အခန်း (၃၂၁)
Vol. 33 Ch. 321
ကျီဖေး ခဏတာအံ့အားသင့်သွားပြီး အခြေအနေအား နားမလည်နိုင်ခဲ့ပေ။
[မကောင်းတဲ့မှတ်ဉာဏ်တော့ မဟုတ်ပါဘူး၊ အတိတ်ကိုပြန်သွားဖို့ကို ပင်ကိုစရိုက်ကခုခံနေရုံပါပဲ။]
မိသားစုတစ်စုလုံး ကျီဖေး၏အတွေးများအားကြားခဲ့ကြသည်။
ချင်ရန်မှ "တကယ်တော့၊ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ သိပ်မသေ ချာဘူး၊ ဒါမှမဟုတ် သူ့မှတ်ဥာဏ်တွေပဲ ဝါးသွားတာလား မသိဘူး။"
ချင်မိသားစုသည် ရင်းနှီးသည့်ဆက်ဆံရေးရှိသော်လည်း ၎င်းတို့သည် နာကျင်ဖွယ်ဖြစ်ရပ်တစ်ခုဟု သံသယရှိကြသည်။ ပါးပါးချင်နှင့်မားမားချင်တို့သည် ချင်ရှန့်၏တုံ့ပြန်မှုကြောင့် လျှို့ ဝှက်စွာစုံစမ်းစစ်ဆေးခဲ့သည်။
သို့သော်၊ ထိုစဉ်က စောင့်ကြည့်ဗီဒီယိုများ သို့မဟုတ် အိမ်သူ အိမ်သားဟောင်းများ၏ သက်သေထွက်ဆိုချက်များအရ၊ မိသားစုအတွင်းရှိ လူတိုင်းသည် ချင်ရှန့်အား ကောင်းစွာဆက် ဆံခဲ့ကြသည် - တင်းကြပ်သည့်ချင်ရယ်ရယ်၊ တုန်နေအောင်ချစ်သည့်အဖွားလု သို့မဟုတ် အိမ်တွင်နေထိုင်သည့်အခြားဆွေမျိုးများပင် သက်သေပြခဲ့သည်။
ထက်မြက်ပြီးချောမောသောကြောင့် သူ့ညီအကိုမောင်နှမများမှ သူ့အား အစကတည်းကပင် စွဲလန်းခဲ့ကြပြီး ဂရုစိုက်ခဲ့ကြသည်။
နိုင်ငံခြားတွင်ကျောင်းတက်နေသည့် အဖွားလု၏သမီးပင် သူပြန်လာချိန်တိုင်း ချင်ရှန့်နှင့်အချိန်ဖြုန်းပြီး ကျောင်းတက်ရန်ကူညီပေးသည်။ ချင်ရှန့်၏ စိတ်ပိုင်းဆိုင်ရာပြဿနာများအား သူတွေ့ရှိသောအခါတွင် သူသည် လေးနက်စွာပူပန်ခဲ့ပြီး တက်ကြွစွာပံ့ပိုးပေးခဲ့သည်။
စုံစမ်းမှုမှတွေ့ရှိချက်များသည် ပါးပါးချင်နှင့်မားမားချင်တို့အား ၎င်းတို့၏မိသားစုအပေါ် သံသယမ၀င်ရုံမှအပ ရွေးချယ်စရာမရှိတော့ပေ။ Y City သို့ပြန်ခြင်းသည် သူ့မိဘများစွန့်ပစ်ခံရခြင်းမှရရှိလာသည့် ချင်ရှန့်၏စိတ်ဒဏ်ရာအား အစပျိုးစေသည်ဟုသာ ယူဆနိုင်သည်။
ပါးပါးချင်နှင့်မားမားချင်တို့သည် အပြစ်ရှိသည်ဟု ခံစားရသည့်အတွက် ချင်ရှန့်အား ဘယ်တော့မှမပြန်ခိုင်းတော့ပေ။ အမှန်တော့၊ သူတို့သည် ၎င်းအားအစမဖော်ပဲနေမည်ဟု တိတ်တ ဆိတ် သဘောတူညီချက်ယူခဲ့သည်။ မွေးနေ့ပွဲအားဆင်နွှဲရန် ရိုးရှင်းစွာပင် ၎င်းတို့ဘာသာပြန်လာကြသည်။
သို့သော်လည်း ၎င်းတို့၏မွေးရပ်မြေသို့ ပြန်ရောက်လာသည့်ဆွေမျိုးများသည် ချင်ရှန့်အား လေးနက်စွာဂရုစိုက်နေကြဆဲ ဖြစ်သည်။
ပထမနှစ်နှစ်အတွင်း ကျီဖေးမသွားရခြင်းအကြောင်းရင်းမှာ ချင်ရှန့်နှင့်ကျီဖေးတို့၏ အိမ်ထောင်ရေးနောက်ကွယ်မှ အမှန်တရားအား မွေးရပ်ဇာတိရှိဆွေမျိုးများ ကြားသိခဲ့ရပြီး သူ့အ ပေါ် အလွန်သဘောမကျသောကြောင့်ဖြစ်သည်။ ပါးပါးချင်နှင့်မားမားချင်တို့မှ ချင်ရှန်အား နောက်တစ်ကြိမ်စွန့်လွှတ်လိုက်သည်ဟု သူတို့ယုံကြည်ကြပြီး ချင်ရှန့်အား ဤကဲ့သို့မတရားမှုနှင့်ကြုံနေရသည်ကိုမမြင်လိုသောကြောင့် ကာကွယ်ပေးခဲ့သည်။
ချင်ရှန့် ပြန်မလာတော့သည့်အတွက် သူတို့အနေဖြင့် ကျီဖေးကိုလည်း တွေ့ဖို့မလိုအပ်ခဲ့ချေ။
သို့သော်ယခုတစ်ကြိမ်တွင် ကျန်မိသားစုဝင်များသည် ကျီဖေးအားစိတ်ပါလက်ပါဖိတ်ကြားခဲ့သည်။
သဘောထားများကြီးမားစွာပြောင်းလဲသွားခြင်းသည် ချင်အဖွဲ့အစည်းမှတဆင့် ပျံ့နှံ့နေပြီဖြစ်သည့် ချင်ရှန့်၏သူ့ဇနီးအပေါ်အပြုအမူကြောင့်ဖြစ်သည်။ ကျန်သည့်ချင်မိသားစုဝင်များမှ ၎င်းအား အဘယ်ကြောင့်မသိပဲနေမည်နည်း ?
ချင်ရှန့်အားချစ်သည့်အတွက် အိမ်တော်၏အမျိုးသမီးအသစ်ကိုလည်း သဘာဝအတိုင်းမြင်ချင်ကြသည်။
ကျီဖေးသည် ချင်ရှန့်အတွက် အကောင်းဆုံးများသာယူဆောင်လာပေးသောကြောင့် ပါးပါးချင်နှင့်မားမားချင်တို့သည် သူ့အားပွဲထုတ်လိုစိတ်ပြင်းပြနေကြသည်။
သို့သော်လည်းချင်ရှန့်သည် ယခု ကျီဖေးနှင့်မခွဲနိုင်ပဲ အထူး သဖြင့် Y Cityသို့ မိသားစုတစ်စုလုံး ပြန်သွားသည့်အခါတွင်ဖြစ်သည်။ သူတို့ ချီတုံချတုံဖြစ်နေပြီး လူတိုင်းအား မင်္ဂလာပွဲအထိစောင့်လျှင် ပိုကောင်းမည်ဟုအကြံပြုခဲ့သည်။
သူတို့တွင်လည်း စိုးရိမ်စရာလေးတစ်ခုရှိသည်- ကျယ်ပြန့်သည့်ချင်မိသားစုသည် ကျီဖေး၏အတွေးများအားမကြားနိုင်သော်ငြား အနီးဆုံးချင်မိသားစုဝင်များဆိုလျှင် အဘယ်နည်း?
ကျီဖေး၏ထူးခြားသည့်အခြေအနေမှာ ရှင်းရှင်းလင်းလင်းမသိရသေးသောကြောင့် လူများစွာမပါဝင်လျှင် အကောင်းဆုံးဖြစ် သည်။
ထိုအချိန်ချင်မိသားစုသည် ကျီဖေး၏ထင်မြင်ချက်အား တိုင် ပင်လိုသည်မှာသဘာဝကျသည်။
ကျီဖေး၏စိတ်သည် ချင်ရှန့်နှင့်အတူ လုံးဝပေါင်းစပ်သွားခဲ့သည်။ ချင်ရှန့်သည် သူတပါး၏အရေးကိစ္စအား စိတ်မဝင်စားပုံပေါ်သော်လည်း အစပိုင်းတွင် အဘယ်ကြောင့် စိတ်ပိုင်းဆိုင်လျစ်လျူရှုထားရသည်ကို နောက်ဆုံးတွင် နားလည်သွားပုံရသည်။ ဒါက ဒီလိုကိုး။
ကျီဖေး၏နှလုံးသားသည် ပြင်းထန်စွာနာကျင်နေပြီး သူသည် ရုတ်တရက် ချင်ရှန့်အားပွေ့ဖက်ချင်လာသည်။
ချင်မိသားစုသည် သူ့အမြင်အား တောင်းခံလာသည့်အခါတွင် ကျီဖေးသည် "ကျွန်မယောက်ျား ဘယ်မှာပဲရှိရှိ ကျွန်မသူနဲ့အတူရှိမယ်၊ သူနဲ့ခွဲဖို့ ငြင်းတယ်။"
ချင်ရှန့် တံခါးဝသို့ရောက်လာစဉ်တွင် ကြီးမားသည့်သန္နိဋ္ဌာန်ချထားသည့်အလား သူ ကြေညာခဲ့သည်။
ချင်ရှန့်မျက်တောင်ခတ်ပြီး တံခါးဝတွင်အေးခဲနေကာ မျက်နှာမှာနီမြန်းလာသည်။ သူ ပေါ့ပေါ့ပါးပါးချောင်းဟန့်လိုက်ပြီး နောက်ဆုံးတွင် "ကိုယ် မင်းကို ပြောထားပြီးပြီ၊ မင်းကိုယ်နဲ့ ကုမ္ပဏီကိုလိုက်ခဲ့ချင်တယ်ဆိုရင် အဲဒါ အနှောင့်အယှက်မဖြစ်ပါဘူး"
ကျီဖေး:…
ချင်ရှန့် အစောမှစကားစမြည်ပြောခြင်းအား မကြားလိုက်ကြောင်းသိလိုက်ရသဖြင့် ချင်မိသားစုသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် ရယ်မောကာ ငိုကြွေးနေကြသည်- ၎င်းတို့နှစ်ဦးသည် သူတို့အားခွေးစာကျွေးနေကြပြန်သည်။
ဟုတ်သည်၊ ချင်ရှန့် သတိမမူမိပဲမနေချေ။ ကျန်သည့်ချင်မိသားစုဝင်များမှာ Y City ကိုပြန်ဖို့ စီစဉ်နေတာကို သူလည်းသတိထားမိသည်။
ချင်ရယ်ရယ်၏မွေးနေ့အား သူ သတိရသွားသည်။ နှစ်တိုင်း၊ သူ လက်ဆောင်များပေးပို့ပြီး အဘိုးအိုနှင့် ရံဖန်ရံခါ video call ပြောဆိုသော်လည်း သူ့ကိုယ်သူပြန်ဖို့တော့ တွန်းအားမပေးချေ။
၎င်းအား တွေးတောရင်း ချင်ရှန့်၏စိတ်ခံစားချက်များ ငြိမ်သက်သွားသော်လည်း သူသွားချင်သလားဟုမေးလာပါက အဖြေသည် မဟုတ်ပေ။
သို့သော် ကျီဖေးအကြောင်းတွေးရင်း သူ့ရင်ထဲတွင် နွေးထွေးမှုများဖြင့် တုန်လှုပ်သွားသည်။ ဒီလိုအချိန်မျိုးဟာ ကျီဖေးအား သူနှင့်အတူခေါ်ဆောင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ် သည်။
ချင်ရှန့်သည် ပုံမှန်မဟုတ်စွာ မပြတ်မသားဖြစ်နေစဉ် အဘိုးချင်မှ ဖုန်းဆက်လာသည်။
ဖုန်းမြည်လာသည့်အခါ ချင်ရှန့်သည် စာရွက်စာတမ်းများအား ကိုင်တွယ်နေသည်။ သူပြုံးပြီး "ဖေးဖေး၊ ကိုယ့်အတွက် ဖုန်းကိုင်ပေးနိုင်မလား ?"
အလုပ်သို့ သူနှင့်အတူတကယ်လိုက်လာပြီး အွန်လိုင်းဖျော်ဖြေရေးအတင်းအဖျင်းများအား ကြည့်နေသည့်ကျီဖေးသည် ဖုန်းကိုကောက်ကိုင်လိုက်သည်။
စကားမပြောရသေးမီ တစ်ဖက်မှ လူအိုကြီး၏ကျယ်လောင်သည့်အသံကို ကြားလိုက်ရသည်။ "ချင်ရှန့်၊ ဒီလူအိုကြီးရဲ့မွေးနေ့ပွဲကို ထပ်မလာဖို့တွေးနေပြန်တာလား?"
ကျီဖေးခဏတာ အံ့အားသင့်သွားသော်လည်း "မင်္ဂလာပါ၊ ချင် ဘိုးဘိုး အခုပြောနေတာ ကျီဖေးပါ။ ခဏစောင့်ဦးနော် ချင်ရှန့်ကို ဖုန်းပေးလိုက်ပါ့မယ်။"
အခြားတစ်ဖက်မှ အံ့အားသင့်သွားပုံရသော်လည်း ကျီဖေး သည် မရင်းနှီးသည့်လူကြီးတစ်ယောက်နှင့် စကားအနည်းငယ်မျှမပြောချင်ပဲ ဖုန်းအားအမြန်လွှဲလိုက်သည်။
ချင်ရှန့်သည် အသံကိုမှတ်မိပြီး ဖုန်းယူကာ "ဘိုးဘိုး" ဟုပြော လိုက်သည်။
ချင်ရယ်ရယ်မှ အံ့အားသင့်သွားသည်။ "ဒါ မင်း မိန်းမလား? မင်းအလုပ်ချိန်အတွင်းမှာတောင် အတူတူရှိနေတာလား ? ပြီးတော့ သူ့ကို မင်းဖုန်းကို ဖြေခွင့်ပေးလိုက်တယ် ? ကောလဟာလတွေက မှန်နေတဲ့ပုံပဲ။"
အဘိုးချင်၏လေသံသည် ပေါ့ပါးသော်လည်း အနည်းငယ်ပင်ပန်းနေပြီး အနောက်မှဆူညံသံများတွင် အသက်ရှူစက်သံပါ၀င်သည်။
"ဖေးဖေးက ကျွန်တော့်နဲ့ အလုပ်ကိုလိုက်လာတာ၊ အဘိုး၊ ဘာလို့ ခေါ်တာလဲ..."
ကျီဖေးသည် အဘိုးချင်၏ အနည်းငယ်လေးနက်သည့်အသံအား ကြားလိုက်သဖြင့် ချင်ရှန့်ထံသို့ သတိထားပြီးကြည့်နေ သည်။
"ဒီနှစ်က ငါ့ရဲ့ အသက်ကိုးဆယ်ပြည့်မွေးနေ့ပဲ။ ဆွေမျိုးတွေနဲ့ ဧည့်သည်တွေ အကုန်လာကြမှာ။ လက်ရှိချင်မိသားစုရဲ့ အကြီး အကဲတစ်ယောက်အနေနဲ့ မင်းက မင်းအိမ်သူအမျိုးသမီးကို တရားဝင်ထုတ်မပြသင့်ဘူးလားကွ ဟေ ?"
ကျီဖေးထံ စိုက်ကြည့်ရင်း ချင်ရှန့်၏မျက်လုံးများ ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်သည်။
ကျီဖေးပခုံးတွန့်ကာ သူ စိတ်မ၀င်စားကြောင်းဖော်ပြသည်။
【ဘာမှ ငါ ဂရုမစိုက်ဘူး။ ချင်ရှန့် မသွားချင်ဘူးဆိုရင် ငါတို့မသွားဘူး။ အခြားကိစ္စနဲ့ မဆိုင်ဘူး။ 】
ချင်ရှန့်သည် သူ့နှလုံးသားထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရပြီး ကျီဖေးအား လက်တစ်ဖက်ဖြင့်ပွေ့ဖက်ကာ ဆွဲယူလိုက်သည်။
တုံ့ပြန်သံမကြားရသဖြင့် အဘိုးချင်က "ငါ့ခန္ဓာကိုယ်ကို ကောင်းကောင်းသိပါတယ်။ နောက်နှစ်မှာ နောက်ထပ်မွေးနေ့ပွဲကျင်းပဖို့ အခွင့်အရေးရှိဦးမလားမသိဘူး။ ငါ အနားမှာရှိနေတုန်း ဒီအခွင့်အရေးကိုယူချင်တယ်၊ မင်းဘေးမှာရပ်တည်ပေးပြီး မင်းအတွက် လမ်းခင်းပေးမှာပါ..."
အဘိုးချင်၏ရည်ရွယ်ချက်များသည် အမှန်တကယ်ပင် အဓိပ္ပါယ်ရှိလှသည်။ သူ၏သားစဉ်မြေးဆက်များအားလုံးတွင် ချင်ရှန့်သည် သူ့ထံမှ ကိုယ်ရေးကိုယ်တာခေါ်ဆိုမှုအား တစ်ဦးတည်းသောလက်ခံရရှိသူဖြစ်ပြီး ချင်ရှန့်၏ထူးခြားသည့်အခြေအနေများကြောင့် ဆွဲဆောင်မှုရှိသည့်လေသံဖြင့်ပြော ဆိုခဲ့သည်။
ပါးပါးချင်သည် အစောပိုင်းကတည်းကအနားယူခဲ့ပြီး ချင်ရှန့်သည် ထိုအရွယ်တွင် ကြီးမားကျယ်ပြန့်သည့်ချင်အဖွဲ့အစည်းအား တာဝန်ယူခဲ့သည်။ သူ၏စွမ်းရည်များသည် ငြင်းလို့မရနိုင်သော်လည်း၊ သူသည် ကုမ္ပဏီအား အမြင့်သို့မြှင့်တင်ထားသော်လည်း၊ သူ၏အတွေ့အကြုံမရှိခြင်းသည် လူအချို့အား ဒုက္ခဖြစ်စေတတ်သည်။
အဘိုးချင်သည် လူတိုင်းအား မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရစေရန်နှင့် ချင်မိသားစုသည် ယခုရော အနာဂတ်တွင်ပါ သစ္စာရှိမြဲဖြစ်ကြောင်း သေချာစေရန် ဤအခွင့်အရေးအား အသုံးပြုလိုသည်။ အမှန်တော့ လူသားများ၏နှလုံးသားများသည် မှန်းဆ ၍မရနိုင်ပေ။ လက်ရှိမျိုးဆက်များ ကောင်းကောင်းနေနိုင်ပေမယ့် နောက်မျိုးဆက်များမှ မည်ကဲ့သို့ရည်မှန်းချက်များ ထားရှိမည်ဆိုသည်အား မည်သူသိနိုင်မည်နည်း ?