အခန်း (၃၃၄)
Vol. 34 Ch. 334
နောက်ဆုံးတွင် ချင်ဝမ်ရှန့်မှ ၎င်းတို့၏ဖြားယောင်းမှုအား သဘောတူခဲ့သဖြင့် အစပိုင်းတွင်ပီတိဖြစ်ခဲ့ကြသည့်လူသုံးဦးသည် ရုတ်တရက် ရပ်တန့်သွားခြင်းကြောင့် ဒေါသဖြစ်ခဲ့ကြသည်။ ထိုကဲ့သို့ အရေးကြီးသည့်အခိုက်အတန့်တွင် သူတို့လိုအပ်သည့် နောက်ဆုံးအရာမှာ နှောက်ယှက်မခံရဖို့ဖြစ်သည်။
"ViVi ?"
ချင်ဝမ်ရှန့်သည် ကြေကွဲနေပြီဖြစ်သည်။ အဆုံးတွင် သူ့ခင်ပွန်းသည် သေခါနီးမှကွာရှင်းချင်နေသည်။ ဤအရာအား မည်သူမှလက်ခံနိုင်မည်နည်း ? သူ့ခင်ပွန်းမှ သူ၏နောက်ဆုံးအခိုက်အ တန့်တွင် ကြောက်ရွံ့မှု၊ စိတ်ရှုပ်ထွေးမှုများဖြင့် လွမ်းမိုးနေပြီး မိဘများ၏တီးတိုးစကားကြောင့် တုန်လှုပ်သွားကာ သူတို့အတွက်တည်ငြိမ်သည့်အနာဂတ်အား ရယူရန်ကြိုးစားနေ သည်ဟုသာ သူယူဆနိုင်သည်။
ချင်ဝမ်ရှန့်သည် သူ့သိက္ခာက သူ့ခင်ပွန်း၏အမွေအား ဘယ်သောအခါမှ သိမ်းယူခွင့်မပြုကြောင်း သေချာသော်လည်း သူ့ယောက္ခမများသည် သူ့အား အယုံအကြည်မရှိပဲ ခင်ပွန်းဖြစ်သူ၏နောက်ဆုံးနေ့ရက်များကို အနှောင့်အယှက်ပေးသည့်မြင်ကွင်းအားဖန်တီးနေသည်။
မေ့လိုက်တော့၊ ဘာပဲပြောပြော နောက်ဆုံးမှာ အားလုံးက ViVi နဲ့ပဲ သက်ဆိုင်တယ်။ သူတို့ ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဆိုလျှင်လည်း သူ စိတ်မ၀င်စားပေ။ သူနှင့်ရန်ဖုန်အတွက် သူတို့သည် အကြင်လင်မယားဖြစ်နေဆဲပင်။ ကွာရှင်းပြတ်စဲခြင်းဟုခေါ်တွင်ခြင်းသည် ပိုင်ဆိုင်မှုများအတွက် တရားဝင်အကာ အကွယ်တစ်ခုသာဖြစ်သည်။
သူ့နောက်ဆုံးအခိုက်အတန့်တွင် ယင်းသို့တောင်းဆိုမှုပြုလုပ်ခဲ့သည့် ခင်ပွန်းသည်နှင့် ဆယ်နှစ်ကျော်ကြာရင်ဆိုင်ခဲ့ရသော် လည်း ချင်ဝမ်ရှန့်ကဲ့သို့ သန်မာသည့်အမျိုးသမီးတစ်ဦးပင် သံသယမဖြစ်ဘဲမနေနိုင်ပေ။
သို့သော် ယခု...
သမီးဖြစ်သူ၏အမူအရာအားမြင်ပြီး ချင်ဝမ်ရှန့်သည် ရန်ဝေဝေမှ ၎င်းတို့ဆွေးနွေးနေသည့် ကွာရှင်းပြတ်ဆဲမှုအကြောင်း မတော်တဆကြားကာ နားလည်မှုလွဲသွားသည်ဟု ယူဆခဲ့သည်။
"ViVi၊ မငိုနဲ့။ မင်းပါးပါးနဲ့ မားက တကယ်ကွာရှင်းမှာမဟုတ်ပါဘူး။ မားတို့က သမီးရဲ့ ချစ်ရတဲ့မိဘတွေပဲဖြစ်နေဦးမှာပါ။"
ရန်ဖုန်မှ စကားပြောရန်ရုန်းကန်ရင်း "ViVi၊ ခေါင်းမာမမာနဲ့။ ဒါက မင်းအမေနဲ့ငါ သဘောတူထားတဲ့အချက်တွေပဲ၊ အချိန်မဖြုန်းနဲ့တော့။"
သို့သော်ရန်ဝေဝေသည် ထိန်းမနိုင်သိမ်းမရတုန်လှုပ်နေပြီး စကားမပြောနိုင်လုနီးပါးဖြစ်နေသည်။ စကားမပြောနိုင်လောက်အောင် အားနည်းနေသည့် ဆေးရုံကုတင်ပေါ်မှသူသည် သူ့မယားငယ်နှင့်တရားမဝင်သားသမီးများအတွက် လမ်းခင်းပေးပြီး သူနှင့်သူ့မိခင်အား ဆန့်ကျင်ရန်ကြံစည်နေ သည်ကို လှည့်ကြည့်လိုက်သည်။
ချမ်းသာသည့်မိသားစုတွင် ကြီးပြင်းလာသူရန်ဝေဝေသည် သက်တူရွယ်တူအများစုထက် ပိုရင့်ကျက်သည်။
ထို့အပြင် လူကြီးများမှာလည်း ကောင်းကျိုးဆိုးကျိုးများအား ချမှတ်ပေးထားပြီးဖြစ်သည်။ သူအပြည့်အဝနားမလည်လျှင်ပင် သူ့မိဘများ ကွာရှင်းလိုက်မည်ဆိုပါက သူနှင့်သူ့အမေအား ထိခိုက်စေလိုသည့်ဆန္ဒရှိသူများကို ညှာတာပေးလိုက်သလိုဖြစ်မည်ကို သူ သိသည်။
"သမီး သဘောမတူဘူး။ ပါးတကယ် မားနဲ့ကွာရှင်းပြီး ဘာမှမချန်ပဲထားခဲ့မှာလား ?" ရန်ဝေဝေငိုပြီး ရန်ဖုန်အားကြည့်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာသည်။
ရန်ဖုန်သည် သူ့သမီး၏အကြည့်အောက်တွင် တခဏလောက် အပြစ်ရှိသည်ဟုခံစားလိုက်ရသည်။
သို့သော် သူ၏နောက်သားသမီးလေးယောက်အကြောင်း တွေးကြည့်သည်။ အနည်းဆုံးတော့ ရန်ဝေဝေတွင် ချင်ဝမ်ရှန့်ရှိနေတုန်းပင်။ သူသည် အခြားသူများအတွက် အနာဂတ်ဘဝအား လုံခြုံစေရမည်။
"ပါး! ပါးတကယ်ပဲ တခြားတစ်ယောက်ကိုအကုန်ပေးမှာလား ?" ရန်ဝေဝေ အော်လိုက်သည်။
မကောင်းသည့် ရည်ရွယ်ချက်ရှိသူများသည် သဘာဝအားဖြင့် ဆတ်ဆတ်ထိမခံပိုဖြစ်တတ်သည်။ ရန်ဖုန်၏မိဘများသည် ချက်ချင်းပင် ဒေါသထွက်ခဲ့ကြသည်။
" မင်းအဖေက သေတော့မယ်။ သူ့မိဘ၊ ငါတို့အတွက်တွေးပေးတာ သဘာဝပဲမဟုတ်ဘူးလား? ငါတို့က ဘယ်လိုလုပ် 'အခြားတစ်ယောက်' ဖြစ်ရမှာလဲ? ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အေးစက်ရလား? မင်းပိုက်ဆံတွေဆုံးရှုံးမှာကို အရမ်းကြောက်နေတာလား? မင်းအဖေနဲ့ငါတို့ကိုတောင် ဂရုစိုက်ရဲ့လား?"
တံခါးဝသို့ရောက်ရှိလာသည့် ကျီဖေးသည် အတွင်းမှကျိန်ဆဲသံအား သည်းမခံနိုင်တော့ပေ။
[နင်တို့ကပဲ နင်တို့ပိုက်ဆံကို တစ်ယောက်ယောက်ယူသွားမှာကြောက်နေတဲ့ အရူးနှစ်ယောက်မဟုတ်လား? ရန်ဝေဝေကိုဂရုမစိုက်တာ နင်တို့သုံးယောက်ပဲလေ၊ နင် အသဲနှလုံးမရှိတဲ့မကောင်းဆိုးဝါးတွေ! နင်ဘာလို့ အသက်ရှုနေသေးတာလဲ?]
ကျီဖေး၏ကြမ်းတမ်းသည့်အတွေးများကြောင့် တံခါးဝတွင်ရှိနေသည့် ချင်မိသားစု၏အခြားအဖွဲ့ဝင်များလည်း အံ့ဩသွားကြသည်။ ကျီဖေးသည် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုအားပြသခဲသည်။
ကျီဖေးအား ထိုကဲ့သို့လှုံ့ဆော်ရန် ယန်မိသားစုမှ ဘာတွေလုပ်ခဲ့တာလဲ? ကျီဖေး သူတို့အပေါ် နက်ရှိုင်းစွာမုန်းတီးနေပုံရသည်။ ယခင်က ရန်ဖုန်၏အချစ်ရေးနှင့် တရားမ၀င်ကလေးများအ ကြောင်း ကျီဖေးပြောခဲ့သည်ကိုမှတ်မိသည်။ အဲ့ဒါနဲ့ ဆက်စပ်မှုရှိနိုင်လား ?
ချင်ရီသည် အနည်းငယ် စိတ်ရှုပ်နေသေးသည်။ ဒေါသထွက်နေသည့် ရန်ဝေဝေအားမြင်သော် သူ ချက်ချင်းပြောလိုက်သည်။
"ခင်ဗျားဘာတွေပြောနေတာလဲ ? Vivi က ဘယ်လိုလုပ် ဒီလိုဆိုလိုရမှာလဲ? ခင်ဗျားကသာ ခင်ဗျားသား မသေသေးတာတောင် အမွေကိစ္စစဉ်းစားနေတာ။ လူတိုင်းကို ခင်ဗျားတို့လိုလောဘကြီးတယ်လို့ မထင်နဲ့!"
လူကြီးနှစ်ယောက်သည် ဒေါသဖြင့်ဖြူဖျော့သွားသော်လည်း သားဖြစ်သူသေခါနီးဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် နှစ်ယောက်လုံးကြေကွဲကာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ သဘောတူညီချက်အား အချိန်မီလက်မှတ်မထိုးနိုင်လျှင် တခြားသူများ၏ ပြုသမျှနုရမည်ကိုစိုးရိမ်သဖြင့် သူတို့၏ဝမ်း နည်းမှုများနှင့် ဒေါသများအား စကားလုံးများအဖြစ် ဖွင့်ထုတ်ပစ်ခဲ့သည်။ သူတို့ ချင်ဝမ်ရှန့်ဘက်လှည့်ပြီး
"မြန်မြန်စီစဉ်လိုက်! ငါတို့သားကို နောင်တရပြီးသေစေချင်တာလား ?"
ထိုနောက် လူကြီးနှစ်ယောက်လုံး မျက်ရည်များကျလာသည်။ ၎င်းဟာ သရုပ်ဆောင်နေခြင်းမဟုတ်ပေ။ သူတို့၏တစ်ဦးတည်းသောသားသည် သေလုမြောပါးဖြစ်နေပြီးဇာတ်ကြောင်း အပြည့်အစုံအား မသိသေးသည့်သူများသည် သူတို့ကိုယ်သူတို့ ဘာမှထပ်မပြောနိုင်တော့ပေ။
ရန်ဝေဝေသည် ကလေးအရွယ်သာရှိသေးသည့်အတွက်အခြေ အနေ၏လွှမ်းမိုးမှုကို ခံနေရသည်။ သူသည် ထိုနေရာတွင် အံ့အားသင့်လျှက် တိတ်ဆိတ်ငြိမ်သက်စွာရပ်နေကာ သူ့အဖေနှင့် အဖိုးအဖွားများမှ သူနှင့်သူ့အမေအား အဘယ်ကြောင့်ဤကဲ့သို့ဆက်ဆံသည်ကို နားမလည်နိုင်ခဲ့ပေ။ သူတို့ လုံလုံ လောက်လောက် မကောင်းပေးခဲ့လို့လား ?
ချင်ဝမ်ရှန့်သည် သူ့မျက်လုံးများမှိတ်ထားကာ မျက်ရည်များအားသုတ်ပြီး ရှေ့နေထံဖုန်းဆက်ရန် ဖုန်းကိုကောက်ကိုင်ကာ တတ်နိုင်သမျှမြန်မြန်လာရန်တိုက်တွန်းခဲ့သည်။
ချင်ရီမှ တစ်ခုခုပြောချင်သော်လည်း ၎င်းအားရပ်တန့်လိုက်သည်၊ ၎င်းဟာ သူ့ကျဲ၏ဆုံးဖြတ်ချက်ပဲဟုခံစားရသည်။
နောက်ဆုံးတွင် လူအိုကြီးနှစ်ဦးသည် သားဖြစ်သူ၏ အိပ်ရာဘေးသို့ပြေးသွားကာ လက်အား တင်းတင်းဆုပ်ပြီး ငိုကြွေးနေကြသည်။ ရန်ဖုန်သည် အနည်းငယ်သက်သာရာရသွားပုံရပြီး ယခုအခါတွင် သူ၏သေဆုံးလုနီးပါးဖြစ်ရပ်မှန်အား အပြည့်အဝရင်ဆိုင်ရကာ ဝမ်းနည်းပူဆွေးမှုကိုလည်း ကျော်လွှားနိုင်ခဲ့သည်။
ကျီဖေးသည် ကြာကြာမထိန်းနိုင်တော့ပဲ ရှေ့သို့တိုးကာ စကားစရန်အသင့်ရှိနေသော်လည်း ချင်ရှန့်မှ သူ့အားတားလိုက်ပြီး
"ဝမ်းကွဲ၊ အဒေါ်နဲ့ဦးလေးတို့ ဒီကိုရောက်နေပြီ၊ ခဏလောက် အပြင်ထွက်ရအောင်။"
ချင်ရီသည် အစပိုင်းတွင် သူတို့အား နှုတ်ဆက်ချင်သော်လည်း ချင်ရှန့် အကြည့်ကိုဖမ်းမိကာ တုံ့ဆိုင်းသွားသည်။
ချင်ဝမ်ရှန့်သည် စိတ်ပင်ပန်းနွမ်းနယ်နေပြီး သိပ်မတွေးခဲ့မိချေ။ သူလှည့်ထွက်မည်ပြုသောအခါ သူ့သမီးလေးမှကြောင် တောင်တောင်တောင်ရပ်နေဆဲဖြစ်သည်ကို သတိထားမိလိုက်သည်။ သူသည် အခြေအနေအား မိဘများထံရှင်းပြပြီးရေ ရှည်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမဖြစ်စေရန် သမီးဖြစ်သူအား ရှင်းပြဖို့ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ချင်မိသားစုဝင်များမှာ အခန်းထဲမှထွက်သွားကြသည်။
သို့သော် အပြင်ဘက်တွင် တခြားသူများ၏အရိပ်အယောင်အားလုံးဝမတွေ့ရပေ။
ချင်ဝမ်ရှန့်သည် ချင်ရှန့်အား စိတ်ရှုပ်ထွေးစွာကြည့်နေသော် လည်း သူသည် အနီးနားရှိအခန်းလွတ်တစ်ခုအားဖွင့်ကာ ဝင်ရန်လက်ဟန်ပြသည်။
ချင်ရီနှင့် အခြားချင်မွေးချင်းများဟာ လိုက်ချင်သော်လည်း ချင်ရှန့်မှ သူတို့နောက်မှတံခါးအားပိတ်လိုက်သည်။
အခန်းလွတ်အတွင်းတွင် ချင်ဝမ်ရှန့်နှင့်ရန်ဝေဝေတို့ ပဟေဠိဖြစ်နေကြသည်။
မည်သည့်စကားမှမဆိုဘဲ ချင်ရှန့် သူ့ဖုန်းအား ချင်ဝမ်ရှန့်ထံ ပေးလိုက်ကာ ကြည့်ရန်ညွှန်ပြလိုက်သည်။
"ဒါက အစအဆုံးမဟုတ်ဘူး၊ ဒါပေမယ့် ဘာတွေဖြစ်နေလဲဆိုတာ မင်း နားလည်မယ်ထင်တယ်။" ဟု ချင်ရှန့်မှ အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။
ချင်ဝမ်ရှန့်သည် ဖုန်းယူကာ ဖွင့်ကြည့်လိုက်သည်။ ဗီဒီယိုထဲရှိလူများသည် သူစိမ်းများဖြစ်ကြသော်လည်း စကားစမြည်ပြောလာသည့်အခါ သူ့မျက်နှာမှာဖြူဖျော့သွားပြီး သူ့မျက်လုံးများ သည် ဝမ်းနည်းပူဆွေးမှုမှဒေါသအဖြစ်သို့ ပြောင်းသွားခဲ့သည်။
စကားဝိုင်း၏နောက်ဆုံးအပိုင်းအား နားထောင်ရင်း သူတုန် လှုပ်သွားပြီး သူတို့သည် အနာဂတ်တွင် သူတို့၏ဖအေတူမအေကွဲဝမ်းကွဲအမ ရန်ဝေဝေအား မည်ကဲ့သို့အားကိုးရမည်ကို အ ရှက်မဲ့စွာပြောနေကြသည်ကိုမြင်ပြီး စိတ်ထိခိုက်ကာအနောက်သို့ယိုင်ကျသွားသည်။
ကျီဖေးမှ သူ့အားအမြန်လှမ်းဖမ်းလိုက်ရသည်။
"မား! မား!"
ဗီဒီယိုကြည့်ရင်း စိတ်တည်ငြိမ်မှုပြန်ရလာသည့်ရန်ဝေဝေသည် သူ့အမေအား ထိုကဲ့သို့မြင်ရသဖြင့် ပိုလို့ပင်ငိုကြွေးခဲ့သည်။
"ဒါက အမှန်မဟုတ်ဘူး ဟုတ်တယ်မဟုတ်လား? ငါ့ကို မဟုတ်ဘူးလို့ပြောစမ်းပါ!"
အသန်မာဆုံးအမျိုးသမီးပင် လှည့်စားခံရခြင်းအား လက်ခံရန် ရုန်းကန်ရလိမ့်မည်။
သို့သော် ချင်ရှန့်သို့မဟုတ်ကျီဖေးထံမှ တုံ့ပြန်မှုမရရှိခဲ့ပေ။
ရန်ဝေဝေငိုယိုပြီး "မား၊ အဲ့ဒါအမှန်ပဲ။ သမီးကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ။ သူတို့အဖေပဲ... သူက သမီးအဖေမဟုတ်ဘူး၊ သူက သူတို့အဖေပဲ။ သူက သူတို့ကိုပဲချစ်တာ သမီးကိုမချစ်ဘူး! မား၊ သမီး မားကိုတားဖို့ကြိုးစားနေတာ။ သမီး သူတို့ကို ဘာမှမပေးချင်ဘူး။ မား ကြိုးကြိုးစားစားလုပ်ယူခဲ့ရတာတွေကို ဘာလို့ သူတို့ရသင့်မှာလဲ ? ဘာလို့လဲ ?"
[ဝမ်းနည်းဖို့ကောင်းလိုက်တာ။ အမွေဆိုတဲ့ဟာတွေက ချင်အဖွဲ့အစည်းချခဲ့တဲ့အုတ်မြစ်နဲ့ ချင်ဝမ်ရှန့်ရဲ့ ကြိုးစားအားထုတ်မှုတွေ။ ရန်ဖုန်က လစာမြင့်ဝန်ထမ်းတစ်ယောက်ပဲ။ သူ့မိဘတွေမှာက လုံလောက်တာထက်ပိုနေပြီလေ။ ချင်ဝမ်ရှန့် လုပ်ခဲ့သမျှကိုခိုးယူပြီးတော့ သူ့မယားငယ်မနဲ့ တရားမ၀င်ကလေးတွေဆီအပ်ပြီး သူ့သမီးအတွက် ဘာမှမချန်ခဲ့လောက်အောင် သူတို့ဘယ်လောက်ထိ လောဘကြီးနိုင်ရတာလဲ ? ရဲတင်းချက်က တော့ မယုံနိုင်စရာပဲ။]
တံခါးအပြင်ဘက်တွင် ချင်မိသားစုသည် စကားဝိုင်းအားရှင်း ရှင်းလင်းလင်းမကြားရသော်လည်း ကျီဖေး၏အတွေးများမှ သိနိုင်ခဲ့သည်။ သူတို့အံ့အားသင့်သွားပြီး ချင်ရီအားကြည့်လိုက်ကြသည်။
ချင်ရီသည် ခိုးနားထောင်သူမဟုတ်သော်လည်း သူတို့၏အမူ အရာများအားမြင်လိုက်ရသည့်အခါ "မင်းတို့ ဘာကြားလိုက်တာလဲ?" ဟု မမေးပဲ မနေနိုင်ခဲ့ပေ။
သုံးယောက်သား အကြည့်ချင်းဖလှယ်ကာ စကားများများမပြောရဲချေ။ အဘယ်ကြောင့် ချင်ရှန့်မှ ချင်ဝမ်ရှန့်အားဘေးဖယ်ထားရကြောင်း သူတို့နားလည်ခဲ့ကြသည်။
ဆိုရိုးစကားအတိုင်းဆိုလျှင်၊ ပညာအရှိဆုံးတရားသူကြီးပင်လျှင် မိသားစုအငြင်းပွားမှုအား ဖြေရှင်းရန်ရုန်းကန်နေရသည်။ သူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာမှာ ချစ်ရသူတစ်ယောက်ထံမှ ခြယ်လှယ်မှုခံရသည့်အခါ အမှန်တရားအား ထုတ်ဖော်ပြီး ဆုံးဖြတ်ခွင့်ပေးလိုက်သည်ပင်။ အဆုံးတွင် သေခြင်းတရားအား သနားသဖြင့် အမှန်တရားကိုရင်မဆိုင်လိုပဲ အသွင်အပြင်ကြောင့် မိမိကိုယ်ကိုလှည့်ဖြားလိုကာ အရူးလုပ်လိုသည့်သူများလည်းရှိသည်။
ထို့ကြောင့်၊ သူတို့၏ဝမ်းကွဲမှ ဆုံးဖြတ်ချက်မချမီ၊ သူတို့အနေ ဖြင့် ဘာမှမသိဟန်ဆောင်သည်မှာ အကောင်းဆုံးဖြစ်သည်။
ရန်ဝေဝေသည် အခန်းတွင်း၌ သူ၏စိတ်ပိုင်းဆိုင်ရာ ကြေကွဲမှုအား ကယောင်ကတမ်းထုတ်ဖော်ပြကာ အမှန်တကယ် သနားစရာကောင်းလှသည်။
နောက်ဆုံးတွင် ချင်ဝမ်ရှန့်သည် ဆေးရုံခန်းထဲ၌ အဘယ် ကြောင့် ရန်ဝေဝေ ထူးထူးခြားခြားပြုမူခဲ့သည်ကို နားလည်သွားသည်။
မိခင်တစ်ဦး၏ခွန်အားဖြစ်ကောင်းဖြစ်နိုင်သည်- အဖြစ်မှန်အား လက်ခံရန် အတင်းအကြပ်တွန်းအားပေးခံရပြီးနောက် ချင်ဝမ်ရှန့်သည် သူ၏စိတ်ပျက်နေသည့်သမီးအား ကြည့်ကာ အံကြိတ်ပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
"ဝေဝေ၊ မကြောက်နဲ့ မားဒီမှာရှိတယ်။ မား ဘယ်သူ့ကိုမှ... ဘယ်သူကိုမှ ငါ့သမီးလေးကိုထိခိုက်အောင်လုပ်ခွင့်မပေးဘူး! ရန်ဖုန်၊ မကောင်းတဲ့အကောင်၊ နင် မကောင်းဆိုးဝါး!"
ချင်ဝမ်ရှန့်၏စကားအား ကြားပြီး ချင်ရှန့်နှင့်ကျီဖေးတို့ သက်ပြင်းတစ်ချက်ချလိုက်သည်။
ချင်ရှန့်မှ "ဝမ်းကွဲ၊ ရှေ့နေရောက်မလာခင် မင်းရဲ့ဆုံးဖြတ်ချက်ကို အမြန်ဆုံးချလိုက်ပါ။ မင်း အကူအညီလိုရင် ငါတို့ကိုပြောလို့ရတယ်။"
ချင်ဝမ်ရှန့်၏မျက်လုံးများတွင် မျက်ရည်များစီးကျနေသော် လည်း ယခုအခါ၎င်းတို့သည် စူးရှသည့်အလင်းရောင်ဖြင့် တောက်ပနေသည်။
ဆေးရုံခန်းတံခါးပြန်ပွင့်လာသောအခါ၊ အတွင်းမှ ရန်မိသားစုသုံးယောက်သား ချင်ဝမ်ရှန့်ပြန်လာသည်ကိုတွေ့လိုက်ရသည်။ ယုံကြည်ချက်ပျက်ပြားမှုအချို့ကြောင့် ရန်ဖုန်သည် သူ့ဇနီးနှင့်သမီးအား စကားပြောရန်ရှောင်နေခဲ့သည်။
"ကိုယ် မင်းကို အပြစ်လုပ်မိသွားပြီ။ နောက်ဘဝဆိုတာသာရှိသေးရင် မင်းအတွက် ကိုယ်ပြန်ပေးဆပ်မယ်။"
ချင်ဝမ်ရှန့်သည် ရန်ဖုန်ထံသို့လျှောက်လာပြီး ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"အိုး ? ကျွန်မတော့ နောက်ဘဝအတွက်ဆုမတောင်းဘူး။ ကျွန်မ ဒီဘဝတစ်ခုတည်းကိုပဲ ဂရုစိုက်တယ်။"
ရန်ဖုန်စိတ်လှုပ်ရှားသွားပြီး ထပ်ပြောခါနီးတွင် ချင်ဝမ်ရှန့်မှ
" အော်၊ ဒါနဲ့လေ၊ ကျွန်မ ရှေ့နေကို မလာဖို့ပြောခဲ့တယ်၊ ကျွန်မစဉ်းစားနေတာ - ချင်ဝမ်ရှန့်ဖြစ်တဲ့ ကျွန်မ ရှင့်ကိုလက်ထက်တုန်းက ကတိသစ္စာပြုခဲ့တယ်။ အေးအတူပူအမျှ ရှင့်ဘေးမှာပဲ ကျွန်မရှိနေမယ်လို့ကတိပေးခဲ့တယ်။ ဒီဘဝမှာ သေခြင်းတရားကသာ ကျွန်မတို့ကို ခွဲနိုင်လိမ့်မယ်၊ လုံးဝ မကွာရှင်းဘူး။"