အခန်း (၃၃၁)
Vol. 34 Ch. 331
၎င်းတို့နှစ်ယောက်၏ဆက်ဆံရေးသည် သိသာထင်ရှားစွာ တိုးတက်မှုရှိခဲ့သော်ငြား ရေချိုးပေးရသည်ထိ ရင်းနှီးမှုမမြင့်မားသေးချေ။ အထူးသဖြင့် ကျီဖေး သတိရှိမနေသည့်အတွက် မသင့်တော်ဘူးဟု ချင်ရှန့် ခံစားမိသည်။ ထို့ကြောင့် ချင်ရှန့်သည် အကူအညီတောင်းရန် သူ့ညီမများအား ဖုန်းဖြင့်ဆက်သွယ်လိုက်သည်။
ချင်ရှန့်နှင့် ကျီဖေးတို့ မပါဝင်သည့် မိသားစုဂရုချက်တွင် ညီအစ်မနှစ်ဦးသည် ၎င်းတို့၏စိတ်ပျက်မှုအား ရင်ဖွင့်ခဲါကြသည်။- "အမလေး၊ ယုံတောင်မယုံနိုင်ဘူး၊ ချင်ရှန့်က သူ့မိန်းမကို ရေချိုးပေးဖို့ သမီးတို့ကိုလာကူခိုင်းသတဲ့။"
ပါးပါးချင်- "သနားစရာလေး!"
မားမားချင်: "ဒီလိုသားမျိုးကို ငါ ဘယ်လိုများပျိုးထောင်ခဲ့မိပါလိမ့်!"
ချင်ကျောက် - "ကျီဖေးက ချင်ရှန့်ကို တမင် အခွင့်အရေးပေးတာကော မဖြစ်နိုင်ဘူးလား။ နင်တို့ မသွားတာ ပိုကောင်းမယ်နော်။"
ထို့ကြောင့် ညီအစ်မနှစ်ယောက်သည် မက်ဆေ့ချ်များအားမမြင်ချင်ယောင်ဆောင်ကာ လုံးဝပြန်မဖြေခဲ့ပေ။
အချိန်အတော်ကြာအောင် စောင့်ပြီးနောက် မည့်သည့်တုံ့ပြန်မှုမှ မရခဲ့သည့်အတွက် ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ကျီဖေးသည် စိတ်တိုလာသည်။ တစ်နေ့တာ အပျော်ရှာပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် စေးကပ်ကာ မသက်မသာခံစားလာရသည်။ သူမအား ကူညီမည့်သူ မရှိသဖြင့် သူမကိုယ်တိုင် အဝတ်အစားချွတ်ရန် ဆုံးဖြတ်ခဲ့သည်။
ချင်ရှန့်သည် အခြားသူများအား မဆက်သွယ်တော့ပဲ ဒီညတော့ ကျီဖေးအားရေပတ်တိုက်ပေးရန်ဆုံးဖြတ်ကာ သူလှည့်ကြည့်ချိန်တွင်အေးခဲသွားသည်။
လရောင်သည် ပြတင်းပေါက်မှတဆင့် ဖြာကျနေကာ နူးညံသောကုတင်ပေါ်ရှိ ကျီဖေး၏ နူးညံ့သိမ်မွေ့သည့် အသားအ ရည်အားတောက်ပသွားစေသည်။ သူမ၏လှပကာ အဝတ်အ စားကင်းမဲ့နေသောခန္ဓာကိုယ်သည် ထထိုင်ရန်ကြိုးစားနေခဲ့သည်။
ချင်ရှန်း ဦးနှောက်သည် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားကာ မည်သည်နေရာအား ကြည့်ရမည်မသိဖြစ်သွားသော် လည်း ကျီဖေး ဟန်ချက်ပျက်ကာလဲကျသွားတော့မည်ကို မြင်လိုက်သည်နှင့် ထိတ်လန့်တကြား ရှေ့ကိုပြေးပြီး သူမအား သူ့လက်နှစ်ဖက်ဖြင့် ဖမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ချင်ရှန်းသည် ရုတ်တရက် သူနှာခေါင်းမှ ပူနွေးလာသည်အား ခံစားလိုက်ရသည်။ သူထပ်မတွေးနိုင်ခင်မှာ ကျီဖေးသည် သူ့ရင်ခွင်ထဲမှာ ရုန်းကန်ရင်း "ရေချိုးမယ်၊ ရေချိုးမယ်လို့၊ နေရတာ အဆင်မပြေဘူးလို့!"
ချင်ရှန့် ကြောင်သွားကာ သူ့တစ်ကိုယ်လုံး ပူထူလာသည်အား ခံစားရသည်။ သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားပြီး သူမအား ရေချိုးခန်းထဲသယ်သွားလိုက်သည်။
သို့သော် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်နှင့် မှန်ထဲတွင် ရှုပ်ပွနေသော သူ့ကိုယ်သူ မြင်လိုက်ရသည်။
သူ့မျက်နှာမှာ နီမြန်းနေပြီး သူ့အား တုန်လှုပ်သွားစေသည်မှာ သူနှာခေါင်းသွေးလျှံနေခြင်းဖြစ်သည်။ သူ့မိန်းမကိုတွေ့တာနဲ့ သူ့ခန္ဓာကိုယ်က တုံ့ပြန်တော့တာပဲ။
ပိုဆိုးသွားသည်မှာ သူ့ရင်ခွင်ထဲရှိ ကျီဖေသည် ရေချိုးနေစဉ် လုံးဝမငြိမ်ကာ သည်းမခံနိုင်လောက်အောင် ကျီစယ်နေခဲ့သည်။
အဆုံးတွင် လူသားတစ်ဦးသာဖြစ်သည် ချင်ရှန်းသည် မခံနိုင်တော့ပေ။ အေးမြသော ရေချိုးခန်းနံရံတွင် သူမအား ဖိကာ နက်နက်ရှိုင်းရှိုင်း နမ်းလိုက်သည်။
ကျီဖေး အိပ်ရာထချိန်တွင် မွန်းတည့်နေပြီဖြစ်သည်။ သူမအရက်နာကျပြီး ခေါင်းကိုက်ခြင်းမှာ ပြင်းထန်သော်လည်း သူမ ခန္ဓာကိုယ်သည် သန့်ရှင်းပြီးသက်တောင့်သက်သာရှိနေသည်။ သူမထချိန်တွင် ချင်ရှန်းရှိမနေသည်အား သတိပြုမိလိုက်သည်။ သူ့ဖုန်းအား စစ်ကြည့်လိုက်ရာ သူ့ဆီမှ မက်ဆေ့ချ်တစ်စောင်အားတွေ့လိုက်သည်။ သူ့အဖိုးမှ သူ့အားစကားပြောဖို့ ခေါ်သွားကြောင်းနှင့် အိပ်ရာနိုးသည်နှင့် သူ့အားဆက်သွယ်ရန်နှင့် သူ သူ့မအားလာခေါ်မည်ဟု ပြောထားသည်။
ကျီဖေး ရယ်လိုက်သည်၊ သူက လာကြိုမှသွားတတ်တဲ့ကလေးလား ?
သူမ မတ်တပ်ရပ်လိုက်သည်နှင့် သူမ၏ ပိုးသားညဝတ်ဂါဝန်သည် ချောမွေ့စွာကျသွားသည်။ ခဏလောက် ကျီဖေး သူမတစ်ခုခု မေ့နေသလိုခံစားလိုက်ရသည်။ လန်းဆန်းစေရန် ရေချိုးခန်းသို့ သွားပြီး သွားပွတ်တံအား ပါးစပ်ထဲထည့်ကာ လှည့်ပတ်ကြည့်လိုက်ချိန်တွင် ဘေးခန်းရှိ ရေချိုးခန်းအားတွေ့လိုက်ရသည်။ ရုတ်တရတ်ပင် မနေ့ညမှ အမှတ်တရများပြန်ပေါ်လာတော့သည်။
ချက်ချင်းဆိုသလို ကျီဖေး တစ်ကိုယ်လုံး ရှက်ရွှံခြင်းကြောင့် လောင်ကျွမ်းသွားသလိုခံစားလိုက်ရသည်။
မနေ့ညက သူတို့ အဲမှာ…..အဲ့ဒီအထဲမှာ…
ပြင်းပြသောအနမ်းသည် အဓိကအချက်မဟုတ်ပေ။ အရေး ကြီးသည်မှာ ချင်ရှန့်သည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူတုန့်ပြန်မှုအားဖြေရှင်းရင်း သူမအား နမ်းခဲ့ခြင်ပင်။
သူ၏တိုးလျ၊လေးလံသော အသက်ရှုသံသည် ရေသံများကြား တိမ်မြုပ်သွားခဲ့ပြီး ကျီဖေးသည် ထိုအချိန်တွင် မူးပြီး၊ မှိန်းနေဆဲဖြစ်ကာမတုံ့ပြန်ခဲ့ပေ။ သို့သော် ယခုပြန်သတိရချိန်တွင် သူ့မျက်နှာသည် နီရဲသွားသည်။
သူမ စိတ်ထဲတွင် ရေချိုးခန်းထဲမှ ရမက်သွေးကြွဖွယ်မြင်ကွင်းသည် အလိုအလျောက်ပေါ်လာကာ သူမအား စိတ်လှုပ်ရှားစေပြီး နက်နက်ရှိင်းရှိုင်းအရှက်ရစေကာ သူမအတွေးများသည် အရိုင်းဆန်သည့် စိတ်ကူးများဖြင့် ပြည့်နှက်သွားသည်။
ထို့ကြောင့် ချင်ရှန့်အခန်းထဲသို့လျှောက်သွားသောအခါ ကျီဖေး၏ စိတ်အတွင်းမှအော်ဟစ်သံအား ကြားလိုက်ရသည်။
"သေစမ်း၊ သူ ငါ့ကို တကယ်စိတ်မဝင်စားဘူးလား။ ငါ အဲဒီမှာ ကိုယ်လုံးတီးနဲ့ ရပ်နေတာလေ၊ သူ့ ကိုယ်သူ ထိန်းထားတုန်းပဲ။"
ချင်ရှန့်: "..."
သူ အစကတော့ သူ့လုပ်ရပ်တွေက ကျီဖေးအပေါ် မလေးမစားသလိုဖြစ်နေခဲ့သည်ဟု တွေးမိပြီး သူ စိတ်ဓာတ်ကျသွားကာ လေးလေးနက်နက် ပြန်လည်သုံးသပ်ဆင်ခြင်ခဲ့သေးသည်။
ကျီဖေးလှုပ်ရှားမှုသံအား ကြားသောအခါ ချင်ရှန်းသည် သူမနောက်တွင် ရပ်နေပြီဖြစ်သည်။ သူမ လှည့်ကြည့်ချိန်တွင် သူ၏ရှက်ရွံ့ကာ နူးညံ့နေသည် အကြည့်များနှင့် ဆုံလိုက်ကာ သူမ အတွေးများသည် ချက်ချင်းတိတ်ဆိတ်သွားသည်။
သို့သော်လည်း၊ သူမသည် မကျေမနပ်ဖြစ်နေသေးကာ အထူး သဖြင့် ချင်ရှန့်သည် ပေါ့ပေါ့ပါးပါး နွေရာသီဝတ်စုံအား လုံလုံခြုံခြုံဝတ်ဆင်ထားကာ သူမ’ချောင်းကြည့်’စရာ တစ်နေရာမှ မရှိသည့်အတွက်ဖြစ်သည်။
[မတရားဘူး။ သူက ငါ့ကို ကိုယ်လုံးတီးနဲ့ မြင်ဖူးပြီးပြီ။ ဒါပေမယ့် ငါကျ သူ့ကို မတွေ့ဘူးသေးဘူး!]
ကျီဖေး ပိုတွေးလေလေ၊ သိချင်စိတ်များလေလေဖြစ်သည်။ သူမ၏အကြည့်ကအောက်သို့ ရွေ့လျားသွားကာ ချင်ရှန့်အား တောင့်တင်းသွားစေသည်။
"အဲဒါက...ကြီးလောက်တယ်၊ ဟုတ်တယ် ဟုတ်?"
ချင်ရှန့်: "!!!သူ ဘာတွေတွေးနေတာလဲ!!!!"
အင်း... သူမ အတွေးတွေကို တရားဥပဒေအညီနှင့် သင့်လျော်အောင်တော့ တွေးပါတယ်။
ချင်ရှန့်သည် ရှက်လွန်းလို့ ပြာကျသွားတော့မည်ဟု ခံစားရကာ အကြောင်းအရာ ပြောင်းလဲရန် ကြိုးစားလိုက်သည်။
သို့သော် သူစကားမပြောမီ ကျီဖေး၏အတွင်းစိတ်မှ ဆုံးဖြတ် ချက်တစ်ခုအား ခိုင်ခိုင်မာမာချလိုက်သည်အား ကြားလိုက်သည်။
"သူ အရက်မူးအောင်တိုက်ဖို့ နည်းရှာရမယ်။ သူ အကူအညီမဲ့နေချိန်မှာ သူ့ကိုချွတ်ပြီး သူ ငါ့ကို ရေချိုးပေးတဲ့အတိုင်း ရေချိုးပေးရမယ်။ ဟီးဟီး။"
ချင်ရှန်း၏လည်ချောင်းများ ခြောက်ကပ်သွားသည်။ သူသည် စကားမပြောနိုင်ဘဲ ခေါင်းငုံ့ကာ မသိစိတ်မှ ရေတွက်နေမိ သည် ... သူ မူးအောင် ဘယ်နှစ်ခွက်သောက်ရမလဲ ?
သူတို့နှစ်ယောက်လုံး မနေ့ညက မည်သည်မှ မဖြစ်ပျက်ခဲ့တဲ့သလို ၎င်းတို့၏ ကိုယ်ပိုင်လျှို့ဝှက်ချက်လေးများအား ဖုံးကွယ်ထားကြတယ်။
အဝတ်အစားလဲသောအခါ ချင်ရှန့်မှာ သူမ၏အတွင်းခံဘောင်းဘီကိုပင်ကူဝတ်ပေးခဲ့ကြောင်း ကျီဖေး သိလိုက်ရသဖြင့် အနည်းငယ် ရှက်သွားရသည်။
ထပ်မရှိတော့ဟု သူမထင်ခဲ့သော်လည်း အောက်ထပ်ဆင်းလျှင် ချင်မိသားစု၏လူငယ်အဖွဲ့ဝင်များနဲ့ ဆုံကာ ချင်ရန်၊ ချင်ကျောက်နဲ့ ချင်ရုန်တို့သည် သူမအား ပြုံးပြုံးကြီးကြည့်နေကြသည်အား သတိထားမိလိုက်သည်။ နောက်ပိုင်း အိမ်ဟောင်းတွင် မိသားစုလိုက်ထမင်းစားနေစဉ်တွင်ပင် ချင်ပါးပါးနှင့် ချင်မားမားတို့သည် သူတို့အား နူးညံ့စွာစိုက်ကြည့်နေကြသည်။
အစတွင် ကျီဖေး အိပ်ပျော်သွားသည့်အတွက် အနည်းငယ် ရှက်ရွံ့သွားသော်လည်း မကြာမီတွင် အကြီးများသည် နှောက်ပြောင်လိုသည့် အမူအရာဖြင့် ၎င်းတို့အားကြည့်နေခြင်းဖြစ် ကြောင်း သူမ သိလိုက်ရသည်။
ကျီဖေးသံသယစိတ်ဖြင့် ချင်ရှန့်အား တိတ်တိတ်လေးပြောလိုက်သည်။
"ကျမ မသိလိုက်တဲ့ အတင်းအဖျင်းရှိသေးလား။"
သူတို့ မည်သည်အားပြောချင်နေမှန်း ချင်ရှန့် သေချာပေါက် သိသည်။ သူသည် ထိုနေ့မနက်တွင် မိသားစုထံမှ အမျိုးမျိုးသော ထေ့ငေါ့ပြောဆိုခြင်းများအား ခံရပြီးဖြစ်သည်။ သူ့မိဘများနှင့် သူအဖိုးတို့ မည်သည်အား ပြောနေကြသည်ကို သူသေချာမသိသော်လည်း လူတိုင်းမှ သူ့အား ဂုဏ်ယူစွာကြည့်နေကြပုံပေါ်သည်။
ကျီဖေး၏မေးခွန်းအား ရင်ဆိုင်ရချိန်တွင် ချင်ရှန့်သည် ရိုးရိုးသားသားပင် သူ့ညီမများအား သူအကူအညီတောင်းခဲ့သည်ကို ရှင်းပြသည်။
ကျီဖေး ချက်ချင်းပင် သူ့အား အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
[သူက ငါ့ ဂုဏ်သတင်းအတွက် တကယ်ပဲ စိတ်ပူနေတာလား။ သူ ငါ့ကိုကွာရှင်းချင်တာလား ဘာလားပဲ။]
ထမင်းစားပွဲရှိ ချင်းမိသားစုမှ အရွယ်ရောက်ပြီးသူတိုင်း သူတို့ စားနေသည်ဖြစ်စေ သောက်နေသည်ဖြစ်စေ တစ်ချိန်တည်း ချောင်းဆိုးသွားကြသည်။
တခြားသူများသည် သူတို့အား ထူးထူးဆန်းဆန်းကြည့်ကာ တစ်မိသားစုလုံး တညီတညွတ်တည်း သီးသွားကြသည်အား အံ့သြနေကြသည်။
ချင်ရှန့် အမူအရာမှာအေးခဲသွားပြီး ကျီဖေး၏သံသယများအား အမြန်ဖယ်ရှားရန်ကြိုးစားခဲ့သည်။ စားပွဲအောက်မှ သူ့မလက်အား ဆုတ်ကိုင်လိုက်ပြီး "မင်း မူးနေပြီး အဆင်မပြေဖြစ်နေတာလေ၊ ကိုယ်ကြောက်တာ...ကိုယ် ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး မင်း ခံစားသွားရမှာ ကြောက်လို့ပါ...။"
သူ့စကားကြောင့် ကျီဖေးနားများပူသွားကာ သူမ ချက်ချင်း စိတ်သက်သာရာရသွားသည် ။
[ဟီးဟီး၊ ငါ သိသားပဲ၊ သူ ငါ့ကိုကြိုက်ပါတယ်]
ချင်ရှန့်၏အကြည့်သည် ပျော့ပြောင်းလာပြီး ကျီဖေးအား သူမည်မျှချစ်ကြောင်း သူ့မျက်လုံးထဲပေါ်လွင်နေသည်။
သူတို့ နှစ်ယောက်သားချစ်ခင်တွယ်တာနေသည်အား ကြည့်ကာစားပွဲရှိ ကျန်လူများမှာ ခွေးစာများနှင့်အပက်ခံနေရသလိုပင်။ ဤဇနီးမောင်နှံနှင့်ပတ်သက်၍ အစပိုင်းတွင် မသေချာခဲ့သည့် ဆွေမျိုးများသည်လည်း ယခုအခါစိတ်ချသွားကြသည်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မည်သို့ပင် စတင်ခဲ့ပါစေ၊ အနည်းဆုံး အခုချိန်မှာတော့ သူတို့ နက်နက်ရှိုင်းရှိုင်းချစ်နေကြပြီပင်။
အနီးနားတွင် သာသနာဖျက်များ မပါရှိသည့် နေ့လယ်စာသည် ပို၍အရသာရှိနေသည်။ နေ့ခင်းဘက်တွင် မိသားစုသည် အသစ်ကလေးများအားခေါ်ကာ သွားပျော်ကြရန်စီစဥ်ခဲ့သည်။
သို့သော် လမ်းတစ်ဝက်မှာပင် ချင်ရီသည် ဖုန်းခေါ်ဆိုမှုတစ်ခုအားလက်ခံရရှိခဲ့သည်။
သူ့အမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး အဝေးတစ်နေရာရှိ လူတိုင်းနှင့် ဓာတ်ပုံရိုက်နေသည့် ရန်ဝေဝေဆီသို့ အကြည့်ရောက်သွားသည်။
ထိုအချိန်တွင် ချင်ရှန်းတစ်ယောက်သာ ချင်ရီဘေးတွင် ထိုင်နေပြီး ၎င်းတို့နှစ်ဦးမှာ ကလေးအုပ်စုအား ကြီးကြပ်နေသည့် လူကြီးများကဲ့သို့ပင်။ ချင်ရှန့်သည် သူဖုန်းသို့ သူ့လက်အောက် ငယ်သားများထံမှ ပေးပို့လာသည့် မက်ဆေ့ချ်များအား စစ် ဆေးနေသည်။ လွန်ခဲ့သော တစ်ရက်က သူစုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ခဲ့ကာ ပထမဆုံးပြီးမြောက်ရမည့် တာဝန်မှာ ရန်ဖုန်၏အိမ်ထောင်ရေး ဖောက်ပြန်မှုအား စုံစမ်းရန်ဖြစ်သည်။ သူသည် အထောက်အထား အစုံအလင်အားရရှိခဲ့သည်။
သူ့ဝမ်းကွဲ၏စိတ်ပူပန်နေသည့် အမူအရာအား သတိပြုမိလိုက်ပြီး ချင်ရှန်းက "ဘာမှားလို့လဲ ?"
ချင်ရီသည် တုန်လှုပ်စွာဖြင့် မတ်တပ်ထရပ်ကာ "ရန်ဖုန် စစ် ဆေးနေတုန်း မတော်တဆဖြစ်လို့တဲ့။ သူ့အခြေအနေက စိုးရိမ်ရပြီး အရေးပေါ်ကုသမှုခံယူနေရတယ်။!"