← Chapters

အခန်း (၃၃၇)

Vol. 34 Ch. 337

အခန်း (၃၃၇)

Vol. 34 Ch. 337

ချင်ဝမ်ရှန့်၏ ပြောစကားကြောင့် တစ်ခန်းလုံးတိတ်သွားသည်။ အဆုံးတွင်တစ်ခုခုမှားနေမှန်း အငယ်အနှောင်း နားလည်သွားရသည်။ သနားစရာကောင်းသည့်ပုံပင် ဟန်မဆောင်နိုင်တော့ပဲ မျက်နှာပေါ်မှ မျက်ရည်များနှင့် ရှေ့နေ့ဆီ အပြေးသွားပြီး

“ ရှေ့နေ၊ ရှင်က ရန်ဖုန်ရဲ့ ရှေ့နေမလား ? သူတိုက ရန်ဖုန်ရဲ့ကလေးတွေမှန်း သိတယ်မလား ဟင်။ သူတို့လည်း အမွေရပိုင်ခွင့်ရှိပါတယ်။ ဟုတ်တယ်မလား။ ချင်မိသားစုကို ကြောက်တာနဲ့ပဲ ရှင်ဥပဒေကို ချိုးဖောက်လို့မရဘူးနော်။”

ချွေးပြန်နေသည့် ရှေ့နေက “မဒမ်၊ ကျနော်တို့က ဥပဒကို လိုက်နာတယ်။ ပြီးတော့ မစ်ချင်ပြောတာကလည်း အမှန်ပါပဲ။ မစ္စတာ ရန်ဖုန်ရဲ့ ကလေးဖြစ်ကြောင်း စစ်ဆေးမှုမလုပ်ထားရင် အမွေခွဲတဲ့နေရာမှာ ပါဝင်ခွင့်မရှိပါဘူး။”

[ဒါဆို အငယ်အနှောင်းက အဲ့ရှေ့နေနဲ့တွေ့ဖူးတယ်ပေါ့။ အဲ့ဒီရှေ့နေက ရန်ဖုန်ရဲ့ အငယ်အနှောင်းနဲ့ တရားမဝင်ကလေးတွေအတွက် ပိုင်ဆိုင်မှုနဲ့ ငွေရေးကြေးရေးကို ကိုယ်တွယ်ခဲ့ရတယ်။ နှုတ်ပိတ်ထားရမယ့် စည်းမျဥ်းကြောင့် ချင်ဝမ်ရှန့်ကို အဲဒီရှေ့နေက ဘာမှမပြောခဲ့တာပဲ။ အဲ့လိုပဲ အငယ်အနှောင်းကိုလည်း ဥပဒေဖောက်ဖို့ကူပေးမှာမဟုတ်ဘူး။ သူက စည်းမျဥ်းတွေကို လိုက်နာနေရုံပဲ။]

ချင်ဒုတိယမိသားစုသည် သူမ အစောပိုင်း အဘယ့်ကြောင့် ဤလောက် ယုံကြည့်မှုရှိနေကြောင်းနားလည်သွားသည်။ ရှေ့နေမှာ သူမဘက်မှာလို့ ထင်နေသောကြောင့်ပေ။ သို့သော် သူသည် သူ့အလုပ် သူလုပ်နေရုံသာ။

ထိုစဥ် ကျီဖေးအတွေးအား မကြားရသော်လည်း အမွှာနှစ်ယောက်သည်လည်း ဤကဲ့သို့ တွေးမိကြကာစိတ်အားထက် သန်စွာ ဆွေးနွေးနေကြသည်။

“ဝမ်းကွဲက မိုက်လိုက်တာ။ တည်တည်ငြိမ်ငြိမ်နဲ့ မြန်မြန် ရှင်းလိုက်တယ်။ လုံးဝ အပြတ်အသတ် အနိုင်ယူလိုက်တာပဲ။” ချင်ရှောင်ယွီက အော်လိုက်သည်။

“ ရန်ဖုန် ဒီလောက်မြန်မြန်သေသွားတာ ဆိုးတာပဲ။ မသေသေးရင် ဝမ်းကွဲက သူနဲ့ကွာရှင်းပြီ: ဘာမှမချန်ခဲ့လို့ရတယ်။ ဒါဆို အဲ့လူအိုကြီးနှစ်ယောက်ကိုပါ ပေးစရာမလိုတော့ဘူး။” ချင်ကျင်းပြောလာသည်။

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ချင်ကျားရှီ ဖြစ်ခဲ့သည်များအားပြန်တွေးရင်း တွေးလေလေ သူ့ ဝမ်းကွဲအားသဘောကျလေလေပင်။

အဲဒီတုန်းက ဝမ်းကွဲက ချက်ချင်းကွာရှင်းဖို့သဘောတူပြီး ဘာကိုမှမလိုချင်တာက သူမလုပ်ချင်လို့လေ။ ဒါပေမယ့် အခြေ အနေတွေက ပြောင်းပြန်ဖြစ်သွားရင်ရော။

ဝမ်းကွဲက သူ့ခင်ပွန်း ဖောက်ပြန်တဲ့ သက်သေတွေ့ကို စု ဆောင်း သူ့အတွက်ဘာမှမချန်ခဲ့ဖို့လုပ်ရင်ရော။ ဒါပေမယ့် ရန်ဖုန်က လုံးဝသဘောတူမှာ မဟုတ်ဘူး။ သူ့ကို တရားရုံးခေါ်လို့မရတော့ တရားဝင်ပိုင်ဆိုင်မှု ခွဲဝေဖို့လုပ်မှာပဲ။ ဒါကြောင့် ကံတရားအရ ဝမ်းကွဲက မကွာရှင်းလိုက်ရပဲ၊ မုဆိုးမဖြစ်သွားတာထင်တယ်။

ပြဿနာကိုနားလည်သွားတာနဲ့ မုဆိုးမတစ်ယောက်အ နေနဲ့ သူနဲ့သူ့သမီးအတွက် အကျိုးခံစားခွင့်အများဆုံးရနိုင်မယ့် ဗျူဟာကိုစလုပ်ခဲ့တာပဲ။

ချင်ကျားရှီ သူမ တွေးတောနေတာကို သတိထားမိလိုက်သည်။ "ဒါ...အရေးပါလို့လား ?"

သူမ တိုးတိုးလေး ရေရွတ်သော်လည်း သူအနီးရှိသူများကြား လိုက်ရသည်။

“ဒါပေါ့ အရေးပါတာပေါ့။ တစ်ယောက်ယောက်က ငါ့တို့ကို အရူးလုပ်ရင် သူ့တိုကို နောင်တရသွားစေရမယ်။”

ချင်ရှောင်ယွီ သေချာပြောလိုက်သည်။

“ငါမပျော်ရင် တခြားသူလည်း မပျော်စေရဘူး။”

“အချစ်က သွားခွင့်ပေးနိုင်တယ်။ ဒါပေမယ့် ပိုက်ဆံကတော့ သူများကို ဘာလို့ပေးရမှာလဲ။ မျက်နှာပျက်စရာကြီး။” ချင်ရန် လည်းဝင်ပြောလိုက်သည်။

“ဟုတ်ပါ့၊ အချစ်က စစ်လား မစစ်ဘူးလား ? စိုးရိမ်နေရသေးတယ်။ ပိုက်ဆံက မြင်သာတယ် ကိုယ့်ဟာပဲ။” ချင်ရုန် စိတ်အားထက်သန်စွာပြောသည်။

ချင်ကျားရှီ သူတို့စကားကြောင့်ထိတ်လန့်သွားသည်။ ဒါဆို... ဒါက တကယ်ကြီး ဒီလိုလား ?

ချင်ရှောင်ယွီသည် အမြဲ သည်လိုပင် သို့သော် ချင်ရန်နှင့် ချင်ရုန်ကတော့ မတူပါချေ။ ကျီဖေး ပြောသည်အားကြားဖူးသည် ချင်ရှန်နှင့် ချင်ကျောက်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ထိုအချိန် ကျီဖေးသည် သူ့ရှေ့မှ ဒရမ်မာတွင် စျာန်ဝင်နေဆဲဖြစ်သည်။

တစ်ဖက်တွင် ရှေ့နေပြောစကားသည် အုတ်အော်သောင်းနင်ဖြစ်သွားစေသည်။ အစကတည်းက သားသမီးမှန်ကန်ကြောင်း စစ်ဆေးမှုလုပ်ဖို့ ဘယ်သူတွေးမိမှာလဲ။ ရန်ဖုန်က ရုတ်တရက်ကြီးသေသွားတာ တွက်ချက်နေချိန်တောင် မရလိုက်ဘူး။

အငယ်အနှောင်း ၏မောင်လေးဖြစ်သူ၏ ပထမဆုံး လုပ်ရပ်မှာ အရိုးပြာအိုးအား သွားယူခြင်းပင်။ သူ့အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်ကြောင့် လူတိုင်း စကားမပြောနိုင်ကြတော့ပေ။

ရန်ဖုန် မိဘတွေမှာ သူ့အား မတားဘဲ ချင်ဝမ်ရှန့်တစ်ခုခုလုပ်မည်အား စိုးရိမ်၍ သူ့မအား စိုက်ကြည့်နေကြသည်။

ရှေ့နေ့သည် ရှုပ်ယှက်ခတ်နေသော မြင်ကွင်အားကြည့်ကာ နှုတ်ခမ်းလှုပ်သွားသည်။

“လူတိုင်း ဒီလိုလုပ်ဖို့မလိုပါဘူး။ ပြာတွေကို စစ်လို့မရဘူးလေ။ တစ်နည်းပြောရရင် မစ္စတာရန်ရဲ့ ခန္ဓာကိုယ်ရှိသေးရင် နမူနာရှိသေးရင် စစ်ရတယ်။ ကျန်တဲ့ဟာတွေက တရားမဝင်ပါဘူ။”

အငယ်အနှောင်းသည် နောက်ဆုံးနားလည်သွားပြီး ဒေါသထွက် တုန်လှုပ်သွားကာ ချင်ဝမ်ရှန့်အားကြည်လိုက်သည်။

“နင်….နင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ။ နင်သိထားလို့ အမွေရတာသေချာအောင်လို့ ရန်ဖုန်ကို ဒီလောက်မြန်မြန် မီးသဂြိုလ်ခဲ့တာပဲ။”

ရန်ဖုန်မိဘများလည်း သတိပြုမိသွားကာ ရင်ဘတ်စည်တီးလျှက် ချင်ဝမ်ရှန့်အားကျိန်ဆဲကြသည်။

“နင် ဒီလောက်မြန်မြန်လုပ်နေကတည်းက တစ်ခုခုရှိမှန် ငါသိသားပဲ။ မိန်းမယုတ်မ နင်ပိုက်ဆံရဖို့ ငါ့သားကိုမီးရှို့လိုက်တာပဲ။”

“ငါတို့သားသေပြီ။ နင် ရန်မိသားရဲ့ အမွေကိုဖျက်ဆီးချင်တုန်းပဲ။”

ချင်ဝမ်ရှန့် နှာခေါင်းရှုံ့လိုက်သည်။

“ကျမကို ကွာရှင်းခိုင်းပြီး ဘာမှမပေးချင်ခဲ့တာမလား။ ကျမပေးတဲ့ ပိုက်ဆံနဲ့တရားမဝင်ကလေးတွေကို ပြုစုပျိုးထောင်ထားပြီး ကျမက ပြန်မတိုက်ခိုက်ရတော့ဘူးတဲ့လား။”

ဤကဲ့သို့ အရည်ရွှမ်းသည့်လှည့်ကွက်အား မမျှော်လင့်ထားသည့် အခြားဧည့်သည်များ စိတ်လှုပ်ရှားသွားကြသည်။ ချင်ဝမ်ရှန့်သည် ရန်ဖုန်၏ ခန္တာကိုယ်အား မီးသဂြိုလ်ခဲ့ခြင်းမှာ ဖောက်ပြန်သောကြောင့် ဒေါသထွက်သွားသည်ဟု ထင်ခဲ့ကြသည်။ သို့သော်မဟုတ်ပေ− ဒါက အမွေအတွက် သေချာအောင်လုပ်ခဲ့တဲ့ အစီအစဥ်တစ်စိတ်တစ်ပိုင်းပဲဟ

ချင်ဝမ်ရှန်၏ ညှာတာကင်းမဲ့သော လှုပ်ရှားမှုသည် လူတိုင်းအား အံ့အားသင့်သွားစေသည်။ ရန်ဖုန်နဲ့ ယှဥ်ရင် နောက်လယ်ဗယ်မှာပဲဟေ့။

သူ့တရားမဝင်ကလေးများအား သူမ ခက်ခက်ခဲခဲရှာထားတဲ့ ပိုက်ဆံနဲ့ ပျိုးထောင်ချင်သည်။ တစ်ပြားမှမရနိုင်ရန် လုပ်ပစ်ရမည်။

"ရှေ့နေ၊ ရှေ့နေ။ ငါတို့ သက်သေပြနိုင်တယ်၊ ငါတို့ကို စစ်ပါ။!"

ရန်ဖုန်၏ မိဘများ ရုတ်တရက်အော်လိုက်သည်။

"ရန်ဖုန်က ငါတို့ရဲ့ တစ်ဦးတည်းသောသား၊ သူတို့က ငါတို့မြေးတွေဖြစ်ကြောင်း သက်သေပြနိုင်ရင်.."

ချင်ဝမ်ရှန့် အေးစက်စွာရယ်မောလိုက်သည်။

“ဒါ အလုပ်မဖြစ်ဘူး။” ရှေ့နေက ပြောသည်။

"ဒါဆို ရန်ဝေဝေကို စစ်ခိုင်းလိုက်။ သူတို့ မောင်နှမတွေဖြစ် ကြောင်း သက်သေပြနိုင်ရင်…..” အငယ်အနှောင်း မြန်မြန်ဖြတ်ပြောလိုက်သည်။

ရန်ဖုန်မိဘများသည် ချက်ချင်ဆွဲခေါ်ပြီး စစ်ချင်သလိုစိတ်အားထက်သန်သည့် မျက်လုံးများဖြင့် ရန်ဝေဝေအားကြည့် လာကြသည်။

သို့သော် ရန်ဝေဝေသည် မလှုပ်ပေ။

“ရှင်တို့နဲ့ ပူးပေါင်းဖို့ တာဝန်ရှိလို့လား။”

သူ ရှေ့နေဘက်သို့လှည့်ကာ မေးလိုက်သည်။

"ဦးလေး၊ သမီးငြင်းရင် သူတို့ဖိအားပေးလို့မရဘူး ဟုတ်တယ်မလား။”

ရှေ့နေ ချွေးသုတ်လိုက်သည်။

“စစ်ဆေးမှုကို ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်၊ မစ်စ်။”

အခြားသူများထံမှ ရန်လိုသည့် အကြည့်များအား မြင်လိုက်ရသဖြင့် ရှေ့နေကထပ်ပြောလိုက်သည်။

"သူတို့ လျှို့ဝှက်ပြီး စမ်းသပ်မှု ပြုလုပ်ရင်တောင် ဥပဒေအရ အကျုံးမဝင်ပါဘူး။”

သူတို့ လမ်းပိတ်သွားပြီဖြစ်သည်။

မောင်သုံးယောက်နှင့် ညီမတစ်ယောက်သည် ငယ်ရွယ်ကြသေးသော်လည်းယုတ်မာကြသည်။ ရန်ဝမ်ဝမ်အား အဆိပ်ပြင်းသည့် မျက်လုံးများဖြင့်ကြည့်နေကြသည်။

ရန်ဝေဝေသည်လည်း အကြောက်အလန့်မရှိ သူတို့အား မျက် လုံးလှန်ပြလိုက်သည်။ သူပြောချင်သည်မှာ ရှင်းသည်။

အခွင့်အရေးမရစေရဘူး၊ အိမ်မက်မက်နေလိုက်။

ရန်ဖုန်မိဘများ၏ ကျိန်ဆဲသံ၊ အငယ်အနှောင်း၏အသနားခံသံများသည် ရန်ဝေဝေအား မတုန်လှုပ်စေပေ။ သူတို့သားအမိသည် ၎င်းတို့ဘဝအား စုတ်ပြတ်သွားစေချင်မှန်း သိသွားကြတော့သည်။ သူတို့လုပ်နိုင်သည်မှာ အမုန်းတရားများနှင့် ကြည့်ကြရုံသာ။

ရှေ့နေ ပိုင်ဆိုင်မှုခွဲဝေမှုအား ကြေငြာတော့မည့်အချိန်တွင် ချင်ဝမ်ရှန့်က

"အိုး၊ စကားမစပ် ရန်ဖုန်ရဲ့ ပိုင်ဆိုင်မှုကို အကုန်တွက်လို့မပြီးသေးဘူးနော်။ မင်း မေ့ခဲ့တာရှိတယ်။ ငါ့နောက်ကွယ်မှာတခြားသူတွေအတွက် သူ သုံးခဲ့တဲ့ ပိုက်ဆံလိုမျိုးပေါ့၊ ငါတို့ ဒါကိုလည်း ပြန်လိုချင်တယ်။”

All Chapters