အခန်း (၃၃၃)
Vol. 34 Ch. 333
သေခါနီးလူတစ်ယောက်အတွက် ကွာရှင်းခွင့်တောင်းတာက ဘယ်လိုလုပ်ရပ်မျိုးလဲ ? ဒါ ရန်ဖုန့် မိဘတွေရဲ့အကြံလား?
သူတို့ တရားမ၀င်ကလေးကို ထုတ်ပြတော့မှာလား?
ကျီဖေးနှင့်ချင်ရှန့်နားမလည်နိုင်ပေ။ ကျီဖေးသည် စုံစမ်းရန် အတင်းအဖျင်းစနစ်အား အသုံးပြုတော့မည်ဖြစ်သည်။
သို့သော်တစ်ဖက်တွင်မူ မယားငယ်မသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပြသထားသည့်အပြင် စိတ်လှုပ်ရှားလာသည်။
"ဟုတ်ပါပြီ၊ ကျွန်မတို့ ပူးပေါင်းမှာပါ၊ လုံးဝကိုပူးပေါင်းမှာပါ... ဒါပေမယ့် မား၊ ရန်ဖုန်ကို နောက်ဆုံးအကြိမ် မတွေ့ရတော့ဘူးလား? ကျွန်မတို့ သူနဲ့တကယ်မခွဲနိုင်ဘူး၊ အဟင့်..." သူ့အပြုံးအား ဖုံးကွယ်ထားသော်လည်း ဟန်ဆောင်ငိုနေသေးသည်။
နောက်ဆုံးတွင် ဝမ်းနည်းနေသည့်မျက်နှာဖြင့် ဖုန်းချလိုက်သည်။
"ကျဲ၊ ဘာဖြစ်တာလဲ ?" မယားငယ်၏တိတိမှ စိုးရိမ်တကြီးမေးသည်။
မယားငယ်မမှပြုံးလိုက်ပြီး ကလေးများအား တွန်းထုတ်ကာ သူ့တိတိကို ရှင်းပြလိုက်သည်။
"ရန်ဖုန်က အသိတရားရှိနေတုန်းပဲ။ သူမသေခင်မှာ ငါတို့အ တွက် စီစဉ်ပေးခဲ့ချင်နေတယ်။ သူ့ဘဝရဲ့ နောက်ဆုံးရက်တွေမှာ ချင်ဝမ်ရှန့်နဲ့ကွာရှင်းဖို့စီစဉ်ထားပြီး သူ့အတွက် ဘာမှမထားခဲ့ချင်ဘူး။"
"ဘာ ?!" တိတိ အံ့ဩသွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
ကျီဖေးနှင့်ချင်ရှန့်တို့လည်း တိတိနှင့်အတွေးတူကာ အံ့သြသွားကြသည်။
"သူ သေတော့မယ်လေ၊ ဘာလို့မဖြစ်နိုင်ရမှာလဲ ? ချင်ဝမ်ရှန့်မှာကအိမ်ထောင်ရေးအမွေတွေတင်မကဘူး လက်မထပ်ခင်က ပိုင်ဆိုင်မှုတွေပါ အများကြီးရှိတယ်။ ချင်မိသားစုကနေယူလာတဲ့ပစ္စည်တွေကိုတော့ထိလို့မရပေမဲ့ သူ သဘောတူရင် ရန်ဖုန်ကကျန်တာတွေအားလုံးကို ချန်ထားခဲ့လို့ရတယ်။"
တိတိခမျာ ယုံရခက်နေတုန်းပင်။ "ဒါကို သူ သဘောမတူလောက်ဘူးမဟုတ်လား?"
"ရန်ဖုန် ချင်ဝမ်ရှန့်ကို သူ့မိဘတွေနဲ့ပူးပေါင်းပြီး စည်းရုံးလိမ့်မယ်။ ကွာရှင်းတာက ပိုင်ဆိုင်မှုအားလုံးကို ရန်ဖုန်ဆီလွှဲပြောင်းပေးဖို့လုပ်တဲ့ တရားဝင်လုပ်ငန်းစဉ်တစ်ခုပဲ။ သူ သေသွားရင် အမွေတွေက သူ့မိဘတွေဆီရောက်သွားမှာ။ ဒါက သူ့တို့ရဲ့တစ်ဦးတည်းသောသား သေသွားပြီးရင်လည်း ဘာမှမရှိပဲထားခဲ့မှာမဟုတ်ဘူးလို့ အာမခံဖို့အတွက်လေ။"
"ချင်ဝမ်ရှန့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ဆိုရင်၊ သူက ယောက္ခမတွေကို မသေမချင်းပြုစုစောင့်ရှောက်ဖို့ ကတိပေးမှာသေချာတယ်၊ သဘောတူစာချုပ်တောင် ချုပ်လောက်မယ်ထင်တယ်။" ဟု တိတိမှ သံသယဖြစ်ဖွယ်ပြောသည်။
မယားငယ်မမှ ပြုံးပြီး "ဒါပေမယ့်ရန်ဖုန်က သူနောက်ထပ်အိမ် ထောင်ပြုပြီး တခြားတစ်ယောက်နဲ့ ကလေးယူမှာကို စိုးရိမ်နေတယ်။ သူကတော့ အာမမခံနိုင်ဘူး ဟုတ်တယ်မလား ? အဲ့အပြင်၊ ချင်မိသားစုကအရမ်းချမ်းသာတယ်။ ဒီအမွေလောက်ကို ဘာလို့ဂရုစိုက်နေမှာလဲ ? လူကြီးတွေအတွက် အကုန်လုံးထားခဲ့တာက သူတို့ကိုသက်သောင့်သက်သာဖြစ်စေတယ်လေ။ ပြီးတော့ လူအိုကြီးတွေကလည်း သူတို့သေသွားရင် အဲ့ဒီပိုင် ဆိုင်မှုတွေက သူတို့ရဲ့မြေးမလေးဆီရောက်သွားလိမ့်မယ်လို့ ကတိပေးထားတယ်။ အဲ့ဒါက သူတို့အသက်ရှိနေတုန်းစိတ်ချမ်းသာအောင်လုပ်ပေးရုံပဲ။"
"အာ? အားလုံးက အဲ့ကလေးပေါက်စအတွက်လား ?!" တိတိ ထိတ်လန့်သွားသည်။ "အဲ့ဒီလူအိုကြီးတွေက အဲ့ကလေးကို အမုန်းဆုံးမဟုတ်ဖူးလား ?"
"မတုံးစမ်းပါနဲ့။ ဒါတွေအားလုံးက အမေနဲ့သမီးအတွက် ဟန်ပြသပ်သပ်ပဲ။ ဒီလိုပြောမှ ချင်ဝမ်ရှန့်က စိတ်ချမ်းသာပြီး ရန်ဖုန်ရဲ့နောက်ဆုံးဆန္ဒကို ကျေကျေနပ်နပ်ကြီးဖြည့်ဆည်းပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အားလုံးက သူ့သမီးအတွက်ပဲလို့ထင်လိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအမွေတွေက လူအိုကြီးတွေလက်ထဲရောက်သွားရင်တော့ နောက်ပိုင်းမှာ ငါတို့ကိုဘယ်လိုလွှဲပေးမလဲဆိုတာ သူနဲ့မဆိုင်တော့ဘူး။ သူ့သမီးက တစ်ပြားမှကိုရမှာမဟုတ်ဘူး။ ဘာပဲပြောပြော၊ အိပ်ရာထဲလဲနေတဲ့လူအိုကြီးတွေကိုစောင့်ရှောက်ဖို့က သူတို့ကို လွှဲထားလိုက်လို့ရတယ်။ ဟားဟားဟား။"
နောက်ဆုံးတွင် တိတိနားလည်ပြီး စိတ်လှုပ်ရှားသွားသည်။ "ဒါဆို ငါတို့ ချမ်းသာတော့မှာလား ? နေပါဦး၊ ချင်မိသားစုသိသွားပြီး လက်စားပြန်ချေရင်ဘယ်လိုလုပ်မလဲ ?"
"ငါတို့ ဘာမှမလုပ်ထားဘူးလေ။ ဒါတွေအားလုံးက သူတို့အစီ အစဉ်တွေပဲ။ ပြီးရင် ငါတို့က နိုင်ငံခြားသွားပြီး လူအိုကြီးတွေ ငါတို့ဆီပိုက်ဆံပို့လာမှာကို စောင့်နေရုံပဲ။ ငါတို့ ကောင်းကောင်းမွန်မွန်နေနိုင်တယ်။"
မယားငယ်မသည် ပိုပိုပြီးစိတ်လှုပ်ရှားလာသည်။ နောက်ဆုံးတွင်၊ အငယ်အနှောင်းဖြစ်ရခြင်းနှင့် ယောက်ျားတစ်ယောက်အား သာယာမှုပေးရခြင်းမှာ အလွန်ခက်ခဲသည်။ ယခုတွင် ထိုလူမှာသေပြီဖြစ်ပြီး ကောင်းမွန်သည့်ဘဝသည် နောက်ဆုံး တော့ ရောက်လာပြီဖြစ်သည်။
ယခု ကျီဖေးသည် ကွာရှင်းရခြင်း၏အကြောင်းအရင်းအား နောက်ဆုံးတွင်နားလည်ခဲ့ပြီး သွေးအန်ချင်လောက်အောင်ပင် အလွန်ဒေါသထွက်နေသည်။
လမ်းတစ်ဝက်တွင် ချင်ရှန့် သူ့ဖုန်းအား တိတ်တိတ်လေးထုတ် ယူပြီး သဘာဝအတိုင်းအသံသွင်းလိုက်သည်။
မယားငယ်မနှင့်သူ့တိတိမှာ ရယ်မောနေပြီး ဆေးရုံမှထွက်ရန် သူ့ကလေးများအားခေါ်လိုက်သည်။ ထိုစဉ် ကျီဖေးသည် ကလေးများ၏အစောပိုင်းမှမျက်ရည်များမှာ သေဆုံးသွားသည့်ဖခင်အတွက်မဟုတ်ပဲ သူတို့မိခင်၏ဝမ်းနည်းနေသည့်ပုံအား အတုခိုးထားခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။
ယခု သူတို့အဆင်ပြေပြီဟုကြားလိုက်ရပြီး၊ သူတို့အဖေ၏ သေဆုံးမှုသည် သူတို့၏ဘဝများအား မပြောင်းလဲစေကြောင်းသိရပြီး၊ ထိုကြောက်စရာကောင်းသည့်ဆေးရုံမှ ထွက်သွားရတော့မည်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူတို့ စတင်ဂုဏ်ပြုပြီး တစ်နေရာရာသို့သွားစားကြရန်ပြောလာကြသည်။ ၎င်းတို့၏ကြီးပြင်းလာမှုသည့် တကယ်ပင်ကြောက်စရာကောင်းလှသည်။
ကလေးတစ်ယောက်ကထုတ်ပင် မေးလာခဲ့သည်။
“ဒါပေမဲ့၊ ပါးပါးရဲ့ပိုက်ဆံတွေကုန်သွားရင် ဘယ်လိုလုပ်မလဲ? ပါးပါးသေသွားရင် သားတို့အတွက် ဘယ်သူပိုက်ဆံရှာပေးမှာလဲ ?"
"စိတ်မပူနဲ့၊ အဲဒီနေ့က ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး။ ဒါပေမယ့် ရောက်လာခဲ့ရင်တောင်မှ၊ မင်းမှာ မင်းကိုထောက်ပံ့နိုင်တဲ့ ချင်မိသားစုထဲ အမတစ်ယောက်ရှိသေးတယ်ဆိုတာကို သတိရလိုက်၊ ငါ့ကလေးတွေကို သာယာတဲ့ဘဝမှာဖြတ်သန်းပြီး၊ အမြဲတမ်း ဂရုစိုက်ခံရပြီးတော့ ကောင်းမွန်တဲ့ဘဝမှာနေထိုင်ရဖို့ မျှော်လင့်ထားတယ်။"
မယားငယ်မမှပြောပြီးနောက် လူတစ်စုသည် ရယ်ရယ်မောမောဖြင့် ဆေးရုံမှထွက်သွားကြသည်။
ကျီဖေး၏မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွားသည်။ အံကြိတ်ကာ ချင်ရှန့်ဘက်သို့လှည့်ပြီး ဘယ်ကစပြောရမယ်မသိချေ။
ချင်ရှန့် သူ့ဖုန်းအား ဖယ်လိုက်သည်။
"စိတ်မပူပါနဲ့။ ဝမ်းကွဲချင်ဝမ်ရှန့်က သဘောတူဖို့လှည့်စားခံရရင်တောင်မှ ရှေ့နေတွေလာဖို့ အချိန်ယူရလိမ့်မယ်။ သူတို့ အောင်မြင်မှာမဟုတ်ဘူး။"
"ဒါဆို ဝမ်းကွဲကို မြန်မြန်သွားပြောရအောင်။"
ကျီဖေး ချင်ရှန့်၏လက်အား ချက်ချင်းဆွဲကိုင်လိုက်ပြီး လူနာဆောင်ဘက်သို့ ပြန်လှည့်သွားသည်။
သို့ပေမယ့် သူတို့လှည့်ပြီးသည်နှင့် အေးခဲသွားသည်။
ရန်ဝေဝေသည် သူတို့နောက် သိပ်မဝေးသည့်နေရာတွင် ရပ်နေခဲ့သည်။
အစောက ချင်ရှီသယ်လာသည့် သူ့လွယ်အိတ်အားကိုင်ထား သည်။ ၎င်းအား ပြန်ယူရန်ဆင်းလာပုံရသည်။
[စိတ်မကောင်းလိုက်တာ၊ အစောကတင် သူ လူတိုင်းနဲ့အတူအပြင်ထွက်ပြီး အိတ်ထဲမှာ ရန်ဖုန်အတွက်လက်ဆောင်ဝယ်ပြီး ထည့်ထားတာ။ အခုတော့ သူတို့က ချင်ဝမ်ရှန့်ကိုကွာရှင်းဖို့ဆွဲဆောင်မလို့ ရန်ဝေဝေကို အဝေးပို့လိုက်တာ။ သူက သူ့အဖေကို နောက်ဆုံးလက်ဆောင်ပေးချင်ပေမဲ့ အဲ့အစား၊ သူ ကြားလိုက်ရတယ်...]
ကလေးမလေး၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး မျက်လုံးများနီရဲနေသော်လည်း သူ့အမူအရာမှာဗလာဖြစ်နေ သည်။ တိတ်တိတ်လေးငိုရင်း မျက်ရည်များမှာ ပါးပြင်ပေါ်သို့စီးကျလာသည်။
ကျီဖေးအမြန်ပြေးလာပြီး ရန်ဝေဝေမှာ ရုတ်တရက်လန့်သွားပုံရကာကျယ်လောင်စွာငိုကြွေးလိုက်သည်။
ရန်ဝေဝေသည် အရာအားလုံးကြားခဲ့သည်မှာ ထင်ရှားသည်။
အသက်ဆယ်နှစ်ကျော်အရွယ်ဖြင့် သူသည် ဤကဲ့သို့ရိုက်ခတ်မှုဒဏ်အား မည်သို့ခံနိုင်ရည်ရှိမည်နည်း ?
ကျီဖေးမှ သူ့အား မည်သို့ပင်ပွေ့ဖက်နှစ်သိမ့်နေပါစေ ၎င်းဟာအသုံးမဝင်ချေ။ ကလေးများနှင့် အဆင်မပြေသည့်ချင်ရှန့်သည် တိတ်တဆိတ်သာ ရပ်နေနိုင်သည်။ ရန်ဝေဝေ၏ငိုသံသည် ကျယ်လောင်လွန်းသဖြင့် အဝေးမှ ချင်ရန်နှင့်ချင်ရှီအား ဆွဲဆောင်နိုင်ခဲ့သည်။
"နင်တို့ ပြန်သွားပြီထင်နေတာ?" ချင်ရန်မှ အံ့အားသင့်စွာမေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ?"
ချင်ရှီသည် သူ၏ဝမ်းကွဲလေးအား နှစ်သိမ့်ရန်ချက်ခြင်းရှေ့ တိုးလာသည်။
သို့ပေမယ့် ရန်ဝေဝေသည် ဆေးရုံထဲသို့အမြန်လှည့်ပြေးသွားသည်။
ကျီဖေးနှင့်တခြားသူများမှာ နောက်မှလိုက်သွားယုံကလွဲပြီး ရွေးချယ်စရာမရှိပေ။
လူနာဆောင်ထဲသို့ရောက်သောအခါ သူတို့သည် အပြင်ဘက်တွင်စောင့်ဆိုင်းနေသည့် ချင်ရီအား တွေ့လိုက်ရသည်။ ချင်ကျောက်နှင့်ချင်ရုန်တို့လည်း ထိုနေရာတွင်ရှိနေကြပြီး အထူး သဖြင့် ရန်ဝေဝေ ငိုပြီးပြေးလာသည်ကိုတွေ့လိုက်ရသည်။
ချင်ရီသည် ချဉ်းကပ်လာသည့်ရန်ဝေဝေအား ပွေ့ဖက်ရန်လုပ်နေသော်လည်း သူက လှည့်ထွက်သွားပြီး အခန်းထဲသို့ပြေးဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အတွင်းမှအသံများအား ကြားလိုက်ရသည်။
"ဝမ်ရှန့်၊ ဒါ ကိုယ့်ရဲ့နောက်ဆုံးတောင်းဆိုမှုပဲ။ ကိုယ့်မိဘတွေကဉာဏ်နည်းပြီး၊ အနေအေးတယ်။ သူတို့ ဘာမှနားမလည်ဘူး။ ဒါက ကိုယ်သူတို့ကိုစိတ်ချပြီး ငြိမ်းချမ်းစွာသွားနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ နောက်ဆုံးကျရင် အကုန်လုံးက ဝေဝေဆီပဲရောက်သွားလိမ့်မယ်။ ကိုယ့်ကို နောက်ဆုံးအကြိမ်လိုက်လျောပေးပါနော်။ ရှေ့နေခေါ်လိုက်မယ်။ ကိုယ့်မှာ အချိန်သိပ်မကျန်တော့ဘူး။ မင်း ကိုယ့်ကို နောင်တတွေနဲ့မသေစေချင်ဘူးမဟုတ်လား ?" ရန်ဖုန်မှ ဖျော့တော့စွာပြောသည်။
"ဒါပေမယ့်... ဒါက အဓိပ္ပါယ်မရှိဘူး!" ချင်ဝမ်ရှန့်သည် နာကျင်စွာငိုကြွေးခဲ့သည်။
"ကိုယ်... *အဟွတ် ဟွတ်*... သဘောတူပေးပါ၊ ကျေးဇူးပြုပြီး! ကိုယ်တောင်းပန်ပါတယ်! *အဟွတ် အဟွတ်*"
"အဲ့လို မပြောပါနဲ့... ကောင်းပြီ၊ ကျွန်မ သဘောတူမယ်။ ကျွန်မ အခုပဲ ရှေ့နေခေါ်လိုက်မယ်။"
ရန်ဝေဝေမှ သူ့အားပွေ့ဖက်လိုက်စဉ် ချင်ဝမ်ရှန့်၏ငိုသံသည် ရုတ်တရက်ရပ်တန့်သွားသည်။
"မား မလုပ်နဲ့!"