အခန်း (၃၁၇)
Vol. 32 Ch. 317
ယွီယွဲ့ ၏ပြတ်သားသည့် ဝန်ခံချက်သည် ရှိနေသူအားလုံးအား လုံးဝ အံ့အားသင့်သွားစေသည်။ အကြောင်းအရာပြောင်းလဲခြင်းသည် သူတို့အား မစိုးရိမ်စေခဲ့ပေ။ သူတို့အား အမှန်ထိတ် လန့်စေသည်က ယွီယွဲ၊ယွီမိသားစု၏ မျိုးသက်သည် သူ့ဘိုးဘေး ထုံးတမ်းစဥ်လာများအား ဆန့်ကျင်သည့် ဆုံးဖြတ်ချက်အားချခဲ့ခြင်းဖြစ်ရာ မယုံကြည့်နိုင်စရာပင်။
ယွီမိသားစု၏စီမံခန့်ခွဲမှုတွင် သားသမီးများလေ ချမ်းသာလေဖြစ်သည်။ သားသမီးမရှိလျှင် စဥ်းစားမနေပါနှင်တော့။
သို့သော် ယွီယွီသည် ဤမျှကြီးကျယ်ခမ်းနားသော ပွဲတွင် သတ္တိရှိရှိကြေညာခဲ့သောကြောင့် လူတိုင်း သူအားမွေးခွန်းမထုတ်ဘဲ ယုံကြည့်လိုက်ကြသည်။
သူတို့ရယ်ချင်မိသည်။ မကြာသေးမီကပင် ခယ့်ယွမ်အာသည် ယွီယွဲမှာ သူမကလေး၏ဖခင်ဟု အခိုင်အမာပြောခဲ့သည်။ ယခုသူသည် ကလေးပင် မရနိုင်တော့ပေ။
【အမိုက်စားပဲ။ ယွီယွဲ့ရေ နင်ကတော့ ဒဏ္ဍာရီပဲ။ ခယ့်ယွမ်အာရဲ့ အကြံဆိုးတွေကို တစ်ခါတည်းနဲ့ ပိတ်ပစ်လိုက်တာပဲ။ သူကလေးမရနိုင်မှတော့ ပိုင်ရှောင်ရှီ မွေးနိုင်၊ မမွေးနိုင် ဘယ်သူဂရုစိုက်တော့မှာလဲ။ ဆရာကြီးအဆင့် ရိုက်ချက်ပဲဟေ့။】
ထိုအချိန်တွင် ပိုင်ရှောင်ရှီနှင့် သူမမိဘများသည် ယွီယွဲ့ အား ထိတ်လန့်စွာ စိုက်ကြည့်လိုက်ကြသည်။
ကလေးမယူဘူးဆိုသည်မှာ သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဟု ပိုင်ရှောင်ရှီ ယုံကြည်စေခဲ့သော်လည်း သူမ၏ မိဘများသည်တော့ သူ သူမအတွက်လုပ်ပေးခဲ့သည်ကို သိသည်။ သူတို့မသိခဲ့သည်က ဤသည်ကို သေချာစေရန် လျို့ဝှက်ခွဲစိတ်မှုပါခံယူ သည်အထိကိုပင်။
ထုံးတမ်းစဥ်လာအား ပြောင်းပြန်လှန်ခဲ့သော်လည်းနောက် ကွယ်မှ ဤကဲသို့ ဆုံးဖြတ်ချက်ခိုင်မာမှုသည် ပိုင်မိသားစုအား အလွန် ရင်ထဲထိသွားစေသည်။
ယွီယွဲ ဤလောက်ထိ လုပ်ရန် မလိုကြောင်း သူတို့နားလည် သည်။ ပိုင်ရှောင်ရှီသည် ကိုယ်ဝန်မဆောင်နိုင်ပေ။ သို့သော် သူလုပ်ခဲ့သည်မှာ အနာဂတ်တွင် ပိုင်ရှောင်ရှီ ပိုင်မိသားစုထံမှာ ဖိအားပေးခံရခြင်း၊စစ်ဆေးခံရခြင်းများမှ လုံးလုံးကာကွယ်ပေးရန်ပင်။ သူသည် အမြဲတမ်း သူမ၏ လုံခြုံသော ခိုအောင်းရာပင်။
“ဘာလို့…..ငါ့ကို မပြောခဲ့တာလဲ။” ပိုင်ရှောင်ရှီ စိုးရိမ်တကြီး မေးသည်။
ယွီယွဲ့ သူမအား တွေ့ရာဆင်ခြေဖြင့် ချွေးသိပ်လိုက်သည်။
” ငါအမျှော်အမြင်ရှိလို့တော်သေးမယ်။ မဟုတ်ရင် ဒီလို စွပ်စွဲခံရတာ ရှင်းဖို့ ခက်မှာပဲ။”
"ယွီယွဲ့ မင်းရူးသွားပြီလား။”
ယွီပါးပါး နောက်ဆုံးတွင် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။ သူကလေးမရနိုင်တော့ဘူးဆိုတော့ သူလည်း မြေးမရှိတော့ဘူးပေါ့။
"မင်းဘယ်လောက် ပုန်ကန်၊ပုန်ကန် ငါဂရုမစိုက်ဘူး။ ဒါကို မြန်မြန်သွားကောင်းအောင် ပြင်ချည်။”
ကျန်ယွီမိသားစုဝင်များသည် သားသမီးများလေ စည်းစိမ်ဥစ္စာများအား မျှဝေရလေဖြစ်သောကြောင့် စိတ်အားမထက်သန်ကြသော်လည်း ဖျောင့်ဖျရန်ကြိုးစားကြသည်။
ဖျောင့်ဖျသံများကြား ပိုင်ရှောင်ရှိသည် ဖြူဖျော့သွားသည်။ ယွီယွဲ့ ဤဝန်ထုပ်ဝန်ပိုးအား တစ်ယောက်တည်း ထမ်းထားသည်အား မမြင်ရက်ရေ။ အထူးသဖြင့် အရာအားလုံးသည် သူမအမှားဖြစ်သည်။ သူမမျိုးမပွားနိုင်ခြင်းဖြစ်သည်ကို ရှေ့တိုးကာ ပြောမည်ကြံတုန်း ယွီယွဲသည် သူမအား ညင်သာစွာ ဆွဲကာ တင်းတင်းကျပ်ကျပ်ဖက်လိုက်ကာ တိတ်ဆိတ်စေသည်။
"ငယ်ငယ်ကတည်းက ခင်ဗျားက ကျနော့်အတွက် စံနမူနာပြထားတာလေ။ ကျနော် ဘာလို့ ကလေးလိုချင်ရမှာလဲ။ စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တာ ခင်ဗျားလေ။”
ယွီယွဲ့ သူ့အဖေအား တည်ငြိမ်စွာပြောသည်။ “ကျနော့် ကို စိုးရိမ်နေမယ့်အစား ကိုယ့်အရှုပ်ကိုယ် ရှင်းသင့်တယ်။ လက်မထပ်ခင် မစုံစမ်းမစစ်ဆေးခဲ့ဘူးလား။ ခင်ဗျား ကျနော့်ဘဝကိုတောင် ဖျက်ဆီးတော့မလို့။ ကံကောင်းလို့ပေါ့ မဟုတ်ရင် ဒီမိသားစုထဲ ဟာသဖြစ်တော့မှာ။”
ယွီယွဲ့ သည် အမြဲတမ်း ပုန်ကန်တတ်ပြီး မည်သည့်အရာကိုမဆို လုပ်တတ်သောကြောင့် မည်သူမှ သူ့အား မည်သို့ဆွဲဆောင်ရမည်အား မသိကြပေ။ ဤကိစ္စအား နောက်မှ ဖြေရှင်းပြီး ယခု ပြဿနာအား အရင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ခယ့်ယွမ်အာ မျက်လုံးများသည် ယွီယွဲထံသာ ရှိနေခဲ့သည်။ “နင်……နင်သူ့အတွက် ဒီလောက်တောင်လုပ်ပေးတယ်။ နင်တကယ်ပဲ…..”
"အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောဖို့ မင်းကို ငါအကြံပေးလိုက်မယ်။ မဟုတ်ရင် မင်းကို ပါးရိုက်ဖို့လည်း လက်တွန့်နေမှာမဟုတ်ဘူး။” ယွီယွဲသည် စူးရဲသော အကြည့်များနှင့် သတိပေးလိုက်သည်။
ခယ့်ယွမ်အာ သူ၏ကြောက်စရာကောင်းသော အမူအရာအားကြည့်ရာ ခါးသီးစွာ ရယ်မောလိုက်သည်။ ယွီယွဲ ဘာကြောင့် သူသားကြောဖြတ်ခဲ့သည်အားဖွင့်ပြခဲ့မှန်း သူမနားလည်လိုက်သည်။ ယွီယွဲ၏ ပိုင်ရှောင်ရှီ အပေါ် အချစ်အားမငြင်းဆန်နိုင် တော့ပေ။
“ သူ့မှာ ရှိတာမှန်သမျှ ငါမှာအကုန်ရှိတယ်။ နင့်ကို ပိုမချစ်ခဲ့လို့လား။ ငါနင့်အတွက် မလုပ်ပေးခဲ့တာဘာရှိလို့လဲ။ နင့်အတွက် ငါကြိုးစားခဲ့တယ်။ ဘာလို့ ငါ့ကို လှည့်မကြည့်ရတာလဲ။ သူမက ဘာတွေများ ထူးခြားနေလို့လဲ။” ခယ့်ယွမ်အာ နာကျင်စွာ အော်ဟစ်လိုက်သည်။
ယွီယွဲ့ သည် ပိုင်ရှောင်ရှီအား ပိုတင်းကြပ်စွာ ဖက်လိုက်သည်။ “ငါ သူ့ကို ချစ်လို့ပဲ။ ဒါ အကုန်ပဲ။ ပိုင်ရှောင်ရှီရဲ့တည်ရှိမှုက ငါ့အတွက် အရာအားလုံးပဲ။”
ရှင်းပြစရာပင် မလိုတော့ပေ။
အပြင်လူမျာအမြင်တွင် ပိုင်ရှောင်ရှီသည် သူတို့အချစ်အတွက် ဘာစွန့်လွှတ်အနစ်နာမှုမှ မလုပ်ခဲ့ဘူးသောအမိုးအကာအောက် မှ မင်းသမီးလေးပင်။
သို့သော် အချို့လူများအတွက်တော့ သူမ၏တည်ရှိမှုသည်ပင် သူတို့ဘဝကြီး လှပသွားစေသည်။
ပိုင်ရှောင်ရှီးသည် သူပိတ်မိနေခဲ့သည့် မှောင်မဲ၊စိတ်ဓာတ်ကျစေသော ကမ္ဘာမှ သူ့အား ဆွဲထုတ်ခဲ့သူပင်။ သူမထူးထူးခြားခြားလုပ်ခဲသည် မရှိသော်လည်း သူမ’ချိုမြိန်သည့် အပြုံးတစ်ပွင့်သည်ပင် သူ့ကမ္ဘာကြီးအား ပြောင်းပြန်လန်သွားစေသည်။
သူဘဝသည် မည်မျှ ဗြောင်းဆန်ခဲ့ပါစေ ပိုင်ရှောင်ရှီရဲ့ ချစ်ခြင်းမေတ္တာသည် သူရဖူးသမျှထဲမှာ အကောင်းဆုံးကံကြမ္မာပင်။
ထို့ကြောင့် သူသည် အရာအားလုံးအား ချစ်မြတ်နိုးကာ မည်သည့်အရာကိုမှ ဖျက်စီးပစ်ခွင့်မပြုနိုင်ပေ။
ဤနောက်ဆုံးတုံ့ပြန်မှုသည် ခယ့်ယွမ်အာအား လုံးလုံး ပြိုလဲသွားစေသည်။ သူ့အဖြေအာ ကြားပြီးနောက် မျက်ရည်ကျကာ နောက်ဆုံး မေ့လဲသွားသည်။ စောစောမှ တုန်လှုပ်ခြောက်ခြားဖွယ် အခြေအနမှ ပြန်လည်ကောင်းမွန်သေးပုံမပေါ်ပေ။ သူမ သွေးများဆင်းလာတော့သည်။
ပရမ်းပတာများကြားတွင် လူနာတင်ကားခေါ်ကာ ယခုတွင် သူတို့သည် တရားဝင်လက်ထပ်ပြီးသောကြောင့် ယွီပါးပါးသည် အုပ်ထိန်းသူအဖြစ်လိုက်ပါသွားရသည်။
ထိုမင်္ဂလာပွဲသည် ဒရာမာဆန်ဆန်ဖြင့်ပြီးဆုံးသွားသည်။
ယွီမိသားစုမှလွဲ၍ ဧည့်သည်များသည်ရယ်မောချင်သည်အား အောင့်အီးကာ ဤသို့ အရည်ရွှမ်းလှသော အတင်းအဖျင်းအား မျှဝေရန် ဖုန်းများဖွင့်ကြသည်။
အထက်တန်းစား အသိုင်းအဝိုင်းသည်ဤအရှုပ်တော်ပုံကြောင့် စိတ်လှုပ်ရှားနေကြသည်။
မေးသူတိုင်းသည် ကျီဖေးရှိနေလားဟူသော စကားနှင့်စမေးကြသည်။
လူတိုင်းသည် သူတို့သူငယ်ချင်းများနှင့် အတင်းအဖျင်းပြောနေရင်း ထိုလျို့ဝှက်ဆန်းကြယ်သော သူအားရှာနေကြကာ သူအားတွေ့လျှင် သူတို့ပါ မှော်အစွမ်းများရလာတော့မည်ထင်နေသလားပင်။
ချင်မိသားစု လူအုပ်မှ ထွက်ခွာသွားကြသည်အား အားလုံးတွေ့လိုက်ကြသော်လည်း ချင်ရှန့်နှင့် ကျီဖေးကိုမူ အရိပ်အယောင်ပင် မတွေ့ရချေ။
ကျီဖေးသည် ဝိုင်းကြည့်ကြမည်ကို မခံချင်သောကြောင့် စောစောလစ်ထွက်ခဲ့ခြင်းဖြစ်သည်။
ယွီယွဲ့သည်လည်း နောက်ဆက်တွဲ ပြဿနာများအား ဖြေရှင်းပျင်းကာ အကြီးအကဲများ၏ ဟောပြောချက်များအားလည်း မခံယူချင်သောကြောင့် ကျန်အဖွဲ့ဝင်များအား ညစားအတူစားရန်ပြောကာ စောစောထွက်ခဲ့သည်။
စားသောက်ဆိုင်တွင် ယွီယွဲ့ သည် ချင်ရှန့်နှင့်ကျီဖေးအပေါ် သူ၏ ကျေးဇူးတင်စိတ်ကို ဖော်ပြရန် စိတ်အားထက်သန်စွာနှင့် ခွက်ချင်းတိုက်လိုက်သည်။
အားလုံး နောက်ပြောင်ကြသော်လည်း ကျီဖေးအနည်းငယ် စိတ်တိုနေသည်။ အမျိုးမျိုးသော အတင်းအဖျင်းအုပ်စုများထဲ သူမကိုသာ ဖော်ပြနေကြသည်။
"ဒီနေ့ဝိုင်းအကြည့်မခံလိုက်ရပေမယ့် အခုတော့ နတ်ဝင်သည် ကျနေတာပဲ အပြောခံနေရတယ်။” ကျီဖေး အအေးအားစုပ်သောက်ရင်း ညီးညူနေသည်။
အခြားသူများကလည်း သူမဤကဲ့သို့ အပြောခံနေသော ကြောင့် စိတ်ဆိုးနေသည်ဟုထင်သွားကြသော်လည်း သူမချင်ရှန့်အား ပြောသည်ကို ကြားလိုက်ရသည်။
“အခုကစပြီး ဖရဲသီး live ကြည့်ရင်း စားဖို့ခက်တော့မယ်။ ငါလုပ်ချင်တာဆိုလို့ တိုးတိုးတိတ်တိတ်နဲ့ ဖရဲသီးစားချင်တာလေးပါပဲ။ ဒါပေမယ့် သူတို့က ငါ့ကိုပဲ ဆွဲဆွဲထုတ်နေကြတယ်”
လူတိုင်းရယ်မောလိုက်ကြသည်၊
ချင်ရှန့်သည် ပြုံးပြုံးလေးဖြင့် ကျီဖေး သူမဒေါသထွက်သည်များအား ရင်ဖွင့်ခွင့်ပေးထားသည်။
"ဒါနဲ့ ငါတကယ်သိချင်လို့ပါ။ နင်ဘယ်လိုလုပ် ဒီလိုဖရဲသီးကြီးတွေနဲ့ အမှတ်မထင် ကြုံနေရတာလဲ။ ဘယ်လိုတောင်တိုက် ဆိုင်တာလဲ။” ကောင်းယာလန် မှတ်ချက်ချလိုက်သည်။
ကျီဖေးက အသံ တိုးတိုးလေးဖြင့် "ဒါက…..ဒါက တိုက်ဆိုင်သွားတာပါ။ ငါက အတင်းအဖျင်းတွေကို တကယ်ကြိုက်တော့ ဒီလိုအခြေအနေတွေနဲ့ တွေ့ရင် အသစ်အဆန်းတောင်မဖြစ်တော့ဘူး။”
ဤသည်က သဘာဝလွန်ကိစ္စများအား ယုံကြည်ရသည်ထက် ပိုအဓိပ္ပါယ်ရှိသည်။
ကျီဖေးတွင် ပြဿနာများအား ထောက်လှမ်းရန် စိတ်အားထက်သန်သော မျက်လုံးရှိကာ ထိုအခြေအနေအား တရားမျှတစေလိုသော သူမ၏ သဘောထားကြောင့်သာဖြစ်သည်။
အခြားသူများမှ စိတ်မဝင်စားကြသော်လည်း ကောင်းယာလန်သည် သူ့ကိုယ်သူ “Fei Sect”၏သစ္စာရှိ Followerတစ်ယောက်ဖြစ်သွားပြီဟု စိတ်အားထက်သန်စွာပြောလာခဲ့သည်။
ညနေစောင်းလာသည်နှင့် ယွီယွဲ့သည် လူတိုင်းအား နှုတ်ဆက်စကားပြောခဲ့သည်။ မင်္ဂလာပွဲပြီးသည်နှင့် ပိုင်ရှောင်ရှီအားခေါ်ဆောင်ကာ ချက်ချင်းထွက်ခွာမည်ဆိုသည်ကို သူတို့သတိရသွားကြသည်။ ခရီးစဥ်အတွက် သူတို့ လေယာဥ်လက်မှတ်လည်း ဖြတ်ပြီးပြီဖြစ်သည်။