← Chapters

အခန်း (၃၃၆)

Vol. 34 Ch. 336

အခန်း (၃၃၆)

Vol. 34 Ch. 336

ချင်ရှန့် ကျီဖေး၏ရေရွတ်သံအား ကြားသော် မပြုံးဘဲ မနေနိုင်တောချေ။ အတိအကျပင်၊ ချင်ဒုတိယမိသားစုသည် ချင်ဝမ်ရှန့်လုပ်ခဲ့သည်အား သဘောပေါက်သွားပုံရသည်။

သို့သော် ချင်ဝမ်ရှန့်သည် တစ်ယောက်ယောက်အား သတိပေးမိခြင်းမှ ရှောင်ရှားရန် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ယင်းအစား သူမသည် ရိုးရှင်းစွာပင် သူမ မိသား စုအား ခေါ်ဆောင်ကာ ထိုကံဆိုးသောနေရာမှထွက်ခွာခဲ့သည်။

ရန်ဖုန်ဟာ ယခုအချိန်တွင် လက်တစ်ဆုပ်စာပြာသာဖြစ်ပြီး၊ ချင်ဝမ်ရှန့် သူ့ဈာပန အစီအစဉ်တွေအား ကိုင်တွယ်ဖို့ရာ သူနှင့် မထိုက်တန်ပါချေ။

ချင်ဝမ်ရှန့်မရှိလည်း သူ့အငယ်အနှောင်းများနှင့် တရားမ၀င် ကလေးများရှိသည်။ ၎င်းတို့သည် ပိုင်ဆိုင်မှုအားလုံးအား အမွေမရနိုင်မှန်း သိချိန်တွင် ဒေါသဖြစ်ကြသော်လည်း ၎င်းတို့ထံ ရွေးချယ်ပိုင်ခွင့်မရှိပေ။ အကျိုးခံစားခွင့်များ ပိုမိုရရှိရန် မျှော်လင့်ချက်ဖြင့် ရန်ဖုန်၏ဈာပနအား ကျင်းပရန်သက်ကြားအိုစုံတွဲအားချော့မော့ပြီး သူတို့ရှိုးပြကြသည်။

ရန်ဆွေမျိုးများရှေ့တွင် သူမနှင့်သားသမီးများ ရှိနေကြောင်း ပြရန် ဒီအခွင့်အရေးအားယူလိုက်ကြသည်။ ဤသို့ဖြင့် ရှေ့နေမှအမွေခွဲဝေရန် ရောက်လာသည့်အချိန် သူတို့ ရလောက်သေးသည်။

သူမ၏ အလှတရားဖြင့် အငယ်အနှောင်းဖြစ်လာသူနှင့် အပေါ် စီးမှ ပြောဆိုတတ်သည့် သက်ကြီးရွယ်အို စုံတွဲ— ၎င်းတို့တစ်ယောက်မှ တရားဥပဒေဆိုင်ရာ ပြဿနာများအား နားလည်ကြပုံမပေါ်ပေ။

ရန်ဆွေမျိုးအချို့သည် ဤပြဿနာအားသတိပြုမိပြီးဖြစ်သော်လည်း ဤလူများ၏ အပြုအမူသည် အလွန်ရွံရှာဖွယ်ကောင်းပြီး အမွေခွဲဝေယူရန် ကြိုးစားနေခြင်းအား လူတိုင်း အကဲခတ်မိသောကြောင့် မည်သူမျှ ၎င်းတို့ကို သတိပေးရန် ဆန္ဒမရှိပေ။

ဘာမှထူးမှာလည်း မဟုတ်ဘူးလေ။

ဈာပနနေ့တွင် လူများစွာပေါ်လာသည်။

ရန်ဖုန်သည် Y City ၏ စီးပွားရေးလုပ်ငန်းအသိုင်းအဝန်းတွင် ရပ်တည်နေသူ ဖြစ်သောကြောင့် သဘာဝအတိုင်းပင်၊ သူ၏စီး ပွားရေးလုပ်ဖော်ကိုင်ဖက်များသည် လာရောက်ဂါရဝပြုကြသည်။

သို့သော် သူတို့ရောက်သည်နှင့် အငယ်အနှောင်းနှင့် တရားမ ၀င်ကလေးများအား တွေ့လိုက်ရကာ အံ့သြသွားကြသည်။ ရန်ဖုန်သည် ဤမျှ ရဲရင့်လိမ့်မည်ဟု သူတို့ အမှန်မမျှော်လင့်ထားခဲ့ကြပေ။ အသက်အကြီးဆုံးတရားမ၀င်ကလေးသည် သူ၏ တရားဝင်ကလေးထက် အနည်းငယ်သာငယ်သည်။

ပိုဆိုးသည်မှာ အငယ်အနှောင်းသည် အိမ်သခင်မလိုပြုမူပြီး သူတို့အားနှုတ်ဆက်နေပြီး ဤကဲ့သို့ လူမှုရေးကျေပွန်နေမှုကြီးက ၎င်းတို့အား အလွန်စိတ်မသက်မသာဖြစ်စေသည်။ သူတို့ ချင်မိသားစုကို စော်ကားဖို့လုပ်နေကြတာလား မသိဘူး ?

သို့သော် သူတို့လည်း ဒီရောက်နေပြီဖြစ်ကာ အံကြိတ်၍သာ ဝင်ကြရတော့သည်။

အထဲကိုရောက်သည်နှင့် သူတို့ မေးမြန်စရာပင်မလိုချေ။ ရန်ဖုန်၏မိဘများသည် ဇနီးမယား တာဝန်အားလစ်လျူရှုသည့် ချင်ဝမ်ရှန့်အားရှုတ်ချနေပြီး ဒရမ်မာခင်းနေကြသည်။ ခင်ပွန်းဖြစ်သူ၏ ဈာပနအားပြင်ဆင်ရန် လက်တစ်ချောင်းပင် မလှုပ်ခဲ့ဘဲ ဤသည်များ အားလုံးအားလုပ်ရန် ကြင်နာ၊ နူးညံ့သိမ်မွေ့ပြီး ကျင့်ဝတ်သိသည့် 'အငယ်အနှောင်း' သာ ကျန်ခဲ့သည်ဟု ဆိုကြသည်။

ရန်ဝေဝေသည်လည်း သမီးကျင့်ဝတ်မရှိကာ သူ့ဘေးနေတိုင်း ငိုကြွေးနေကြသည့် ကလေးလေးယောက်နှင့် မတူပဲ ဖခင်ဖြစ်သူ သေဆုံးမှုအတွက် စိုးရိမ်ပူပန်မှုမရှိကြောင်းစွပ်စွဲလာသည်။

တိုတိုပြောရလျှင် သူတို့သည် ချင်ဝမ်ရှန့်နဲ့ သူ့သမီးအား အကြင်နာမဲ့သူအဖြစ် ပုံဖော်ကာ အငယ်အနှောင်းနှင့် သူ့ကလေးများအား ချီးကျူးစကားဆိုကြသည်။

ဒါပေမယ့် ဘယ်သူက ဂရုစိုက်နေလို့လဲ။ သူတို့က စီးပွားရေး သမားများပင်၊ အငယ်အနှောင်းများနှင့် တရားမ၀င်ကလေးများအား စာနာခြင်းသည် ၎င်းတို့၏အနာဂတ်စီးပွားရေးတက် လမ်းအား တိုးတက်စေမည်လား။ ရယ်စရာတွေ မပြောပါနှင့် ၎င်းတို့ဆက်ဆံနေရသည့် သူမှာ ချင်မိသားစုဖြစ်သည်— ၎င်းတို့အား မည်သူမျှမဆန့်ကျင်ဝံ့ပေ။

ချင်ဝမ်ရှန့်နှင့် သူ့သမီးတို့သည် ရန်ဖုန်၏ကာလရှည်ကြာဖုံး ကွယ်ထားသည့် ပြစ်မှုများအား ရှာဖွေတွေ့ရှိပြီး ဒေါသထွက်သွားကြခြင်းဖြစ်မည်ဟု ခန့်မှန်းမိကြသည်။

ဈာပနပွဲ နေ့ရက်များတွင် ချင်ဝမ်ရှန့်သည် လုံးဝမျက်နှာမပြခဲ့ချေ။

ယခုအချိန်တွင် သူမသည် သက်တော်စောင့်အဖွဲ့ဖြင့် ဝန်းရံလျက်သမီးဖြစ်သူ ရန်ဝေဝေနှင့် ရောက်ရှိလာသည်။

ချင်မိသားစုသည် အခြေအနေအား သိရှိကြပြီးဖြစ်ကာ ဈာပနအား ၎င်းတို့ဆွေမျိုးတစ်ယောက်တ‌လေမှ မတက်ရောက်ခဲ့ကြပေ။ ထို့ကြောင့် ချင်ရီသာ သူ့ကျဲနဲ့ လိုက်လာမည်ဟုထင်ခဲ့ကြသည်။

သို့သော် လူငယ်တစ်စုရောက်လာပြီး အရိုအသေသွားမပေးကြဘဲ အဝင်ဝတွင် စိုက်ကြည့်နေကြသည်အားတွေ့လိုက်ရသဖြင့် ရန်ဆွေမျိုးများတုန်လှုပ်သွားကြသည်။

ဤလူတွေ အသုဘအခမ်းအနားကို ရောက်လာပြီး ဒရာမာလာကြည့်ကြမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ဒီလိုထူးဆန်းတဲ့ အလှည့်အပြောင်းတွေကြောင့် တခြားဧည့် သည်များလည်း သိချင်လာကြသည်။ စျာပနသက်သက်ဟုသာ ယူဆရသည့်အရာမှ လျင်မြန်စွာ ပွဲအဖြစ်ပြောင်းလဲသွားသည်။

[အိုး၊ အငယ်အနှောင်းနဲ့ တရားမ၀င် သားသမီးတွေ အကုန်လုံး ဒီမှာ ရှိတယ်။ သူတို့က တကယ်ပဲ ရဲရင့်တာပဲ။ ဒီကိုလာဖို့ဆုံး ဖြတ်လိုက်တာ မှန်သွားတာပဲ—ပွဲအကြီးကြီး ကြည့်စရာရှိတယ်တော့!]

ချင်ရှီနှင့် အိမ်ဟောင်းမှာနေခဲ့တဲ့ ချင်မိဘတို့မှလွဲ၍ ကျန်လူများအားလုံးလာကြသည်။

စတုတ္တဦးလေးချင်မိသားစုမှ အမွှာများသည် ဒရာမာကောင်း ကောင်းအားသဘောကျကြသည်။

အခြားသူများ၏ ဆွဲခေါ်ခြင်းအား ခံခဲ့ရသည် ချင်ကျားရှီသည် အနည်းငယ် ကြောင်အနေသေးသည်။ ဤကဲ့သို့ ပဋိပက္ခမျိုးအား သူမ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

သူ့ ဝမ်းကွဲသည် ပြီးခဲ့သည်များ ပြီးပါစေတော့ဟု ထားလိုက်မည်ထင်ခဲ့သော်လည်း ထိုအစား သူမသည် လူအုပ်ကြီးနှင့် ဒရမ်မာ ဆန်ဆန်ရောက်လာခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် ချင်ကျားရှီသည် သူမ ရင်ထဲတွင် ထူးဆန်းသည့် ပူနွေးမှုအားခံစားခဲ့ရသည်။

အခုအချိန်တွင် ဈာပနခန်းမမှာ သက်ဝင်လှုပ်ရှားနေသည်။

ချင်ဝမ်ရှန့်သည် ပထမဆုံးအငယ်အနှောင်းမနှင့် ရင်ဆိုင်ခဲ့သည်။

အငယ်အနှောင်းသည် ချင်ဝမ်ရှန့်အား လျစ်လျူရှုကာ သနားစရာကောင်းစွာ ပြုမူပြီး သူ့ကလေး လေးယောက်အား ရှေ့သို့ဆွဲထုတ်ပြီး ရန်ဝေဝေအား "ဝေဝေ၊ မင်္ဂလာပါ၊ မင်းရဲ့ မောင်လေးတွေကို ကြည့်ပါဦး၊ ဒါမင်းတို့ ပထမဆုံးအကြိမ်တွေ့တာဘဲ။ ဒါပေမယ့် အခုကစပြီး မင်းတို့ အချင်းချင်းပဲရှိတော့တယ်။ မင်းတို့ အချင်းချင်းထောက်ပံ့ပြီး..."

အငယ်အနှောင်းမပြီးသေးခင်မှာ မိခင်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးသားဖြစ်သည့် ရန်ဝေဝေက "အန်တီ ဘာပြောနေတာလဲ၊ သမီးက တစ်ဦးတည်းသောကလေးပါ၊ ဘယ်မှာ မွေးချင်းရှိလို့လဲ။"

[ခစ်! ရန်ဝေဝေ ဒီလူတွေနဲ့ တွေ့လိုက်လို့ စိတ်ရှုပ်သွားမှာကို စိုးရိမ်ခဲ့မိတာ ဒါပေမယ့် သူ့အမေရဲ့ပုံစံတူလေးဖြစ်သွားပြီ။ သစ္စာဖောက်ခံရခြင်းက အမျိုးသမီးတွေကို တကယ်တိုးတက်သွားစေတာပဲ။ အဖေနဲ့သမီး ဆက်ဆံရေးတောင် သိသိသာသာကြီး သက်ရောက်မှုရှိတယ်။ သနားစရာ ဝေဝေလေး သူ့အ သက်ထက်မကတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတယ်။ ငါနော် ရန်ဖုန်ရဲ့ပြာတွေကို လေထဲကိုလွင့်ပစ်လိုက်ချင်တယ်။]

“အန်တီ” ဟူသော အခေါ်အဝေါ်ကြောင့် လူအုပ်ထဲမှ လှောင်ရယ်သံများစွာ ထွက်လာကာ အငယ်အနှောင်း၏မျက်နှာအား ဒေါသနှင့် စိမ်းဖန့်သွားစေခဲ့သည်။ သို့သော် သူမ ဒေါသမထွက်နိုင်ကာ ချင်ဝမ်ရှန့်အား တောင်းပန်တဲ့အမူအရာနဲ့ လှည့်ကြည့်လိုက်တယ်။

"ချင်ကျဲ၊ ဒါတွေအားလုံးက ကျမ အမှားတွေပါ၊ ဒါပေမယ့် ကလေးတွေကတော့ အပြစ်ကင်းပါတယ်။ သူတို့တွေက ရျင့်ရဲ့ အရင်းနှီးဆုံး မိသားစုဖြစ်နေပြီပဲ။ ဒါကို ဝေဝေကို ရှင်းပြသင့်တယ်။ ရန်ဖုန်ကလည်း သားသမီးတွေအချင်းချင်း ဖေးမကူညီနိုင်မယ်လို့ အမြဲမျှော်လင့်ခဲ့တာ။ နောက်ဆုံး သူတို့မှာက တစ်သွေးတည်းစီးဆင်းနေ..."

သူမ ပြောလို့မပြီးခင်မှာပင် ပါးရိုက်သံထွက်ပေါ်လာခဲ့သည်။ နောက်ကျမှ ရိုက်ရပေမယ့် ရိုက်ခဲ့ရပြီ။

ကျယ်လောင်သည့် ပါးရိုက်သံနှစ်ချက်သည် အသုဘခန်းမအတွင်း ပဲ့တင်ထပ်ကာ အငယ်အနှောင်းအား မြေပေါ်သို့ပစ်လဲသွားစေခဲ့သည်။ လူအုပ်ကြီး ပင့်သက်ရှုက်လိုက်ပြီး တရား မ၀င်ကလေးများစတင် အော်ဟစ်တော့သည်။

အသက်အကြီးဆုံး ကောင်လေးသည် ချင်ဝမ်ရှန့်ဆီသို့ အမြန်ပြေးသွားပေမယ့် ရန်ဖြစ်ချင်လို့ ယားယံနေသည့် ရန်ဝေဝေ လက်မြှောက်ပြီး သူ့မျက်နှာအားပြင်းပြင်းထန်ထန်ရိုက်ပစ် လိုက်သည်။

တခြားသူတွေ လှုပ်ရှားဖို့ကြိုးစားကြတဲ့အခါ သက်တော်စောင့်တွေ ရှေ့တိုးလာကာ တိတ်တဆိတ် ခြိမ်းခြောက်သည်။ သူတို့လုပ်နိုင်သည်မှာ အော်ဟစ်ကျိန်ဆဲရုံသာ။

"ဟမ်! မင်း အငယ်အနှောင်းလုပ်ပြီး- ပါးရိုက်ခံရဖို့ကျ မမျှော် လင့်ထားဘူးလား၊ မင်းဘာလို့ ငိုနေတာလဲ။"

ချင်ဝမ်ရှန့် အငယ်အနှောင်းအား လှောင်ပြောင်သည်။

"ငါ့ကို 'ကျဲ'လို့ ဘယ်သူကခေါ်ခိုင်းလိုက်တာလဲ ? နင့် ဦးနှောက်တွေက ရှေးခေတ်က ကိုယ်လုပ်တော်လို မယားငယ်ဖြစ်ဖို့ စိတ်ကူးယဉ်နေတုန်းလား။”

[မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အများဆုံး သူက အပျော်မယားပဲ ကိုယ်လုပ်တော်မဟုတ်ဘူး။]

ချင်မိသားစုသည် ရယ်ချင်သော်လည်း ငြိမ်ငြိမ်သာ ဒရာမာအားပျော်ပျော်ကြီးကြည့်နေခဲ့သည်။

"ချင်ဝမ်ရှန့်၊ မင်း တကယ်ပဲ ပြဿနာရှာတော့မှာလား။ ငါ့သားကို အေးအေးချမ်းချမ်း နေခွင့်မပေးဘူးလား။" အဖွားရန် တုန်လှုပ်ခြောက်ခြားစွာ အော်လိုက်သည်။

"ဘာလို့ သူ့ကို အေးအေးချမ်းချမ်း အနားယူစေချင်တာလဲ၊ သူနဲ့ ထိုက်တန်လို့လား။" ချင်ဝမ်ရှန့်က ပြန်ပြောပစ်သည်။

အဘိုးရန် ယန်ဝေဝေဘက်သို့ လှည့်ကာ "ဝေဝေ၊ မင်းအမေ မင်းကို ဦးနှောက်မဆေးစေနဲ့၊ သူတို့တွေက မင်းရဲ့မောင်နှမတွေပဲ။ မင်း သူတို့ကို အသိအမှတ်ပြုရမယ်။"

ရန်ဝေဝေ အဘိုးအဘွားများထံသို့ အကြည့်သည် အမုန်းတရားများဖြင့်ပြည့်နှက်လာသည်။ တရားဝင်ကလေးများသည် ၎င်းတို့၏တရားမ၀င်မွေးချင်းများအား ထောက်ပံ့ရန်တရားဝင်တာဝန်ရှိကြောင်း မိသားစုရှေ့နေထံမှကြားသိထားပြီးဖြစ် သည်။

သူ့အဘိုးအဘွားများ ဤသည်အားထပ်ပြောလာချိန် သူမ အား အန်ချင်သွားစေသည်။

"သမီးမှာ မောင်နှမ မရှိဘူးလို့ပြောထားတယ်လေ။ ရှိတယ်လို့ပြောနေတာ သက်သေကဘယ်မှာလဲ။"

ရန်ဝေဝေ သက်သေတောင်းလိုက်သည်။

ယင်းကြောင့် တရားဥပဒေမဲ့ အုပ်စုကြီးသည် ခဏတာအံ့အား သင့်သွားခဲ့သည်။ သက်သေ ? ဘယ်လိုသက်သေမျိုးရှိနိုင်လဲ။

ထိုအချိန်တွင် အမွေခွဲဝေပေးရန်တာဝန်ရှိ ရှေ့နေရောက်လာသည်။

ချင်ဝမ်ရှန့် အေးစက်စွာ ပြုံးလိုက်သည်။

"ဝေဝေ၊ ရန်ဖုန်ရဲ့မိဘတွေနဲ့ ကျွန်မက တရားဝင်အမွေခွဲဝေခြင်း လုပ်ငန်းစဥ်မှာ ပါဝင်ခွင့်ရှိတယ်။ ဒါပေမယ့် ရှယ်ယာလို ချင်တဲ့သူတွေကတော့ သက်သေအထောက်အထား ပြရမယ်... ဟုတ်သား သက်သေပြရုံနဲ့ မလုံလောက်ဘူးပဲ။ ဒီကလေးတွေကဝေဝေရဲ့ မွေးချင်းတွေပါလို့ပြောနေတော့ ဆိုလိုတာက သူတို့က ရန်ဖုန်ရဲ့သားသမီးတွေပေါ့ ဒါဆို ...နင့်မှာ ရန်ဖုန်ရဲ့ သာသမီး မှန်ကန်ကြောင်း စစ်ဆေးချက်ရှိလား။"

All Chapters