← Chapters

အခန်း (၃၂၆)

Vol. 33 Ch. 326

အခန်း (၃၂၆)

Vol. 33 Ch. 326

အဖွားလုသည် ရှီအာနှင့် ကျီဖေးတို့ကို ချက်ချင်းဆွဲခေါ်လာပြီး ပင်မဆိုဖာပေါ်ရှိ အဘိုးကြီးနှင့် သူ့ဘေးတို့၏တစ်ဖက်တစ် ချက်စီတွင် ထိုင်ခိုင်းလိုက်သည်။ ကျန်လူများလည်းတဖြည်း ဖြည်း ထိုင်ခုံတွင်ထိုင်လာကြသည်။

အဒေါ်ဖြစ်သူ၏မိသားစုသည် အသက်ကြီးလာသဖြင့် အများစုသည် ဘိုးဘွားအိမ်တွင် ခေါင်းဆောင်ဟောင်းနှင့်အတူ နေ ထိုင်ကြသည်။ တတိယဦးလေးတို့ မိသားစုသည် Y City တွင် နေထိုင်သည့်အတွက် မကြာခဏလာလည်တက်ကြပြီး စတုတ္ထဦးလေးတို့ မိသားစုသည် အနီးနားရှိ G Cityတွင် နေထိုင်ကြသဖြင့် မကြာခဏလာကြသည်။ ယခုအချိန်တွင် မရှိသူများမှာ ပဉ္စမအဒေါ်နှင့် ဆဌမဦးလေးသာဖြစ်သည်။

"ပဉ္စမအဒေါ်ရဲ့ခင်ပွန်းက စီးပွားရေးကိစ္စတွေ ကြုံနေရတော့ သူတို့မိသားစုက နိုင်ငံခြားမှာနေပြီး ပြေလည်အောင်လုပ်နေတာ၊ အဲ့ဝာာကြောင့် နောက်ကျမှရောက်လိမ့်မယ်၊ ဆဌမမြောက်ဦးလေးမိသားစုက သူတို့ မင်းသမီးလေးစာမေးပွဲပြီးအောင်နေရတာလေ၊ ခုနစ်ယောက်မြောက်အစ်မ မိသားစုက တော့ အခုမှနိုင်ငံခြားမှာပဲရှိသေးတယ်" အန်တီသည် ပြုံးပြုံးလေးရှင်းပြလာသည်။

ကျီဖေးသည် ခုနစ်ယောက်မြောက်အစ်မဟုခေါ်သော အဖွားလု၏အငယ်ဆုံးသမီး လုမေ့ဟယ်အားမှတ်မိရရန် အချိန်ခဏလောက်တွေးလိုက်ရသည်။

ပါးပါးချင်သည် "အဲဒါကို ငါကြားပြီးပြီ၊ စကားမစပ်... ချင်ရှန့်ရေ ကျီဖေးနဲ့ ချင်ရှီတို့ကို လူတိုင်းနဲ့ အရင်မိတ်ဆက်ပေးရ အောင်၊ မဟုတ်ရင် ဒီကလေးနှစ်ယောက်က လူတိုင်းကို ဘယ် လိုစကားပြောရမယ်ဆိုတာ ကောင်းကောင်းသိမှာမဟုတ်ဘူး"

“ကျွန်တော် လုပ်လိုက်ပါ့မယ် ပါး" ချင်ရှန့်၏စကားထွက်လာသည်နှင့် ဧည့်ခန်းအခန်းတွင်းတွင် ခေတ္တတိတ်ဆိတ်သွားခဲ့သည်။ ရောက်လာကြသူအများစုသည် ချင်ရှန့်နှင့် စီးပွာဖက်များဖြစ်ကြသဖြင့် မေးထူးခေါ်ပြောရှိကြသော်လည်း ယခုလို ပုဂ္ဂိုလ်ရေးကိစ္စများတွင် သူကိုယ်တိုင်၀င်ပါသည်ကတော့ တွေ့ရခဲသည်။ သူတို့ တော်တော်ထူးခြားသလိုခံစားရသည်။

ချင်ရှန့်သည် ကျီဖေး၏လက်ကိုတိတ်တဆိတ် ဆုပ်ကိုင်ထားကာ အန်တီမိသားစုမှစတင်ပြီး လူတိုင်းကိုမိတ်ဆက်ပေးလိုက်သည်။

အန်တီ၏မိသားစုတွင် အန်တီ၊ ဦးလေး၊ ၎င်းတို့၏အကြီးဆုံးဝမ်းကွဲချင်ဝမ်ရှန့် သူမ၏ခင်ပွန်း ရန်ဖုန်နှင့် ၎င်းတို့၏သမီးဖြစ်သူ ရန်ဝေဝေတို့ပါဝင်သည့်အပြင် သူ၏အကြီးဆုံးဝမ်းကွဲ ချင်ရီလည်းရှိသည်။

ကျီဖေးသည် ယဉ်ကျေးသောအပြုံးဖြင့် လူတိုင်းကိုနှုတ်ဆက်ပြီး သူတို့မျက်နှာနှင့် အမည်များကိုတွက်ချက်လိုက်သည်။

[အန်တီမိသားစုလည်း အဆင်ပြေတယ်]

ဒုတိယချင်မိသားစုသည် သက်ပြင်းတစ်ချက်ချလိုက်သည်။

ချင်ရှန့်: ?

ချင်ရန်သည် ချင်ရှီအားလူတိုင်းကိုနှုတ်ဆက်ခိုင်းလိုက်သည်။ သူ့အား ရန်ဝေဝေနှင့် မိတ်ဆက်ပေးလိုက်သောအခါ ကလေးနှစ်ယောက်သည် လျင်မြန်စွာရင်းနှီးလာကြပြီး မကြာမီအတူကစားရန်အဖော်ရသွားကြသည်။

အဒေါ်ဖြစ်သူသည် ပြုံးကာ "အရင်က ငါတို့ ပါးပါးနဲ့ အဖွားလုတို့အတူ ကျီဖေးနဲ့ ချင်ကျောက်တို့ ပါဝင်ဖျော်ဖြေတဲ့ ရှိုးတချို့ ကြည့်ဖူးတယ်၊ မင်းတို့က တကယ် အံ့သြစရာပဲ၊ ချန်ပီယံတောင်ရခဲ့သေးတယ်"

အ‌ဒေါ်ဖြစ်သူ၏စကားကြောင့် ခေါင်းဆောင်ဟောင်းနှင့် အဖွားလုတို့သည် ကျီဖေးနှင့် ချင်ကျောက်တို့ ပါဝင်သည့် ရှိုးအားကြည့်ရှုကြသည်ကို လူတိုင်းသိလိုက်သည်။ အသက်ကြီးသယများသည် ငြင်းခုန်မှုများနှင့် မှတ်ချက်များကိုကြည့်ရှုခြင်းမရှိသောကြောင့် ၎င်းတို့နှစ်ဦး အကြိမ်တိုင်းအနိုင်ရသည်ကိုသာ သိရှိခဲ့ကြသည်။

[ကျေးဇူးတင်လိုက်တာ နတ်ဘုရားတွေရေ၊ သူတို့ရဲ့အမူအရာတွေကြည့်ရတာ အနုပညာလောကနဲ့ ပတ်သက်တဲ့အွန်လိုင်းဒရာမာတွေကို သတိမထားမိတဲ့ပုံပဲ၊ မဟုတ်ရင် ငါဖရဲသီး‌တွေကို အေးအေးဆေးဆေးမစားရပဲ နေဦးမယ်]

ဒုတိယချင်မိသားစုသည် အန်တီ၏ စကားများကို နားထောင်ရင်း ကျိတ်ရယ်နေကြသည်။

သို့သော် ရန်ဖုန်သည် ဤအချိန်အနေတွင် လိမ္မာပါးနပ်မှု မရှိပဲ ရုတ်တရက် ပြောလိုက်သည်။

"စကားမစပ် ချင်ရှန့်... မင်း စောစောက ငါပြောခဲ့တဲ့ ပရောဂျက်သစ်ကို ဘာလို့မကြိုက်တာလဲ "

ချင်ဝမ်ရှန့်နှင့် ချင်ရီ၏ အမူအရာများအေးခဲသွားသည်။

ရန်ဖုန်သည် ၎င်းတို့ တတိယဦးလေးမိသားစုအား မိတ်ဆက်ရန် ထွက်သွားတော့မည့်အချိန်တွင် ထပြောလာခြင်းဖြစ်သည်။ သူသည် အလွန်ရည်မှန်းချက်ကြီးခြင်းလား သို့မဟုတ် ခေါင်းမပါခြင်းလား ခွဲခြားမရတော့ချေ။

ချင်ရှန့်သည် အေးစက်စွာသာ ပြောလိုက်သည်။

"ငါတို့ အိမ်မှာ စီးပွားရေးကိစ္စကို မဆွေးနွေးဘူး"

သူ့လေသံထဲတွင် ဩဇာအာဏာများ ပါ၀င်နေသဖြင့် ရန်ဖုန်ကို တစ်ခါတည်း ရပ်တန့်သွားစေသည်။ ရန်ဖုန်သည် သိသိသာ သာကို မကျေမနပ် ဖြစ်နေသော်လည်း အဆင်မပြေသည့် အပြုံးတစ်ခုကိုသာ အတင်းချိတ်ဆွဲလိုက်သည်။

ကျီဖေးသည် ရန်ဖုန်၏ ရန်လိုသည့်အမူအရာကို သတိပြုမိသဖြင့် သူ မစစ်ဆေးပဲမနေနိုင်တော့ချေ။

[သူက အလုပ်ရူးရူးနေတာလား ? စစ်ဆေးကြည့်ရအောင်... အိုး.. အရမ်းရွှမ်းလိုက်တဲ့ဖရဲသီးကြီးပါလား!]

ဒုတိယချင်မိသားစုများလည်း နားစွင့်လိုက်ကြသည်။ ကျီဖေးလည်း ဤနေရာတွင်ရှိနေသဖြင့် မိသားစုလျှို့ဝှက်ချက်များ ဖော်ထုတ်လာမည်ကို ကြိုသတိသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင် ဆင်ထားသော်လည်း ယခုကဲ့သို့ လျင်မြန်စွာပေါ်လာမည်ဟုမမျှော်လင့်ထားကြပေ။

သူတို့ အာရုံစိုက်တာက ချင်ရှန့် ငယ်ဘဝအကြောင်းထံသာ ရောက်နေပေမဲ့ အခုတော့... အင်း ကြည့်ရတာ ရန်ဖုန်က သူ့ဘာသာ မီးထဲခုန်ချလာသလိုပဲ

ဘာအတင်းအဖျင်းတွေလဲ? ဘာဖြစ်တာလဲ? ငါတို့ကိုပြောပြပါ ငါတို့ကိုလည်း ပြောပြပါ!

ချင်ရန်၊ ချင်ကျောက်နှင့် ချင်ရုန်တို့သည် ကော်ဖီစားပွဲပေါ်ရှိ အဆာပြေမုန့်များစားရန် လက်လှမ်းလိုက်ကြသည်။

[အန်တီမိသားစုရဲ့ဆက်ခံသူဖြစ်တဲ့ အကြီးဆုံးဝမ်းကွဲ ချင်ဝမ်ရှန့်က ပြတ်သားပြီးကြောက်စရာကောင်းတဲ့ အမျိုးသမီးပဲ၊ ဒါပေမယ့် သူ့ခင်ပွန်းကတော့ သူ့ကိုလိမ်ပြီး တရားမ၀င်သား သမီးတွေတောင်ရှိနေတယ်၊ ဒါကို သူလည်း သတိမထားမိတဲ့ပုံပဲ]

ဒုတိယချင်မိသားစု-...

ထိုသည်မှာ အလွန်အံ့သြစရာမဟုတ်သော်လည်း ၎င်းတို့ ထိုအကြောင်းကိုတွေးလေလေ တစ်ယောက်ယောက်ကိုထိုးချင်လာလေလေပင်။

သူတို့ မှတ်မိသလောက်ဆို ထိုအချိန်က ရန်ဖုန်သည် ချင်ဝမ်ရှန့်အားလိုက်ရန် အင်တိုက်အားစိုက်လုပ်ဆောင်ခဲ့ရသည်။ သူမကို လက်ထပ်ပြီးနောက် ချင်မိသားစုအတွက် သစ္စာရှိရှိအလုပ်လုပ်ပေးခဲ့သည်။ ထို့အပြင် ချင်ဝမ်ရှန့်၏ကျန်းမာရေးအခြေအနေကြောင့် ကလေးတစ်ဦးသာ မွေးရန်ရွေးချယ်ခဲ့သည့်တိုင် ရန်ဖုန်သည် မကျေမနပ်မဖြစ်ပဲလက်ခံသဖြင့် စံပြသားမက်တစ်ဦးအဖြစ် လူ သိများခဲ့သည်။

အမှန်တွင် သူသည် လိမ်ထားသူဖြစ်သည်။ ချင်ဝမ်ရှန့်လို ထက် မြက်သည့် လူတစ်ယောက်ကို ဒီလောက်ကြာအောင်လှည့်စားနိုင်မည်ဟု မည်သူ ထင်မည်နည်း။ ထိုသည်မှာ မယုံနိုင်လောက်စရာပင်။

[ဒါဆို ဒါက သူ့အကြံ‌ပေါ့- သူက သူ့ဇနီးနှင့် ဖက်စပ်လုပ်ငန်းတစ်ခုလိုမျိုး ကုမ္ပဏီအသစ်တစ်ခုကို လည်ပတ်နေပေမဲ့ တကယ်တမ်းမှာ ချင်ဝမ်ရှန့် နာမည်မပါဘူး၊ အဲ့ဟာအားလုံးက သူ့မယားငယ်မနဲ့ သားသမီးတွေအတွက်တင်မကဘူး ဆွေမျိုးတွေလည်းပါတယ်၊ သူက ချင်ကော်ပိုရေးရှင်းထဲကိုခေါ်သွင်းချင်နေတာပဲ]

[သူက ချင်ဝမ်ရှန့်နဲ့တောင် အခြေအနေကိုအဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးပြီ သူ့မှာ တစ်ခြားကျောထောက်နောက်ခံပေးနိုင်တဲ့ ကုမ္ပဏီရှိတယ်၊ ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကို မြှင့်တင်ဖို့ ချင်ရှန့်နဲ့ ပူး‌ပေါင်းဖို့ စိတ်တ်အားထက်သန်နေတာပဲ]

ဒုတိယချင်မိသားစုသည် ရန်ဖုန်ကို စိုက်ကြည့်ကာ ၎င်းတို့၏ အမူအရာများသည် မှောင်သွားခဲ့သည်။

ရန်ဖုန်သည် သူ့ကိုယ်သူပြန်ထိန်းလိုက်ချင်‌တွင် ရန်လိုသည့် အ ကြည့်များကို ခံစားမိလိုက်သောကြောင့်အံ့သြသွားခဲ့သည်။ ချင်ရှန့်မှတဆင့် သူ၏ကုမ္ပဏီအသစ်အတွက် အကျိုးခံစားခွင့်အချို့ကိုလိုချင်ခဲ့ရုံသာဖြစ်သော်လည်း သူ့ကို အဘယ့်ကြောင့် ရန်သူလိုကြည့်နေရသနည်း ?

[ဒီခဲအိုက ချင်မိသားစုကအရာတွေကို သူ့အသိုက်ထဲကခိုးချင်နေတဲ့ကြွက်နဲ့တူတယ်၊ ငါ လုံးဝလက်မခံနိုင်ဘူး၊ အဲ့ဒါက ငါ့ပိုက်ဆံတွေကို ခိုးတာပဲ!]

ဒုတိယချင်မိသားစု: နောက်ဆုံးတော့ မိသားစုရဲ့သခင်မနေရာကိုလက်ခံသွားပြီပေါ့လေ..

[လူယုတ်မာကောင်! နင် ပစ်မှတ်မှားသွားပြီ။ ငါနင့်ကို မင်းကို အနှေးနဲ့အမြန် ဖော်ထုတ်ပစ်မယ်!]

ဒုတိယချင်မိသားစု- ဟုတ်တယ် သူ့ကို ဖော်ထုတ်ပစ်လိုက်!

ချင်ရှန့်:...သူတို့ရောက်တာနဲ့ မိသားစု‌ကိုခွဲဖို့စီစဉ်နေတာလား?

သူ ဖုန်းကို တိတ်တဆိတ်ထုတ်လိုက်ပြီး မက်ဆေ့ခ်ျပို့လိုက်သည်။ အဆုံးတွင် သူ့ထံ လူအင်အားရှိသည်။ ထိုလူယုတ်မာကို ဖော်ထုတ်ဖို့အတွက် သူ အချက်အလက်များကို အရင်စု ဆောင်းရပေမည်။

ရန်ဖုန် ရုတ်ချည်း ကျောချမ်းလာသလို ခံစားရသည်။ သူလုပ်သည်မှာ အချိန်အခါမကိုက်သည့်အချိန်တွင် ပရောဂျက်အ တွက် ပြောမိရုံသာဖြစ်သော်လည်း အဘယ့်ကြောင့် သူ့ကျော ရိုးများနောင် အေးလာရသနည်း။ ဒုတိယမိသားစု သူ့အားကြည့်နေသည်မှာ အလွန်ကြောက်စရာကောင်းသည်။

ချင်ရီသည် ယဉ်ကျေးသိမ်မွေ့သည်ဟုကျော်ကြားသဖြင့် ထိုအဆင်မပြေသော တင်းမာမှုကြားတွင် ချင်ရှီဘက်ကိုလှည့်ကာ ဂီတတူရိယာများအကြောင်းမေးရန်စကားစလိုက်သည်။

ကျီဖေးသည် ထိုလူယုတ်မာကို မကြာခင် ကွာရှင်းအောင် လုပ်မည်ဖြစ်သောကြောင့် ဂရုမစိုက်တော့ပဲ အခြားဘက်သို့အာရုံ ပြောင်းသွားသည်။

[ဒီအစ်ကိုဝမ်းကွဲက ထိပ်တန်းဂီတကျောင်းမှာ အသံပိုင်းဆိုင် ရာဂီတပါမောက္ခတစ်ဦးဖြစ်တဲ့အပြင် အရမ်းကျော်ကြားတဲ့အဆိုတော်ပဲ၊ အိုး... သူက ချင်ကျောက်လိုမျိုး ချောသားပဲ၊ ဒါပေမဲ့ ဖြူစင်ပြီးတော့ အနုပညာဆန်ဆန်ချောတာ၊ သူက ဆွဲဆောင်မှုရှိတဲ့ ချင်ရှန့်နဲ့ ချင်ကျောက်တို့နဲ့မတူဘူးပဲ၊ ငါ့မျက်လုံးကို အစာကျွေးလို့ရပြီ!]

ချင်ရှန့်: !

ချင်ကျောက်: ဟေး ဟေး... သူက ငါ့လို ချောတယ်ဆိုတာဘာလဲ ? ငါက သူ့ထက် အများကြီးငယ်တယ်နော်!

ဒုတိယချင်မိသားစုမှ အခြားအမျိုးသမီးများ- အင်း ဟုတ်တယ်၊ သူတို့အရင်က တကယ်သတိမထားမိဘူး၊ ကျီဖေးမှာ တကယ်ကောင်းတဲ့မျက်လုံးတွေရှိနေတာပဲ

[ငါ ဒီဝမ်းကွဲအစ်ကိုကို မိသားစုဆုံပွဲမှာ ဖျော်ဖြေပေးဖို့တောင်းဆိုလိုက်ရမလား]

ချင်ကျောက်: အဲ့အထိတော့ သွားမပြောပါနဲ့ အာ့စောင်ရယ်၊ ငါ့မိသားစုက အဲ့လိုကြိုက်မှာမဟုတ်ဘူးဟ

ချင်ရှန့် : ငါ နောက်မှ သူ့ကို မေးရမယ်နဲ့တူတယ်

[ဖူး ဟားဟား... သူက ဆွေမျိုးတွေထံ အလည်လာရုံတင်မကဘူးပဲ၊ အချစ်ရေး အရှုပ်အထွေးတွေကို ရှောင်တိမ်းဖို့လုပ်နေတာကိုး]

ဒုတိယချင်မိသားစု- အခုကရော ဘာဖရဲသီးလဲ?

ချင်ရီသည် အသက်သုံးဆယ်ခန့်ရှိပြီဖြစ်သော်လည်း အိမ် ထောင်ရေးကို စိတ်မဝင်စားသည့် လူပျိုသိုးကြီးဖြစ်ကြောင်း အမှတ်ရမိသည်။ သူ့မှာ ဘယ်လို အချစ်ရေးဇာတ်လမ်းတွေ ရှိတာပါလိမ့်?

ချင်ရှန့် သူ့ဝမ်းကွဲကို စူးစိုက်ကြည့်လိုက်သည်။

[သူ ချီးကျုးနေကြကျောင်းသူက သူ့ကို ဖွင့်ပြောခဲ့တာကို၊ သူလာရှောင်တာ အံ့သြစရာမဟုတ်ပါဘူး...]

ဒုတိယချင်မိသားစု- ဟားဟား~ အရည်ရွှမ်းလိုက်တဲ့ ဖရဲသီးလေး~

ချင်ရီသည် သူ၏လျှို့ဝှက်ချက်ပေါက်ကြားသွားသည်ကို မသိလိုက်ပဲတုန်တက်သွားသည်။ သူဘာလို့ ရုတ်တရက်အေးလာသလို ခံစားနေရတာလဲ ?

All Chapters