← Chapters

အခန်း (၃၁၈)

Vol. 32 Ch. 318

အခန်း (၃၁၈)

Vol. 32 Ch. 318

သူတို့ ပြန်ဖို့ပြင်နေကြခြင်းဖြစ်သည်။ တစ်ယောက်သည် စိတ် ရှုပ်သွားသည်။ “အခု အမှန်တရားထွက်လာပြီလေ။ နင်က ထွက်သွားချင်သေးတာလား။” ကျီဖေး စိတ်ရှုပ်ကာ မေးလိုက်သည်။

"DINK (အလုပ်ရှိသူ နှစ်ဦးလုံးမှ ကလေးမယူဖို့ဆုံးဖြတ်ခြင်း) ပြဿနာကြောင့်လား၊ မင်းမိသားရဲ့ တုံ့ပြန်မှုနဲ့ပတ်သတ်ပြီး စိုးရိမ်နေတာလား။” ကျန်းရန်မေးလိုက်သည်။

ကောင်းယာလန်ကလည်း “နင်တကယ် DINK လုပ်ဖို့ စီစဥ်နေတာလား။ နင် ရှောင်ရှီနဲ့ဆွေးနွေးပြီးပြီလား။”

စမ်ထင်လည်း သူတို့အား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ကျီဖေးနှင့် ချင်ရှန့် သည် အံ့သြပုံမပေါ်ပေ။

[နောက်ပိုင်း ခယ့်ယွမ်အာ ရူးသွားပြီး ပိုင်ရှောင်ရှီရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပစ်မှာကြောက်လို့ သူတို့ စောစောထွက်သွားဖို့ လုပ်နေကြတာထင်တယ်။ သူတို့ ပိုင်ရှောင်ရှီကို လုံးဝကာကွယ်ဖို့ ကြိုးစားနေကြတာပဲ။]

ပိုင်ရှောင်ရှီ အပြစ်ရှိသလို ခံစားရပြီး တစ်ခုခုပြောချင်သော် လည်း ယွီယွဲ့ သူမလက်အား ကိုင်ကာ နှောက်ယှက်လိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ပိုင်ရှောင်ရှီသည် ယွီယွဲ့ အတွက် စိတ်မကောင်းဖြစ်သည့်အတွက် သူမပြောလိုက်သည်။

“တကယ်တော့ ငါက…”

ပိုင်ရှောင်ရှီက အမှန်တရားအား ရှင်းပြပြီးသည်နှင့် အခန်းမှာ တိတ်ဆိတ်သွားသည်။

ကျီဖေးလည်း ဤသို့ဖြစ်သွားမည် ထင်ထားပြီးဖြစ်ကာ ရယ်ချင်သွားသည်။

[ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပေမယ့် သူတို့အခုသေချာ ပေါက် နောင်တရနေလောက်ပြီ။ ည ညဥ့်နက်သန်းခေါင်ထပြီး ကိုယ်ပါးကိုယ်တောင် ပြန်ချကြတော့မယ်ထင်တယ်။ ဟားဟား]

အမူအရာမဲ့သော ချင်ရှန့်သည်ပင် ကျီဖေး၏မှတ်ချက်ကြောင့် ရယ်ချလုနီးပါးဖြစ်သွားသည်။

နောက်ဆုံးတွင်၊ ယွီယွဲ့ ပိုင်ရှောင်ရှီအားဖက်လိုက်ကာ အပြုံးလေးဖြင့် “အခုကစပြီ ရှောင်ရှီကို ငါ့အဖိုးတန် ကလေးလေးလိုဆက်ဆံသွားတော့မှာ။ ဟာဟား မင်းတို့တွေ ကလေးတွေပိုမွေးပြီး ငါတို့ မွေးစားမိဘတွေလုပ်ကြမယ်လေ။ ရှောင်ရှီ ဘယ်သူ့ရဲ့မွေးစားအမေအရင်ဖြစ်မလဲ လောင်းကြည့်ရအောင်။”

ကောင်းယာလန် အခွင့်အရေးအား ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး "ငါက ဖြစ်နိုင်ခြေအရှိဆုံးပဲ။"

"နင် ဘာတွေလာပြောနေတာလဲ၊ အိမ်ထောင်တောင်မကျသေးပဲနဲ့။” ယွီယွဲ့ ပြန်ပြောသည် ။

"ကလေးရဖို့ အိမ်ထောင်ပြုရမယ်လို့ ဘယ်သူပြောလဲ။"

ကောင်းယာလန် ပြန်ပြောပစ်သည်။ "ငါလိုချင်ရင် ငါတစ်ယောက်လောက် မွေးစားလိုက်မယ်။၊ ချိန်းတွေ့တာနဲ့ အိမ် ထောင်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို ကျော်ပစ်လိုက်မယ်ပိုတောင်မြန်သေးတယ်။"

လောဖေး အော်ရယ်သည်။

ကောင်းယာလန် ချက်ချင်းပဲ "နင်ဘာရယ်တာလဲ၊ နင်က စင်ဂယ်ဖြစ်နေတုန်းပဲ။ ပြီးတော့ အသဲကွဲနေတာ ပြန်ကုစားနေရတာ။ ငါပထမ မဖြစ်ရင်တောင် နင်က သေချာပေါက် နောက် ဆုံးဖြစ်မှာ။”

လောဖေး သူ့ရင်ဘတ်အား ဆုပ်ကိုင်လိုက်ပြီး "ဟေး၊ အဲ့လောက်ကြီး ပြောစရာမလိုပါဘူးဟ။ ပြီးတော့ စင်ဂယ်ဆိုလို့ ဒီမှာ ငါတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး!"

အားလုံး၏မျက်လုံးများသည် အခန်းအတွင်းရှိ အခြားနှစ်ယောက်ဖြစ်သည့် ကျန်းရန်နှင့် စမ်ထင်ဆီသို့ ချက်ချင်းလှည့်သွားသည်။ သူတို့ကြားတွင် တစ်ခုခုတော့ရှိနေသည်။

စမ်ထင် တိုက်ရိုက်ပြောလာသည်။ "ငါလည်း DINK နေထိုင်မှုပုံစံကို စဉ်းစားကြည့်နေတာ။"

ကျန်းရန်အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် "ငါက ငါ့လက်တွဲဖော်ရဲ့ဆန္ဒကို အပြည့်အဝလေးစားတယ်။၊ အဲတော့ ငါလည်း မဆုံးဖြတ်ရသေးဘူး။ မင်း ချင်ရှန့် နဲ့ ကျီဖေးကိုပဲ အားကိုးတာ ပိုကောင်းမယ်။”

ပိုင်ရှောင်ရှီ အာရုံပြောင်းသွားပြီး ချင်ရှန့် နှင့် ကျီဖေးအား တောက်ပနေသော မျက်လုံးများနှင့်ကြည့်လိုက်သည်။

"နင်တို့ သားသမီးရှိတဲ့အခါကျ ငါမွေးစားအမေလုပ်လို့ရလားဟင်။"

ကျီဖေးအား ဖိအားမပေးချင်တဲ့ ချင်ရှန့်သည် ခေါင်းစဥ်ပြောင်းချင်သော်လည်း ကျီဖေးပြောလာသည်အားကြားလိုက်ရသည်။

"ဒါပေါ့။!"

ချင်ရှန့်နှလုံးခုန်သံမြန်လာကာ ပေါ့ပေါ့တန်တန် တုန့်ပြန်လိုက်ခြင်း ဖြစ်ခဲ့လျှင်ပင် ကျီဖေး၏ စကားများသည် သူ့အား မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစေသည်။

ကျီဖေးက သူနဲ့ အတူရှိချင်ပြီး ကလေးတွေ အတူမွေးချင်တယ်လို့ဆိုလိုတာလား။

ပြန်ဖြေပြီးနောက် ကျီဖေးကိုယ်တိုင်ပင် ခဏတာထိတ်လန့်သွားသည်။

မိသားစုတမ်း ကစားနေသည့် မှတ်ဉာဏ်အပိုင်းအစတစ်ခုသည် သူမ၏စိတ်ထဲတွင် ဖျက်ခနဲပေါ်လာသည်။ သူမသည် ဇနီးဖြစ်ပြီး၊ သူ့တွင် ခင်ပွန်းလေး တစ်ယောက်ရှိသည်။ သူတို့ရှေ့တွင် ကလေးများအဖြစ် ဟန်လုပ်ထားသော အရုပ်ကလေးသုံးရုပ်ရှိသည်။

ကျီဖေး ထိုမှတ်ဉာဏ် မည်သည်မှပေါ်လာမှန်း မသေချာပေ။ သူမသည် ချစ်ရမည်အား အမြဲ စိတ်မသက်မသာ ဖြစ်ခဲ့ပြီး ကလေးယူရန် အတွေးသည် သူမအား ဖိအားများစေကာ သူအမြဲရှောင်ရှားခဲ့သည်။

သို့သော် ရုတ်တရက်၊ ချင်ရှန့်နှင့် ကလေးယူရန် စိတ်ကူးသည် အလွန်ကြောက်စရာကောင်းပုံမပေါ်ပေ။ သူမ မည်သည်ကိုမှ စိတ်ပူနေစရာ မလိုဟု ခံစားလိုက်ရကာ ပေါ့ပေါ့တန်တန် သဘောတူလိုက်မိသည်။

ကျီဖေးသည် ချင်ရှန့်အားမနေနိုင်ဘဲ တစ်ချက် ခိုးကြည့်လိုက်ရာ သူမအား စူးစိုက်ကြည့်နေသော စူးရှသော မျက်လုံးတစ်စုံနှင့် ဆုံလိုက်ရသည်။

၎င်းတို့သည် များပြားလှသည့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသဖြင့် သူမပင် ၎င်းတို့ထဲတွင် နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ သူခံစားချက်အား နားလည်သလိုခံစားချက်လိုက်ရသည်။ သူတကယ်ကြီး ပျော်နေတာလား ?

ကျီဖေးအသက်ရှုမြန်လာသည်အား ခံစားလိုက်ရပြီး သူမ၏ ပါးပြင်များသည် နီမြန်းလာသည်။ အရက်သောက်ထားလို့များလား။ သို့သော် သူမ သေချာမသိပေ။

ချင်ရှန့် နှင့် အနာဂတ်အား မျှဝေရန် စိတ်ကူးအား ယခင်ထက် ပိုသက်တောင့်သက်သာတွေးနိုင်ပြီ။

ကျီဖေး၏ တုံ့ပြန်မှုသည် အဖွဲ့သားများအား စိတ်လှုပ်ရှားသွားစေသည်။

ယွီယွဲ့ ရယ်မောကာ "မင်းတို့နှစ်ယောက် အရင်လက်ထပ်သင့်တယ်လို့ ငါ ပြောချင်တယ်။။ ငါတို့က မကြာခင်ထွက်သွားတော့မှာ ဆိုပေမယ့် မင်းတို့ မင်္ဂလာဆောင်တာနဲ့ ငါတို့ ပြန်လာပြီး ပွဲတက်မှာနော်။"

ဤတစ်ကြိမ်တွင် ချင်ရှန့် တုံ့ပြန်ခဲ့သည်။ "ဟုတ်တယ်။ငါတို့လုပ်မှာ။ ကြေညာတာကို စောင့်နေ။"

ထိုညက အကြောင်းတစ်ခုခုကြောင့် ကျီဖေး ပိုမူးနေခဲ့သည်။

အရက်ကြောင့် ပိုရဲရင့်လာသည်။

ကျီဖေးမှတ်မိသည့် နောက်ဆုံးအရာမှာ ချင်ရှန့်အား တွန်းလှဲလိုက်ခြင်းပင်။ ထိုရှည်လျားလှသည့် အနမ်းသည် သူမကိုပင် အသက်ရှုမဝဖြစ်သွားစေသေးသည်။

အဲဒီနောက်မှာတော့ သူမ မည်သည်ကိုမှ မမှတ်မိတော့ပေ။

သူမ သိသည်မှာ သူမ အမှန်တကယ် ကြိုက်နှစ်သက်သည့်တစ်စုံတစ်ခု၊ သူမအငမ်းမရ ဝါးမြိုပစ်ချင်လောက်သည်ထိ အလွန်အဖိုးတန်သည့် တစ်စုံတစ်ခုရှိသည်ဆိုတာပင်။

သူမ နိုးလာသောအခါတွင် သူမ၏နားထဲတွင် စကားတစ်ခွန်းသည် ပဲ့တင်ထပ်နေသည်။

ထိုအသံ အက်ကွဲနေကာ သူ့နှလုံးသားအားတုန်ယီသွားစေ သည်။

"ဖေးဖေး... မင်း…..ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလားကွာ။"

ကျီဖေး စိတ်ရှုပ်ထွေးမှုနေပြီး ထိုအသံသည်သနားစရာကောင်း လွန်းနေသလိုပင်။ သို့သော် မှတ်ဉာဏ်အပိုင်းအစများအား ပြန်စဥ်စားလိုက်ချိန်တွင် မသေချာတော့ပြန်ပေ။ ကျီဖေး အိပ်ယာပေါ်တွင် လှဲလိုက်သည်။

သူမရဲ့ နှုတ်ခမ်းတွေ ရောင်ရမ်းပြီး သွားတွေနာနေတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ မသက်မသာမခံစားရဘူး။

[ဘာမှမဖြစ်ခဲ့ဘူးလား?!]

ရုတ်တရက် ရေချိုးခန်း တံခါးပွင့်လာပြီး ချင်ရှန့်သည် ရေချိုးဝတ်စုံဝတ်ကာ ထွက်လာသည်။ သူမ နိုးလာသည်အား မြင်လိုက်ရသည်နှင့် ရပ်သွားကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံရသည်။ သူ့မျက်ကွင်းများညိုမဲနေကာ ကောင်း ကောင်း အိပ်မပျော်ကြောင်းထင်ရှားသည်။

"ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား။"

ချင်ရှန့် ကုတင်နား ကပ်လာရင်း မေးသည်။

ကျီဖေး ချင်ရှန့်၏အကိုက်ခံထားရသော နှုတ်ခမ်းများအား ကြည့်လိုက်ကာ ဤသည် သူမလက်ချက်မှန်းသိသာသည်။ သို့သော် သူသည် သူမအား အဆင်ပြေလားမေးနေသည်။

ကျီဖေး နားမလည်နိုင်စွာ စိတ်ပျက်သွားသည်။

[Come on၊ ရှင် ဘာမှမလုပ်ခဲ့တာကို ကျမ ဘာကိုတစ်ခုခုခံစားရမှာတုန်း။]

သူမအား ရေခွက်ပေးနေသော ချင်ရှန့် အေးခဲသွားသည်။ သူမချင့်မရဲဖြစ်မှုအား ဖိနှိပ်လိုက်ပြီး "မနေ့ညက သောက်တာများသွားတယ်။ အရက်နာကျတာက ခေါင်းကိုက်မှာ။"

ကျီဖေး နှုတ်ခမ်းစူပြီး စိတ်ထဲမှာတော့ တွေးနေဆဲ။ [ဒါဆို သောက်ပြီးတာတောင် ငါ လူရမ်းကားမလုပ်ခဲ့ဘူးပေါ့...]

ချင်ရှန့် သူ၏မချင့်မရဲဖြစ်မှုအား ထိန်းလိုက်ကာ ရေပေးလိုက်သည်။ သို့သော် သူ လှုပ်လိုက်သည်နှင့် သူ့ရေချိုးဝတ်စုံကော် လံသည် အနည်းငယ်ဟသွားသည်။

ချင်ရှန့် သည် တစ်မနက်လုံးရေချိုးဝတ်စုံအား ထူးဆန်းစွာ ၀တ်ဆင်ထားပြီး လည်ချောင်းထိ ကော်လံရောက်နေကာ လည်ပင်းတစ်ခုလုံးအား ဖုံးထားသည်။

သို့သော် ယခုတွင် သူ၏ ညှပ်ရိုးမှာ ပေါ်သွားသည်။

ရေသောက်နေသည့် ကျီဖေးသည် မတော်တဆ တစ်ချက်ကြည့်လိုက်ကာ ချက်ချင်းပင် သီးသွားကာ ရေများ ထွေးထုတ်လိုက်သည်။

ချင်ရှန့်လန့်သွားပြီး သူ့ဘေးမှာ အမြန်ထိုင်ကာ နောက်ကျောအား ပုတ်ပေးလိုက်သည်။ သို့သော် နောက်တစက္ကန့်မှာ တစ်စုံ တစ်ယောက်သည် သူ့အင်္ကျီအား ရဲရဲတင်းတင်းဆွဲဖွင့်လိုက်သောကြောင့် သူ့ရင်ဘတ် အေးသွားသည်အား ခံစားလိုက်ရတယ်။

ချင်ရှန့် အံ့အားသင့်သွားသည်။

ကျီဖေးမှာ ပိုလို့ပင်အံ့အားသင့်သွားသည်။

သူမသည် ချင်ရှန့် ၏ညှပ်ရိုးပေါ်ရှိ ကိုက်ခံထားရသည့် အမှတ် အသားအားမြင်လိုက်ကာ အနီးကပ်ကြည့်လိုက်သည်။ သို့ သော် မထင်မှတ်ထားသည်မှာ တစ်ခုထက်မကပိုရှိနေသည်။

သူ၏ တောင့်တင်းသော ရင်ဘတ်ပေါ်တွင် အမျိုးမျိုးသော အနက်ရှိသည့် ကိုက်ရာများ အနည်းဆုံး တစ်ဒါဇင်ရှိသည်။

သူ၏ လှပသည့် ခန္ဓာကိုယ်သည် နှိပ်စက်ညှဉ်းပန်းခံရသည့် ပုံပေါ်ကာ ထူးထူးခြားခြားပင် ဆွဲဆောင်မှုရှိလှသည်။ ထိုအလှတရားသည် သူမအား အမှတ်အသားများ ထပ်ပေးစေရန် ဆွဲဆောင်နေသည်။

ကျီဖေးသည် ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားပြီး သူမ၏ နားထဲတွင် သူမနှလုံးသားအား ကမောက်ကမ ဖြစ်စေခဲ့သည့် ညီးညူသံများ အဆက်မပြတ်ကြားခဲ့သည်ကို ဝေဝေဝါးဝါး သတိရသွားသည်။

All Chapters