← Chapters

အခန်း (၃၃၈)

Vol. 34 Ch. 338

အခန်း (၃၃၈)

Vol. 34 Ch. 338

ရှေ့နေ ခဏအံသြသွားပြီး မြန်မြန်နားလည်သွားသည်။ ချင်ဝမ်ရှန့် အငယ်အနှောင်းအား နှုာခေါင်းရှုံ့ကာ

“ငါ့ရဲ့ကွယ်လွန်သွားတဲ့ယောကျာ်း မင်းအတွက်သုံးခဲ့တဲ့ အိမ် ထောင်ရေးပိုင်ဆိုင်မှုကို ငါ ပြန်လိုချင်တယ်။”

သူမ၏အတွင်းရေးမှူးသည် စာရင်းလုပ်ထားသည်များအား ရှေ့နေအား ပေးလိုက်သည်။

ဤသည်မှာ အငယ်အနှောင်းအား ဒေါသပေါက်ကွဲသွားစေ သည်။ သူမဒေါသတကြီးအော်ဟစ်ကာ

”နင်လုပ်ရဲလား ? အဲ့ဒီပိုက်ဆံက သူ့ကလေးတွေကို ပြုစုပျိုး ထောင်ခဲ့တာ နင်ပြန်ယူလို့မရဘူး၊ နင်…”

သူ့ကလေးများ အမွေဆက်ခံခွင့် မရှိသည့်အချက်ကပင် သူအား ဒေါသထွက်စေသည်။ ယခု သူမနှင့် သူမမိသားစုသုံးခဲ့သည့် ပိုက်ဆံများအား ပြန်ပေးရမည်ဆိုပါက သူမပိုင်ဆိုင်သမျှကုန်လုဖြစ်သွားလိမ့်မည်။

ပြီးတော့ ဒါက ရန်ဖုန်ရဲ့ကလေးတွေလေ။ ဘယ်လိုလုပ် ကလေးအတွက်သုံးထားတာကို ပြန်တောင်းရဲတာလဲ?

အငယ်အနှောင်းသည် ရှေ့နေအားကြည့်လိုက်သည့်အခါ ချင်ဝမ်ရှန့် အာချောင်နေခြင်းမဟုတ်ကြောင်း သိလိုက်သည်။

“သားသမီးမှန်ကန်ကြောင်း အထာက်အထားမပြနိုင်ရင် မစ္စချင်က ပိုင်ဆိုင်မှုကို ပြန်တောင်းဆိုပိုင်ခွင့်ရှိပါတယ်…” ရှေ့နေသည် အေးစက်စွာပြောလိုက်သည်။

အရာအားလုံးသည် ရန်ဖုန်မီးသဂြိုလ်သည့် အချက်ပေါ်တွင် မူတည်နေပုံရသည်။

အငယ်အနှောင်းသည် ရူးတော့မတတ်ဖြစ်သွားကာ သူမောင်လည်း မယုံနိုင်တော့ပေ။ သူ ချက်ချင်း “ကျဲ စိတ်မပူနဲ့။ ငါတို့ တရားရုံးသွားကြမယ်။ အဖေတစ်ယောက်က သားသမီးအ တွက် သုံးစွဲပိုင်ခွင့်မရှိဘူးလို့ ငါမယုံဘူး။”

ချင်ဝမ်ရှန့် အေးစက်စွာရယ်တယ်။

“ဒါပေါ့ လုပ်လို့ရတယ်လေ။ ဒါပေမယ့် ရလဒ်ကတော့ အတူ တူပဲ။”

အငယ်အနှောင်းသည် မျက်ရည်များနှင့် ရန်ဖုန် မိဘများအား လှည့်ကြည့်လိုက်သည်။

“အမေ၊အဖေ ကြည့်ပါဦး။ သူ ကျမတို့ကို ဖျက်စီးပစ်ချင်နေတာ။ ရပါတယ်၊ ကျမအားလုံးစွန့်လွှတ်ပြီး ကလေးတွေကိုပဲ ခေါ်ပြီး ထွက်သွားလိုက်ပါ့မယ်။ နင် ကျေနပ်ပြီလား။”

ဒေါသကြောင့် တုန်ယင်နေကြသည့် ရန်ဖုန့် မိဘများသည် သူ့စကားကြားသော် တုန်လှုပ်သွားကြသည်။

“မရဘူး။ ငါ့အဖိုးတန်မြေးတွေ ထွက်သွားလို့မရဘူး။ စိတ်မပူနဲ့ အမေနဲ့အဖေက မင်းဘက်ပဲ။” အဖွားရန် ချက်ချင်းအော်လိုက်သည်။

အဖိုးရန် စိတ်ငြိမ်အောင်ထားကာ ရှေ့နေနှင့် ဆွေးနွေးရန် ပြင်လိုက်သည်။ ရှေ့နေ ဘာမှမပြောသော်ငြား အခြေအနေသည် သေရေးရှင်ရေးဖြစ်နေမှန်း သူသိသည်။

သူတုန်ယင်နေသည့် လက်နှင့် ချင်ဝမ်ရှင်အား လက်ညိုးထိုးကာ “နင် တကယ်ပဲ ဒီလောက်ထိ အကြင်နာမဲ့တော့မှာလား။”

ချင်ဝမ်ရှန့်သည် သူသမီးအားဖက်ထားကာ လှောင်လိုက်သည်။ “ငါနဲ့ငါ့သမီးပိုင်တာ ငါ ပြန်ယူရုံပဲလေ။ ငါ့တို့ကို အရူးလုပ်ခဲ့တုန်းက အကျိုးဆက်တွေကို မတွေးခဲ့ကြဘူးလား။”

အဘိုးရန် ဒေါသကြောင့်ရှုံ့တွသွားသည်၊ နောက်ဆုံးတွင် သူက “ကောင်းပြီ။ အရမ်းကောင်းတယ်၊ ငါမင်းကို ပြောလိုက်မယ်။ အခုကစပြီး မင်းနဲ့ မနာခံတတ်တဲ့ သောက်ကလေးကို ငါ့တို့ ရန်မိသားစုက အသိအမှတ်မပြုတော့ဘူး။ သူတို့ကသာ ရန်မိသား စုဝင်ပဲ။ မင်းပိုင်ဆိုင်မှုတွေ ပြန်လိုချင်ပြီး လက်စားချေချင်သေးတယ်ဆိုရင် ထပ်စဥ်းစားဦးပေါ့။ ငါတို့ကတော့ သူတို့ဘက်ကရပ်တည်မှာပဲ။”

အဖွားရန်က “ဟုတ်တယ်။ ငါတို့သားရဲ့ ပိုင်ဆိုင်မှုမှာ ငါ့တို့ ရှယ်ယာလည်းပါတယ်။ ငါတို့နှစ်ယောက်ပိုက်ဆံနဲ့ သူတို့ကို ပြုစုပျိုးထောင်မယ်။ နင် ဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့။ မိန်းမယုတ်မ”

ဘေးတွင် ရပ်နေသည့် ချင်ရီသည် ဒေါသထွက်ကာ ထိုးပစ်ချင်လာသည်။

"သူတို့ အိမ်ထောင်ရေးပိုင်ဆိုင်မှုမှာ ဘယ်သူ့ပါဝင်မှုက ပိုများလဲ ခင်ဗျားတို့အားလုံးအသိပဲ။ ဒီလိုအရှက်မရှိတဲ့စကားတွေကို ပြောရဲသေးတယ်။ ရန်ဖုန် ဒီလိုအစောကြီးသေသွားတာ ဝဋ် လည်တာဖြစ်မယ်။”

သူ့စကားများသည် အုပ်စုအား လောင်မြိုက်သွားစေကာ တစ်ဖန်ပရမ်းပတာဖြစ်သွားစေသည်။

[အင်း၊ ကောင်းပါ့။ ဒီခေါင်းမာတဲ့ လူတွေကိုကြည့်ပါဦး။ နှစ်ခါတောင်လဲကျပြီးပြီကို ပြောင်ကျဲက ဒီအတွက်လည်း စဥ်စားပြီးပြီကိုမသိကြဘူး။]

အမျက်ထွက်နေကြသည့် ချင်ဒုတိယမိသားစုဝင်များကြားကာ ရှုပ်ထွေးသွားကြသည်။

သူတို့ ဒေါသအား မျိုသိပ်ရမည်ဟုထင်ခဲ့သော်လည်း ဝမ်းကွဲမှာနောက်တစ်ကွက်ရှိသေးတယ်ပေါ့။

ကျီဖေး ဘာမှမပြောတော့သော်လည်း ချင်ရှန့်သိမည်ဟု လူတိုင်းတွေးမိလိုက်ကြသည်။ နည်းဗျူဟာနဲ့ ပတ်သတ်လာလျှင် အခန်းထဲရှိလူများအနက် ချင်ရှန့်သည်အထက်ဆုံးပင်။

အားလုံး၏အကြည့်သည် ချင်ရှန့်ဆီ ရောက်သွားသည်။ ခဏတာ စဥ်းစားပြီးနောက် ချင်ရှန့်က “သူရက်စက်ချင်ရင် တစ်နည်းတော့ရှိတယ်”

လူတိုင်း ချင်ရှန့်အား စိတ်ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။

ထိုသူများ၏အကြည့်အား မခံနိုင်တော့သော ချင်ရှန့်သည် တွန့်ဆုတ်စွာနှင့် “သူတို့ အကုန်ပြန်ပေးဖို့ ကုမ္မဏီပြန်ပေးမယ်ဆိုပြီး လှည့်စားမယ်ထင်တယ်၊ ကုမ္ပဏီက……”

ထက်မြက်သည့် စီးပွားရေးဗီဇရှိသည့် အမွှာမောင်နှမသည် ချက်ချင်းသိလိုက်ကြသည်။

"မင်းကို ရင်နှီးမြှပ်နှံစေချင်ခဲ့တဲ့ ကုမ္ပဏီလား ?” ချင်ကျင်း မေးသည်။

"ရန်ဖုန် ချင်မိသားစုနဲ့ သီးခြားခွဲထွက်ချင်လို့ ထောင်ခဲ့တဲ့ဟာဆိုတာတော့ မှတ်မိတယ်။” ချင်ရှောက်ယွီ ပြောသည်။

ချင်ကျောက် ရယ်မောလိုက်သည်။

"ကြည့်ရတာ အဲဒီကုမ္ပဏီကထောင်ချောက်ကြီးပဲ။"

သူတို့ စကားဝိုင်းအားကြားသော ကျီဖေးသည် ချင်ရှန့်အား လေးစား၊အံသြစွာနှင့်ကြည့်လိုက်သည်။ ကျီဖေး အတွေးအား ကြားသူတိုင်း သူမှန်းဆသည်မှာ မှန်သွားကြောင်းသိလိုက်ကြသည်။

မကြာခင်မှာပင် ချင်ဝမ်ရှန့်သည် အတည်ပြုပေးလာခဲ့သည်။

မည်သူမျှ မပြောခင်မှာ ချင်ဝမ်ရှန့်က “ ငါအရာအားလုံးကို စွန့်လွှတ်နိုင်တယ်၊ ဒါပေမယ့် ရန်ဖုန့် အသစ်ထောင်ထားတဲ့ ကုမ္ပဏီကတော့ ငါ ယူမယ်။”

ဤစကားသည် လူတိုင်းအားကုမ္ပဏီသည် တန်ဖိုးရှိသည်ဟု ထင်သွားစေနိုင်သည်။ မဟုတ်လျှင် သူမ ဤသည်အတွက် မတိုက်ခိုက်လောက်ပေ။

ထို့အပြင် ရန်ဖုန်သည် သူ့ကုမ္ပဏီကြီး မည်မျှတန်ဖိုးရှိကြောင်း အမြဲကြွားဝါလေ့ရှိကာ ချင်မိသားစု သူ့တရားမဝင်ကလေးများအကြောင်းသိသွားလျှင်ပင် ဤသည်မှာ သူ့ဝှက်ဖဲဟုပြောလေ့ရှိသည်။ ထို့ကြောင့် သူ့မိဘများသည် ကုမ္ပဏီသည်ရွှေတွင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

ချင်ဝမ်ရှန့်၏လက်ရှိသဘောထားကြောင့် ထိုသက်ကြားအိုများသည် ချက်ချင်းဆိုသလို

"လုံးဝမရဘူး။ ငါတို့ အဲ့ဒီ့ကုမ္ပဏီကိုလည်း လိုချင်တယ်။”

ချင်ဝမ်ရှန့် အမူအရာသည် မည်းမှောင်သွားကာ “ ကုမ္ပဏီနဲ့ ငါနဲ့ဝမ်ဝမ်ရဲ့ အမွေနဲ့လဲမယ်။”

သူမ ဤကဲ့သို့ ပြုမူလေလေ ထိုစုံတွဲသည်လည်း လိုချင်လေလေပင်။ အငယ်အနှောင်းသည် လက်ဆုတ်လက်ကိုင်ပြလို့ရသည့် ပိုင်ဆိုင်မှုအားလိုချင်သော်လည်း သူမောင်လေးက သူအားတိုက်တွန်းလိုက်သည်။ ကုမ္ပဏီဆိုပါက သူ သူဌေးလုပ်လို့ရသည်ပင်။ သူ သက်ကြီးရွယ်အို ဇနီးမောင်နှံအားထောက်ပံ့ပြီး ကုမ္ပဏီကိုတိုးတက်အောင်လုပ်နိုင်တယ်။

ချင်ဝမ်ရှန့် လက်လျှော့ဖို့ လုံးဝငြင်းဆိုနေသည်အား တွေ့လိုက်သောအခါ ထိုဇနီးမောင်နှံသည် စိတ်ခံစားမှုကတ်အား ကစားရန် ဆုံးဖြတ်လိုက်သည်။

“ဒါ ရန်ဖုန် နောက်ဆုံးခက်ခက်ခဲခဲ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အရာပဲ။ ငါတို့ ဒါပဲ လိုချင်တယ်။ ကျန်တာအားလုံးချင်မိသားစုရဲ့ဟာပဲ။ ဒီကုမ္ပဏီပဲ ငါတို့ယူမယ်။ မင်း ငါတို့ကို ကုမ္ပဏီပေးရင် အမွေထဲကကျန်တာတွေ အားလုံးကိုလက်လျှော့လိုက်မယ်။

ထိုစုံတွဲပြီးသည်နှင့် အငယ်အနှောင်းနှင့် ကလေးများကပါ ရန်ဖုန်ချန်ထားခဲ့သည့် အရာအားလိုချင်ကြောင်း အခိုင်အမာဆိုပြီး ဒါကိုပါယူသွားရင် သေဆုံးသူရဲ့ ဆုတောင်းအား သစ္စာ ဖောက်သလိုဖြစ်မည်ဟု ပြောကြသည်။

တံခါးဝတွင် စောင့်နေကြသည့် ချင်မိသားစုဝင်များသည် မရယ်မိစေရန် ထိန်းထားရသည်။

ချင်ဝမ်ရှန့်သည် ဆက်လက်သရုပ်ဆောင်ကာ ရန်ဝေဝေသည်ပါ ပါဝင်လာပြီး “ အမေ၊ သမီးတို့ အဲဒါမျိုးကို မလိုပါဘူး။”

သူမ တွန့်ဆုတ်ဟန်ဆောင်ကာ နောက်ဆုံး သက်ပြင်းချကာ နာကျင်နေသော အမူအရာနှင့် “ကောင်းပြီ။ ဒါကို လက်ခံလိုက်မယ်။ ဒါပေမယ့် အခြေအနေတစ်ခုရှိတယ်။”

ကုမ္ပဏီအားလိုချင်သည့်အတွက် လှည့်စားမည်အား စိုးရိမ်နေကြသည် ထိုအဖွဲ့သည် သူမအား သတိတထားကြည့်နေကြသည်။

ထို့နောက် ချင်ဝမ်ရှန့်က "ဝေဝေရဲ့ အိမ် ထောင်စုစာရင်းကို ရန်မိသားစုကနေ ဖယ်ချင်တယ်။ ဝေဝေနဲ့ အဆက်အသွယ်ဖြတ်ဖို့ သဘောတူညီချက်မှာလက်မှတ်ထိုးရမယ်။ အခုကစပြီး သူက ရှင်တို့ရဲ့ မြေး မဟုတ်တော့ဘူး။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအပြင် အနာဂတ်တာဝန်တွေ သူ ဘာမှလုပ်စရာမလိုဘူး။”

All Chapters