဆေးစစ်ဖို့ ခေါ်သွားတာနဲ့အမှန်တရားကထွက်လာလိမ့်မယ်"

[ကွက်တိကိုပဲ၊ အခု သူ့မှာ ငြင်းဖို့လမ်းတောင် မရှိတော့ဘူး၊ သူ ဖော်ထုတ်တော့မှာလား]

ချင်မိသားစုသည်လည်း စူးစမ်းချင်မိသည်။ သူမသာ ထုတ်ပြောလျှင် ယွီယွဲ့ နာမည်ကို ပြောမည်ဖြစ်ကြောင်း သံသယဖြစ်စရာမရှိချေ။ ထိုသို့ဆိုလျှင် အငြင်းပွားမှုများ ပိုများလာပြီး အတင်းအဖျင်းများလည်း အရည်ရွှမ်းလာပေတော့မည်။ ထို သို့ဆိုလျှင် လူတိုင်းအတွက် ဖရဲသီးပွဲတော် ဖန်တီးပေးသည့်အတိုင်းပင်။

ခန်းမထဲရှိလူတိုင်းသည် ဒရာမာ အလှည့်အပြောင်းကြောင့် စိတ်လှုပ်ရှားစွာ ရင်ခုန်နေကြသည်။

ဒါက တကယ့်ကို ရိုလာကိုစတာပဲ၊ ထိုသို့သာမစစ်ဆေးပါက ခယ့်ယွမ်အာ အမှားဟုပြောရန် ခက်ပေလိမ့်မည်။

ယခုအချိန်သည် ခယ့်ယွမ်အာမှာ စမ်းသပ်မှုကို သတ္တိရှိရှိ ကျော်ဖြတ်နိုင်လားဆိုသည့်အပေါ် မူတည်ပြီး အဆုံးတွင်အမှန်တရား ကို ထုတ်ဖော်နိုင်မည်တော့ဖြစ်သည်။

သို့သော်... ထိုအရာသည် မလိုအပ်တော့ပုံရသည်။

အဘယ့်ကြောင့်ဆို လူတိုင်း၏ရှေ့တွင် ခယ့်ယွမ်အာသည် လဲ ကျသွားသည်။ သူမ၏ခြေထောက်များသည် ကြမ်းပြင်ပေါ်သို့ ခွေခေါက်ကျနေကာ မယုံနိုင်စွာဖြင့် "ဒီ... ဒီ‌‌ေ ာက်ကောင်မ"

ဇနီးဟောင်းသည် သူမ၏ မျက်နှာကိုဖြန်းခနဲရိုက်ချသည်။

"နင့်ပါးစပ်ကို သတိထား၊ ငါက နင့်လို အရှက်မရှိတဲ့ကောင်မဟုတ်ဘူး၊ နင်က ခင်ပွန်းဖြစ်သူကိုလိမ်ပြီး တခြားယောက်ျားရဲ့သားကို ပျိုးထောင်ချင်နေတာလေ၊ ဘယ်သူက ‌‌ေ*ာက်ကောင်မလဲ ဟမ်?"

ခယ့်ယွမ်အာ အံ့အားသင့်သွားသလို ပထမဆုံးပါးရိုက်ချက်မှာ ဇနီးဟောင်းထံမှ လာမည်ဟု မည်သူမှမမျှော်လင့်ထားချေ။

All Chapters