← Chapters

အခန်း (၃၂၄)

Vol. 33 Ch. 324

အခန်း (၃၂၄)

Vol. 33 Ch. 324

"မီးမီးလည်း မတုံးပါဘူး၊ သူနဲ့ရ‌အောင်ပြိုင်မယ်၊ ဒါပေမယ့် သူက မီးမီးထက် ဉာဏ်ကောင်းတယ်ဆိုရင် မီးမီး မသိတာရှိရင် သူ့ကိုအကူအညီတောင်းမယ်၊ မီးမီး ဆက်လေ့လာနေသ ရွေ့ သူ့ကိုရှုံးမှာမဟုတ်ဘူး" ရန်ဝေဝေ ဂုဏ်ယူစွာပြောလိုက်သည်။

"တော်လိုက်တာ" ချင်ရီသည် ချက်ချင်းပင်ပြုံးကာ သူမပါးလေးကိုပွတ်လိုက်သည်။

ကားထဲရှိလေထုသည် တိုးတက်လာသည့်အချိန်တွင် ခင်ပွန်းဖြစ်သူ ရန်ဖုန်က "ချင်ရီ... ငါတို့ ချင်ရှန့်ကို အကူအညီတောင်း သင့်တယ်လို့ မထင်ဘူးလား? ငါတို့ကိုယ်တိုင် တစ်ခုခုတော့ အောင်မြင်အောင် လုပ်သင့်တယ်ထင်တယ်၊ ငါတို့အမြဲတမ်း ချင်ကော်ပိုရေးရှင်းရဲ့လက်အောက်မှာပဲ အလုပ်လုပ်နေတာ ဒါ ချင်ရှန့်ရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲတမ်းအလုပ်လုပ်နေတာလို့ဆိုလိုတာပဲ... ဒါက သိပ်မဆိုးပေမဲ့ ကိုယ်တိုင်ကျ စိန်ခေါ်မှုတော့ မရှိဘူး၊ ဒါကြောင့် ငါ ကိုယ်တိုင် တစ်ခုခုလုပ်ကြည့်ချင်တယ်"

ချင်ရီသည် တူမဖြစ်သူ၏ စိတ်ပျက်အားငယ်မှုကိုသတိပြုမိပြီး အနည်းငယ်မျက်မှောင်ကြုတ်ကာ သူ့အကြည့်များသည် ရန်ဖုန်၏ခေါင်းနောက်ဘက်သို့ကျဆင်းသွားခဲ့သည်။

ချင်ဝမ်ရှန့်မပြောခင် ချင်ရီသည် စိတ်မ၀င်စားသလို ပေါ့ပါးစွာပြောလိုက်သည် - "ဒီမှာ ယောက်ဖ ငါ ချင်ကော်ပိုရေးရှင်းရဲ့ ကိစ္စတွေမှာ ၀င်မပါဝင်ဘူးဆိုတာ မင်းသိပါတယ်၊ ငါ အဲဒါတွေကိုနားမလည်ဘူးဒါပေမယ့် ချင်ရှန့်က တစ်ခုခုအဆင်မပြေလို့ ငြင်းတာသေချာတယ်၊ အနည်းဆုံး သူ့ဦးဆောင်မှုအောက်မှာ ချင်ကော်ပိုရေးရှင်းရဲ့ဘယ်ပရောဂျက်မှ မအောင်မြင်ဖူးဘူးဆိုတာမရှိဘူး"

ချင်ရီ၏စကားများသည် ပေါ့ပါးသော်လည်း ရန်ဖုန်အတွက် အလွန်ထိရောက်သည်။

သူ ဆက်ပြောလိုက်သည်။ "ကျဲရော ပြောစရာမရှိဘူးလား။”

ချင်ဝမ်ရှန့် အံ့အားသင့်သွားသော်လည်း ထောက်ခံလာသည်။

"ဒါအမှန်ပဲ၊ ယောင်္ကျား ရှင့် ပရောဂျက်မှာအစကတည်းက ချို့ယွင်းချက်ရှိတယ် ထင်လို့ပြောတာကို ရှင်က မယုံဘူး၊ ချင်ရှန့်ကို အတင်းနာချရင်တောင် အလုပ်မဖြစ်ဘူး၊ ဘာလို့ ချင်ရှန့်စကားကိုနားမထောင်လိုက်ရတာလဲ"

ရန်ဖုန်၏ အမူအရာသည် ပိုမည်းမှောင်လာသည်။

ချင်ရီသည် သူ့အား နောက်ကြည့်မှန်ထဲမှကြည့်လိုက်ကာ ရယ် စရာကောင်းသည်ဟုခံစားရသည်။ သူ့ယောက်ဖက သူ့နေရာသူ တကယ်မသိဘူးပဲ၊ သူ့ စီးပွားရေးအမြင်က ချင်ရှန့်ကိုယှဉ်ဖို့နေနေသာသာ သူ့ကျဲနဲ့တောင် မယှဉ်နိုင်ဘူး၊ သူဘာလို့ ဒီလောက်ခေါင်းမာနေတာလဲ ? ချင်မောင်နှမများထံမှ ငြင်းဆိုချက်ကိုလက်ခံရရှိသည့် လုပ်ငန်းခွင်ရှိမည်သူမဆို ၎င်းတို့၏ ပရောဂျက်ကို ချက်ချင်းပြန်လည်စစ်ဆေးပေလိမ့်မည်။ ၎င်းကဲ့သို့ တယူသန်ပြီး ဆက်ကြိုးစားမည်မဟုတ်ချေ။

"ကောင်းပြီ၊ ငါ ဆက်မပြောတော့ဘူး"

ရန်ဖုန်သည် ဒေါသတကြီး ပြောလိုက်သည်။ ချင်ဝမ်ရှန့်သည် သူမ ခင်ပွန်းမျက်နှာကို ကယ်တင်ရန် စကားစကို အမြန်ဖြတ်လိုက်သည်။

ထိုအချိန်တွင် တတိယဦးလေးချင် အိမ်ရှိလေထုမှာလည်း တင်းမာနေသည်။

တတိယဦးလေးချင်သည် ၎င်းတို့ကိုလာကြိုခဲ့သည်။ ပုံမှန်အား ဖြင့် သူသည် ချင်ရှန့်ကို လွန်စွာ တန်ဖိုးထားသောကြောင့် သူ့ဇနီးကိုခေါ်လာချင်သော်လည်း နေမကောင်းဖြစ်နေသဖြင့်အိမ်တွင်သာနေခဲ့ရသည်။

တတိယဦးလေးချင်သည် သားဖြစ်သူချင်ဟန်နှင့် သမီးချင်ကျားချီကိုသာ ခေါ်လာခဲ့သည်။

ချင်ဟန်၏အမူအရာသည် မနာလိုမှုများဖုံးလွှမ်းလျက် "ကျွန်တော့်အထင် ဒီနေ့ ဧည့်ခံဖို့သွားတာ အရမ်းများနေတယ်လို့ ထင်တယ်၊ ကန့်သတ်ချက်လည်းမရှိတာကို တစ်မိသားစုလုံး သွားဖို့လိုလို့လား ? ဒုတိယဦးလေးမိသားစုပြန်လာတုန်းက တောင် ဒီလိုမျိုးမဖြစ်ပါဘူး၊ အခုက ချင်ရှန့်ပါလာလို့လား? သူက အခုချင်ကော်ပိုရေးရှင်းကိုစီမံခန့်ခွဲနေရတယ်ဆိုရင် တောင် ပါးနဲ့ စတုတ္ထဦးလေးက လူကြီးတွေလေ၊ တကယ်ပဲ လိုက်လာဖို့ထိ လိုအပ်လို့လား? "

တတိယဦးလေးချင်သည် စည်းကမ်းတင်းကြပ်သော ဖခင်ဖြစ်သည်။ သူ ထိုအရာကိုကြားသည်နှင့် "ငါ မင်းကို ဘာသင် ပေးထားလဲ? မင်းမှာ အရှက်အကြောက်မရှိဘူးလား ? ချင်ရှန့် ရဲ့ လက်ရှိစိတ်နေစိတ်ထားက လူကြီးတွေနဲ့ယှဉ်လို့ရတယ် ဒါ ငါတို့ တာဝန်တစ်စိတ်တစ်ပိုင်းပဲ၊ အဲဒီတုန်းက ဒုတိယညီနဲ့ ဒုတိယခယ်မသာ မိသားစုပြောင်းဖို့ မလိုအပ်ဘူးဆိုရင် ချင်ရှန့်ကိုတစ်ယောက်တည်း အိမ်ဟောင်းမှာထားခဲ့မှာမဟုတ်ဘူး၊ သူ့ကြောက်စိတ်ကို ကျော်လွှားပြီး မင်းအဘိုးကိုပြန်တွေ့ဖို့လာတာ ငါတို့လည်း သူ့ကိုလေးစားမှုပြတာ ဖြစ်သင့်တာပဲ”

ချင်ဟန်သည် သူ့အဖေနှင့် ငြင်းမခုံတက်သော်လည်း ယခုတစ်ကြိမ်တော့ သူ သည်းမခံနိုင်တော့ချေ။

"ကျွန်တော် သိချင်တာက စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်နေတဲ့ သူတစ်ယောက်ကို ဘာလို့ခေါင်းဆောင်အဖြစ်ရွေးရတာလဲ၊ နောက်ထပ် နှစ်အနည်းငယ်လောက်စောင့်ရင် ထိခိုက်စရာ မရှိဘူးလေး၊ ဒုတိယဦးလေးကရာထူးက ဆင်းချင်တယ်ဆိုရင် တောင် ပါး ဒါမှမဟုတ် စတုတ္ထဦးလေးကရာထူးကို ယူလို့ရတယ်မဟုတ်ဘူးလား?"

"တော်လောက်ပြီ၊ သူက မင်းရဲ့ဝမ်းကွဲပဲ၊ ဘာတွေတွေးနေတာလဲ"

တတိယဦးလေးချင်၏လေသံသည် သတိပေးချက်တစ်ခု ဒွန် တွဲပါလာသည်။

ချင်ဟန်သည် လက်သီးများကို တင်းတင်းဆုပ်ပြီး "ကျွန်တော်က သိချင်ရုံပါပဲ... အပြင်ကလူတွေ ပြောနေကြတာ"

တတိယဦးလေးချင်သည် "Y City ကလူတွေက ချင်ရှန့်နဲ့ မဆက်ဆံဖူးလို့ သူ့ကိုမသိကြဘူး၊ မင်းရဲ့ ဒုတိယဦးလေးက ရာထူးကနေဆင်းချင်တယ်လို့ ထင်နေတာလား? တကယ်တော့ ချင်ရှန့်ရဲ့ အရည်အချင်းနဲ့ သူ မယှဉ်နိုင်ဘူးဆိုတာသိတယ်၊ ဒါကြောင့် နေရာမှာ ဆက်ထိုင်နေတာကအဓိပ္ပါယ်မရှိသလိုပဲ၊ မင်း ချင်ကော်ပိုရေးရှင်းမှာ အခုမှအလုပ်စလုပ်တာဆိုတော့ သူနဲ့ ခဏခဏတွေ့ဖူးတာမရှိလို့ဖြစ်မယ်၊ နောက်ဆို မင်းနားလည်လာပါလိမ့်မယ်"

ချင်ဟန်သည် အဖေဖြစ်သူ မျက်နှာပေါ်ရှိ ခိုင်မာမှုကိုမြင်လိုက်သောအခါ လက်သီးများတင်းကျပ်လာသည်။ ချင်ရှန့်ကြောင့်သာ သူ့ဖခင်သည် သူ့အားယခုလိုပြောခြင်းဖြစ်သည်။

သို့သော် သူလက်မခံနိုင်ချေ။ ချင်ရှန့်သည် ထိုမျှလောက်ထူး ခြားသလား ? သူ့အဖေသည် ဒုတိယဦးလေးထက် မညံ့ဖျင်း သောကြောင့် သူလည်း ချင်ရှန့်ထက် ညံ့မည်ဟုမထင်ခဲ့ချေ။ သူသည် ချင်ရှန့်ကို လိုက်မှီရန်နှစ်အနည်းငယ်သာလိုသည်။

"မင်း ငယ်ငယ်တုန်းက ချင်ရှန့်က မင်းရဲ့အိုင်ဒေါဖြစ်ခဲ့တာ မှတ်မိလား" တတိယဦးလေးချင်သည် သူ့သား နားမထောင်မည်ကိုဆိုးကာ စိုးရိမ်စွာမေးလိုက်သည်။

ချင်ဟန်သည် အားတင်းကာ ရယ်လိုက်ပြီး “မမှတ်မိဘူး”

တတိယဦးလေးချင်သည် ခဏလောက်စဉ်းစားလိုက်သည်။ ထိုသည်မှာ အဓိပ္ပာယ်ရှိသည်။ ချင်ဟန်လည်း အသက်ကြီးလာပြီသဖြင့် ချင်ရှန့်သည် သူ့စိတ်ထဲရှိမည်မဟုတ်‌တော့ချေ။

"ဘာပဲဖြစ်ဖြစ် မင်း သူ့ဆီကနေ အများကြီးသင်ယူရလိမ့်မယ်၊ သူ့ရဲ့ ဦးဆောင်မှုနောက်ကိုလိုက်လုပ်၊ ငါတို့ မျိုးဆက်တွေက အခုထက်ပိုပြီး အောင်မြင်လာလိမ့်မယ်၊ မင်းရဲ့အကြီးဆုံးအဒေါ်ရဲ့သမီးက အဲ့လမ်းအတိုင်းလိုက်ခဲ့တာ၊ မင်းထက် ကုမ္ပဏီကို တစ်နှစ်စော၀င်ခဲ့တာ စတုတ္ထဦးလေးရဲ့ ကလေးနှစ်ယောက်ကလည်း ချင်းရှန်းရဲ့လမ်းညွှန်မှုအောက်မှာ ပိုတော်လာကြတာ၊ စိတ်ခံစားချက်သိပ်မပြပေမယ့် မိသားစုအတွက်တော့အမြဲတွေးတယ်"

ချင်ဟန်မှာ ဖခင်ဖြစ်သူပြောလေလေ ပိုဒေါသထွက်လေလေပင်။ အခြားမိသားစုများတွင် ပြင်းထန်သောပြိုင်ဆိုင်မှုများရှိသော်လည်း ချင်မိသားစုတွင်တော့ လူတိုင်းသည်ထက်မြက် သောလူတစ်ဦး၏ဦးဆောင်မှုနောက်သို့ လိုက်ခြင်းဖြင့်သာ ကျေနပ်နေပုံရသည်။

သို့သော် ချင်ရှန့် သည် အလွန်ဉာဏ်ကောင်းပုံမပေါ်သည့် အရာတစ်ခုမှာ သူသည် နောက်ခံမရှိ၊ ပညာမတက်သော အမျိုးသ မီးတစ်ဦး၏ထောက်ချောက်ထဲသို့မိပြီး လက်ထပ်လိုက်ရခြင်းဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ချင်ရှန့်သည် အမြဲတမ်းသူ့အားရှုံးနိမ့်နေမည်။

ချင်ဟန် ထိုအရာကိုဆက်မဆွေးနွေးချင်တော့ဘဲ အကြောင်း အရာကိုပြောင်းလိုက်သည်။

"စကားမစပ်... ကျနော်တို့ရဲ့မွေးစားညီမလေးကို ဒီတစ်ခါတစ်မိသားစုလုံးရှေ့မှာချပြတော့မှာလား ? ကျွန်တော်တို ရှင်း ရှင်းကို ခေါ်သွားသင့်ပေမယ့် ပါး ဘာမှမပြောလို့"

ချင်ဟန်၏စကားကြောင့် ချင်ကျားရှီ လန့်ဖျပ်သွားသည်ကို လုံးဝသတိမမူမိလိုက်ပဲ ညည်းညူလိုက်သည်။

တတိယဦးလေးချင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ စဉ်းစားနေတုန်းပဲ၊ မင်းအဘိုးနဲ့ အရင်ပြောရမယ်၊ သူသဘောမတူရင် ငါတို့ လက်လွှတ်ရုံပဲပေါ့"

ချင်ဟန် ချက်ချင်းဆိုသလို "ဒါပေမယ့် သူက အမေ့အသက်ကို ကယ်ခဲ့တာ!"

“‌တော်လောက်ပြီ၊ ငါ ကိုင်တွယ်လိုက်မယ်”

တတိယဦးလေးချင်သည် သမီးဖြစ်သူ၏ အဆင်မပြေမှုကို သတိမထားမိဘဲ ပြောလိုက်သည်။ သူမသည် အချိန်တိုင်း တိတ်ဆိတ်စွာနေတက်သဖြင့် မထူးဆန်းတော့ချေ။

အပျော်ဆုံးသောလေထုသည် စတုတ္ထဦးလေးချင်၏ ကားထဲတွင်ဖြစ်သည်။ စတုတ္ထဦးလေးချင်သည် လူလတ်ပိုင်းအရွယ်ဖြစ်ကာ မုဆိုးဖိုလည်းဖြစ်ပြီး အမွှာနှစ်ယောက်ဖြစ်သည့် ချင်ကျင်းနှင့် ချင်ရှောင်ယွီကိုခေါ်ဆောင်လာခဲ့သည်။

စတုတ္ထဦးလေးချင်သည် ရယ်မောလိုက်ကာ "မင်းတို့နှစ်ယောက် ဘာလို့အဲ့လောက်ငြိမ်နေတာလဲ ချင်ရှန့် လာမှာကို စိတ်မ၀င်စားဘူးလား"

ကလေးနှစ်ယောက်စလုံးပြုံးလိုက်ကြသော်လည်း သူတို့မျက် လုံးများသည် ဖုန်းကိုသာအာရုံစိုက်ထားပြီး လက်ချောင်းများကိုလှုပ်ရှားကာ ဒေါသတကြီးဖြင့် စာရိုက်နေကြသည်။

ချင်ကျင်းက "ကျနော် စိတ်လှုပ်ရှားနေပါတယ်၊ ပြုံးနေတာကို ပါး မမြင်ဘူးလား? အာ့ကောက ကျနော့် idolပဲ၊ သူနဲ့တွေ့တိုင်း သူ့ကိုအရမ်းလေးစားမိတယ်၊ သူ့ရဲ့အရှိန်အဝါကလည်း ဟာသမဟုတ်ဘူး"

ချင်ရှောင်ယွီသည်"သမီးလည်း စိတ်လှုပ်ရှားတယ်လေ၊ သမီး အာ့ကောနဲ့သူ့မိန်းမရဲ့ ဓာတ်ပုံတချို့ကိုဝောာင် လျှို့ဝှက်ရိုက်ထားသေးတယ်၊ စန်းကောရဲ့ရုပ်ရည်က အရမ်းချောတယ်လို့ပြောရင် အာ့ကောရဲ့ရုပ်ရည်က တခြားအဆင့်တစ်ခုမှာပဲ၊ သူ့ရဲ့အရည်အချင်းတွေနဲ့ ပေါင်းစပ်လိုက်ရင် သူက အရမ်းကိုမှ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ပဲ"

"နင့်ရည်းစားထက်တောင် ပြီးပြည့်စုံတယ်ပေါ့" ချင်ကျင်း သူ့အမွှာညီမကိုလှောင်ပြောင်လိုက်သည်။

“သေချာတာက နင့်ထက်တော့ ပိုပြီးပြည့်စုံတယ်” ချင်ရှောင်ယွီသည် ပြန်ပက်လိုက်သည်။

"အာ့စောင်လည်း လှတယ်၊ သူက ငါ့လို လူစားမျိုးလို့ခံစားရတယ်၊ မင်းလည်း တစ်ယောက်ယောက်ကိုကြိုက်တယ်ဆိုရင် သူတို့ကို ရအောင်လုပ်သင့်တယ်"

ကားပေါ်ရှိ လူနှစ်ယောက်စလုံးသည် ချက်ချင်းမျက်မှောင် ကြုတ်ကာ "မင်း အဲ့လိုလုပ်လို့မရဘူး! တစ်ခုခုမှားသွားရင် မင်းအဖမ်းခံရနိုင်တယ်!"

ချင်ရှောင်ယွီ ရယ်မောရင်း ဖုန်းကိုဝှေ့ယမ်းလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ ဒီလမ်းကို လျှောက်နေတာမဟုတ်ဘူး၊ ငါ့ကောင်လေးက ငါ့ကိုအရမ်းအလိုလိုက်တာလေ"

"နင် သူ့ကို ပိုက်ဆံပေးနေလို့ဖြစ်နိုင်တယ်" ချင်ကျင်းထပ်မံ လှောင်ပြောင်သည်။

"အနည်းဆုံးတော့ ငါက တစ်ခါမှမတွေ့ဖူးတဲ့ အွန်လိုင်းက သူစိမ်းတစ်ယောက်ကိုတော့ မရူးသွပ်ဘူးလေ၊ နင်က တကယ့်ကိုချမ်းသာတဲ့ တတိယမျိုးဆက်ကလူပဲ" ချင်ရှောင်ယွီက ပြန်ပတ်ပြောသည်။

မောင်နှမနှစ်ယောက်သည် ချက်ချင်းပင် ရန်ဖြစ်နေကြသဖြင့် စတုတ္ထဦးလေးချင်အား ခေါင်းကိုက်စေသည်။

များမကြာမီ ဇိမ်ခံကားများသည် ကျယ်ပြောလှသောရှေး ဟောင်းအိမ်ကြီးများရှိရာ ခြံနေရာတစ်ခုဆီသို့ဝင်ရောက်လာခဲ့သည်။

All Chapters