← Chapters

အခန်း (၃၂၃)

Vol. 33 Ch. 323

အခန်း (၃၂၃)

Vol. 33 Ch. 323

ချင်မိသားစုသည် ချင်ရှန့်နှင့် ကျီဖေးတို့ တည်ငြိမ်စွာထွက်ပေါ်လာသည်ကိုမြင်မှ စိတ်သက်သာရစွာသက်ပြင်းချလိုက်မိ သည်။ ၎င်းတို့မိသားစုထွက်လာသောအခါ လူအုပ်များကြားတွင် ချင်ကျောက်နှင့် ချင်ရုန်တို့သည် ၎င်းတို့ အားရပါးရ လက်ဝှေ့ယမ်းပြနေသည်ကို မြင်လိုက်ကြသည်။

လူတိုင်း၏အာရုံသည် ချင်ရှန့်ထံ ပထမဆုံးရောက်သွားသည်။ သူ့ကြည့်ရသည်မှာ စိတ်အခြေအနေ အဆင်ပြေသည့်ပုံပင်၊ တွက်ချက်ကြည့်ပါက သူ ထိုမြို့မှ ထွက်ခွာလာခဲ့သည်မှာ အနှစ်နှစ်ဆယ်နီးပါးပင် ရှိလောက်ပြီး ရှစ်နှစ်၊ ကိုးနှစ်သားအရွယ်ခန့်တွင် နေခဲ့ခြင်းဖြစ်သည်။ ဆွေမျိုးများသည် ဤနှစ်များတွင် သူ့အား တခြားနေရာများတွင် တွေ့ဖူးသော်လည်း ယခုမှ ပထမဆုံးအကြိမ်တွင် မွေးရပ်မြေတွင် တွေ့ရခြင်းဖြစ်သည်။

ချင်ရှန့် အဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် ၎င်းတို့၏ အာရုံသည် ချင်ရှန့်လက်မောင်းကို ကိုင်ထားသည့် ကျီဖေးဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားကာ ထိုနေရာတွင် ကြယ်ပွင့်လေး ချင်ရှီလည်းရှိနေသည်။

ချင်ရန် သူမ၏သားဖြစ်ကို ပြန်တွေ့သည့်သတင်းသည် မိသားစုတိုင်း သိပြီးပြီဖြစ်သည်။ ယခင်မိသားစု ပြန်လည်ဆုံစည်းပွဲသည် အလျင်အမြန် စီစဉ်ခဲ့ခြင်းဖြစ်စည်။ ချင်မိသားစုသည် မူလတွင် ပွဲကျင်းပရန်တာ၀န်ယူရမည့်သူဖြစ်သော်လည်း ချင်ရှီ၏ကျောင်းပညာရေးနှင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းကြောင့် ၎င်းတို့၏တစ်မြို့တည်းတွင်ရှိသော ဆွေမျိုးများမှ တာ၀န်ယူခဲ့ရသည်။

အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့နှင့် အရင်းနှီးဆုံးဆွေမျိုးများသည် လက်ဆောင်များပေးပို့လာကြသည်။ သူတို့သည် ဤသည်မှာ ကျီဖေးနှင့် ချင်ရှီတို့အားပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

ထုံးစံအတိုင်း ၎င်းတို့၏စူးစမ်းလိုစိတ်သည် ကျီဖေးပေါ်ရောက်ရှိသွားသည်။

ထိုမိန်းကလေးအပေါ် ၎င်းတို့၏ခံစားချက်သည် ရှုပ်ထွေးနေ သည်။ ကျီဖေး ရာထူးမြင့်တတ်လာခြင်းမှာ ဂုဏ်ယူစရာမဟုတ်ပဲ ချင်မိသားစုခေါင်းဆောင်နှင့် လက်ထပ်ခဲ့သော ကြောင့်ပင်။ ထိုသို့သောအမျိုးသမီးတစ်ဦးသည် ချင်မိသားစု ၏မဒမ်ဖြစ်လာကြခြင်းကို သဘောမတူခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အမှန်တကယ်ချစ်မြတ်နိုးလာကြပုံပင်။

ဆွေမျိုးများအနေနှင့် ချင်မိသားစုမျက်နှာသာပေးသည့် လူတစ်ယောက်အား အရှက်ရအောင်လုပ်မှာမဟုတ်ချေ။ သူတို့သာ မဆင်မခြင်ပြုမှုပါက ချင်ရှန့်၏မျက်နှာကိုဖြတ်ရိုက်လိုက်သည်နှင့်တူပြီး ၎င်းတို့ မိသားစုဆက်ဆံရေးပင်ထိခိုက်လာနိုင် သည်။ သူတို့ မည်မျှသဘောမကျသည်ဖြစ်စေ သူတို့ခံစားများကိုသိုဝှက်ထားကြသည်။

သူတို့ ဤတွေ့ဆုံပွဲတွင် သူမအားပိုသိနိုင်မည်ဟု မျှော်လင့်ကြသည်။

မည်သို့ပင်ဖြစ်စေ သူမသည် အမြဲတမ်းပြုံးနေတက်ကာရုပ် ရည်လည်း လှပသလို ချင်ရှန့်နှင့်လည်း ဆက်ဆံရေးကောင်း သောကြောင့် သူမအပေါ် အမြင်ကောင်းထင်ကျန်စေသည်။ သူမသည် ပရိယာယ်များလုပ်တက်သည့် မိန်းကလေးဆိုသည်မှာယုံရခက်ခက်ပင်။

သူတို့ တွေးနေချိန် ချင်ကျောက်နှင့် ချင်ရုန်သည် ၎င်းတို့ဆီအမြန်ပြေးသွားကြသည်။ ချင်ကျောက်သည် မိသားစုကိုအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ချင်ရုန်သည် ပိုတည့်တိုးဆန်စွာ ကျီဖေးကိုလက်ချင်းချိတ်လိုက်ပြ "အာ့စောင်ကို အရမ်းလွမ်းနေတာ!"

မားမားချင်နှင့် ချင်ရန်သည် ချက်ချင်းပင် မနာလိုဟန်ဆောင်သည်။ "ငါတို့ကိုကော ?"

"သမီး အကုန်လုံးကိုလွမ်းနေတာပါနော်!" ချင်ရုန် ချိုသာသော အပြုံးဖြင့် ပြန်ပြောသည်။

"ရုန်ရုန်က ပိုလှလာသလိုပဲ" ကျီဖေး ကျီစယ်မှုများဖြင့်ပြောလိုက်သည်။

ချင်ရုန်၏ မျက်လုံးများသည် ကျီဖေးကိုကြည့်ရင်း တောက်ပလာပြီး သဘောကျမှုများပြည့်လာသည်။

[အဲဒါက...သူ ချစ်မိနေလို့လား ? ကျေးဇူးပြုပြီး သူ ထပ်ပြီး အရူးလုပ်မခံရပါစေနဲ့..]

ချင်ရုန်: အား ငါ့အတိတ်က အမှားတွေကိုပြန်မဖော်ပါနဲ့တော့

တစ်မိသားစုလုံးသည် သူမကို စူးစူးစိုက်စိုက်ကြည့်လာသဖြင့် ချင်ရုန်လည်း ခေါင်းကိုအမြန်ခါယမ်းလိုက်သည်။

"ဘာလို့ ခေါင်းခါနေတာလဲ" ကျီဖေး စိတ်ဝင်တစားမေးလာသည်။

ချင်ရုန် သူမကို လှမ်းကြည့်သည်။

"အာ့စောင်လည်း ပိုလှလာတယ်လို့တွေးနေတာဖြစ်မယ်" ချင်ကျောက် စနောက်လိုဟန်ဖြင့် ပြောလာသည်။

"ဒါဆို ငါကိုလည်း ပိုလှလာတယ်ထင်တာလား" ကျီဖေးရယ်လိုက်သည်။

ချင်ကျောက် ရယ်မောကာ "ဟုတ်တယ်၊ ဒါပေမယ် ဒါ ကျွန်တော့်ရဲ့အာ့ကောကြောင့် ဖြစ်နိုင်တယ်၊ အချစ်က တကယ်အံ့သြစရာကောင်းတယ်မဟုတ်လား"

သူသည် ထိုရှားပါးလှသော အခြေအနေကိုအခွင့်ကောင်းယူကာ ချင်ရှန့်ကိုနောက်လိုက်သည်။

ချင်ရှန့်၏မျက်လုံးများသည် အပြုံးတစ်ချက်ကြောင့် နူးညံသွားပြီး "ဖေးဖေးက အမြဲလှနေတာ"

ချင်ကျောက်သည် သူ့အစ်ကိုကြီးမှာ အချစ်ထဲတွင် ‌ပျော်၀င်နေသော မျက်နှာကြီးကြောင့် သူထက်မကြည့်နိုင်တော့ပဲ ရှုံ့မဲ့သွားသည်။

ကျီဖေးသည် ချင်ရှန့်၏ချီးကျူးမှုကြောင့် ရှက်ရွံ့နေသော် လည်း ချင်ကျောက်ကို ဤအတိုင်း မလွှတ်ပေးချေ။

[ဒါပေါ့၊ ငါတို့က အချစ်ရှိတဲ့တူပဲလေ၊ နင်နဲ့မှ မတူတာ၊ နင်က‌ အခုထိ သူ့ကိုမဆက်သွယ်ရဲသေးပဲနဲ့ ကျောင်းတံခါးကိုပဲ အဝေးကနေပဲ စိုက်ကြည့်နေရတယ်]

ချင်ကျောက်: .....ကျွန်တော် လက်မြှောက်ပါပြီ အာ့စောင်ရယ်....

ချင်ရှန့်၏ပါးပြင်များသည် ပန်းရောင်သန်းလာသည်။ အချစ်သည် အမှန်တကယ်ကို အံ့ဩစရာကောင်းသည်။

ချင်မိသားစုများလည်း ရယ်မောလိုက်ကြသည်။

အခြား ဆွေမျိုးသားများသည် ၎င်းတို့၏တုံ့ပြန်မှုကို စောင့်ကြည့်နေသောကြောင့် အနည်းငယ်အံ့သြသွားကြသည်။

ကောလာဟလများ မည်သို့ပင်ရှိစေကာမူ ချင်ဒုတိယမိသားစုသည် ကျီဖေးအား ၎င်းတို့၏ မိသားစုဝင်အဖြစ်အမှန်တကယ်လက်ခံထားကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

ကျီဖေး ထွက်လာပြီး လူအုပ်ကြီးကိုတွေ့လိုက်သောအခါ သူမသည် ချက်ချင်းဆိုသလိုအတောက်ပဆုံးသော အပြုံးကိုဆင် မြန်းလိုက်သည်။

နှစ်သစ်ကူးပွဲများနှင့်အတူ ရောက်ရှိလာမည့် မိသားစုများပြန် လည်ဆုံဆည်းမှုအတွက် သူမ အဆင်သင့်ဖြစ်ပြီပင်။

သို့သော် ထိုသို့သော တွေ့ဆုံပွဲများသည်တစ်ဦးချင်းဆီ မိတ်ဆက်ပေးရန် မသင့်လျော်ချေ။ ထို့ကြောင့် မိသားစုတစ်စုစီရှိ အိမ်ထောင်ဦးစီးများသည် နှုတ်ခွန်းဆက်စကားများဖလှယ်ကြပြီး အိမ်ဟောင်းသို့ရောက်သည်နှင့် လူတိုင်းကို တရားဝင်မိတ်ဆက်ရန် စီစဉ်ထားကြသည်။

ချင်ဒုတိယမိသားစုသည် ကားတစ်စီးတည်းတွင် အတူထိုင်နေ သည်။

၎င်းတို့ကားတစ်ကားလုံးတွင် စကားပြောသံများနှင့် ရယ်မောသံများ ပြည့်နှက်နေသည်။

တခြားကားများ၏လေထုသည်တော့ တော်တော်လေးကိုကွဲ ပြားသည်။

ပထမမိသားစုတွင် အသက်ကြီးရင့်သူများမပါချေ။ ချင်ပထမမိသားစုရှိအဒေါ်နှင့် ဦးလေးတို့သည် အသက်ကြီးလာသည်နှင့်အမျှ ခရီးများသာထွက်နေကြသဖြင့် သူတို့အစား ဝမ်းကွဲများသာလာကြသည်။ အကြီးဆုံးဝမ်းကွဲဖြစ်သူ ချင်ဝမ်ရှန့်သည် သူမ၏ခင်ပွန်းနှင့် ကလေးအပြင် သူမ၏စင်ဂယ်မောင်လေးကိုပါခေါ်လာခဲ့သည်။

"ဝမ်ရှန့်... ချင်ရှန့်ကြည့်ရတာ စိတ်အခြေအနေကောင်းနေတယ်နဲ့တူတယ်၊ ငါတို့ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး ရင်းနှီးမြှုပ်နှံမဲ့ကိစ္စပြောသင့်လား" ခင်ပွန်းဖြစ်သူမှ ကားမောင်းရင်းလှည့်ပြောလာသည်။

ချင်ဝမ်ရှန့် မျက်မှောင်ကြုတ်လိုက်ပြီး "ကျမတို့ကို ငြင်းထားတယ်မလား ? ဒါက သိပ်မသင့်‌တော်ဘူးနဲ့တူတယ်"

"ကိုယ် ပြင်သင့်တာပြင်ပြီးပါ‌ပြီ၊ အခု ငါတို့ လူချင်းတွေ့တာဆိုတော့ အတူတူသောက်ပြီး စကားနည်းနည်းပြောလိုက်ရုံနဲ့ သူပြန်စဉ်းစားလောက်တယ်၊ ဒါက တကယ်ကောင်းတဲ့ပရောဂျက်တစ်ခုပါ၊ ကြည့်ရတာ သူ သိပ်နားမလည်သေးလို့ဖြစ်မယ်" ခင်ပွန်းဖြစ်သူမှ ထပ်ပြောလာသည်။

ချင်ဝမ်ရှန့် စိတ်မရှည်စွာပြန်ပြောသည် "ချင်ရှန့်က အဘိုးရဲ့ မွေးနေ့ပွဲအတွက် ဒီကိုရောက်နေတာ အဆင်မပြေအောင်မလုပ်နဲ့"

ခင်ပွန်းဖြစ်သူ၏လေသံသည် ပိုလေးနက်လာပြီး "ဘယ်လိုလုပ် အဆင်မပြေပဲနေမှာလဲ ? ဒါ ချင်ကော်ပိုရေးရှင်းရဲ့ဟာမဟုတ်လို့ ဘေးဖယ်ထားလို့မရဘူး၊ ဒါက ငါတို့ရင်းနှီးမြုပ်နှံထားတဲ့ကုမ္ပဏီပဲ၊ ဒါ ငါ ကြိုးစားထားတဲ့တဲ့ အရာတစ်ခုလေ"

"ရှင် ဘာတွေလျှောက်ပြောနေတာလဲ။" ချင်ဝမ်ရှန့် သူ့အား ရိုက်လိုက်တာ "ကျွန်မ ဂရုမစိုက်ခဲ့ဘူးဆိုရင် ချင်ရှန့်နဲအစထဲကပူးပေါင်းမိမှာမဟုတ်ဘူး၊ အဘိုးကိုယ်တိုင်က ကျွန်မတို့မိသားစုမှာ ချင်ရှန့်ထက်ပိုကောင်းတဲ့လူမရှိဘူးလို့ပြောခဲ့တာ၊ သူက ဂျီးနီးယပ်ပဲ"

ခင်ပွန်းဖြစ်သူ၏အမူအရာသည် တင်းမာလာပြီး "မင်း မောင်လေးကလည်း ဂျီးနီးယပ်ပဲလေ"

နောက်ထိုင်ခုံတွင် တူမလေးနှင့် ဂီတဂိမ်းကစားနေသည့် ချင်ရီသည် အပြုံးခပ်ဖျော့ဖျော့ဖြင့်မော့ကြည့်လာသည်။

"ကျွန်တော်က ချင်ရှန့်နဲ့ ယှဉ်လို့မရဘူး ကျွန်တော်ထူးချွန်တာဆိုလို့ဂီတပဲရှိတာ ချင်ရှန့်ကတော့ နေရာတိုင်းမှာ တော်တာ၊ သူ လေးနှစ်တုန်းကတောင် ရှစ်နှစ်အရွယ်ကလေးတွေ တွက်ရတဲ့ သင်္ချာပုစ္ဆာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိနေပြီ"

ချင်ဝမ်ရှန့် မရယ်ပဲမနေနိုင်တော့ပဲ။

"နင် ဒါကိုပြောရဲသေးတယ်နော်၊ နင် စန္ဒယားတီးရတာနဲ့ အ လုပ်ရှုပ်နေလို့ လေးနှစ််ရွယ်ညီလေးကို နင့်အိမ်စာတွေကူပေးဖို့ ပြောခဲ့တာလေ"

"ရှုရှု တကယ် အဲ့လောက်ဆိုးခဲ့တာလား ? လေးနှစ်ကလေးတောင် ရှုရှုထက်သာတယ်ပေါ့ ?" သူ့ တူမလေးသည် အပြစ်ကင်းစွာမေးလာသည်။

ချင်ရီသည် နှာခေါင်းကိုတစ်ချက်ပွတ်ကာ "မင်းက အခုချင်ရှီထက်တစ်နှစ်ပဲပိုကြီးတာ၊ ဒါပေမယ့် သူ ကလည်းတော်တော်လေးဉာဏ်ကောင်းတယ်လို့ ငါ ကြားထားတယ်၊ မင်း အိမ်စာမလုပ်နိုင်ရင် ငါ့ဆီမလာခဲ့နဲ့၊ သူ့ဆီသွားပြီး ကူခိုင်းလို့ရတယ်"

"နင် ငါ့သမီးကိုမဟုတ်တာတွေ သင်ပေးမနေနဲ့" ချင်ဝမ်ရှန့် ရယ်မောလိုက်သည်။

All Chapters