ထူးဆန်းသော ရုပ်အလောင်းများ
Vol. 19 Ch. 271
ကြိုးထုံးကညွှန်ပြနေသော နေရာကို သွားရန် မြစ်ကိုဖြတ်သန်းရမည်ဖြစ်သည်။ ရှောက်ရွှမ်သည် မြစ်ကမ်းနံဘေးကို အချိန်အတော်ကြာလျှောက်ကြည့်နေသည်။ သို့သော် မြစ်တစ်ဖက်ကမ်းကို ကူးရန် သင့်တော်မည့်နေရာကို ရှာမတွေ့ပါ။
ချာချာ၏ ခြေသည်းများကို ဆွဲ၍လိုက်နေစဉ် ရှောက်ရွှမ်သည် မြစ်နားတွင် တိရစ္ဆာန်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုသတ္တဝါတွင် မျောက်ဝံတစ်ကောင်ကဲ့သို့ ချွန်ထက်သော လက်သည်းများရှိပါသည်။ ထိုသတ္တဝါမှာ မြစ်နားတွင် တွေ့ရသော ပြောင်ပြောင်လက်လက်အရာများကြောင့် ရောက်လာခြင်းဖြစ်သည်။ ရုတ်တရက် ထိုသတ္တဝါဆီသို့ မြစ်ထဲမှ ရေမြားတစ်စင်းက ပြေးဝင်သွားသည်။ သို့သော် ထိုသတ္တဝါက လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်သည်။
မြား၂ချောင်းလွဲသွားသည်။ ရေထဲမှ ငါးသည် စိတ်လှုပ်ရှားနေပုံပေါ်သည်။ ရေအောက်တွင် ပုန်းနေရာမှ အခုတော့ ရေပေါ်တွင်ပေါ်လာပြီဖြစ်ပြီး သူ့အကြေးခွံများကို မြင်နေရလေသည်။ ရေမြားသုံးချောင်းကို ဆက်တိုက်ပစ်လွှတ်လိုက်သည်။ ပထမြား၂ချောင်းက ကမ်းပေါ်က သတ္တဝါပြေးမည့်လမ်းကို ပိတ်ထားလိုက်သည်။ ထိုသတ္တဝါသည် ပြေးလမ်းဘက်သို့ လှည့်လိုက်သည့်အခါ တတိယမြောက်မြားက ရင်ဘတ်ကို ထိမှန်သွားသည်။
ကမ်းပေါ်မှ သတ္တဝါ ရှုံးနိမ့်သွားပြီဖြစ်သည်။ ခဏလောက် အရာအားလုံး ငြိမ်သက်သွားသည်။ထိုအချိန်တွင် တောင်ပေါ်မှ စူးရှသော အော်သံတစ်ချက် ထွက်ပေါ်လာသည်။ထို့နောက် အရာအားလုံး ပြန်ငြိမ်သက်သွားသည်။ လှုပ်ရှားနေသာ အရာဟူ၍ ရေထဲမှ ငါးသာရှိလေသည်။
ငါး၏ ကိုယ်အလျားမှာ ၆မီတာ၊၇မီတာလောက်ရှိမည်ဖြစ်ပြီး အတော်အတန်ကြီးမားသော ငါး
တစ်ကောင်ဖြစ်လေသည်။ ထိုငါးသည် ရေထဲမှ ခုန်ထွက်လာပြီး မြစ်ကမ်းနံဘေးသို့ ပြုတ်ကျလာသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းမှ ဆူးတောင်များက ခြေလက်များကဲ့သို့ လှုပ်ရှားနေကြသည်။ ကမ်းခြေကိုရောက်သောအခါ ထိုငါးသား မြားမှန်သွားသော သတ္တဝါဆီသို့သွားကာ အစွယ်များကို ဖြဲလိုက်ပြီး ထိုသတ္တဝါကို ကိုက်လိုက်လေသည်။
ရှောက်ရွှမ်သည် ထိုသတ္တဝါ၏ အရိုးကျိုးသံများကို ကြားလိုက်ရသည်။ ထိုသတ္တဝါ၏ မျက်လုံးများမှာ ကြောက်ရွံ့မှုတို့ ပြည့်နှက်နေပြီး မယုံနိုင်အောင် ဖြစ်နေသည်။ ထူးဆန်းသောငါးသည် ရုန်းကန်နေသော တိရစ္ဆာန်ကို ကိုက်ချီပြီး မြစ်ကမ်းနံဘေးမှ ရေထဲသို့ လှိမ့်ဆင်းသွားသည်။ ခဏတာအချိန်အတွင်း ကြောက်ရွံ့မှုကြောင့် ထွက်ပေါ်နေသော အော်သံများ ပျောက်ကွယ်သွားသည်။
မြစ်အတွင်းတွင် အရာအားလုံး ပြန်ငြိမ်သက်သွားသည်။ထို့နောက်တွင်တော့ ရေအောက်မှ ပူစီဖောင်းလေးများနှင့် သွေးကွက်များ ရေပြင်ပေါ်
သို့ တက်လာသည်။
သူတို့မျိုးနွယ်စုသည် ထိုတောအုပ်ကို ကြောက်ရွံ့ကြသည်။ လုံးဝငြိမ်သက်နေသော နေရာမှ မမျှော်လင့်သော အန္တရာယ်များ အချိန်မရွေးပေါ်ပေါက်လာနိုင်ခြင်းကြောင့် မျိုးနွယ်စုဝင်များသည် ထိုတောအုပ်ထဲသို့ သိပ်မဝင်ချင်ကြပါ။
မြစ်တစ်ဖက်ကမ်းကို ကူးသွားပြီးနောက်တွင် ရှောက်ရွှမ်သည် တောထဲတွင် တွေ့ရသော သွေးဆာနေသည့် သတ္တဝါများကို ရင်ဆိုင်တိုက်ခိုက်ရလေသည်။
မျိုးနွယ်စုထဲတွင် ကျန်ခဲ့သော နတ်ဆေးဆရာကတော့ ရှောက်ရွှမ်ထွက်သွားသည့်ရက်များကို ရေတွက်နေလေသည်။
“၆ရက်တောင်ရှိသွားပြီ…ဒီကောင်လေးဘယ်တော့မှ ပြန်လာမလဲ မသိဘူး…ဒီကောင်လေး အကြောင်းတွေးရတာ ခေါင်းကိုက်တယ်ကွာ” နတ်
ဆေးဆရာတစ်ယောက်စိတ်ပူနေပါသည်။ သူသည် အိမ်ပြင်မှ အိမ်ထဲသို့ ဝင်လိုက်သည်။ အိမ်ထဲသို့ ဝင်လိုက်သောအခါ လုမျိုးနွယ်စုမှ လူများကို တွေ့လိုက်ရသည်။
“ဘာကိစ္စရှိလို့လဲ” နတ်ဆေးဆရာက မေးလိုက်သည်။ နတ်ဆေးဆရာက ထိုသို့မေးလိုက်ပြီးမှ စိတ်ထဲကသိကအောက် ဖြစ်သွားလေသည်။ ရှောက်ရွှမ်နှင့် ပတ်သက်သော သတင်းစကားတော့ မဖြစ်နိုင်ကြောင်းတော့ သူသိလိုက်သည်။ ထိုအခါမှ နတ်ဆေးဆရာ အနည်းငယ်စိတ်သက်သာရာရသွားသည်။
လုမျိုးနွယ်စုဝင်များက အနေဝေးသူတို့၏ ပျော်ပွဲရွှင်ပွဲတစ်ခုရှိကြောင်း လာပြောခြင်း ဖြစ်သည်။ မျိုးနွယ်စုကြီးများမှ လူများသည်လည်း ထိုပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း ပြောနေကြသည်။
မျိုးနွယ်စုအနေဖြင့် ထိုကိစ္စကို အလေးပေးဆောင်ရွက်ရမည် ဖြစ်သောကြောင့် နတ်
ဆေးဆရာအနေနှင့် ရှောက်ရွှမ်ထွက်သွားသည့် ရက်များကို ရေတွက် မနေနိုင်တော့ပေ။
သုံးရက်လောက် ခက်ခဲပင်ပန်းစွာ သွားပြီးနောက် ရှောက်ရွှမ်သည် ကြိုးထုံးက ညွှန်ပြသော နေရာသို့ရောက်လာသည်။ သူလိုချင်သော ကျောက်တုံးကို ဘယ်နားတွင် ရှာရမလဲ မသိသော်လည်း ထိုနေရာတွင် အရေးကြီးသော အရာတစ်ခုရှိနေကြောင်း ရှောက်ရွှမ်သိလိုက်သည်။ တောင်ပေါ်တွင် အရေးပါသော တစ်စုံတရာရှိနေကြောင်း ရှောက်ရွှမ်သိလိုက်သည်။
ဘေးပတ်ဝန်းကျင်ကို သေချာအကဲခတ်လိုက်ပြီးနောက်တွင် ရှောက်ရွှမ်သည် တောင်နားကို ချဉ်းကပ်သွားသည်။ ရှောက်ရွှမ်သည် သူရောက်နေသော နေရာကို မသိသလို သူရှာချင်သော အရာကိုလည်း မသိပါ။ သို့သော် တစ်စုံတခုကိုတော့ တွေ့ရမည်ဆိုတာကို သူသိနေသည်။
တောင်ပေါ်သို့ရောက်သောအခါ သစ်ပင်များသိပ်မရှိတော့။ သူသည် ထူးခြားသော တစ်စုံတရာ
နားသို့ရောက်နေပြီဆိုတာ သိလိုက်သည်။ ထို့နောက် ဂူ ပေါက်တစ်ခုဆီသို့ ရှောက်ရွှမ်ရောက်လာသည်။ သူ့ရှေ့တွင် ကာရံထားသော ကျောက်နံရံကြီးကို ကြည့်လိုက်ပြီးနောက် သူ့ခါးတွင်ပတ်ထားသော သားရေအိတ်ထဲမှ ဓားကို ထုတ်လိုက်သည်။ ထို့နောက် အသက်ကို ဝအောင်ရှူလိုက်ပြီး ကျောက်နံရံကြီးကို ဓားဖြင့်ခြစ်ချလိုက်သည်။
တဂျစ်ဂျစ်မြည်သံနှင့်အတူ ကျောက်နံရံကြီးမှာ တဖြည်းဖြည်းရွေ့သွားလေသည်။ ရှောက်ရွှမ်သည် တောင်ထိပ်သို့ရောက်ရန် သိပ်မလိုတော့ပါ။ နှင်းများကျမနေသော်လည်း ပတ်ဝန်းကျင်သည် အေးစက်နေသည်။ သို့သော် ဂူထဲသို့ဝင်လိုက်သောအခါ ထိုဂူထဲတွင် အလွန်ပူနေသည်ကို ရှောက်ရွှမ်သိလိုက်ရသည်။
လှိုဏ်ဂူသည် မှောင်မဲနေပြီး အထဲတွင် အလင်းရောင်မရှိချေ။ ဝင်ပေါက်ကို ထူးဆန်းသော အားလှိုင်းတစ်ခုက ပိတ်ဆို့ထားသည်။ သို့သော် ထိုထူးဆန်းသော အား
လှိုင်းကြီးကို ရှောက်ရွှမ်တစ်ယောက်ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ချာချာကတော့ ကောင်းပင်ပေါ်တွင် ပျံသန်းနေပြီး အောက်သို့ ဆင်းလာချင်ပုံ မရ။ ရှောက်ရွှမ်ကလည်း သူ့ကို အတင်းအကျပ်ခေါ်မနေတော့ပေ။ ကျောက်သားနံရံကြီးကို ရွှေ့ပြီးသွားသောအခါ ရှောက်ရွှမ်သည် ထင်းခြောက်များ ရှာပြီး မီးတုတ်တစ်ချောင်း ပြုလုပ်လိုက်ကာ ဂူပေါက်ထဲသို့ ဝင်သွားလေသည်။
ထိုဂူပေါက်ရှိနေသည်မှာ ဘယ်လောက်ကြာပြီလဲ သူမသိချေ။
အထဲရောက်သောအခါ လူသေအလောင်းများကို တွေ့လိုက်ရသည်။ အတိအကျပြောရမည်ဆိုလျှင် အလောင်း၆လောင်းဖြစ်သည်။ ရှောက်ရွှမ်သည် ထိုအလောင်းများမှာ သူသွားမည့်လမ်းကို ပိတ်ဆို့နေသည်ဟုခံစားလိုက်ရသည်။ သေချာကြည့်လိုက်သောအခါ ထိုအလောင်းများမှာ အညိုရောင်ဖြစ်နေပြီး အရိုးများသာကျန်တော့သော
အလောင်းများဖြစ်နေသည်။ ဆံပင်များတော့ ရှိသေးသည်။ အလောင်းများပေါ်တွင် ဝတ်ဆင်ထားသော သားရေအင်္ကျီများမှာ တောက်ပခြင်းမရှိတော့ဘဲ ဖုန်များတင်နေလေသည်။ သားရေများမှာလည်း ပျော့ပြောင်းမှုမရှိတော့ဘဲ ဓားဖြင့်လွယ်ကူစွာ ဖြတ်၍ ရလေသည်။
ထိုအလောင်းခြောက်လောင်းမှာ ရှောက်ရွှမ်သွားမည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ အလောင်းများ၏ မျက်လုံးအိမ်များတွင် မျက်လုံးများမရှိတော့သော်လည်း သူတို့သည် တစ်စုံတရာကို ကြည့်နေသည်ဟု ရှောက်ရွှမ်ခံစားလိုက်ရသည်။ သူတို့မျက်နှာများသည် တစ်စုံတရာကိ ဖော်ပြနေခြင်းမရှိတော့သော်လည်း သူတို့ကို မျက်နှာများကို ကြည့်ရသည်မှာ တစ်စုံတခုကို စိတ်ပိုင်းဖြတ်ထားသလို ရှိနေသည်။ ထိုအလောင်းများကို မည်သူကမျှ ဖယ်ရှားပစ်၍ မရသလို ဖြစ်နေသည်။
ရှောက်ရွှမ်သည် ထိုအလောင်းများနားသို့ ကပ်လာသောအခါ လျှို့ဝှက်သော အားလှိုင်းကြီးက
သူ့ခန္ဓာကိုယ်ကို တစစီ ဆုတ်ဖြဲပစ်သလို ခံစားနေရသည်။ ထိုအားလှိုင်းကို တုန့်ပြန်နိုင်ရန် နတ်စွမ်းအင်ကို ထုတ်သုံးလိုက်ရသည်။
သို့သော် ထူးဆန်းသည်မှာ ရှောက်ရွှမ်သည် နတ်စွမ်းအင်ကို ထုတ်သုံးလိုက်သောအခါ ထိုအားလှိုင်းမှာ ပျောက်ကွယ်သွားသည်။ ထိုအားလှိုင်းမှာ သူ့အပေါ် သက်ရောက်မနေတော့ဘဲ သူနှင့် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ထူးဆန်းသော အားလှိုင်းမှာ ပျောက်ကွယ်သွားသည်။ ထိုသေဆုံးနေသော သူများမှာ မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများ ဖြစ်ပါသလား။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများဖြစ်သည်ဆိုလျှင် ရှောက်ရွှမ်၏ ဘိုးဘေးများ ဖြစ်ပေလိမ့်မည်။
မျိုးနွယ်စု၏ထုံးစံအရ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဘိုးဘေးများကို ကန်တော့လေ့ရှိသည်။ ရှောက်ရွှမ်ကတော့ ထိုရုပ်အလောင်းများနှင့် သွေးချင်းဆက်နွယ်နေသည် ဟုခံစားလိုက်ရ
သည်။ မီးတောက်ဦးချိုမျိုုးနွယ်စုမှ လူများဆိုလျှင်တော့ ထိုရုပ်အလောင်းများကို ရှိခိုးကန်တော့ကြမည် ဖြစ်သည်။
ရှောက်ရွှမ်သည် မီးတုတ်ကို ဘေးတွင် ချထားလိုက်ပြီး ရုပ်အလောင်းခြောက်လောင်းကို ကန်တော့လိုက်သည်။
“ဗုန်း” ရုပ်အလောင်း၆လောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွဦးသည်။ လဲကျသွားသော ရုပ်အလောင်းများကို ကြည့်ပြီး ရှောက်ရွှမ်အံ့သြသွားသည်။ ရှောက်ရွှမ်သည် သူပါလဲကျသွားမလားစိုးရိမ်နေသော်လည်း သူကတော့ လဲကျမသွားပေ။
ဂူထဲသို့ဝင်လာခါစက ထိုအလောင်း၆လောင်းတို့မှာ သူ့လမ်းကို ပိတ်ဆို့ထားသည်။ အခုတော့ ထိုအလောင်းများမှာ မြေပေါ်သို့ လဲကျသွားသဖြင့် လမ်းတစ်ခုပေါ်လာာသည်။ ထိုလမ်းသည် သိပ်မကျယ်သော်လည်း သွား၍တော့ရပါသည်။
မီးတုတ်ကိုကောက်ယူလိုက်ပြီး ဘိုးဘေးတို့၏
ရုပ်အလောင်းများကို မနင်းမိရန် သတိထားကာ ဂူထဲသို့ဝင်လာလိုက်သည်။ မီတာ၂၀လောက်လျှောက်လာပြီးသောအခါ မြေပြင်ပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်သည်။ထိုရုပ်အလောင်းမှာ ခုနကတွေ့ခဲ့သော ရုပ်အလောင်းများလို ခြောက်ကပ်မနေသေးပါ။ ဒီရုပ်အလောင်းက သိပ်ပုံမပျက်သေးဟုဆိုရမည်။ သို့သော် အရောင်တော့ နည်းနည်းလွင့်နေပြီဖြစ်သည်။
ယခုရုပ်အလောင်းမှာ အသက်အရွယ်ကြီးရင့်နေသူဖြစ်သောကြောင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ကိုတွေ့မြင်ရသည်။သူ့အဝတ်အစားများ ဝတ်ဆင်ထားပုံက စစ်သည်တော်တစ်ယောက်နှင့် မတူဘဲ နတ်ဆေးဆရာ တစ်ယောက်နှင့် တူနေပါသည်။
ထိုရုပ်အလောင်းသည် နတ်ဆေးဆရာတစ်ယောက်များလား။ ဘာပဲဖြစ်ဖြစ် ဘိုးဘေးများကို မြင်လျှင် ရှိခိုးကန်တော့ရမည်။ ရှောက်ရွှမ်သည် ဦးညွှတ်လိုက်ပြန်သည်။ ထိုအခါ ဂူထဲတွင် ပေါ်နေသော ထူးဆန်းသည့် အားလှိုင်းကြီး ပျောက်ကွယ်
သွားလေသည်။
ဂူထဲမှ အပူရှိန်လည်း ရုတ်တရက် ထိုးဆင်းသွားသည်။ မီးတုတ်မှာလည်း ငြိမ်းတော့မလိုဖြစ်သွားသည်။
ရှောက်ရွှမ်သည် ထိုရုပ်အလောင်းနောက်ကို ကျော်ကြည့်လိုက်သောအခါ ဖုန်များဖုံးလွှမ်းနေသော သစ်သားသေတ္တာများ၊ ကျောက်သားသေတ္တာများကို တွေ့လိုက်ရလေသည်။