← Chapters

အခန်း (၃၁၅)

Vol. 32 Ch. 315

အခန်း (၃၁၅)

Vol. 32 Ch. 315

ယွီရီသည် လူအုပ်ကြားထဲ ပုန်းနေရာမှ သူ့နာမည်ကြားလိုက်သဖြင့် ရုတ်တရက် လန့်ဖျပ်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့သော် ခံရသူ ခယ့်ယွမ်အာပင်လျှင် အခြေအနေကို သေချာမသိသောကြောင့် ယွီယွဲ့ သိနိုင်မည်မဟုတ်ဟု သူထင်ခဲ့ပေ။

"ဟမ်? မင်းဘာလို့မေးတာလဲ? ငါ အဲဒီညက ဘာမှမမှတ်မိတော့ဘူး"

ယွီရီသည် မသိချင်ယောင်ဆောင်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

"တကယ်လား ? ရှုရှု အဲဒီညက အရမ်းမူးနေတာလေ၊ ရှုရှု တစ်ခန်းလုံး အန်သွားလို့ ကျွန်တော့် အခန်းထဲမှ ရှုရှုကို ခဏထားပြီး ရှုရှုအခန်းသန့်ရှင်းရေးလုပ်ပြီးသွားပေမဲ့ ရှုရှုက မသွားတာနဲ့ ကျွန်တော်လည်း ရှုရှုအခန်းမှာပဲ အိပ်လိုက်တာလေ၊ အဲဒါကြောင့် ခယ့်ယွမ်အာက ကျွန်တော်အခန်းထဲကိုဝင်လာတယ်လို့ ပြောတာ သူနဲ့ အတူနေခဲ့တဲ့လူက ရှုရှုပဲဖြစ်မှာပေါ့"

ယွီယွဲ့သည် သူ့ကိုရူးကြောင်ကြောင်ဆောင်ခွင့်မပြုပဲ တစ်ခါ တည်းဖော်ထုတ်လိုက်သည်။

ထိုအချိန် ခယ့်ယွမ်အာလည်း အံ့အားသင့်သွားသည်။ သူမ၏ နှလုံးသားသည် ဒရမ်တစ်ခုအလားခုန်နေပြီး သူမ၏ မျက်နှာသည် တဖြည်းဖြည်းဖြူဖျော့လာကာ ယွီရီကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

ထိုညက သူမ မီးဖွင့်ရမှာ အရမ်းကြောက်မိသည်။ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဝေဝေဝါးဝါးခန္ဓာ ကိုယ်ကို မြင်လိုက်တာနဲ့ သူမ သွားဖက်မိတာပဲ၊ နောက်နေ့မနက် အိပ်ရာကနိုးတော့ အဲဒီလူက မရှိတော့ဘူး...

ရုတ်တရက် ခယ့်ယွမ်အာသည် မကြာသေးခင်က သူမထံချဉ်း ကပ်ခဲ့သော ယွီရီ၏အပြုအမှုများနှင့် စကားများကို သတိရသွားသည်။ မိုးကြိုးတစ်ဆင်းသည် သူမကို ပစ်ခတ်သွားသလို ခံစားလိုက်ရပြီး အဖြစ်မှန်ကို နားမလည်နိုင်အောင်ဖြစ်မိသည်။

ကြည့်ရှုသူများလည်း လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရသည့်အပေါ်ကို လုံးလုံးအာရုံရောက်သွားသည်။

သူတို့အကြည့်သည် ယွီယွဲ့၏ နောက်ကိုလိုက်သွားပြီး ယွီရီအပေါ်သို့ ရောက်သွားခဲ့သည်။

သူတို့သည် မကြာသေးမီက မိထွေးဖြစ်သူနှင့် မသင့်လျော်သောဇာတ်လမ်းတစ်ခုဟုသာ ထင်ကြသော်လည်း ယခုအခါ ဦးလေးဖြစ်သူနှင့် မရီးတို့ကြားရှိ အရှုပ်အထွေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါက တကယ့်သတင်းကြီးပဲ! သေချာတယ် ဒါယွီရီပဲ"

"ယွီရီက သူ့တူအခန်းမှာ မရီးနဲ့အိပ်ခဲ့တာလား"

"မင်း အသေးစိတ်အချက်အလက်တွေကို မ သတိမထားမိဘူးလား? ခယ့်ယွမ်အာက ယွီယွဲ့ ရဲ့အခန်းထဲကို ခိုးဝင်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်လေ၊ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ? လင်ပါသားကို မြူစွယ်ချင်နေတာလား?"

"ဒါဆို သူမက ယွီယွဲ့နဲ့ အိပ်ချင်ပေမယ့် ယွီရီနဲ့နေခဲ့တာလား?"

"သူ လူမှားပြီးအိပ်မိလား?! ဒါကြောင့် သူ့ကလေးက ယွီယွဲ့ဟာလို့ အခိုင်အမာပြောနေတာပဲ၊ အံ့သြစရာတော့ မရှိပါဘူး"

ခယ့်ယွမ်အာသည် မယုံကြည်နိုင်စွာ ခေါင်းယမ်းကာ ယွီယွဲ့ကိုကြည့်ပြီး "ရှင် မဝန်ခံချင်ဘူးဆိုရင် ရပါတယ်၊ ဒါပေမယ့် ကျွန်မကို ဘာလို့ တခြားတစ်ယောက်ယောက်ဆီကို တွန်းပို့နေတာလဲ ? အဲဒီညက ရှင်ပဲလေ၊ ကျွန်မက ရှင်နဲ့အိပ်တာ! ကလေးက ရှင့်ဟာပဲ!"

"အိုး... တကယ်လား? ဒါဆို ငါ အဖေဖြစ်ကြောင်း ဆေးစစ်ဖို့ ဆန္ဒရှိတယ်" ယွီယွဲ့သည် မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

ခယ့်ယွမ်အာ လုံး၀ပြိုလဲကျသွားပြီး အေးခဲသွားသည်။ သူမသည် ထိုညတွင် သူမနှင့်အိပ်ခဲ့သူမှာ ယွီယွဲ့မဖြစ်နိုင်သည်ကို စတင်လက်ခံလာသောကြောင့် တဖြည်းဖြည်းပြိုလဲလာခဲ့သည်။

ယွီရီ၏မျက်နှာသည် တင်းမာသွားပြီး သူ့အပေါ်ပုံကျလာနေ သည်ကို ခံစားရသောကြောင့် ချက်ချင်းပင် အပြစ်လွှဲချတော့ သည်။

"အဲ့ညက ငါမူးနေတာ၊ ဒါကြောင့် မင်းကြိုက်တဲ့ ဇာတ်လမ်းကို ဖန်တီးလို့ရတယ်၊ မင်းနဲ့ ခယ့်ယွမ်အာက အရင်ထဲက မရှင်းမလင်းတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ ငါကြားဖူးတယ်၊ မင်းတို့ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေဖြစ်ခဲ့ရုံသာမကဘူး၊ နိုင်ငံခြားမှာလည်း ကျောင်းအတူတူတက်ခဲ့တာပဲ၊ မင်း ငါ့အစ်ကို့နောက်မှာ ပုန်းနေတာကြာပြီ၊ တူလေး... ကိုယ့်မိန်းမကို ဂရုစိုက်၊ ငါ့ကို လာစွဲမထည့်နဲ့"

လူအုပ်ကြီးလည်း အံ့အားသင့်သွားသည်။ နောက်ထပ်ဖော် ထုတ်ဖို့ ဒရာမာရှိသေးတာလား?

ထိုဆိုလျှင် ခယ့်ယွမ်အာ သူ့လင်ပါသားကိုသွေးဆောင်ဖြား ယောင်းသည့်ကိစ္စမှာ အခြားဇာတ်ကြောင်းများရှိနေခြင်းလား?

ယွီပါးပါးက ဦးထုပ်စိမ်းဆောင်းထားရတာ ကြာပြီလား?

ဤအခိုက်အတန့်တွင် ယွီပါးပါးသည် ဒေါသစိတ်ကြောင့် တုန်ရီနေလျက် ခယ့်ယွမ်အာနှင့် ယွီယဲ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ "မင်း... မင်းတို့..."

ယခုအချိန်တွင် ခယ့်ယွမ်အာတွင် ဆုံးရှုံးစရာ ဘာမှမရှိတော့သဖြင့် "ဟုတ်တယ် ယွီယွဲ့နဲ့ ငါက အရင်ထဲက အတူတူနေခဲ့တာ၊ ငါတို့ နိုင်ငံခြားမှာ ကျောင်းတက်တုန်းက ငါတို့..."

ယွီယွဲ့ ပခုံးများတုန်ရီသည်အထိ ရယ်မောရင်း "မင်းတို့နှစ်ယောက်ရဲ့ ဇာတ်ရှုပ်ကြီးကို ငါ့ဆီပစ်ဖို့ ကြိုးစားနေတာလား? မင်းတကယ် အပြစ်ကင်းချင်ယောင်ဆောင်တဲ့နေရာကို သရုပ် ဆောင်ရတာ တော်တော်စွဲလမ်းနေတာလား"

ထို့နောက် သူသည် ခယ့်ယွမ်အာကို အေးစက်စွာ စိုက်ကြည့်နေသည်။

ခယ့်ယွမ်အာ၏ မျက်လုံးများသည် ယွီယွဲ့ ကိုအလွန်အမင်း ချစ်မြတ်နိုးသည့် အရိပ်အယောင်များ ထင်ကျဲနေပြီး သူ၏ မထီမဲ့မြင် ရယ်နေဟန်ကို ငေးကြည့်နေမိသည်။

" ရိုးရိုးသားသားပြောရရင် ငါ အိမ်ပြန်မရောက်ခင်အထိ မင်းဘယ်သူလဲဆိုတာ မသိခဲ့ဘူး၊ မင်းဘာလို့ ငါနဲ့ပတ်သက်တယ်လို့ စိတ်ကူးယဉ်နေတာလဲ? မင်းက စည်းမရှိတဲ့ stalker တစ်ယောက်နဲ့တောင်တူတယ်— anti fanတွေတောင် မင်းလောက် ကြောက်စရာမကောင်းလောက်ဘူး"

ထိုအရှက်ရဖွယ်စကားများကြောင့် ခယ့်ယွမ်အာသွေးများပင် အေးခဲသွားသလိုပင်။

သူမကိုယ် သူမ လှည့်စားထားသောကမ္ဘာတွင် ယွီယွဲ့ သည် သူမအပေါ် ခံစားချက်များရှိနေသည်။ အပေါ်ယံတွင် သူမကို ငြင်းပယ်ခဲ့ရင်တောင် ထိုသို့ရက်စက်စွာ ပြောမည်မဟုတ်ချေ။

"ယွီယွဲ့... ငါတို့မှာဖြစ်ခဲ့တာကို နင် ငြင်းနေတုန်းလား ? အဲဒီညက နင်ငါ့ကိုချစ်တယ်လို့တောင် ပြောခဲ့တယ်လေ!"

ခယ့်ယွမ်အာသည် အဆုံးတွင် နာကျင်မှုကြောင့် မျက်ရည်များ ကျလာသည်။

သို့သော် ယွီယွဲ့သည် ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်သည်။

"နောက်တစ်ခါ မင်း ဘယ်သူနဲ့ အိပ်တယ်ဆိုတာ သေချာကြည့်ပေါ့ ငတုံးရဲ့"

ထို့နောက် သူသည် ဖုန်းကိုထုတ်ကာ လူတိုင်းရှေ့တွင် အသံမက်ဆေ့ချ်နှစ်ခုကို ဖွင့်လိုက်သည်။ ထိုမက်ဆေ့များသည် သူ အခုလေးရရှိထားသည့် မက်ဆေ့ခ်ျများဖြစ်ပြီး ပိုင်ရှောင်ရှီ ခြေဖျားထောက်ကာ နမ်းလာရသည့် အကြောင်းပြချက်လည်းဖြစ်သည်။

အသံဖိုင်ရှိ စကားဝိုင်းသည် ရိုးရှင်းသည်။ ယွီယွဲ့ ပွဲစီစဉ်သူနှင့် စကားစမြည်မပြောခင် ထိုညရှိ ခယ့်ယွမ်အာအကြောင်းကို မေးမြန်းခဲ့သည်။

ယွီယွဲ့သည် ထိုညတွင် အစောကြီးထွက်သွားသည်ကို သိသော ကြောင့် သူ့တွင် စိုးရိမ်စရာအကြောင်းမရှိချေ။

ပွဲစီစဉ်သူ၏လေသံသည် ‌ရယ်မောရိပ်သန်းနေသည်။

"ခယ့်ယွမ်အာ ? အိုး... နောက်ဆုံးတော့ မင်းသူ့ကို သတိထားမိသွားပြီလား ? ဒါက နည်းနည်းနောက်ကျနေပြီ မထင်ဘူးလား? သူက မင်းကိုချစ်မိသွားမှန်း ငါတို့အားလုံး သိပေမယ့် မင်းက မင်းနဲ့ စေ့စပ်ထားသူကလွဲရင် ဘယ်သူ့ကိုမှ ခေါင်းထဲမထည့်တာ ငါတို့သိတယ်လေ၊ အဲဒီညက သူ မင်းကိုမေးဖို့ ကြိုးစားနေတာ ငါမှတ်မိတယ်၊ ဒါကြောင့် သူ မင်းဘေးမှာထိုင်သောက်တာနဲ့တူတယ်၊ ဒါပေမယ့် မင်းက အစောကြီးထထွက်သွားတာ မှတ်မိလား? အဲ့မှာ ကျဲက သူနဲ့အတူသောက်ပေးခဲ့တယ်၊ ကျဲ သူ့ကို လိုက်ပို့ပေးဖို့စကားစပေမဲ့ သူကတော့ ရိုင်းရိုင်းစိုင်းစိုင်း ငြင်းလိုက်တယ်၊ ကျဲလည်း စိတ်မကောင်းဖြစ်ပြီး ငါတို့နဲ့အတူပြန်လာခဲ့လိုက်တာပဲ"

စကားသံဆုံးသောအခါ ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။

ထိုအရာသည် ယွီယွဲ့၏နာမည်ကို ရှင်းလင်းနိုင်သည့် သက်သေဖြစ်ကြောင်း ကြည့်ရှုသူများနားလည်သော်လည်း အသေးစိတ်အချက်များနှင့်ပတ်သက်၍ ရှုပ်ထွေးနေဆဲဖြစ်သည်။ ဖြစ်နိုင် သည်မှာ ဤမိထွေးသည် လင်ပါသားကို အကြာကြီးစွဲလမ်းနေခဲ့ခြင်းဖြစ်နိုင်သည်။

ယခုတော့ ယွီပါးပါးအပေါ် သူမ၏ ယခင်ကြင်နာမှုများသည် လူကြီးတစ်ယောက်ကို လေးစားမှုသက်သက်ဖြစ်ကြောင်း လူတိုင်း နားလည်သွားသည်။

သို့သော် ယွီယွဲ့သည် ပိုင်ရှောင်ရှီနှင့် လူသိရှင်ကြား ဆက်ဆံရေးရှိနေသောကြောင့် သူမကိုယ်သူမ အရှက်ကွဲခံပြီး မလိုက်သဖြင့် ဆင်ခြင်ဉာဏ်ရှိသော မိန်းကလေးဖြစ်ကြောင်း သိနိုင် သည်။

လူအုပ်ကြီး၏ အကြည့်သည် ပိုမို၍ မထီမဲ့မြင်ဖြစ်လာကာ ခယ့်ယွမ်အာ၏ မျက်နှာသည် အလောင်းကောင်ကဲ့သို့ ဖျော့တော့သွားသည်။

အိမ်ဟောင်းရှိ အဖြစ်အပျက်သာ မတော်တဆဖြစ်ခဲ့ပါက ယွီယွဲ့နှင့် သူမ၏အတိတ်က ဆက်ဆံရေးအား ဖော်ထုတ်မရဟု ထင်ခဲ့မိသည်။

သို့သော် အသံမက်ဆေ့ခ်ျသည် သူမ၏ အတွေးများကို တစ်စစီဖျက်စီးလိုက်သည်။

ကျဲဆိုသည့်လူသည် သူမကို အချိန်အကြာကြီးလိုက်ခဲ့သူဖြစ် ကြောင်းမှတ်မိသည်။ သို့သော် ကျောင်းမှထွက်လာသော ယွီယွဲ့ သည် သူမ၏နှလုံးသားကို မတော်တဆခိုးယူသွားပြီဖြစ်သဖြင့် ကျဲကို ခေါင်းထဲမထည့်မိချေ။

ယခုအခါ ကျဲသည် တစ်ချိန်က သူမကို တာဝန်ယူပေးမည်ဟု ကမ်းလှမ်းလာသည်ကို ဝေဝေဝါးဝါး မှတ်မိလာသော်လည်း သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။

သူမသည် ထိုညမှာ သူမနှင့် ယွီယွဲ့ ကြားတွင်အရင်းနှီးဆုံးသော ညတစ်ညဖြစ်မည့်အကြောင်း အခိုင်အမာယုံကြည်သည်။ သို့ သော်လည်း သူမ တခဏမျှစိတ်ရှုပ်သွားချိန်တွင် အရက်အ လွန်အကျွံ သောက်ခဲ့မိကြောင်း မည်သို့ဝန်ခံနိုင်မည်နည်း?

"မင်း အဲ့ဒါကို မကြားလား? မင်းရဲ့အရှုပ်ထုတ်တွေကို ငါ့အပေါ် လာမပုံချနဲ့။ ငါနဲ့မဆိုင်ဘူး၊ ငါ့မှာ အစကနေအဆုံးအထိ ပိုင်ရှောင်ရှီတစ်ယောက်တည်းပဲရှိတာ မင်းကို သိတောင် မသိပါဘူး"

ယွီယွဲ့သည် ဝမ်းနည်းနေသော ခယ့်ယွမ်အာကို လျစ် လျူရှုကာ ရှုပ်ထွေးနေသော ယွီရီဘက်သို့လှည့်ကြည့်လိုက်ပြီး

"ရှုရှု အပြစ်လွဲချမနေနဲ့တော့၊ ကျွန်တော်က သူနဲ့ ဘာမှမဆိုင်ဘူးလို့သက်သေပြနိုင်တယ်၊ ဒါပေမယ့် ရှုရှုကရော အဲ့ဒီက လေးက ရှုရှုသားအရင်း ဟုတ်မဟုတ်ဆိုတာ စမ်းသပ်ဖို့ဆန္ဒရှိရဲ့လား ?"

All Chapters