← Chapters

အခန်း (၃၂၂)

Vol. 33 Ch. 322

အခန်း (၃၂၂)

Vol. 33 Ch. 322

စိတ်ပိုင်းဆိုင်ရာခြယ်လှယ်မှုအား အသုံးချရန် ရည်ရွယ်ထားသော်လည်း အဘိုးချင်သည် ချင်ရှန့်အား ခရီးထွက်စေလိုသည်။ နောက်ဆုံးတွင်၊ တစ်စုံတစ်ဦးသည် အဘယ်ကြောင့် အိမ်ထောင်ဦးစီး‌ရောက်မလာသေးသနည်းဟု မေးလာခဲ့ပြီး

"ငယ်ဘဝက စိတ်ဒဏ်ရာများကြောင့်" ဟုဖြေလျှင် ရှက်စရာပင်။ လူအများမှ စာနာကြမည်မဟုတ်ချေ။ သူ ထိုအကြောင်းပိုတွေးလေလေ၊ ချင်ရှန့်၏မိဘများမှာ အရမ်းသတိထားနေ သည်ဟု ခံစားလာရသည်။

ဒီနှစ်တွေတစ်လျှောက်လုံး ချင်ရှန့် ကောင်းကောင်းမလုပ်နိုင်ခဲ့လို့လား ? သူသည် ငယ်ရွယ်ပြီး ထူးချွန်သည့်စီးပွားရေးခေါင်း ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ Y City ခရီးစဉ်အား သူ အဘယ့်ကြောင့် မထိန်းနိုင်ဖြစ်မည်နည်း?

အဘိုးချင်သည် အခက်အခဲများအား ကြံ့ကြံ့ခံနိုင်ခြင်းသည် ကြီးမြတ်ခြင်း၏သော့ချက်ဖြစ်သည်ဟုယုံကြည်သည့်မျိုး ဆက်မှ ဆင်းသက်လာခဲ့သည်။

"ငါ ပြောပြီးပြီဆိုတော့ မင်း ငါ့ရဲ့ရည်ရွယ်ချက်ကို နားလည်တယ်မဟုတ်လား? မင်း လာနိုင်လား?" အဘိုးချင်မှ မောပန်းစွာမေးသည်။

ချင်ရှန့် ခဏလောက်မျက်လုံးမှိတ်ပြီး “ကောင်းပြီ၊ ကျွန်တော် ကျီဖေးနဲ့လာခဲ့မယ်။” ဟု ပြန်ဖြေသည်။

ချင်ရယ်ရယ်မှ သက်ပြင်းချရင်း ရွှင်မြူးနေသည့်အသံဖြင့် "ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။"

ဖုန်းချပြီးနောက်ချင်ရှန့်သည် သူ့ရင်ခွင်ထဲတွင် ချုပ်နှောင်ထားသည့်ကျီဖေးအား ငုံ့ကြည့်ကာ ပြုံးလိုက်သည်။ "ကိုယ်တို့Y City မှာ မိသားစုနဲ့အတူ တစ်လလောက်နေမယ်။"

ကျီဖေး၏အကြည့်သည် လေးနက်ပြီး တစ်စုံတစ်ခုအားတွေးနေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ ? မသွားချင်ဘူးလား?" ချင်ရှန့်မှ မေးသည်။

[ငါ သူ့အတွက် စိတ်မကောင်းလိုက်တာ။ သူကမှ မသွားချင်တဲ့သူကို]

ချင်ရှန့်ခေတ္တရပ်လိုက်ပြီး သူ့နှလုံးသားထဲတွင် ပူနွေးသည့်မီးတောက်တစ်ခု တောက်လောင်နေသလို ခံစားလိုက်ရသည်။ သူ ငုတ်တုတ်ထထိုင်ပြီး ကျီဖေး၏နှုတ်ခမ်းအားညင်သာစွာနမ်းလိုက်သည်။

ကျီဖေး၏မျက်လုံးများ မှေးမှိန်လာသောအခါတွင် သူ့အား ညင်သာစွာချော့ကာ "ဒါပေမယ့် ကိုယ် မင်းကို ခေါ်သွားချင်တယ်၊ မင်းက ကိုယ့်ရဲ့ချစ်ရသူဆိုတာ အားလုံးကိုသိစေချင်တယ်။ ဒါဆို၊ မင်း ကိုယ်နဲ့လိုက်ခဲ့မှာလား?"

ကျီဖေးသည် အလွန်စွဲမက်ဖွယ်ကောင်းပြီး ဆင်ခြင်တုံတရားရှိရန် ကတိများအားမေ့လျော့ကာ အချစ်ရူးရူးနေသည့် အရူးတစ်ယောက်အဖြစ်သို့ မပြောင်းလဲခဲ့ပေ။ သူ ခေါင်းညိတ်သဘောတူလိုက်ကာ ပါးပြင်များနီမြန်းလာသည်။

ချင်ရှန့်၏မျက်လုံးများထဲတွင် ချစ်ခင်တွယ်တာမှုများဖြင့် ပြည့်နှက်နေသည်။

"စကားမစပ်၊ အဲ့ဒီက လူ့အဖွဲ့အစည်းနဲ့ ဖျော်ဖြေရေးအသိုင်း အဝိုင်းတွေက ဒီနဲ့တော်တော်ကွာတယ်။ အရည်ရွှမ်းတဲ့အတင်း အဖျင်းတွေ အများကြီးကြားရလိမ့်မယ်။ စိတ်လှုပ်ရှားဖို့‌ ကောင်းတယ်မလား?"

ကျီဖေး ချက်ချင်းလန့်သွားသည်။

"ရှင်ဆိုလိုချင်တာက အဲ့ဒီမှာ ကျွန်မကို အတင်းအဖျင်းဘုရင်မနဲ့ ဖျော်ဖြေရေးနယ်ပယ်ရဲ့တရားသူကြီးဆိုပြီး မသိကြသေးဘူးလား?"

ချင်ရှန့်သည် ကျီဖေးမှ ထိုအချက်အားဖမ်းမိလိုက်ပုံကို သဘောကျစွာ ရယ်မောလိုက်သည်။

“မဖြစ်နိုင်လောက်ဘူး။” ဟုပြောပြီး စိတ်ရှုပ်စွာ သက်ပြင်းချလိုက်သည်။

“ဒါပေမယ့် ကိုယ်တကယ်စိုးရိမ်တာက အဒေါ်တွေနဲ့ ဦးလေးတွေရဲ့ မိသားစုကိစ္စတွေပဲ။"

ကျီဖေး သူ့အား စိတ်အနှောက်အယှက်ဖြစ်စွာ လှောင်ပြောင်လိုက်သည်။

ချင်ရှန့်မှ သူ့ကိုယ်သူ အလျင်အမြန်တည့်မတ်ပြီး "မဟုတ်ဘူး၊ ကိုယ်ဆိုလိုတာက၊ သူတို့မိသားစုမှာ ပြဿနာတစ်ခုခုရှိနေရင် သူတို့ကိုကယ်တင်ဖို့ ဖေးဖေးရဲ့မှန်ကန်တဲ့စီရင်ချက်ကိုအား ကိုးရလိမ့်မယ်။"

ကျီဖေးမှ တခစ်ခစ်ရယ်နေပေမယ့် ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီး ဖမ်းမိရန်မြန်လွန်းသည်။

ချင်မိသားစုအိမ်သို့ပြန်လာကြပြီး ချင်ရှန့် ၏ဆုံးဖြတ်ချက်အားလူတိုင်းကြားသောအခါတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။

"ဒါက အဆင်ပြေမှာသေချာလား?" မားမားချင်မှ စိုးရိမ်တကြီးမေးသည်။

"ကိုယ့်ကိုယ်ကို တွန်းအားမပေးပါနဲ့၊ ငါမင်းအတွက် ရှင်းပြပေး လိုက်မယ်။" ဟု ပါးပါးချင်မှ အလျင်စလိုပြောသည်။

ချင်ရန်မှာ မျက်မှောင်ကြုတ်ကာအနီးကပ်ကြည့်နေသည်။

ချင်ရှန့်ခပ်ဖျော့ဖျော့ပြုံးပြီး သူတို့အဆင်ပြေကြောင်း အာမခံသော်လည်း မိသားစုသည် အနားတွင်ရှိနေခဲ့သည်။ နိုင်ငံရပ်ခြားရှိ ချင်ကျောက်နှင့်ချင်ရုန်ပင်လျှင် Group chat တွင် ဝင်ရောက်ကြည့်ရှုပြီး အေးအေးဆေးဆေးမနေနိုင်တော့ချေ။

ထို့နောက်ချင်ရှန့်သည် တစ်လကြာခွင့်ယူရန်အတွက် ပြင်ဆင်နေခဲ့သည်။ အများစုအားအဝေးထိန်းစနစ်ဖြင့် ကိုင်တွယ်နိုင်သော်လည်း ကြိုတင်လုပ်ဆောင်စရာများစွာရှိသေးသည်။

သူတို့မထွက်ခွာခင်နေ့တွင် မားမားချင်နှင့်ပါးပါးချင်တို့သည် ချင်ရှန့် ရုတ်တရက်နေမကောင်းဖြစ်မည်ကို စိုးရိမ်နေတုန်းပင်။

၎င်းဟာ ကိုယ်ပိုင်လေယာဉ်ပေါ်တက်ပြီး မတော်တဆမှုမရှိပဲ ဆင်းလာသည်အထိဖြစ်သည်၊ လူတိုင်း တဖြည်းဖြည်းစိတ်ချလာကြသည်။

သူတို့သည် ချင်ကျောက်နှင့်ချင်ရုန်တို့မှ နိုင်ငံခြားမှ Y City သို့ တိုက်ရိုက်ပျံသန်းလာပုံအကြောင်း ဆွေးနွေးကြသည်။ သူတို့ စောစောထွက်လာကြပြီး လူတိုင်းအား နှုတ်ဆက်ရန် အရင်ဆုံးရောက်လာကြသည်။

ထိုအချိန်တွင် ချင်ရှန့်သမ်းလာသည်။

"မင်း နောက်ပိုင်း အရမ်းအလုပ်ကြိုးစားလာတယ်။ မနေ့ညကလည်း နောက်ကျတဲ့အထိနေပြီးပြီ။ မင်း ဘာလို့ အထဲဝင်ပြီး တစ်ရေးတစ်မောသွားမအိပ်တာလဲ ?"ဟု ပါးပါးချင်မှ အကြံပြုသည်။

သူတို့သည် ဆိုဖာဧရိယာတွင်ထိုင်နေကြပြီး အနောက်ဘက်တွင် ကုတင်ကြီးကြီးတစ်လုံးပါသည့် သီးသန့်ခန်းတစ်ခုရှိသည်။

ချင်ရှန့်သည် တကယ်ပင်ပန်းနေပြီဖြစ်သည်။ လေယာဉ် ငြိမ်သွားသည့်အခါတွင် သူထကာ နောက်ဘက်သို့သွားပြီး မကြာမီအိပ်ပျော်သွားလေသည်။ ပင်မခန်းရှိလူတိုင်းသည် ၎င်းတို့၏ အသံအား နိမ့်အောင်ကြိုးစားကြသည်။

"ဖေးဖေး မင်း ဘာလို့သူနဲ့လိုက်မသွားတာလဲ?" ဟု ပါးပါးချင်မှ အကြံပြုသည်။

မားမားချင်မှ စိုးရိမ်တကြီးနှင့် "သူ့ကိုယ်ပူချိန်ကိုကြည့်နေပေး။ သူ ရုတ်တရက် အဖျားတက်သွားမှာကိုစိုးရိမ်တယ်။"

ချင်ရန်မှ "တစ်ခုခုဖြစ်ရင် ငါတို့ကိုခေါ်လိုက်။"

ကျီဖေးမှ ခေါင်းညိတ်ပြပြီး နောက်ဘက်သို့ဦးတည်လိုက်သည်။ သူ လမ်းလျှောက်လာရင်း 'Y Cityကိုရောက်တာနဲ့ ချင်ရှန့် နေကောင်းပါစေ'ဟု တိတ်တဆိတ်ဆုတောင်းနေသည့် မားမားချင်နှင့်ပါးပါးချင်တို့၏ အသံကိုကြားလိုက်ရသည်။ ထို့ နောက် သူတို့ကိုယ်သူတို့ စတင်အပြစ်တင်လာသည်။

ကျီဖေးသည် မားမားချင်နှင့်ပါးပါးချင်တို့ဟာ ချင်ရှန့်၏အ တိတ်အတွက် အပြစ်ရှိသည်ဟုခံစားနေရကြောင်း သိသည်။ သို့ပေမယ့်…

[ဒါက သူတို့အမှားလားဆိုတာ သိပ်မသေချာဘူး... နေပါဦး! ငါသိပြီ! ဒါက ငါ့အတွက် စုံစမ်းစစ်ဆေးဖို့ ပြီးပြည့်စုံတဲ့အခွင့် အရေးပဲ။ ငါ သူတို့နဲ့မရင်းနှီးတဲ့အတွက်၊ သူတို့က ငါ့ရဲ့ချင်ရှန့်ကိုအရင်တုန်းက ဆိုးဆိုးရွားရွားဆက်ဆံခဲ့သလားဆိုတာ သံသယဖြစ်စရာ အကြောင်းပြချက်တွေရှိတယ်။ အားလုံးအဆင်ပြေရင်တော့ အားလုံးကောင်းပါတယ်။ အဲ့လိုမှမဟုတ်ပဲ ပြဿနာရှိနေရင်တော့၊ ဟက်!]

ကျီ‌ဖေး အစောမှ သူ့စိတ်ထဲပေါ်လာသည့်အရာအား နောက်ဆုံးသဘောပေါက်သွားတယ်။ ဤသည်မှာ သူ၏ “အတင်းအဖျင်းဘုရင်မ” စွမ်းရည်အား အသုံးပြုရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ချင်မိသားစုသည် တာဝန်ကျေပွန်လွန်းသဖြင့် ကျီဖေးမှာ ၎င်းတို့အား မေးခွန်းထုတ်လုနီးပါးဖြစ်ခဲ့သည်။ သို့သော် ယုတ္တိကျကျတွေးကြည့်လျှင် သူ လူတိုင်းအား သံသယရှိနေသင့်သည်။ သူ၏ အတင်းအဖျင်းရေဒါမပါဘဲ သူ့ရှေ့တွင်ရပ်နေသူဟာ သူငယ်ချင်းလား ရန်သူလားဆိုတာ မည်သူသိနိုင်မည်းနည်း?

ကျီဖေး သီးသန့်အခန်းတံခါးအားဖွင့်လိုက်ကာ တိတ်တဆိတ် အံအားသင့်နေသည့် ချင်မိသားစုဝင်သုံးယောက်နှင့် ချင်ရှီလေးအား ချန်ထားခဲ့လိုက်သည်။

ချင်ရှန့်သည် လျင်မြန်စွာအိပ်ပျော်သွားခဲ့သည်၊ ဘာသံမှမကြားရပေ။ အနီးနားတွင် ရင်းနှီးသည့်တည်ရှိနေမှုကိုသာ သူခံစားခဲ့ရသည်။

သူ၏အိပ်စက်မှုသည် မမြင်နိုင်သည့်သံကြိုးများဖြင့် ချုပ်နှောင်ထားသော တိတ်ဆိတ်ငြိမ်သက်သည့်နေရာတစ်ခုတွင် မလွတ်မြောက်နိုင်ပဲ ပိတ်မိနေသကဲ့သို့ မငြိမ်မသက်ဖြစ်နေ သည်။

အကြောက်တရားအားတွန်းလှန်ရန် သူ့ခံစားချက်များမှာ ဘာမှမခံစားရမချင်း ဆက်လက်ယိုစိမ့်နေပုံရသည်… သို့ပေမယ့် ၎င်းဟာ အရမ်းအေးလွန်းသည်။ ထိုအရိုးထိအေးစက်ခြင်းမျိုးအား သူမုန်းတီးသည်။

ရုတ်တရက် သူ့ညှပ်ရိုးမှ စူးရှသည့်နာကျင်မှုအား ခံစားလိုက်ရသည်။

ချင်ရှန့် သူ့ရင်ခွင်ထဲမှ နွေးထွေးပြီးသက်တောင့်သက်သာရှိသည့် တစ်စုံတစ်ယောက်ကိုရှာရန် နိုးလာခဲ့ပြီး သူ၏ရင်းနှီးသည့်ရနံ့မှာ သူ့အား အဓိပ္ပါယ်ဖော်၍မရသည့်လုံခြုံမှုကို ဖြစ်စေသည်။

အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကျီဖေးမှာ အိပ်မပျော်သေးပဲ သူ့ညှပ်ရိုးအား ကိုက်နေသည်ကိုတွေ့လိုက်ရသည်။

တစ်နည်းနည်းနှင့် သူ့အား ကိုက်သည့်အလေ့အထရှိလာသည်။

အိပ်မက်ဆိုးအကြွင်းအကျန်ကြောင့်ဖြစ်သည့် ချင်ရှန့်၏မျက် နှာပေါ်ရှိ အေးစက်နေသည့်အမူအရာသည် အရည်ပျော်သွားသည်။ ကျီဖေး၏နဖူးအားနမ်းလိုက်သည်နှင့် သူ့မျက်လုံးများတွင် နူးညံ့မှုအပြည့်ရှိနေပြီး နောက်ဆုံးတွင် သူ့ညှပ်ရိုးအား လွှတ်လိုက်သည်။

ကျီဖေးသည် မူလက ချင်းရှန့်အားစောင့်ကြည့်ရန် ဝင်ရောက်ခဲ့ပြီး သူအဆင်ပြေကြောင်းသေချာအောင် ပြုလုပ်ခဲ့သော်လည်း ရှည်လျားသည့်လေယာဉ်ဟာ သူ့အား ငိုက်မျဉ်းစေခဲ့သည်။ သူ မသိလိုက်ခင်မှာတင် ချင်ရှန့်ထက်ပင် ပိုနှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

သူအိပ်နေစဉ် သူသည် စိတ်တည်ငြိမ်အောင်ကြိုးစားနေသည့်ချင်ရှန့်နှင့် ပိုမိုနီးကပ်စွာတွယ်ကပ်နေခဲ့သည်။ အဆုံးတွင် အပြင်သွားရန် မိသားစုနှင့် အတူလေယာဉ်ပေါ်တွင်ရှိနေခြင်းဖြစ်သည်။ သူ့အေးစက်မှုအား ဆုံးရှုံးရန်မလုပ်နိုင်ချေ။

ကံကောင်းထောက်မစွာ၊ လေယာဉ်ဆင်းသက်တော့မည်ဖြစ် သည်။

ကြေငြာချက်ထွက်လာသည့်အခါ ချင်ရှန့် ကျီဖေးအားညင်သာ စွာနှိုးလိုက်သည်။

အိပ်မှုန်စုံမွှားဖြင့်ကျီဖေးသည် ချင်ရှန့်၏မျက်နှာအားထိကာ ပြောသည်။ "ဘယ်လိုနေလဲ ? အဆင်ပြေရဲ့လား?"

Y City ၏ရှုခင်းအား ရှုမြင်လာကာ အခန်းအပြင်ဘက်ရှိ ချင်မိသားစုဝင်သုံးယောက်မှာ တင်းမာလာပြန်သည်။

လေဆိပ်တွင် ချင်ကျောက်နှင့်ချင်ရုန်တို့သည် ၎င်းတို့အားခေါ်ဆောင်ရန် ရောက်လာသည့်ဆွေမျိုးများနှင့် တွေ့ဆုံခဲ့သည်။ အဖွဲ့သည် ကြီးမားပြီး အမိုက်စားမြင်ကွင်းတစ်ခုဖန်တီးထားကာ ပါပါရာဇီများမှာလည်း ခိုးကြောင်ခိုးဝှက် ဓာတ်ပုံအချို့ရိုက်နေကြသည်။

ဆွေမျိုးများသည် ချင်ကျောက်နှင့်ချင်ရုန်အား အတည်ပြုရန်မေးလိုက်သည်၊ "ချင်ရှန့် တကယ်လာမှာလား?"

စိုးရိမ်နေကြသော်လည်း နှစ်ယောက်သား တည်ငြိမ်စွာထိန်းထားကြသည်။ "သူက သူ့မိန်းမကို လူတိုင်းနဲ့တွေ့ဖို့ခေါ်လာမယ်တဲ့။ ဒါပေါ့၊ သူလာမှာပါ။"

ထိုအချိန်တွင် သီးသန့်ခန်းထဲရှိချင်ရှန့်သည် ကျီဖေး၏အိပ်မှုန် စုံမွှားမျက်နှာအားကြည့်ပြီး မရယ်ပဲမနေနိုင်ပေ။ သူသည် ထိုမျက်နှာလေးအား ဆွဲညစ်ပြီးနမ်းလိုက်ကာ လုံးဝကောင်းမွန်နေပြီး စိုးရိမ်စရာမရှိကြောင်းသက်သေပြခဲ့သည်။

All Chapters