အခန်း (၃၂၇)
Vol. 33 Ch. 327
ချင်ရှန့်သည် ချင်ရီမှာ စကားလမ်းကြောင်းလွှဲလိုက်သော ကြောင့် ကျီဖေးအား တတိယဦးလေးမိသားစုနှင့် မိတ်ဆက်ပေးလိုက်သည်။ တတိယဦးလေးမိသားစုတွင် တတိယဦးလေးနှင့်တတိယအဒေါ်တို့သည် အသက်အကြီးဆုံးဖြစ်သည်။ ၎င်းတို့သည် စောစောလက်ထပ်ခဲ့ကြသော်လည်း ကလေးရနောက် ကျခဲ့သည်။ ၎င်းတို့၏အကြီးဆုံးသားချင်ဟန်သည် ယခုနှစ်မှ မဟာဘွဲ့ရထားသူဖြစ်ကာ သမီးဖြစ်သူ ချင်ကျားရှီသည်ကော လိပ်ကျောင်းသူအဖြစ်သာရှိသေးသည်။
ကျီဖေးသည် ၎င်းတို့၏အချက်အလက်များကို စိုးရိမ်စွာစစ် ဆေးလိုက်သည်။
[တတိယဦးလေးတို့မိသားစုက... အင်း... သူတို့ အဆင်ပြေပါတယ်၊ ဒါပေမယ့် တတိယအဒေါ်က.... သူမ ဒီမှာမရှိနေတော့ ပြောဖို့ခက်တယ်]
ဒုတိယချင်မိသားစုလည်း သက်ပြင်းတစ်ချက်ချမိလိုက်သည်။
ချင်ရှန့် တခဏ တုန့်ဆိုင်းသွားပြီး မျက်လုံးထောင့်မှ ကျီဖေးအား စိုက်ကြည့်ကာ အတွေးထဲနစ်မျောသွားသည်။
တတိယဦးလေးသည် “တောင်းပန်ပါတယ်ကွာ၊ မင်းတို့ တတိယအဒေါ်က ငါတို့နဲ့အတူ လာမလို့ပေမဲ့…”
ထိုစဉ် တတိယဦးလေး၏ တည်ကြည်သော မျက်နှာထက်တွင် ရှားပါးလှသော နူးညံ့မှုနှင့်အတူ အနေရခက်မှုများ အစားထိုးလာခဲ့သည်။
"ပါးပါး၊ အာလုံးပဲ ကျွန်တော့်မှာ ပြောစရာသတင်းတစ်ခုရှိတယ်၊ ကျစ်ရွှမ် ကိုယ်ဝန်ရှိနေတာ သုံးလတောင်ရှိပြီ"
ဧည့်ခန်းတစ်ခန်းလုံး အံ့အားသင့်မှုများ လွှမ်းခြုံသွားပြီး မမွေးလာသေးသည့် ကလေးကို ကောင်းချီများပေးလာတော့သည်။
[ ဝိုးး! တတိယဦးလေးနဲ့ တတိယအဒေါ်က ငယ်တော့တာမဟုတ်ပေမဲ့ သူတို့မှာ နောက်ထပ်ကလေးတစ်ယောက်တောင် ရလာပြီ ... ]*
ကျီဖေးသည် ထိုအရာကိုတွေးမိသည်နှင့် သူမ မျက်လုံးများဘသည် ပါးပါးချင်နှင့်မားမားချင်ထံ စိုက်ရောက်သွားသည်။
ပါးပါးချင်နှင့် မားမားချင်တို့လည်း ချက်ခြင်းတောင့်တင်းသွားကြသည်။ ဟင့်အင်း... သူတို့ကတော့ ရမှာမဟုတ်ဘူးလေ၊ အခုဆို သူတို့က အသက်ငါးဆယ်တောင် ကျော်နေပြီ၊ အရမ်း အ သက်ကြီးလွန်းနေပြီ၊ ပြီးတော့ သူတို့က ချင်မိသားစုထဲမှာ ကလေးအများဆုံးရှိတဲ့ မိသားစုပဲ။
အခြား ညီအကိုမောင်နှမများလည်းရယ်မောလိုက်ကြသည်။
တတိယဦးလေးသည် "ကျိရွှမ်က သိပ်မကြာခင်ကမှ ကိုယ် ဝန်ရခဲ့တော့ ကလေးက သိပ်မတည်ငြိမ်သေးတာကို ကားမတော် တဆမှုပါဖြစ်ခဲ့သေးတယ်၊ အဲ့ဒါကြောင့် အခုချိန်အထိ ကျွန် တော်တို့ ဘယ်သူ့ကိုမှမပြောရဲသေးတာ၊ သူ အခုတော့ ပြန်ကောင်းလာပါပြီ၊ သူ့ ကိုယ်၀န်တောင် ပိုတည်ငြိမ်လာရင် ပါးတို့ဆီ ခေါ်လာခဲ့ပါ့မယ်"
ပါးပါးချင်နှင့် မားမားချင်သည် အလျင်စလိုလုပ်ရန်မလိုကြောင်း ပြောလိုက်ပြီး အဘိုးချင််နှင့်အဖွားလုတို့လည်း အလွန်ပျော်ရွှင်နေကြသည်။
"ကျိရွှမ်က အခုဆို ကိုယ်၀န်ရှိနေပြီ၊ အဲ့ဒါကြောင့် မင်းမိသားစုက သူ့ကိုပိုဂရုစိုက်ပြီး အချိန်ပိုပေးသင့်တယ်၊ ငါ့ မွေးနေ့ပွဲရောက်မှ သူ လာလည်းရတယ်" အဘိုးချင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဤကလေးသည် သူ့ဘ၀တွင် နောက်ဆုံးချီရမည့် ကလေးဖြစ်နိုင်သည်။
ချင်ဟန်သည် သူ့အဖိုးအလွန်ပျော်နေသည်ကို မြင်လိုက်ချိန် စိတ်အားထက်သန်စွာ "ဖိုးဖိုး သိမှာမဟုတ်ဘူး၊ ဒီမတော်တဆမှုကနေ မားကိုကယ်ခဲ့တာက မိန်းကလေးတစ်ယောက်ပဲ၊ သူ့ကြောင့်သာမဟုတ်ရင် ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ၊ သူက မားကိုရော၊ မမွေးလာသေးတဲ့ကလေးကိုပါ ကယ်ခဲ့တာ၊ မား ရော ကျွန်တော်ရောက သူ့အပေါ်အကြွေးတွေအများ ကြီးတင်နေတယ်လို့ ခံစားရတယ်၊ အဲ့ဒါကြောင့် ကျွန်တော့်တို့ သူ့ကို သမီးအဖြစ် မွေးစားဖို့စဉ်းစားနေတာ"
သူစကားဆုံးသည်နှင့် တစ်ခန်းလုံး အံ့အားသင့်မှုကြောင့် တိတ်ဆိတ်သွားသည်။
အဘိုးချင််လည်း ထိတ်လန့်သွားပြီး တတိယဦးလေးဘက်လှည့်ကာ "အင်း? ဟုတ်လား?"
တတိယဦးလေး၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး ချင်ဟန်အား မကျေမနပ် ကြည့်လိုက်သည်။ "ကျိရွှမ်ကို ကယ်တင်ခဲ့တာက တကယ့်ကို မိန်းကလေးတစ်ယောက်ပါ၊ သူက ကျားရှီရဲ့သူငယ်ချင်းလေ၊ သူကြီးပြင်းလာခဲ့တဲ့မိဘမဲ့ဂေဟာကို ကျိရွှမ်ရဲ့ပရဟိတအသင်းက ထောက်ပံပေးထားလို့ တစ်ခါတစ်လေ ကျွန်တော့်တို့အိမ်ကို လာလည်လေ့ရှိပါတယ်၊ သူက ကျိရွှမ်ကို ကျေးဇူးရှင်လိုပဲ သဘောထားတာ၊ အဲ့မ တော်တဆမှုဖြစ်တုန်းက သူမလည်းအတူရှိနေခဲ့တာနဲ့ ကျိရွှမ်ကို အပျက်အစီးတွေကြားကနေ သတ္တိရှိရှိဆွဲထုတ်ပေးခဲ့တာပဲ"
"ကြားရတာတော့ သူမက ရဲရင့်ပြီး ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ပဲနေမှာပါ" အဖွားလု ခပ်တိုးတိုးပြောလိုက်သည်။
တတိယဦးလေးသည် " အစက ကျွန်တော်တို့ရဲ့ ကျေးဇူးကိုဖော်ပြဖို့ လက်ဆောင်တစ်ခုလောက်ပေးဖို့ စီစဉ်ထားတာပါ..."
"ပါး ပိုက်ဆံပေးတာက သူမ စေသနာကို စော်ကားတာလို့ မားပြောထားတယ်လေ၊ သူက ကျွန်တော်တို့မိသားစုအပေါ် အရမ်းရိုးသားတယ်၊ ဘာလို့ မွေးစားသမီး မဖြစ်နိုင်ရတာလဲ? ကျွန် တော်က သူမကို ညီမလေးတစ်ယောက်လို သဘောထားတာ" ချင်ဟန် ချက်ချင်းငြင်းဆိုလိုက်သည်။
တတိယဦးလေးသည် “တော်လောက်ပြီ၊ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တယ်ဆိုတာက ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး၊ မင်းအဘိုးနဲ့...အင်း...ချင်ရှန့်တို့ ဒီကိစ္စကိုဆွေးနွေးလိမ့်မယ်”
တတိယဦးလေးသည် ထိုကိစ္စကို မဆုံးဖြတ်ချင်သည်မှာ သိသာလှသည်။ အခြားဆွေမျိုးသားများလည်း နှုတ်ဆိတ်နေပြီး လူငယ်များသည်လည်း မရေရာသော အကြည့်များဖလှယ်နေကြသည်။
[ဟမ်? ထူးဆန်းလိုက်တာ၊ တတိယဦးလေးက သဘောတူဖို့ ဘာလို့တွန့်ဆုတ်နေတာလဲ?]
ဒုတိယချင်မိသားစုလည်း တတိယဦးလေး၏တုံ့ဆိုင်းမှုကြောင့် အံ့သြသွားမိသည်။
တခဏအကြာ ကျီဖေးသည် ထိုအခြေအနေကို စစ်ဆေးပြီးသွားခဲ့သည်။
[အာ... ငါသိပြီ၊ ချင်မိသားစုရဲ့အမွေတွေကြောင့်ကို၊ ကလေးတစ်ယောက် မွေးစားတယ်ဆိုတာက သူမလည်း ချင်ကော်ပို ရေးရှင်းရဲ့ အမွေကိုရမယ်လို့ ဆိုလိုတာပဲ၊ ဟိုဖောက်ပြန်တဲ့ ခဲအိုတောင် ဒါကိုလုပ်ရဲမှာမဟုတ်ဘူး၊ ဒီကိစ္စက လူတိုင်းရဲ့အကျိုးစီးပွားကို ထိခိုက်စေနိုင်တယ်၊ မွေးစားသမီးတစ်ယောက်က ပိုင်ဆိုင်မှုတချို့ရသွားတာကို ဘယ်သူမှ စိတ်ထဲမထားပေမယ့် တတိယဦးလေးက သတိကြီးပြီး စည်းကမ်းရှိတဲ့သူမျိုးပဲ၊ ဒါကြောင့် သူက မိသားစုဝင်တွေကြားမှာ မမျှတတဲ့အခြေအနေကို မဖန်တီးချင်တာ]
[သူသာ ခြွင်းချက်အနေနဲ့ လုပ်လိုက်ရင် အခြားဆွေမျိုးတွေကိုလည်း ကလေး မွေးစားဖို့ ခွင့်ပြုလိုက်သလိုဖြစ်သွားပြီး ပရမ်းပတာဖြစ်လာနိုင်တယ်၊ အစက သူ့အကြံက ကောင်မ လေးကို ပိုက်ဆံပေးလိုက်ဖို့ပဲ၊ ကျိရွှမ်ကို ကယ်ခဲ့တဲ့အတွက် အလဲအလှယ်အနေနဲ့ သက်သောင့်သက်သာ ဘဝတစ်ခုကို ပြန်ပေးရုံနဲ့လုံလောက်တာပဲဆိုပြီး တွေးနေတာ၊ သူ့ကို ဘာလို့ မွေးစားဖို့လိုလဲဆိုတာ နားမလည်နိုင်ဘူး]
ချင်ဒုတိယမိသားစုသည် ထိုပြဿနာအား ဂရုမစိုက်သော် လည်း အခြားသူများလည်း ထိုသို့ဖြစ်မည်ဟု အာမမခံနိုင်သောကြောင့် ၎င်းတို့၏အတွေးအား ထုတ်ဖော်ပြောဆိုရန် ရွေးချယ်ခဲ့သည်။
ချင်ဟန်သည် သူ့ပါးမှာ အဘိုးချင်သာမက ချင်ရှန့်တို့၏ ဆုံး ဖြတ်ချက်ကို လက်ခံရန် စီစဉ်နေကြောင်းကြားသောအခါ အခြေအနေမဟန်မှန်းခံစားလိုက်မိသည်။
ထို့နောက် အဘိုးချင််သည် "ငါကအခု အသက်ကြီးနေပါပြီ၊ မင်း နောက်မှ ချင်ရှန့်နဲ့ဆွေးနွေးကြည့်ပေါ့"
ချင်ဒုတိယမိသားစုသည် ပြောစရာစကားပျောက်ရှသွားသည်။ အဘိုးချင်သည် ထိုတာ၀န်အား ခေါင်းရှောင်ပြီး ချင်ရှန့်ထံလွှဲချခဲ့သည်။
သို့သော် ချင်ရှန့်သည် မတုန်မလှုပ်နှင့် တည်ငြိမ်စွာသာရှိနေသည်။
ချင်ရှန့် စကားအား မေးခွန်းထုတ်ဝံ့သူသည် ထိုရူးနေသည့်ဝမ်းကွဲသာရှိပြီး အခြားသူများသည် သူ့ဆုံးဖြတ်ချက်အား ဝင်မစွက်ဖက်လိုပေ။
တတိယဦးလေးလည်း ချင်ရှန့်အား တစ်ချက်ကြည့်ပြီး သူနှင့်သီးသန့် ဆွေးနွေးလိုကြောင်း ဟန်အမူအရာပြလိုက်သည်။
ဤမိသားစုတွင် ချင်ဟန်သည် အဘိုးချင် နေရာကို ၀င်ယူပြီး အမည်ခံခေါင်းဆောင်ဟုသာ ထင်ရသော်လည်း စစ်မှန်သည့် အာဏာနှင့် ဆုံးဖြတ်ချက်များ ချနိုင်ခွင့်သည် ချင်ရှန့် လက်ထဲတွင် ရှိနေခြင်းဖြစ်သည်။
ချင်ဟန်သည် ညီမတစ်ယောက် မွေးစားရန် ဝမ်းကွဲဖြစ်သူ၏ ခွင့်ပြုချက်ကို လိုအပ်မည်ဟု မမျှော်လင့်ထားချေ။ သူသည် ထိုကိစ္စကို လက်မလျှော့ချင်သေးပဲ အပြုံးတစ်ခု အတင်းချိတ် ဆွဲကာ "အာ့ကောမှာ မွေးချင်းတွေအများကြီးရှိနေပြီပဲ၊ ကျွန် တော်တို့မိသားစုက နောက်တစ်ယောက် ထပ်ထည့်လည်း စိတ်မရှိဘူးမလား?"
[ဟမ်? ဒီကောင်ကြည့်ရတာ တကယ်ကို လက်မခံနိုင်တဲ့ပုံပဲ၊ အာ... သိပြီ၊ သူ့အဖေက ပါးပါးချင်လို ချင်မိသားစုကို အများ ကြီးပံ့ပိုးပေးထားတယ်လို့ ထင်နေတာပဲ၊ ဒါကြောင့်သူက ချင်ရှန့်နဲ့ အဆင့်အတန်းတူတဲ့လူလို့ ယုံကြည်နေတာ....]
ချင်ဒုတိယမိသားစုသည် ထိုအရာကို စိတ်ထဲမထားကြချေ။ ဤသို့ကြီးမားသည့် မိသားစုတစ်ခုတွင် ပုန်ကန်တတ်သည့်လူအနည်းငယ်ရှိခြင်းသည် သာမာန်ဖြစ်သည်။ ၎င်းတို့စည်းလုံးကြလျှင်ပင် မျိုးဆက်နှစ်ဆက်ထက် ကျော်လွန်မည်မဟုတ်ချေ။
သို့သော် ကျီဖေးသည် အနည်းငယ် စိတ်တိုသွားမိသည်။
[နင်က ဒီအသက်အရွယ်ရောက်နေတာတောင် မဟာဘွဲ့ပဲရသေးတာမလား ? နင့်အရွယ်တုန်းက ငါ့လောင်ကုန်းဆို ကုမ္ပဏီကိုတာဝန်ယူနေပြီ၊ နင် ဘယ်က ယုံကြည်မှုတွေရပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလဲ ?]
ချင်ဒုတိယမိသားစု- အွန်း~ ဒါပေါ့၊ မင်း လောင်ကုန်းကသာ အကောင်းဆုံးပဲ
ချင်ရှန့်၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားရသည်။
ချင်ဟန်သည် ချင်ရှန့်အမူအရာ ရုတ်တရက်ပျော့ပျောင်းသွားသည်ကို မြင်သောအခါ ထိုကိစ္စအားဖြေရှင်းရန် ပိုလွယ်ကူမည်ဟု ထင်သွားသည်။
"ယုရှင်းက တကယ့်ကို အံ့သြစရာကောင်းတဲ့ မိန်းကလေးပဲ၊ သူက ချင်မိသားစုရဲ့သမီးဖြစ်ဖို့ ထိုက်တန်တယ်"
[သူ အရမ်းစိတ်အားထက်သန်နေတာပဲ၊ ဒီညီမလေးကို သူတကယ် အဲ့လောက်တောင် သဘောကျတာလား? ချင်ကျားရှီတောင်မှ သူ့အတွက် သူစိမ်းလိုဖြစ်နေတာ၊ အခုပဲကြည့် သူမက လူငယ်တွေထဲမှာ စကားတစ်ခွန်းမှ မပြောသေးတဲ့သူပဲ၊ တခြားလူတိုင်းက တက်ကြွနေကြပေမယ့် ချင်မိသားစုရဲ့သမီးက ဘာလို့အရမ်းသီးသန့်ဆန်နေတာလဲ? ယုရှင်းဆိုတဲ့မိန်းက လေးက သူ့ဆီ မကြာမကြာလာလည်တဲ့ သူငယ်ချင်း မဟုတ်ဘူးလား? သူကသာ အတက်ကြွဆုံးထောက်ခံသူဖြစ်သင့်တာလေ၊ ဒါ တကယ်ထူးဆန်းတယ်၊ ငါ ထပ်ကြည့်ရမယ်]
အမှန်ပင်၊ ဒုတိယချင်မိသားစုလည်း တတိယဦးလေးသား သမီးများ၏ တုံ့ပြန်မှုများမှာ ထူးဆန်းနေသည်ကိုတွေ့လိုက်သည်။
ချင်ရှန့်သည် ကျီဖေး စုံစမ်းစစ်ဆေးနိုင်ရန် အချိန်ပေးကာ မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
"လူသစ်ကို မိသားစုထဲထည့်ဖို့က မင်းတို့ တစ်မိသားစုလုံး တညီတညွတ်တည်း သဘောတူထားတဲ့ကိစ္စလား ?"