← Chapters

အခန်း (၃၃၉)

Vol. 34 Ch. 339

အခန်း (၃၃၉)

Vol. 34 Ch. 339

ချင်ဝမ်ရှန့်၏တောင်းဆိုချက်သည် သက်ကြီးရွယ်အိုနှစ်ဦးအား စိတ်မသက်မသက်ဖြစ်စေကာ အငယ်အနှောင်းသည်လည်း မကျေနပ်ပေ။ သူတို့ ကြမ်းကြမ်းတမ်းတမ်း ငြင်းခုံခဲ့ကြသော် လည်း စိတ်ထဲမှာတော့ ဒီမြေးမ ရှိနေသရွေ့ ဘဝတစ်လျှောက်လုံးအတွက် ပူပန်စရာမလိုမည်အားသိကြသည်။ သူနှင့် ဆက်သွယ်ထားလျှင် ရန်ဝေဝေကြီးလာလျှင် သူ့အဘိုးအဘွားများ ၏ခံစားချက်အား ထည့်စဥ်စားပြီး မောင်နှမများအားစောင့် ရှောက်ရလိမ့်မည်။ ထိုအေးစက်ကြမ်းတမ်းသည့် ဥပဒေပင် ပြောင်းလဲနိုင်သည့်အရာမဟုတ်ပေ။

"ဝေဝေက ရန်မျိုးဆက်ပဲ။ မင်း လုပ်နေတာက လုံးဝအကျင့်ပျက်တာပဲ။" အဘိုးရန် ပြောလာသည်။

ချင်ဝမ်ရှန့် သူတို့အရှက်ကင်းမဲမှုအား ထပ်မြင်လိုက်ရကာ နောင်တမရဘဲမနေနိုင်ချေ။ သူဒီနှစ်တွေတစ်လျှောက်လုံး ကန်းနေခဲ့တာလား။ သူတို့ ဒီလောက် စက်ဆုပ်ဖွယ်ကောင်းမှုအား အဘယ်ကြောင့် မမြင်နိုင်ခဲ့ရသနည်း ?

ရန်ဝေဝေ ဒေါသတကြီးထွက်ကာ မျက်လုံးပြူးပြီး "မင်းပဲ ငါ့ကိုအသိအမှတ်မပြုတော့ဘူးဆို ကိုယ်စကားကိုယ်တည်လေ”

အဖွားရန် ချက်ချင်းပြန်ပြောသည်။ “စောစောက မင်းအမေကို စိတ်ဆိုးလို့ပြောတာလေ။ မင်းက ငယ်သေးတယ် နားမလည်သေးဘူး။”

သို့သော် ရန်ဝေဝေသည် လုံးဝ နားလည်သည်။ ဤအရှက်မဲ့သည့် ဆွေမျိုးများသည် သူအား တသက်လုံးအမြတ်ထုတ်ချင်နေမှန်းနားလည်ကာ ထိုသို့ အဖြစ်မခံနိုင်ပေ။

“သမီးကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘဲ အခုမှတွယ်ကပ်ချင်နေတာလဲ။ အဖွားတို့ အသက်ကြီးလာရင် စောင့်ရှောက်စေချင်လို့မလား။ သမီး မသိဘူးများ ထင်နေလား။”

ရန်ဝေဝေ၏မျက်လုံးများသည် ဒေါသကြောင့်နီရဲနေသော် လည်း သူမ၏အသံမှာ ခိုင်မာပြတ်သားသည်။

"ဒါပေမယ့် အဖွားတို့ မအောင်မြင်စေရဘူး။ အသေသာခံလိုက်မယ် မပြုစုပေးဘူး။ မကျေနပ်ရင် သမိးကို တရားရုံးမှာ တရားသွားစွဲလိုက်။”

ရန်ဝေဝေ၏ရန်လိုမုန်းတီးမှုကြောင့် ရန်ဖုန်မိဘများသည်ဆဲ ဆိုကြိမ်းမောင်းချင်ကြသော်လည်း ချင်ဝမ်ရှန့် သူတို့အား ဖြတ်ပြောလိုက်သည်။

"သဘောမတူဘူးလား။ ကောင်းပြီ။ ရှေ့နေ၊ ငါတို့ အဲဒီကုမ္ပဏီအတွက် တိုက်ပွဲဝင်မယ်။ သူတို့က ဘယ်လိုလည်ပတ်ရမှန်း သိမှာမဟုတ်ဘူး။ ငါတို့အတွက်ပဲ ဖြစ်သင့်တယ်။”

ထိုအချိန်တွင် အငယ်အနှောင်း၏မောင်ဖြစ်သူမှာ လန့်သွားသည်။ သူသည် ဤသည်အား အလိုချင်ဆုံးပင်။ အခြားအမွေများသည် သူနှင့်သိပ်မဆက်နွယ်ကာ ဤသည်မှာ သူလက်လွဲယူ၍ရသည်။ သူကောင်းကောင်းမစီမံနိုင်ပါက ပြန်ရောင်းလိုက်မည်။ အမြတ်ကြီးရမည်မှာ သေချာသည်။ ထို့အပြင် ယောက်ဖသည် ကုမ္ပဏီအား public ကုမ္ပဏီအဖြစ်ပြောင်းတော့မည်ဟု ပြောဖူးသည်။ public ကုမ္ပဏီသည် ကျန်အမွေများထက် အဆပေါင်းများစွာတန်ဖိုးကြီးသည်။

သူ ရန်ဖုန်ရဲ့မိဘမျဆီ ချက်ချင်းလှည့်ပြီး "မြန်မြန်လုပ်လိုက်ပါ ၊ ကုမ္ပဏီနဲ့ဆို ငွေတွေ ဆက်တိုက်ဝင်နေမှာ။ အဲဒီငွေမဝင်မယ့် ပိုင်ဆိုင်မှုထက် အများကြီး သာတယ်။ မင်းရဲ့သားက ငါတို့အတွက်ထားခဲ့တဲ့ စည်းစိမ်ဥစ္စာကို မင်းမယုံဘူးလား။ သူ အဲဒါကို တည်ထောင်ဖို့ အရမ်းကြိုးစားခဲ့ရတာ။ ရန်ဝေဝေကို ဆွဲ ထားလည်း အကူအညီရမှာမဟုတ်ဘူ။ သူ့အမေနဲ့နေပြီး မင်းတို့ကို အနာဂတ်မှာစောင့်ရှောက်ဖို့ သတိရမှာတောင် မဟုတ်ဘူး။ ငါ့ညီမမွေးထားတဲ့ မြေးယောကျ်ားလေးတွေရှိတယ်မဟုတ်ဘူးလား။ တစ်ယောက်လျော့သွားလည်း ဘာဖြစ်လဲ။ အဲဒါကို ဂရုစိုက်မနေနဲ့။”

အငယ်အ နှောင်းကိုယ်တိုင် စိတ်ယိုင်သွာသည်။ သူက - အမွေတွေက ရန်ဖုန်ရဲ့ မိဘတွေဆီမှာ နာမည်ခံပဲ ကျန်ခဲ့မှာ။ သူတို့အိုပြီး တစ်ခုခုဖြစ်သွားရင် ရန်ဝေဝေက အမွေဆက်ခံပိုင်ခွင့် ပိုရှိလိမ့်မယ်။ ရန်ဝေဝေနဲ့ အဆက်ဖြတ်လိုက်ရင် ငါ့ကလေးတွေပဲ ပိုအကျိုးအမြတ်ရမှာ။ ပြီးတော့ ချင်ရှောင်ရှန့်ရဲ့ သဘောထားအရ အနာဂတ်မှာ ရန်ဝေဝေအပေါ် ငါ့ကလေးတွေကမမှီခိုနိုင်လောက်ဘူး။

ဤသို့တွေးကာ ရန်ဖုန်မိဘများအား စတင်စည်းရုံးလိုက်သည်။

ရန်ဖုန်၏ မိဘများသည် ငြင်းခုံပြီးနောက် စိတ်ယိုင်နေပြီဖြစ် သည်။ ရန်ဝေဝေ၏ ရန်လို၊ပုန်ကန်သည့် အကြည့်အား မြင်ပြီးနောက် သစ္စာရှိမှာ မဟုတ်မှန်း သိလိုက်ကြသည်။ ထို့အပြင် အဆက်အသွယ်ဖြတ်ကြောင်း ကြေညာထားသော်လည်း၊ အနာဂတ်တွင် အမှန်တကယ်ပင် တစ်ခုခုဖြစ်ခဲ့လျင် ရန်ဝေဝေ တကယ်ရပ်ကြည့်မနေနိုင်ပါချေ။ မီဒီယာသည် သူမအား ကား စင်တင်လိမ့်မည်။

တွေးလေလေ အဓိပ္ပာယ်ရှိလေလေပင်။ သူတို့ သဘောတူလိုက်ကာ ခွဲထွက်ခြင်းသဘောတူညီချက်မှာ လက်မှတ်ထိုးပြီးနောက်တွင် ချင်ဝမ်ရှန့်၏တောင်းဆိုချက်အရ တရားဝင်သက် သေအဖြစ် ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်။

နောက်ဆုံးတွင် အမွေခွဲဝေခြင်း အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။

[ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။ အခုတော့ အကုန်လုံး ပြေ လည်သွားပြီ ဟားဟား။ ကောင်းလိုက်တဲ့ ပွဲ!]

အခြား ချင်မိသားစုဝင်သည်လည်း ပျော်ရွှင်နေသော်လည်း အရာအားလုံးသည် ချောမွေ့လွန်းသဖြင့် ဟုတ်မှဟုတ်ရဲ့လားဟုပင် စိတ်မအေးဖြစ်မိကြသည်။

ပြပြီးသွားသည်နှင့် ကြည့်ရှုသူများ အတင်းအဖျင်းပြောကြသည်။ ရန်မိသားစု၏ အရှက်ကင်းမဲ့မှုအား မျက်မြင်တွေ့ကာ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု ဆုံးဖြတ် ချက်ချကြသည်။ သူတို့နဲ့သာ အတူလုပ်ရရင် အိမ်မက်ဆိုးဖြစ်သွားလောက်တယ်။

ယခုအချိန်မှစကာ သူတို့တာဝန်ယူထားသည့် ကုမ္ပဏီအသစ်ဟာ မကျော်ဖြတ်နိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်ရလိမ့် မည်ပင်။

ချင်ဝမ်ရှန့် အချိန်မဖြုန်းပေ။ သူ ရန်ဝေဝေအား အသုဘအ ခမ်းအနားသို့ ခေါ်ဆောင်ရန်ရည်ရွယ်ချက်မရှိပေ။ ထိုအစား ရန်ဝေဝေ၏အိမ်ထောင်စုစာရင်းအားလွှဲပြောင်းရန် အဘိုးရန်နောက် သူမ လိုက်သွားသည်။

ကျန်သော ချင်မိသားစုသည် မလိုက်ခဲ့ပါ။ အိမ်ဟောင်းကို ပြန်ရောက်ပြီး မကြာခင်မှာပဲ သူတို့ သတင်းကြားလိုက်ရသည်။ ရန်ဝေဝေ၏ အိမ်ထောင်စုစာရင်းအား လွှဲပြောင်းပေးခဲ့ရုံသာမက မျိုးရိုးနာမည်ကိုပါပြောင်းလဲခဲ့သည်။

ဤသည်အား ကြားသည် မိသားစုခေါင်းဆာင်သည် လက်ဝှေ့ယမ်းကာ ဒီညတွင် ချင်ဝေဝေအား ဂုဏ်ပြုပွဲကျင်းပပေးမည်ဟု ကြေညာလိုက်သည်။

အကြီးဆုံးဝမ်းကွဲ၏ ကွာရှင်းမှုသည် အရေးပါသည့် ဖြစ်ရပ် ဖြစ်သောကြောင့် လူတိုင်းတက်ရောက်သင့်သည်။

သို့သော် တတိယဦးလေးချင်သာ ရောက်လာခဲ့သည်။

မိသားစုခေါင်းဆောင်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်ရာ တတိယဦးလေးချင်က "ကျိရွှမ်က သူ့ကိုယ်ဝန်ကြောင့် အနားယူဖို့လိုလို့ပါ။ ပြီးတော့ ချင်ဟန်ကလည်း စောင့်ရှောက်ပေးဖို့ အိမ်မှာနေခဲ့တယ်။”

မိသားစုခေါင်းဆောင်သည် ပါးနပ်သူဖြစ်ကာ တစ်ခုခုမှားနေ သည်ကိုရေးတေးတေးခံစားမိသော်လည်း ဆက်မပြောတော့ချေ။

တတိယဦးလေးချင်သည် သက်ဝင်လှုပ်ရှားနေသော ဧည့်ခန်းထဲသို့ဝင်လာသောအခါ သူ အံ့အားသင့်သွားသည်။

အမြဲထောင့်မှာ တိတ်ဆိတ်နေပြီး သတိမပြုနိုင်သည့် သူ့သမီးသည် ယခု လူအုပ်အလယ်မှာထိုင်နေသည်။ စကားမပြောသော်လည်း သူ့မျက်လုံးများအား ဆံမြိတ်နှင့် ဖုံးမထားပေ။ ထိုအစား သူမောင်နှမများစကားပြောကြသည်အား တောက်ပသည့် မျက်လုံးများနှင့်ကြည့်နေခဲ့သည်။

ပုံမှန်အားဖြင့် အမူအရာမဲ့နေတတ်သည့် သူမမျက်နှာသည် သူတို့စကားဝိုင်းအလိုက် ခံစားချက်များပြောင်းလဲနေသည်။

"နာမည်ပြောင်းတဲ့အကြောင်းကြားတော့ ရန်ဖုန်ရဲ့အဖေက မတည်ငြိမ်တော့ဘူးလေ။ ရယ်စရာပဲ။ ငါတို့ဝေဝေကိုကျ အမြဲ တမ်း ဂရုမစိုက်ဘဲ သူမြေးတွေကိုပဲ မျက်နှာသာပေးပြီး အခု မျိုးရိုးနာမည်ပြောင်းလိုက်တော့ တီကောင် ဆားပက်ခံရသွားဖြစ်နေတယ်လေ။” ချင်ရီ လှောင်နေသည်။

“ဝမ်းကွဲက သူ့ကိုပဲ ခေါ်လာလို့ တော်သေးတယ်။ ဟိုအဘွားကြီးသာ ခေါ်လာလို့ကတော့ ဝုန်းဒိုင်းကျဲလောက်တယ်။”

လူတိုင်း ရယ်မောကြသည်။

ထိုအချိန်တွင် တတိယဦးလေးချင်ဝင်လာသည်ကို သတိပြုမိကာ စကားရပ်ကာနှုတ်ဆက်လိုက်ကြသည်။

သို့သော် တတိယဦးလေးချင်သည် သူ့သမီးသည် တောင့်သွားကာမျက်လုံးများသည် သူ့နောက်ဘက်ကို စိတ်လှုပ်ရှားစွာ လိုက်ကြည့်နေသည်အားတွေ့လိုက်သည်။ မည်သည်ကိုမျှ မတွေ့သည့်အခါ သူမ စိတ်အေးသွားပုံပေါ်သည်။

တတိယဦးလေးချင်၏နှလုံးသားသည် နစ်မြုပ်သွားသည်။ အိမ်မှ မိသားစုသည် သူ့သမီး အနားမရှိချိန်တွင် သူမ အ ကြောင်းအား မကျေမနပ်ပြောဖူးသည်ကို သူ သတိရသွားသည်။ အသက်ရှူကျပ်သွားကာ သူ့အမူအရာသည်လည်း မည်းမှောင်သွားသည်။

သို့တိုင်၊ သူသည် ယနေ့ ညနေခင်း၏ကြယ်ပွင့်ဖြစ်သည့် ချင်ဝမ်ရှန့်အား အခြားသူများ အဘယ်ကြောင့် မလာသည်ကို ပထမဦးစွာ ရှင်းပြလိုက်သည်။

ချင်ဝမ်ရှန့်သည် ထူးမခြားနားဘဲ ပြုံးပြီး အကြီးများ၏ကျန်း မာရေးအား မေးလိုက်သည်။

တခြားသူတွေလည်း နည်းနည်းတော့ ထူးဆန်းသွားကြသော်ငြား ယခုအချိန်တွင် သူမသည် အသက်ကြီးကာ ဤအရွယ်တွင် ကိုယ်ဝန်ဆောင်နေရသည့်သူဖြစ်သောကြောင့် ဘာမှမပြောကြပေ။

ထိုအချိန်တွင် ချင်ဒုတိယမိသားစုအတွင်း မျှဝေစရာအတင်း အဖျင်းအသစ်ရှိနေသည်။

[မယုံနိုင်စရာပဲ! တတိယအဒေါ်နှင့် ချင်ဟန်တို့က အဲဒီ့ အကြံကြီးတဲ့မိန်းမကို စုဝေးပွဲကိုခေါ်လာချင်ကြပေမယ့် တတိယဦးလေးကငြင်းလိုက်တယ်။ ဒါ့ကြောင့် ဒေါသထွက်ပြီး လိုက်မလာကြတာပဲ။ သူတို့ကိုယ်သူတို့ ဘယ်သူတွေများထင်နေကြလဲ။ တကျဲရဲ့ကွာရှင်းမှုနဲ့ ဝေဝေရဲ့နာမည်ပြောင်းတဲ့ပွဲက အ ပြင်လူတွေနဲ့ ဘာဆိုင်လို့လဲ။ သူတို့က ခေါ်လာချင်သေးတယ်ပေါ့ ဟာသပဲ!]

All Chapters