← Chapters

အခန်း (၃၁၉)

Vol. 32 Ch. 319

အခန်း (၃၁၉)

Vol. 32 Ch. 319

ကျီဖေး ပြာယာခတ်သွားပြီ မည်သည်ကိုမှ သေချာမတွေးနိုင်တော့ကာ သူမဦးနှောက်သည် အာကာသထဲ လွင့်မျောသွားသည်။

[တကယ်ကြီး ငါမနေ့ညက ချင်ရှန့်ကို တစ်ခုခု လုပ်ခဲ့တာလား။]

အဓိပ္ပာယ်မရှိသောအတွေးများ အကုန်အစင် မတွေးမိသေးခင်မှာပင် ချင်ရှန့် ၏ လုပ်ရပ်ကြောင့် ရပ်တန့်သွားသည်။

ချင်ရှန့်သည် အလွန်တရာ ရှက်ရွံ့စွာ နီရဲနေလျှက် ဖော်ပြရခက်သော အမူအရာဖြင့် သူမအားကြည့်နေသည်။

ကျီဖေး ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး

"အကုန်လုံးကို ကျမ လုပ်ထားတာလား?"

ချင်ရှန့်သည် အနည်းငယ် စိတ်တိုနေပုံပေါ်သော်လည်း မည် သည်ကိုမှ မပြောဘဲ ခေါင်းညိတ်သည်။

"ဒါက တော်တော်နာမှာပဲ။ ဘာလို့မရုန်းလိုက်တာလဲ၊”

ကျီဖေး ပို၍ပင် အဆင်မပြေသလို ခံစားလိုက်ရသည်။ သူမ၏သွားများ နာကျင်နေသည်မှာ အံ့သြစရာမဟုတ်ပါချေ—ချင်ရှန့် ၏ တောင့်တင်းသော ကြွက်သားများသည် ကိုက်ရခက်သောကြောင့်ပင်။

သူမ လူများအား မည်သို့ဖြင့် ကိုက်တတ်သွားသည်ကို မစဥ်းစားတတ်တော့ပါချေ။

သို့သော် ချင်ရှန့်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။

“မင်း အဲဒါကို ကြိုက်တယ်လေ…”

ကျီဖေးသဘောကျနေသရွေ့ သူမ သူ့အပေါ် မည်သည်အား လုပ်ပါစေ ချင်ရှန့် ငြင်းဆန်မှာ မဟုတ်ပေ။

[Ahhh ငါ့အတွင်းစိတ်ဝံပုလွေက အရိုင်းစိတ်ဝင်သွားတော့မယ်နော်။]

ချင်ရှန့် ထိုစကားအားကြားချိန် စိတ်မသက်မသာ ဖြစ်သွားကာ လုပ်မိလုပ်ရာဖြင့် သူ့ကော်လာအားပြင်လိုက်သည်။

[နေပါဦး။ မဟုတ်သေးပါဘူး။]

ချင်ရှန့်သည် ရပ်သွားပြီး ကျီဖေး၏ အကြည့်များ ထူးဆန်းသွားသည်ကို ခံစားလိုက်မိသည်။

[သူငါ့ကိုကြိုက်ရင် ငါ ဒီလောက် အများကြီးလုပ်ထားတာကို သူဘာလို့မလှုပ်ရှားတာလဲ။ အဲဒါက... သူ မစွမ်းဆောင်နိုင်လို့များလား။]

ချင်ရှန့်: “…”

သူ ကျီဖေးအား အဓိပ္ပါယ်ရှိရှိတစ်ချက်ကြည့်လိုက်ကာ နောက်တစက္ကန့်မှာ သူမအား တွန်းလှဲကာ သူ့အောက်တွင်ချုပ်ထားလိုက်သည်။

ရုတ်တရက် နီးကပ်သွားခြင်သည် ကျီဖေးအား ရင်ခုန်သွားစေသည်။ သူမနှင့် နီးကပ်လွန်းသည့် သူ့၏ချောမောလှသော မျက်နှာအား စိုက်ကြည့်ကာ “ဘာ−ဘာဖြစ်လို့လဲ။”

ချင်ရှန့် ကျီဖေးအား စိုက်ကြည့်နေကာ သူ၏ နက်ရှိုင်းကာ သံလိုက်ကဲ့သို့ အသံသည် သူမမှတ်ဉာဏ်များထဲမှနှင့် တစ်ထပ်ထဲပင်။

"ငါ မင်းကိုမတားတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုရှိသေးတယ်။”

"ဟင်?"

"တစ်ခုထက်တောင် ပိုမယ်ထင်တယ်။"

ကျီဖေး အံ့သြသွားသည်။

"ဒါပေမယ့် မင်းက မင်းလုပ်ချင်တာလုပ်ပြီး အိပ်ပျော်သွားတယ်လေ။"

ကျီဖေး သူမည်သည်ကို ဆိုလိုသည်အား ချက်ချင်းသဘော ပေါက်လိုက်သည်။

ချင်ရှန့် သူ့နဖူးနှင့် သူမနဖူးအား ဖိကပ်လိုက်ကာ သူ့လေသံသည် ပိုသနားစရာကောင်းလာသည်။ “ပြီးတော့ မင်းငါ့ကို တစ်ယောက်တည်း ထားခဲ့တယ်လေ…”

ကျီဖေး သက်ပြင်းချလိုက်သည်။

[ဒါဆို ငါ သူ့ကို အကြာကြီး ကျီစားပြီးတော့ အိပ်ပစ်လိုက်တာကို…….]

"မင်း ကိုယ့်ကိုအနိုင်ကျင့်တယ်။"

ချင်ရှန့်၏အသံသည် ပုံမှန်လွှမ်းမိုးချုပ်ကိုင်တတ်သည့် အငွေ့ အသက် လုံးဝမရှိတော့ပေ။ ယင်းအစား၊ သူအသံသည် သနားစရာကောင်းသော ခွေးပေါက်လေးတစ်ကောင်၏ အသံနှင့်တူကာ သူမသည် တာဝန်မယူဘဲ ပရောပရည်လုပ်နေသည့် အကြင်နာကင်းမဲ့သည့် မိန်းမတစ်ယောက်လို ခံစားသွားရသည်။

ဒီတော့ ချင်ရှန့်က မစွမ်းဆောင်နိုင်လို့ မဟုတ်ပဲ၊ သူကြောင့်ကိုး။

ကျီဖေး ခြောက်ကပ်စွာ ရယ်မောရင်း ချွေးသိပ်စကားတစ်ခွန်းလောက် ပြောပေးသင့်သည်ဟု ခံစားလိုက်ရသည်။ “နောက်တစ်ခါ… နောက်တစ်ခေါက်ကျရင် ရှင် လုပ်ချင်တာလုပ်ခွင့်ပေးပါ့မယ်။”

ချင်ရှန့်၏ မျက်လုံးများသည် တောက်ပလာပြီး ချက်ချင်းပင် ကျီဖေးအား ကြည့်လိုက်သည်။ ရုတ်တရက် မုဆိုးတစ်ယောက်ဆီမှ ပစ်မှတ်ထားခံလိုက်ရသော သားကောင်လို သူမခံစားလိုက်ရသည်။

"အခုဆိုရင်ရော ?"

ချင်ရှန့် ၏ အသံသည် ပို၍ အက်ကွဲလာကာ သူ၏ စိတ်လှုပ်ရှားမှုအား ဖုံးကွယ်မထားနိုင်တော့ပေ။။

ကျီဖေးသည် သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အပူအား ခံစားမိလိုက်ပြီး အစိတ်အပိုင်းတစ်ခုမှာ မမှားနိုင်စရာပင် အလွန်သိသာလှသည်။

ချက်ချင်း ကျီဖေး စိတ်လှုပ်ရှားစွာ တံတွေးမြိုချလိုက်သည်။

သူမ ကြီးကြီးကျယ်ကျယ်ပြောရာ၌ တော်ကာ သူမမူးနေချိန် အရှက်မဲ့စွာ ပြုမူနိုင်သည်။ သို့သော် အရက်မမူးနေချိန်တွင် တစ်ခုခုလုပ်ရမည်လား? ဤသည်မှာ ကျီဖေးအတွက် သေမိန့်ချလိုက်သလိုပင်။

သူမ၏ မျက်နှာသည် နီရဲလာပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည် ။

ချင်ရှန့်သည် ကျီဖေး အဆင်မပြေသည်အား သတိပြုမိကာ ခေတ္တ ရပ်သွားသည်။ ချက်ချင်းပင် စိတ်တ ည်ငြိမ်သွားကာ သူ၏တက်ကြွနေသောအရာကို ဖိနှိပ်လိုက်ပြီး သူမစိတ်အေးသွားစေရန် မတ်တပ်ရပ်ကာ ပြုံးပြလိုက်သည်။

"ရပါတယ်၊ ကိုယ်တို့ ဖြည်းဖြည်းချင်းသွားကြတာပေါ့။ အခု ကိုယ် အဆင်ပြေပါတယ်။"

ချင်ရှန့်သည် သူမအား ဘယ်သောအခါမှ အတင်းအကြပ်မခိုင်းသည်ကို ကျီဖေးသိတယ်။ ချင်ရှန့် ရေချိုးခန်းထဲသို့ ဦး တည်သွားသည်ကို မြင်လိုက်ကာ မနေ့ညကလည်း တစ်စုံတစ် ယောက်သည် ဤကဲ့သို့ အချိန်းဖြုန်းခဲ့သည်ကို နားလည်လိုက် ကာ သူမ၏မျက်နှာသည် ပို၍ပင်နီလာခဲ့သည်။

ကျီဖေး သူမမျက်နှာအား ဖုံးကာ ခစ်ခစ်ခစ်ခစ်ရယ်လျှက် စောင်ထဲတွင် လှိမ့်နေသည်။ သူမဘာလုပ်မိနေလဲဆိုသည်ကို သတိထားမိလိုက်ကာ သူရူးသွားပြီးလား ဘာလုပ်နေတာလဲဟ။

ထို့နောက် ချင်းမိသားစုသည် ၎င်းတို့နှစ်ဦးကြားရှိ လေထုသည် တစ်နည်းတစ်ဖုံ ပြောင်းလဲသွားသည်ကို သတိပြုမိသည်။

ကျီဖေး ချင်ရှန့်အား သူမကိုယ်တိုင်ပင် သတိမထားမိစွာ တစ်ချက်ခိုးကြည့်ပြီး အတူထိုင်သည့်အခါတွင်လည်း သူမသည် သူ့ရင်ခွင်ကို သူအလိုလို မှီနေလိမ့်မယ်။ သူတို့ မျက်လုံးချင်းဆုံလိုက်သောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် လေထုထဲရှိ ချိုမြိန်မှုအား ခံစားနိုင်ကြသည်။

ရယ်စရာအကောင်းဆုံး အပိုင်းကတော့ ကျီဖေး အိမ်တွင် ပျင်းရိနေပြီး ချင်ရှန့် အလုပ်သွားကာ အလုပ်ရှုပ်နေချိန်မှာပင် ဗီဒီယိုကောအား မကြာခဏ ခေါ်ကြသည်။ သူတို့ စကားမပြောကြကာ တစ်ခါတစ်ရံမှ စကားနည်းနည်းပြောကြသည်။

ထုံးစံအတိုင်း ကုမ္ပဏီတွင် ထူးဆန်းသည့် ကောလာဟလများ ပျံ့နှံ့လာတော့သည်။ အချို့သည် ချင်ရှန့်အား မယက ဟု ဆိုကြပြီး အချို့သည် ကျီဖေးမှာ အလွန် ချုပ်ချယ်လွန်းသည်ဟု ဆိုကြသည်။ ဇာတ်လမ်းပေါင်းစုံရှိသည်။

သို့သော် ဤကောလဟာလတွေ ၎င်းတို့နားသို့ မရောက်ခဲ့ပေ။

ချင်မိသားစုဝင်များသည် သူတို့မျှော်သင့်သည်များ ဖြစ်လာတော့မည်ဟုပင် လောင်းကြေးထပ်ချင်နေသည်။

ထိုအချိန်တွင် ကျီဖေးသည် အရာအားလုံး သူမထိန်းချုပ်မှုအောက် လွတ်သွားသည်ကို ခံစားမိသည်။ ညတိုင်း သူမခြေ ထောက်များအားနည်းသွားသည်ထိ ချင်ရှန့်ထံမှနမ်းခံရသည်။ သူမဘက်မှစ,ကာ အရှက်မဲ့စွာ သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သော် လည်း ချင်ရှန့်သည် လျင်မြန်စွာ ကျွမ်းကျင်လာပြီး အံ့အား သင့်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ ထက်မြက်သူများသည် သာမန်လူများထက် အရာရာကို လျင်မြန်စွာ ကျွမ်းကျင်ကြပုံရသည်။

ကျီဖေး မြန်မြန် မကျရှုံးချင်ပေ။ သူမဟာ သူ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးပြီး အချစ်ရူးတစ်ယောက်ဖြစ်လာမည်အား စိုးရိမ်မိသည်။ သူ့ကိုယ်သူ အာရုံပြောင်းစေရန်အတွက် အမြဲပျင်းရိနေသူ ကျီဖေးသည် တက်တက်ကြွကြွဖြင့် ဖေးကျဲထဲ အလုပ်ပေးရန် တောင်းဆိုလိုက်သည်။

သူတို့ရဲ့ စတူဒီယိုသည် ကောင်းစွာ လည်ပတ်နေသည်။ သူတို့ အလုပ်ခန့်ခဲသည် အရည်အချင်းပြည့်မီသော အမျိုးသမီး နှစ်ဦးတို့သည် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် နာမည်ရှိကာ မကြာခင် ဂုဏ်သရေရှိလှသည့် ဆုများရင် ရရှိတော့မည်။ ဖေးကျဲသူတို့နှစ်ဦးအာ စင်ပေါ်တင်လိုက်သည်နှင့် ရွှေတွင်းကြီးအဖြစ်ပြောင်းလဲသွားသည်။

ကျီဖေးသည် ချမ်းသာသော အထက်တန်းစား အသိုင်းအဝိုင်းမှ အမည်ပျက်စာရင်းသွင်းခံရခြင်းကြောင့် ဖရဲသီးစား တရားမှုတမှုများရှာပေးရန် ဖျော်ဖြေရေးနယ်ပယ်ဆီ လှည့်လာသည်ဟု ဖေးကျဲတွေးလိုက်သည်။

ကျီဖေး ရှင်းပြရခက်သည်ဟု တွေးမိသော်လည်း မှန်တော့မှန်ပင်။— သူတို့မြို့မှာရှိတဲ့ အထက်တန်းစား အသိုင်းအဝိုင်းသည် မကြာသေးမီကတည်းက မည်သည့်ပွဲမှ မကျင်းပဘဲ ငြိမ်နေကြသည်။

ဒါတိုက်ဆိုင်မှုတာလား ဒါမှမဟုတ် သူတို့ သူ့ကို ရှောင်နေကြတာလား။ အထူးသဖြင့် ချင်မိသားစုမှ အခြားအဖွဲ့ဝင်များ သည် သူမနှင့် ချင်ရှန့် ၏နောက်ကွယ်တွင် တစ်စုံတစ်ခုအား တိတ်တဆိတ်ဆွေးနွေးနေကြသည်ကို သူမသတိပြုသည်။ ထို့အပြင် သူတို့အမူအရာများသည် ရွှင်မြူးမနေကြသဖြင့် ကျီဖေးသည် သံသယဝင်ခဲ့ရသည်။

တစ်ခါက၊ သူတို့သည် ချင်ရှန့်အား နိုင်ငံရပ်ခြားခရီးစဥ်ကို သူမနှင့်အတူသွားရန် စည်းရုံးခဲ့သည်။ အကြို ပျားရေစမ်းခရီးအဖြစ်သွားကာ ဤသည်မှာ ၎င်းတို့၏ သံယောဇဥ်ကြိုးအား ပိုခိုင်မာစေမည်ဟုပင် ဆိုခဲ့သည်။

ကျီဖေး အံ့သြသွားသည်။

သို့သော် ကျီဖေး ၎င်းတို့ရဲ့လျှို့ဝှက်ချက်အား ချောင်းမကြည့်ခဲ့ပါချေ။ နောက်ဆုံး၊ သူတို့သည် မိသားစုဖြစ်ပြီး ၎င်းတို့၏ privacy အား လေးစားရန်မှာ အရေးကြီးသည်။

ထို့ကြောင့် ကျီဖေး တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်တယ်။

ကျီဖေး၏မေးခွန်းအား ရင်ဆိုင်လိုက်ရသည့် အိမ်ရှိ ချင်မိသား စုဝင် သုံးဦးသည် အနည်းငယ် စိတ်မသက်မသာဖြစ်သွားပုံရသည်။

နောက်ဆုံးတွင် ချင်ပါးပါး သက်ပြင်းချလိုက်သည်။ "ကောင်းပြီ၊ ငါတို့လည်း အနှေးနဲ့အမြန် ကျီဖေးကို ပြောပြရမှာပဲဟာ။ ဒါကို ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး။"

ချင်မားမားလည်း သက်ပြင်းချလိုက်တယ်။ "ကျီဖေး၊ မင်းသတိမထားမိလောက်ဘူး။ ဒါပေမယ့် မင်းဆယ့်ငါးနှစ်အရွယ် ငါတို့မိသားစုဆီလာကတည်းက ငါတို့အိမ်မှာမရှိတဲ့ အချိန်တစ်ခုရှိတယ်။"

ကျီဖေးရုတ်တရက် အဆင်မပြေဖြစ်သွားသည်။ ယခု သူမ စဉ်းစားမိသည်မှာ ထိုကိစ္စဖြစ်ပုံရသည်။

အတိတ်မှသူမကိုယ်တိုင်ဆီမှ ရရှိခဲ့သော အမှတ်တရမှုအများစုမှာ ချင်ရှန့်အပေါ် စွဲလမ်းမှုများသာ။ တခြားသူများအား သူမ လျစ်လျူရှုထားသောကြောင့် သူမရဲ့အမှတ်တရများက ဝေဝါးနေသည်။

သူမ လက်ခံရရှိခဲ့သည့် အမှတ်တရများအကြောင်း ပြောရလျှင် အလွန်ထူးဆန်းသည်။ ချင်ရှန့်အား ကျရှုံးပြီး မဆုတ် မနစ် လိုက်ခဲ့သည့် အမှတ်တရများသည် ကွက်ကွက်ကွင်းကွင်း ရှိသော်လည်း သူမ၏မိဘများနှင့်အတူတူရှိသည့် သူမ၏ ဘဝအမှတ်တရများသည် ဖုံးကွယ်ထားသလိုမျိုး မှုန်ဝါးနေသည်။ သူမ ဝေဝေဝါးဝါးသာ မှတ်မိသည်။

သူမ အသေးစိတ်အချက်အလက်များအား သူ မှတ်မိရန်ကြိုး စားသော်လည်း ကျီဖေးသည် သူမမိဘအရင်းများအားရှင်း ရှင်းလင်းလင်း မမှတ်မိနိုင်ပေ။ သို့သော် မူလခန္ဓာကိုယ်သည် မိဘများနှင့်အတူ ယာဉ်တိုက်မှုခဲ့သည်။ ထို့ကြောင့် သူ အလွန် အကျွံ့ တွေးမနေပဲ အတိတ်မေ့သွားသည်ဟုသာ ထားလိုက်သည်။

ကျီဖေး လက်ရှိကိုပြန်ရောက်လာကာ မေးလိုက်သည်။ "ဒါဆို ဒီတစ်ခါလည်း အတူတူပဲလား? အားလုံး ထွက်သွားတော့မှာလား။"

ပါးပါးချင်က "ဟုတ်တယ်၊ နှစ်တိုင်း ဦးလေးအဖေ—သူတို့အဖိုးရဲ့ မွေးနေ့ပွဲတက်ဖို့ Y City ကိုပြန်လေ့ရှိတယ်။ ဒါပေမယ့် ချင်ရှန့်ကတော့ မတက်ဘူး။"

All Chapters