← Chapters

အခန်း (၃၄၀)

Vol. 34 Ch. 340

အခန်း (၃၄၀)

Vol. 34 Ch. 340

ချင်ဒုတိယမိသားစုသည် အမှန်တရားကို နားထောင်ခဲ့ပြီး သူတို့၏ မျက်နှာပေါ်ရှိ အထင်အမြင်သေးမှုကို မဖုံးကွယ်နိုင်လိုက်ချေ။ ချင်ရှန့်သည် သူ မကြာခင်က စုံစမ်းစစ်ဆေးရာမှ ရရှိသည့် ရလဒ်များကို ပြန်ပြောင်းပြောလိုကါသည်။ ယုရှင်းသည် သူ၏တတိယအဒေါ် ထောက်ပံ့ပေးခဲ့သော မိဘမဲ့ဂေဟာမှ ကလေးတစ်ဦးဖြစ်ပြီး ချင်ဟန်သည် ၎င်းကြောင့် သူမကို သိခွင့်ရခဲ့ခြင်းပင်။

သို့သော် တတိယအဒေါ်သည် ယုရှင်းကို မိဘမဲ့တစ်ယောက်လို ဆက်ဆံသည်ထက် ပိုမိုသာလွန်စွာ ဂရုစိုက်ပေးခဲ့သည်။ သူသည် သူမကို မွေးစားသမီးတစ်ယောက်ပမာ ဆက်ဆံပြီး သူမအတွက် ငွေကြေးများစွာကို သုံးဖြုန်းဖို့ဆန္ဒရှိသည်။ တတိယဦးလေးသည် စီးပွားရေးကိုသာ အာရုံစိုက်နေသောကြောင့် မိသားစုအရေးကို သိပ်သတိမထားမိလိုက်ပေ။

၎င်းတို့၏အသက်ကွာခြားမှုကြောင့်သာ မဟုတ်ပါက ယုရှင်းသည် ပြင်ပတွင်မွေးထားသည့် တရားမဝင်ကလေးဟု သံသယဖြစ်မိလောက်သည်။

မည်သို့ပင်ဆိုစေကာမူ ချင်ရှန့်သည် သူ၏လူများကို ယုရှင်း၏ မိဘအရင်းများအကြောင်းကိုပါ စုံစမ်းစေခဲ့သည်။ ၎င်းတို့သာ အဆက်အစပ်မရှိပါက သူ့ တတိယအဒေါ်သည် ယခုလိုလွန်လွန်ကဲကဲ ဆက်ဆံမည်မဟုတ်ချေ။

ချင်ရှန့်သည် ကျီဖေးတောင် မဖော်ထုတ်နိုင်သည့် သတင်းများကို မတော်တဆဖော်ထုတ်နိုင်ခဲ့သည်။

ဥပမာ ချင်ဟန်သည် ယုရှင်းကို အရမ်းကာကွယ်နေရသည့် အကြောင်းရင်းမှာ သူမသည် သူ့အပိုင်ဖြစ်သောကြောင့်ပင်။ ၎င်းတို့ ဟိုတယ်သွားကြသည့် သက်သေများပင် ချင်ရှန့်ဆီရှိ နေသည်။

ချင်ရှန့် ၎င်းတို့၏ ဆက်ဆံရေးကို ထုတ်ဖော်ရန် စိတ်မဝင်စားပေ။ သို့သော် ယုရှင်းကိုသာ မွေးစားသမီးအဖြစ် ချင်မိသားစုထဲသို့ ဝင်ရောက်ခိုင်းမည်ဆိုပါက ထိုသက်သေများသည် သူမအားတားဆီးရန် အကောင်းဆုံးသက်သေဖြစ်မည်ပင်။

ယခုအချိန်တွင် တတိယဦးလေးချင်ဖြစ်သူမှာ ချင်ကျားရှီအား အိမ်ပြန်လိုက်မလားဆိုသည့် အကြောင်းကိုမေးမြန်းနေခဲ့သည်။ သူ့မိန်းမနဲ့သားသည် ချင်ကျားရှီကို ပြန်ခေါ်လာဖို့ပြောထားသော်လည်း သူသည် သူမကို တွန်းအားမပေးခြင်းပဲ သူမ၏ အတွေးများကိုနားထောင်ချင်မိသည်။

ယခင်တုန်းကဆိုပါက ချင်ကျားရှီသည် သူမ မိသားစု၏ သဘောအတိုင်းသာ နေတက်သည်။ သို့သော် ယခုအချိန် သူမ ခေါင်းကို မော့ကာ " ဟင့်... ဟင့်အင်း... သမီး မလိုက်ချင်ဘူး၊ သမီး ဝမ်းကွဲတွေနဲ့အတူ နေချင်သေးတယ်၊ သူတို့က လာလည်တာအရမ်းရှားတယ်၊ ပြီးတော့ အားလပ်ရက်တွေလည်း ကုန်ခါနီးပြီဆိုတော့ သူတို့နဲ့ အတူနေဖို့ အချိန်အများကြီးရှိတော့မှာ မဟုတ်ဘူး၊ သမီး ကျောင်းပြန်သွားရတော့မှာ"

သူ့စကားများသည် ကျန်ရှိနေသောအချိန်အနည်းငယ်ကို သူ့မိသားစုထက် ဆွေမျိုးများနှင့် ကုန်ဆုံးချင်သည်ဟု အဓိပ္ပာယ်ရောက်စေသည်။

အဆုံးတွင် တတိယဦးလေးချင်သည် သူတို့မိသားစု၏ပြဿ နာများကို သိရှိလာခဲ့သည်။ သူ အခွင့်အရေးရလာသည့်အခါ သူ့သမီးဖြစ်သူနှင့် စကားပြောရန် ဆုံးဖြတ်လိုက်သည်။

ချင်ကျားရှီ သူမဖခင်ကို ပြောပြီးနောက် သက်ဝင်လှုပ်ရှားနေသောပတ်ဝန်းကျင်ကို အမြန်ပြန်လာချင်ခဲ့သည်။

ထိုစဥ် သူမဖုန်းတုန်ခါလာသည်။ ချင်ကျားရှီသည် သူမ အမေ (သို့မဟုတ်) အစ်ကိုဖြစ်သူထံမှ ဆူပူသော စကားများဖြစ်မည်ကိုစိုးရိမ်သဖြင့် ဂရုတစိုက်ထုတ်ကြည့်ခဲ့သည်။

သို့သော် သူမ တစ်ချက်ကြည့်လိုက်ချိန်တွင် မပြုံးပဲမနေနိုင်တော့ချေ။

ထိုသည်မှာ သူမ ချစ်သူ စုကျာဖြစ်သည်။

သူသည် နိုင်ငံရပ်ခြားသို့သွားနေရသောကြောင့် သူမတို့ ရက်အတော်ကြာ အဆက်အသွယ်ပြတ်နေခဲ့သည်။

နောက်ဆုံးတော့ သူဆက်သွယ်လာပြီ...

သို့သော် သူမ မက်ဆေ့ကို ဖွင့်ကြည့်လိုက်သောအခါ သူမ အပြုံးများလျော့ပါးသွားသည်။

"မင်း ဘာလုပ်တာလဲ? ယုရှင်းကို ဘာလို့အနိုင်ကျင့်ရတာလဲ? မင်းက ချင်မိသားစုရဲ့အကြီးဆုံးသမီး၊ သူက ဆင်းရဲတဲ့မိဘမဲ့ ကလေးတစ်ယောက်ပဲလေ၊ သူပျော်နေတာကို မင်းရပ်မကြည့်နိုင်ဘူးလား? မင်းဒီလို ရက်စက်တက်တဲ့ ပုံစံကို ငါမကြိုက်ဘုး၊ ငါ မင်းကိုစိတ်ပျက်သွားပြီ၊ ဒါကနောက်ဆုံးအကြိမ်ဖြစ်မယ်လို့ မျှော်လင့်တယ်၊ မင်းအဖေ ယုရှင်းကိုမွေးစားဖို့လုပ်တဲ့အချိန် ကျရင် မတားနဲ့ သူ့အတွက် ကူညီပေးလိုက်။"

ချင်ကျားရှီအေးခဲသွားသည်။ စုကျာသည် မကြာခဏဆိုသလို သူမကိုအပြစ်တင်ဖို့ ယခုလိုပြောတက်သည်။ ထိုအရာသည် သူမကို မသက်မသာဖြစ်စေပြီး အတွေးများစေသည်။ အဆုံးတွင် သူမ မားနှင့် ‌ကောသည် ယုရှင်းကို ရွေးချယ်လျှင်တောင် စုကျာသည်တော့ သူမကိုသာ ရွေးစေချင်ခဲ့သည်။

စုကျာသည် သူမ ပိုင်ဆိုင်သည့် တစ်ခုတည်းသော အရာဟုထင်မိသည်။

သူမ တောင်းပန်ဖို့ပြင်လိုက်ချိန် ခန်းမထဲမှ ရယ်မောသံများကို ကြားလိုက်ရသည်။

"ငါက ချင်မိသားစုရဲ့သမီးလေ၊ ဝေဝေနဲ့ ငါက ဘာအမှားလုပ်မိမှာလဲ၊ သေချာတာကတော့ သူတို့ရဲ့အမှားပဲ၊ မကြာခင်တွေ့ရမှာပါ၊ Qin Corporationရဲ့ PR အဖွဲ့က အလှပြရုံသက်သက်ပဲမဟုတ်ဘူးဆိုတာ" ချင်ဝမ်ရှန့်သည် မောက်မာစွာပြောလာသည်။

ချင်ကျားရှီသည် ခေတ္တရပ်တန့်သွားကာ လွန်ခဲ့သည့်ရက်အ နည်းငယ်အတွင်း သူမ တွေ့ခဲ့ရသမျှကိုပြန်သတိရမိသည်။

ရုတ်တရက်ပင် သူမ သူ့စကားများကို ပြန်တွေးမိပြီး နားမလည်နိုင်တော့ချေ။

"ရှင် ဒါကိုဘယ်ကကြားလာလဲ ကျွန်မ မသိဘူး၊ ဒါပေမယ့် ကျွန်မ မွေးစားမဲ့ကိစ္စကို ဘယ်တော့မှတားဖို့မလုပ်ခဲ့ဘူး၊ ဒါက ချင်မိသားစုရဲ့ဆုံးဖြတ်ချက်ပဲ၊ ရှင်က ကျွန်မရည်းစားမဟုတ်ဘူးလား၊ ဘာလို့ ကျွန်မကို နည်းနည်းလေးတောင်မမေးပဲ စွပ်စွဲနေရတာလဲ ? ရှင်ကရော ဘာလို့ ယုရှင်းဘက်ကိုပဲ လိုက်ရတာလဲ? ရှင်တို့နှစ်ယောက်က ရင်းနှီးလို့လား?"

သူမ မက်ဆေ့ချ်ပို့ပြီးချိန် ထိတ်လန့်မှုကြောင့် ရင်တဒိတ်ဒိတ်ခုန်နေပြီး ခဏအကြာတွင်ပြန်စာရောက်လာသည်။

"မင်းဘာတွေ တွေးနေတာလဲ? ယုရှင်းက မင်းနဲ့ မင်းအစ်ကိုတို့ရဲ့ မိသားစုလိုလူတော့ ငါက မျှမျှတတဖြစ်အောင် ပြောတာပါ၊ ပြီးတော့ သူက မင်းအမေရဲ့အသက်ကို ကယ်ခဲ့တာမဟုတ်ဘူးလား? ဒါက ကျေးဇူးတင်ရမဲ့အရာလေ၊ ငါ မင်းကိုလမ်း ကြောင်းမှန်ပေါ်ရောက်အောင် ကြိုးစားနေတာ၊ အခု မင်းက ငါ့စကားကို‌တောင် သံသယဝင်နေပြီလား?"

ချင်ကျားရှီသည် ရုတ်တရက် မယုံနိုင်လောက်အောင် မှားယွင်းသွားသလို ခံစားလိုက်ရသည်။ "အသက်ကယ်ခြင်းကျေးဇူး" ဆိုသည့် အရာမှာ ယုရှင်ကို မဆန့်ကျင်နိုင်သည့် အဓိကအ ကြောင်းပင်။ သူမ မည်သည့် ခုခံမှုမျိုးလုပ်ပါစေ သူမကို ပိုမို ကျေးဇူးကန်းသည့်ပုံပေါက်စေလိမ့်မည်။

သို့သော် သူမ၏ ဝမ်းကွဲများသည် တစ်ခုခုဖြစ်တိုင်း သူမနောက်တွင် ခိုင်မာစွာ ရပ်တည်တက်သည်ကို မှတ်မိချိန်တွင် ကျောင်းတစ်ခုလုံး မနာလိုရသည့် ချစ်သူကို ပိုင်ဆိုင်ထားသည့် ချင်ကျားရှီသည် အထီးကျန်သလို ခံစားလိုက်ရသည်။

ခန်းမထဲက အသံများ ဆက်တိုက်ဆိုသလိုထွက်လာသည်။

"ငါတို့မခန့်မှန်းနိုင်ပေမယ့် အာ့ကောကတော့ သေချာပေါက် လုပ်နိုင်မှာ!"

"ဟုတ်တယ်၊ ဝမ်းကွဲက လျှို့ဝှက်ထားရင် ငါတို့က အာ့ကောကို တိုက်ရိုက်မေးလိုက်မယ်"

ချင်ကျားရှီသည် မက်ဆေ့ချ်များကို တစ်ချက်ကြည့်လိုက်ပြီး ထိုစာသားများထဲတွင် ဖော်ပြ၍မရသော မောက်မာမှုကို ခံစားလိုက်ရသည်။

သူမ တစ်ခုခု ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရပြီး

"ကျွန်မဝမ်းကွဲက ချင်ရှန့်၊ သူက ချင်မိသားစုရဲ့ခေါင်းဆောင်ဖြစ်သလို Qin Corporation ရဲ့ တာဝန်ခံပဲ၊ သူတစ်ခုခုကိုသဘောမတူရင် အဖေတောင် ကန့်ကွက်လို့ရမှာမဟုတ်ဘူး၊ အခု ကျွန်မ သူ့စကားကိုနားထောင်တာ မှားလား ?"

ချင်ကျားရှီ မက်ဆေ့ချ်ပို့ပြီးနောက် သူ့ အသိစိတ်ပြန်ကပ်လာပြီး စုကျာ၏တုံ့ပြန်မှုကိုကြည့်ရန် ကြောက်လန့်လာသဖြင့် ဖုန်းကိုအမြန်သိမ်းလိုက်သည်။ ထိုသည်မှာ သူမ သူ့ကိုပထမဆုံးအကြိမ် ပြန်ခံပြောဖူးခြင်းဖြစ်သဖြင့် အလွန်စိတ်မသက်မသာ ခံစားရသော်လည်း သူ ပြောသည်မှာ မမှားဟုယုံကြည်သည်။

တစ်ဖက်တွင် စုကျာလည်း အကြောင်းမပြန်ခဲ့ချေ။ သူ မက်ဆေ့ချ်ကို မြင်လိုက်သည်နှင့် ဒေါသတကြီး ဖုန်းကိုပစ်ပေါက်လိုက်သည်။

ဒါက သူ့ကို တိုက်ရိုက် စော်ကားလိုက်တာမဟုတ်ဘူးလား၊ ချင်ရှန့်ရဲ့ ဂုဏ်သတင်းရ Y City မှာတောင် အရမ်းကျော်ကြားတယ်၊ ချင်ကျားရှီရဲ့စကားတွေက ချင်ရှန့်ရဲ့ ဆုံးဖြတ်ချက်တွေက မေးခွန်းထုတ်စရာမလိုဘူးလို့ ပြောလာတာကြောင့် စုကျာ ဘယ်သူ့ကိုအပြစ်သွားတင်ရမလဲ ?

စုမိသားစု၏သခင်လေးသည် တစ်ညလုံး မှုန်ကုပ်နေခဲ့သည်။

ထိုအချိန်တွင် ခန်းမထဲရှိ လူတိုင်းသည် ၎င်းတို့၏ဝမ်းကွဲကွာ ရှင်းပြတ်စဲသည့် အတင်းအဖျင်းများကိုသာခံစားနေကြသည်။

ည ၈ နာရီဆိုသည့်အချိန်မှာ Y City၏ ဖျော်ဖြေရေးကွန်ရက်များတွင် အတက်ကြွဆုံးအချိန်ပင်။ ထိုစဉ် ချမ်းသာသောမိသားစုအရှုပ်တော်ပုံနှင့် ပတ်သက်သည့် စိတ်လှုပ်ရှားဖွယ်ခေါင်းစီးတစ်ခု ထွက်ပေါ်လာသည်။

"ချင်မိသားစုက အကြီးဆုံးသမီးလေးရဲ့ ငိုကြွေး ပြတ်စဲ‌မှု! သမီးကိုပါ အဘိုးအဘွားတွေနဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်တယ်!"

ပို့စ်တွင် အဓိကဇာတ်ကြောင်း၊ လူယုတ်မာခင်ပွန်း၏အကြံအ စည်၊ အခင်းဖြစ်ပွားရာနေရာရှိ အမြှောင်မိသားစု၏ဓာတ်ပုံများနှင့် အဓိကအကြောင်းမှာ ချင်ဝေဝေသည် အဘိုးအဘွားများနှင့်အဆက်အသွယ်ဖြတ်လိုက်ကြောင်း ကြေငြာထားသော မှတ်တမ်းဗီဒီယိုပါ ပါရှိသည်။

အင်တာနက်တစ်ခုလုံး ပေါက်ကွဲသွားသည်။

များမကြာမီမှာ လူအများ၏ သဘောထားထွက်လာသည်နှင့် ရန်ဖုန်၏မိဘများလည်း ဖုန်းဆက်လာပြီး သူတို့သည် တစ်ခါ တည်းချပစ်လိုက်သည်။

အဆက်အသွယ်ဖြတ်ချင်လျှင်တောင် သွေးသားဆက်ဆံရေးကို ဖျောက်ဖျက်လို့မရဘူးဆိုတာ သိကြသည့်အရာဖြစ်သည်။ သူတို့သည် အနာဂတ်တွင် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ချင်ဝေဝေအား ခြိမ်းခြောက်ပြီး လူအများ၏ဖိအားကို အသုံးပြုနိုင်မည်ဟုမျှော်လင့်ကြသည်။

သို့သော် ယခုအချိန် အင်တာနက်တစ်ခုလုံးသည် သူတို့ကို ရှုံ့ချနေလိမ့်မည်ဟု မထင်ထားကြချေ။

၎င်းတို့ ချင်မိသားစုကို ပြန်ရောက်ချိန် ကောမန့်များကိုဖတ်ပြီး ရယ်မောကြတော့သည်။

[ဒါက သူတို့ ထွက်ပေါက်တွေ အားလုံးကိုတစ်ခါတည်းပိတ်ဆို့လိုက်တာပဲ၊ ဒါမှနောက်ပိုင်းကျရင် သူတို့အကျပ်လာမကိုင်နိုင်မှာ]

All Chapters