အခန်း (၃၃၀)
Vol. 33 Ch. 330
ချင်ဒုတိယမိသားစု- !!!!!မင်းရဲ့ အသက်ကယ်ခဲ့တဲ့ ကျေးဇူးဆိုတာကလည်း လုပ်ကြံဖန်တီးထားတာပေါ့? သူတို့က ချင်မိသားစုနဲ့ လာကစားနေတာလား ?
ချင်တတိယမိသားစုက ဇနီးနဲ့သားက ရူးသွားပြီလား?
ချင်ရှန့်လည်း ရုတ်တရက် ငြိမ်ကျသွားကာ အေးစက်စွာ လှောင်ရယ်လိုက်သည်။ တတိယအဒေါ်ချင်နှင့် ချင်ဟန် ရူးသွားသည်ဖြစ်စေ၊ မရူးသည်ဖြစ်စေ၊ သူတို့နှစ်ဦးနှင့် ယုရှင်း၏ ဆက်ဆံရေးကို သေချာစုံစမ်းရန်လိုအပ်သည်။
ဤကမ္ဘာတွင် အသိဥာဏ်မရှိသည့် ငတုံးမရှိချေ။
အနည်းဆုံးတော့ သူ ထို"အသက်ကယ်ခြင်းကျေးဇူး"ဆိုသည့် အရာကိုရှာပြီး တတိယဦးလေးချင်အား ပြဖို့လိုသည်။ ၎င်းနှင့်အနီးဆုံးတွင်ရှိသည့်သူများသည် ၎င်းအပေါ် မည်သို့ အကြံအ စည်များ ကြံနေကြသည်ဆိုတာ ၎င်းသိအောင်လုပ်ရမည်။
ကျီဖေးသည် ချင်ဟန်မှတဆင့် အမှန်တရားကိုသိလိုက်ရသောကြောင့် ဒေါသ ထွက်သွားသည်။
[သူတို့က အပြင်လူတစ်ယောက်အတွက် တတိယဦးလေးချင်ကိုတောင် လှည့်စားပြီး သွေးသားတော်စပ်ဖြစ်တဲ့ ချင်ကျားရှီအပေါ်မှာတောင် ရက်စက်နိုင်တယ်၊ ပြီးတော့ ချင်ဟန်.... သူက အောက်ပိုင်းက အရသာကိုပဲ ခံစားတက်တဲ့ တိရစ္ဆာန်ကောင်ဆိုတော့ အံ့သြစရာမဟုတ်တော့ပါဘူး၊ ဒါပေမယ့် တတိယအန်တီချင်... သူက ဘယ်လိုလူစားမျိုးမို့ ဒီလိုမျိုး လုပ်ရတာလဲ၊ ငါသူနဲ့တွေ့နိုင်ဖို့ တကယ်ကို မျှော်လင့်နေပြီ၊ ချင်ရှန့်ရဲ့ ကိစ္စက သူနဲ့ မဆိုင်လို့ တော်သေးတယ်မှတ်၊ မဟုတ်လို့ကတော့ ... ဟမ့်!၊ ကျေးဇူးတင်စရာကောင်းတာက တတိယဦးလေးချင်က စဥ်းစားနိုင်စွမ်းရှိသေးတယ်၊ မဟုတ်ရင် ချင်ကျားရှီတော့ တကယ်ဒုက္ခရောက်တော့မှာ]
ထုံးစံအတိုင်း ကျီဖေး၏စိတ်အတွင်းမှ အသံအား နားထောင်နေသည့် ချင်ရှန့်သည် ရုတ်တရက် အေးခဲသွားသည်။
အနီးနားတွင် ရပ်နေသည့် ချင်ဒုတိယမိသားစုသည်လည်း ချက်ချင်းပင်တောင့်တင်းသွားသည်။ သူတို့ ခိုးကြည့်လိုက်ချိန် ချင်ရှန့်သည် ကျီဖေးအား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ချင်ရှန့်၏အကြည့်သည် တစ်စုံတစ်ရာအား အတည်ပြုနေသကဲ့သို့ နက်ရှိုင်းနေသည်။
သူ သူမလက်အား လှမ်းကိုင်လိုက်သည်။
သူ့ မျက်လုံးထောင့်တွင် အပြုံးတစ်ပွင့်ကြောင့်တွန့်ကွေးနေ သည်။
ထိုအရာအားမြင်လိုက်သည့် ချင်ဒုတိယမိသားစု၀င်များသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
တတိယဦးလေးချင်၏ဆုံးဖြတ်ချက်ကြောင့် မွေးစားခြင်းကိစ္စမှာ မဖြေရှင်းနိုင်သော်လည်း မိသားစုဆုံဆည်းမှုအငွေ့အသက်ကိုတော့ ပျက်ပြားသွားစေခဲ့သည်။ ချင်ဟန်သည် ဆိုဖာပေါ်တွင် လှဲနေလျက် ဖုန်းဖြင့်အလုပ်ရှုပ်နေသည်။ သူသည် တစ်စုံ တစ်ဦးအား ဆက်သွယ်နေပုံရကာ သူ မျက်နှာသည် ရှုံ့မဲ့နေသော်လည်း မည်သူမျှ သူ့အားဂရုမစိုက်ပေ။
“စတုတ္ထဦးလေးရဲ့မိသားစုနဲ့ မိတ်ဆက်မပေးရသေးဘူးပဲ”
အကြီးဆုံးအဒေါ်သည် အဆင်မပြေသောကြောင့် စကားလမ်း ကြောင်း ပြောင်းလိုက်သည်။
ချင်ရှန့် ကျီဖေးအား ၎င်းတို့နှင့် မိတ်ဆက်ပေးလိုက်သည်။
စတုထ္ထဦးလေး၏မိသားစုဝင် သုံးယောက်သည် အစောပိုင်းမှ ဒရာမာသည် ၎င်းတိုါအား လုံး၀သက်ရောက်မှု မရှိပုံပေါ်ကာ ပျော်ရွှင်စွာ စကားစမြည်ပြောလာကြသည်။
ကျီဖေး စိတ်ထဲတွင် မရယ်မောဘဲမနေနိုင်တော့ချေ။- [သူတို့ သုံးယောက်လုံးက တကယ်ကို ဂရုမစိုက်တာပဲ၊ စောစောက တော့ ဒရာမာထဲမှာ လုံးလုံးစျာန်ဝင်နေကြပြီးတော့...၊ သူတိုကတော့ စိတ်ချလို့ရတယ်လို့ ငါ အာမခံတယ်၊... ဟားဟား သူတို့က တကယ်အဆင်ပြေတာပဲ]
ချင်ရှန့် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ကျီဖေး၏နူးညံ့သောလက်ဖ မိုးအား သူ့လက်ချောင်းများဖြင့် ညင်သာစွာပွတ်သပ်လိုရ်သည်။
မင်းလေးက ကြိုးကြိုးစားစားလုပ်နေတာပဲ ဟမ် ဇနီးလေး ~
သူသိခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုမျ၊ ပျောက်ဆုံးနေသည့် အမှတ်တရများနှင့် သူ့ကလေးဘဝတွင် စိတ်ဒဏ်ရာတစ်ခုရှိခဲ့သလို သူနာကျင်ခဲ့သည့် အရာအားလုံး၏ဇာတ်မြစ်ကိုအဖြေထုတ်ရန်မခက်သော်လည်း သူ အရေးမကြီးဟုထင်သဖြင့် မစုံစမ်းခဲ့ခြင်းပင်။ သို့သော် သူ့စိတ်ရောဂါဆရာဝန်ကမူ ၎င်းသည် ပုံမှန်မဟုတ်ကြောင်းနှင့် မသိစိတ်မှမျိုသိပ်ထားခြင်း ဖြစ်နိုင်သည်ဟု သူ့အား သံသယရှိခဲ့သည်။
သို့သော် သူအမှန်ပင် ဖော်ထုတ်ချင်စိတ်မရှိပေ။ ယခုတော့ သူ့မိန်းမသည် သူ့အား စိတ်ပူနေပုံပင်။ သူမှတ်မိဖို့ ပိုကြိုးစားသင့်လား ?
သို့သော်… သူမှတ်မိရန် ကြိုးစားတိုင်း အတားအဆီးတစ်ခုရှိနေသလို ခံစားရသည်…
ကျီဖေးသည် စတုတ္ထဦးလေးမိသားစုအား အကဲဖြတ်ပြီးနောက် တွင် ထပ်မံမိတ်ဆက်ပေးစရာ ဆွေမျိုးများမရှိတော့ချေ။ သူမသည် လူတိုင်းအား တန်းတူဆက်ဆံလေ့ရှိသူဖြစ်သောကြောင့် စတုတ္ထဦးလေးမိသားစုအကြောင်း အတင်းအဖျင်းပြောရန် ဆုံးဖြတ်လိုက်သည်။
[စတုတ္ထအဒေါ်က လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကွယ်လွန်သွားတယ်၊ အဲဒါကြောင့် စတုတ္ထဦးလေးက သူ့ဘ၀ကို အလုပ်နဲ့ သားသမီးနှစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာပဲ အား စိုက်ထုတ်ထားတာ၊ ပြောင်းပြန်ပဲကြည့်ပါဦး... တစ်ချို့တွေများ အဖေရော၊အမေရော နှစ်ယောက်စလုံးရှိပေမဲ့ စတုတ္ထဦးလေးလိုမျိုး ကလေးတွေလို ကောင်းကောင်းမပျိုးထောင်နိုင်ဘူး၊ သူက တကယ် တတိယဦးလေးနဲ့မတူဘူး... တတိယဦးလေးက စီးပွားရေးမှာထက်မြက်တော့ ချင်ရှန့် ပြီးရင် ဒုတိယလို့တောင် ပြောလို့ရပေမယ့် တော်တော်လေးလိုသေး တာပဲ]
ချင်ဒုတိယမိသားစုလည်း အတွေးတူသည်။ စတုတ္ထဦးလေးမိသားစုရှိအမွှာကလေးနှစ်ယောက်သည် ကောင်းမွန်လှသော ယဉ်ကျေးမှုနှင့်အတူ အမြဲတောက်ပသည့် အပြုံးလေးများရှိပြီး အတော်လေးထူးချွန်ကြသည်။
ချင်ရှန့်သည်လည်း အမွှာများနှင့် ရင်းနှီးပြီး ၎င်းတို့နှင့်ပင် အလုပ်အတူတူလုပ်ဖူးသည်။ ၎င်းတို့သည် စီးပွားရေးအား စိတ်အားထက်သန်စွာ သင်ယူခဲ့ပြီး အနာဂတ်အတွက် ပြုစုပျိုးထောင်ဖို့ထိုက်တန်သည်။
[ဟားဟား သူတို့ရဲ့ အချစ်ရေးကတော့ အရမ်းရယ်စရာ ကောင်းတာပဲ၊ ဒါပေမဲ့ စတုတ္ထဦးလေးကတော့ သူ့ကလေးတွေ ပျော်နေသရွေ့ ကိစ္စမရှိဘူးလို့ထင်တာ]
ချင်ဒုတိယမိသားစုသည် ထိုအရာရိုကြားသည်နှင့် ချက်ခြင်း သိချင်စိတ် ပြင်းပြလာသည်။ ဘယ်လိုအချစ်မျိုးမို့ ဒီလောက် ရယ်ရနေတာလဲ။
သို့သော်လည်း ကျီဖေးသည် သူ့ စိတ်ထဲရှိ အရာအားလုံးအား မမျှဝေခဲ့သဖြင့် ချင်ဒုတိယမိသားစုလည်း ၎င်းတို့၏ သိချင်စိတ်အား မထိန်းနိုင်တော့ပဲ တိုက်ရိုက်မေးမြန်းလိုက်ကြသည်။
"မင်းတို့နှစ်ယောက် ဒီနှစ်သစ်မှာ နှစ်ဆယ့်ခုနှစ်နှစ်ပြည့်တော့မှာမဟုတ်လား? ချစ်သူ မရှိကြသေးဘူးလား” ချင်မားမား အပြုံးလေးဖြင့် မေးလိုက်သည်။
အမွှာများလည်း ချက်ချင်းပင်ရှက်သွားကြသည်။ အဖွားလုနှင့် အကြီးဆုံးအဒေါ်တို့သည်လည်း ဇာတ်လမ်းအချို့ရှိမည်ကို မှန်းဆမိသဖြင့် အဘိုးချင်၏ မွေးနေ့ပွဲသြို ၎င်းတို့၏ချစ်သူအား ခေါ်လာချင်လားဟု မေးလိုက်သည်။
လူတိုင်း အံ့သြဖို့မိသည်မှာ အမြွှာနှစ်ယောက်သည် တစ်ချိန်တည်းမှာ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြလိုက်သည်။
ချင်ရှောင်ယွီက "သမီး အစ်ကိုရဲ့ရည်းစားက အွန်လိုင်းပေါ်ကလေ၊ သူတို့ လူချင်း တစ်ခါမှမတွေ့ဖူးသေးဘူး!"
ချင်ကျင်းသည်လည်း ငြိမ်မခံပဲ"ညီမလေးရဲ့ ချစ်သူက Gamer လေ၊ သူ အဲ့ကောင်လေးကိုလိုက်ဖို့ ပိုက်ဆံတွေ အကုန်သုံးပစ်နေတာ!"
၎င်းတို့ ချက်ချင်း ငြင်းခုံကြတော့သည်။
ချင်ကျင်း- "ငါတို့ ဖုန်းနဲ့ဗီဒီယိုကောပြောပြီးပြီ၊ လူချင်းမတွေ့ဖူးတာလေးပဲရှိတာ!"
ချင်ရှောင်ယွီ- "ငါတို့က esports အိပ်မက်နောက်ကို အတူလိုက်နေတာ၊ ပြီးတော့ ငါ သူတို့အဖွဲ့ကို ရင်းနှီးမြုပ်နှံလို့ငွေတောင်ပြန်ရပြီးပြီ!"
သူတို့၏ငြင်းခုန်မှုကြောင့် လူတိုင်းရယ်ချင်သွားကြသည်။
တတိယဦးလေးချင်သည် အမြွှာနှစ်ယောက်အား တိတ်တ ဆိတ် စောင့်ကြည့်ပြီး သူ့ကလေးများနှင့် နှိုင်းယှဥ်မိသွားသည်။ သူ့ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် အသက်အရွယ်ကွာခြားသော်လည်း သူ့သားသည် သူ့ညီမအား သည်းမခံပေ။ တစ်ခုခုမှားနေသည်မှာ ထင်ရှားသည်။
ကျီဖေးလည်း စိတ်ထဲ မတွေးဘဲမနေနိုင်တော့ချေ။
[အွန်လိုင်းကနေ ချိန်းတွေ့တာလား ? သူတို့နှစ်ယောက် တရား ဝင်စုံတွဲတွေဆိုပေမယ့် လူချင်းမဆုံဖြစ်ကြဘူးလား? သူ အလိမ်ခံရမှာပဲ AI ကနေ မျက်နှာပြောင်းထားမှာ မစိုးရိမ်ဘူးလား ? ဒါပေမယ့် သူ သူ့ကောင်မလေးနဲ့တွေ့ပြီး ချင်အဖိုးရဲ့ ကိုးဆယ်ပြည့်မွေးနေ့ကို လာဖို့စီစဉ်နေတာဆိုတော့ သူတို့အွန်လိုင်းအချစ်ဇာတ်လမ်းက လေထဲကတိုက်အိမ်မဟုတ်ဖို့ပဲ မျှော်လင့်ပါတယ်]
[အငယ်မကတော့ အဲ့ကောင်လေးရဲ့ ရုပ်ရည်နဲ့ အရည်အချင်းတွေကြောင့် ESports ကစားသမားတစ်ယောက်နဲ့ တိတ်တိတ်လေး တွဲနေပြီး သူ့ကို ပိုက်ဆံတွေ ရှယ်အမ်းနေတာပဲ၊ ဒါကချမ်းသားတဲ့ အမွေဆက်ခံသူနဲ့ သူ့ရဲ့ esports စတားတို့ အချစ်ဇာတ်လမ်းနဲ့တူတယ်၊ သူက သူကို မွေးနေ့ပွဲကိုဖိတ်ဖို့လည်း စီစဉ်ထားတဲ့ပုံပဲ]
စတုထ္ထဦးလေးမိသားစုကြောင့် ညစာစားချိန်အထိ လေထုသည် တက်ကြွနေခဲ့သည်။ အားလုံးလည်း အတူတူစားသောက် ကြပြီး ခဏတာစကားစမြည်ပြောကြကာ ဤညအတွက်အနား ယူရန်အချိန်ကျပြီဖြစ်သည်။
ချင်ရှန့်၏မိသားစုနှင့် စတုတ္ထဦးလေးမိသားစုတို့သည် အဓိကအိမ်တော်တွင် နေကြမည်ဖြစ်သည်။
အကြီးဆုံးအဒေါ်နှင့် သူ့ခင်ပွန်းလည်း ထိုတွင်သာနေခဲ့ပြီး အိမ်သို့ ပြန်ရန် ကြောက်ရွံ့ပုံပေါ်သည့် ချင်ရီလည်း နေရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် အကြီးဆုံးဝမ်းကွဲနှင့် သူမ၏မိသားစုသည် ၎င်းတို့ကိုယ်ပိုင် နေထိုင်ရာသို့ ပြန်သွားကြကာ တတိယဦးလေးချင်မိသားစုလည်း ၎င်းတို့၏အိမ်သို့ ပြန်သွားခဲ့ကြသည်။
သို့သော် မထင်မှတ်သော လူနှစ်ယောက်သည် ဤနေရာတွင်သာနေခဲ့ကြသည်။
တစ်ယောက်သည် ချင်ရှီနှင့် သူငယ်ချင်းကောင်းဖြစ်လာသော ရန်ဝေဝေဖြစ်ကာ သူမသည် သူနှင့်ဆော့ချင်သောကြောင့်သည်။ ဝမ်းကွဲအကြီးဆုံးသည် ရန်ဝေဝေအား စိတ်ချလက်ချထားခဲ့ကာ ကလေးနှစ်ယောက်သည် ခြံထဲတွင် ဆက်ကစားကြသည်။
ကျန်တစ်ယောက်သည် ချင်ကျားရှီဖြစ်သည်။ ချင်ရုန်သည် သူတစ်ယောက်တည်း အိပ်ရမှာကြောက်သည်ဟုဆိုကာ သူမနှင့် အတူတူနေရန် တောင်းဆိုခဲ့သည်။
ချင်ရန်သည် သူ့သားနှင့် အတူနေသောကြောင့် ချင်ရုန်သည် သူ့ကျဲ သို့မဟုတ် အာ့စောင်တို့၏ ကိုယ်ပိုင်ဘ၀လေးကိုမနှောင့် ယှက်ချင်ပေ။ ချင်ကျားရှီသာ ပြန်သွားလျှင် ၎င်းနှိပ်စက်ခံရမည်ကို စိုးရိမ်သောကြောင့် ဆက်နေရန်ဆွဲခေါ်ထားခဲ့သည်။
တတိယဦးလေးချင်ဘာမှမပြောခင် ချင်ဟန်သည် ပထမဆုံး ကန့်ကွက်လာခဲ့သည်။ ချင်ဒုတိယမိသားစုသည် သူ့မျက်နှာအားမြင်လိုက်သည်နှင့် အကောင်းဖြင့် ပြောခြင်းမဟုတ်မှန်းသိသည်။ ဖြစ်နိုင်သည်မှာ သူအိမ်ပြန်ရောက်သည်နှင့် ချင်ကျားရှီပေါ် ဒေါသပုံချဖို့ပြင်နေတာဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့လည်း သူမကို လုံးဝပြန်ခွင့်မပြုနိုင်ချေ။
ကျေးဇူးတင်ရမည်မှာ တတိယဦးလေးချင်သည် မကန့်ကွက်ဘဲ ချင်ကျားရှီအားနေခဲ့ခိုင်းသည်။
အမှန်တော့ချင်ကျားရှီသည် အဆိုးဆုံးအတွက် သူမကိုယ်သယမ ပြင်ဆင်ထားပြီးသားပင်။ မွေးစားမည့်ကိစ္စသည် သူမကြောင့် မျှော်လင့်ထားသလိုဖြစ်မလာသဖြင့် သူ့ ကံကြမ္မာကို လက်ခံထားပြီးဖြစ်သည်။ ဤကဲ့သို့အခြေအနေမျိုးဖြစ်လာမည်ဟု မမျှော်လင့်ထားသောကြောင့် လုံးဝအံ့သြသွားခဲ့သည်။
သူ့ အဖေနှင့်အစ်ကို ထွက်သွားချိန်တွင် ဧည့်ခန်းထဲ၌ သူမနှင့် စကားစမြည်ပြောပြီးရန် အသင့်စောင့်နေသော သူမနှင့်ရွယ်တူ လူငယ်များအားတွေ့လိုက်ရသည်။ သူ စကားများများမပြောသော်လည်း သူ့အား မည်သူကမျှ ဖိအားမပေးချေ။ ဤကဲ့သို့ သဘာဝကျကာ သဟဇာတရှိသော လေထုသည် သူ နှစ်ပေါင်းများစွာမခံစားခဲ့ဖူးသောအရာဖြစ်သည်။
ထိုညတွင် လူတိုင်းသည် စိတ်အားထက်သန်စွာဖြင့် အတင်းအ ဖျင်းကြောင့် ကျေနပ်နေကြသည်။ အဆုံးတွင် ချင်ရှန့်သည် ကျီဖေးအား အနားယူရန်အခန်းသို့ပြန်ခေါ်သွားသည်။
ရုတ်တရက် ကျီဖေးသည် ထရန်ကြိုးစားနေသလို သူ့ရင်ခွင်ထဲတွင်လှုပ်ရှားလာသည်။
"ဘာဖြစ်လို့လဲ၊ နေလို့ မကောင်းဘူးလား?" ချင်ရှန့်သည် သူမအား လှဲရန် ကူညီပေးလိုက်သည်။
ကျီဖေး မျက်မှောင်ကြုတ်ပြီး “ဘယ် နေရာလဲ….ကျွန်မတို့ ဘယ်မှာ အိပ်နေတာလဲ?”
ချင်ရှန့် ရပ်တန့်သွားသည်။ "အဆောက်အဦးသစ်မှာ"
ကျီဖေးမျက်လုံးများမှာ မှိတ်ထားဆဲဖြစ်ကာ အတွေးနက်နေသကဲ့သို့ သူမ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ ခဏအကြာတွင် သူမ စိတ်လျှော့လိုက်ပြီး "ဒါဆို ရှင်လည်း ဒီမှာ ပထမဆုံးအကြိမ်နေဖူးတာလား ?"
ချင်ရှန့် တုံ့ဆိုင်းသွားပြီး သူ့မျက်လုံးများ ပျော့ပြောင်းသွားကာ "ဟုတ်တယ် ဒါ ကိုယ် ပထမဆုံးအကြိမ် နေဖူးတာ"
၎င်းတို့သည် ပင်မအိမ်တွင် မဟုတ်ဘဲ အိမ်ရာထဲရှိ အသစ်ဆောက်ထားသောခေတ်မီဗီလာတွင် နေထိုင်ကြသည်။
အမှန်တွင် သခင်ကြီးနှင့်အဖွားလုသာလျှင် ဤနေရာတွင် အမြဲနေထိုင်သောကြောင့် နောက်ထပ်အဆောက်အဦများ မလိုအပ်ချေ။ သို့သော် သူတို့သည် တစ်နေ့နေ့တွင် ချင်ရှန့်လာရောက်လည်ပတ်ခဲ့ပါက သူငယ်စဥ်အခါကနေခဲ့သည့် အိမ်ဟောင်းအားရှောင်ရှားနိုင်ရန်၊ သူ စိတ်မသက်မသာ မဖြစ်စေရန် ၎င်းတို့သည် ဤဗီလာအားတည်ဆောက်ရန် အခိုင်အမာဆုံးဖြတ်ခဲ့ကြခြင်းပင်။
ချင်ရှန့် အပြင်တွင် ဘာမှမပြောသော်ငြား သူ့ရင်ထဲတွင်တော့ နက်နက်ရှိုင်းရှိုင်းလှုပ်ရှားသွားသည်။ ကျီဖေး မူးနေချိန်ပင် သူ့အကြောင်း တွေးနေခြင်းသည် သူ့နှလုံးသားအားလှုပ်ရှားစေသည်။
သူ ကျီဖေးအား နမ်းရန် ခေါင်းငုံလိုက်ချိန်တွင် သူမ ရုတ်တ ရက် ခေါင်းမော့လာသဖြင့် ချင်ရှန့်နှင့် နဖူးချင်းမတော်တဆ ဆောင့်မိသွားသည်။
ချင်ရှန့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ကျီဖေးနဖူးအား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူမ၏ညည်း တွားသံအား ကြားရသည်။
"ဟမ်းးးး..ကျွန်မ ရေချိုးရမယ်... လောင်ကုန်း~ ကျွန်မ မလှုပ်နိုင်တော့ဘူး၊ ရေချိုးပေး ~"
ချင်ရှန့်: !