ထူးဆန်းသော သေတ္တာများ
Vol. 19 Ch. 272
ဘိုးဘေးတို့သည် ထိုနေရာတွင် ဘာကြောင့် သေတ္တာများစွာကို ထားထားရသနည်း။ ထိုနေရာသည် မျိုးနွယ်စုမှလာလျှင် ၂ရက်ခရီးခန့်ရှိမည် ဖြစ်သည်။ တောင်ပေါ်တွင် အန္တရာယ်ရှိသော သားရဲများ မရှိဘူးဆိုလျှင် ထိုနေရာတွင် သေတ္တာများထားခဲ့သည်မှာ အဓိပ္ပါယ်ရှိပါသည်။ အခုတော့ ထိုတောအုပ်မှာ အန္တရာယ်များသော သားကောင်များ အလွန်ပေါ်ပါသည်။
ရှောက်ရွှမ်သည် ထိုသေတ္တာများထားသော နေရာနားသို့ မီးတုတ်တစ်ချောင်းဖြင့် လျှောက်သွားလိုက်သည်။ သေတ္တာများကို လျော်ကြိုးများဖြင့် ချည်ထားပါသည်။ သေတ္တာများကို သယ်ယူသောအခါတွင် အဖုံးများပွင့်မထွက်စေရန် ထိုသို့ပြုလုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။ သေတ္တာများနားသို့ သေချာကပ်ကြည့်လိုက်သောအခါမှ သေတ္တာများတွင် ချည်ထားသော ကြိုးထုံးများမှာ
သူထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေကြောင်းသိလိုက်ရသည်။ လျော်ကြိုးများကို ကြိုးထုံးများအဖြစ် ချည်ထားခြင်းဖြစ်ပြီး ကြိုးများကို ဆေးများသုတ်ထားလေသည်။ အလယ်တွင်ရှိသော ကြိုးထုံးကတော့ စုန်းမသဏ္ဍာန်ဖြစ်လေသည်။ အခြားလူများအမြင်တွင်တော့ ထိုကြိုးများမှာ သာမန်သာ ဖြစ်သော်လည်း သေတ္တာထဲတွင် ပါသောအရာများကိုတော့ အဖိုးမတန်ဟု ပြော၍မရပေ။ ဘိုးဘေးများကိုယ်တိုင် သယ်ယူလာသောအရာများဖြစ်သဖြင့် အဖိုးတန်မည့် အရာများဖြစ်ပေလိမ့်မည်။
ရှောက်ရွှမ်သည် တခြားသေတ္တာများနှင့် မတူသော ကြိုးထုံးများနှင့် သေတ္တာများကို ကြည့်လိုက်သည်။ သို့သော် ထိုကြိုးထုံးများမှာ ဖြည်ရန် ခက်ခဲကြောင်းတွေ့ရသည်။ ထို့ပြင်ကြိုးများမှာလည်း မနေ့တစ်နေ့က ပင်ချည်ထားသလို ခိုင်ခံ့နေသေးကြောင်း တွေ့လိုက်ရသည်။
ဖြတ်ပစ်လျှင်ကောင်းမလား။ မီးရှို့ပစ်ရမလား။
မဖြစ်သေး။ ထိုကဲ့သို့ လုပ်လိုက်လျှင် မျိုးနွယ်စုထဲမှ လူများက သူသည် ဘိုးဘေးများကို မလေးမစား ပြုလုပ်သည်ဟု ဆိုကြလိမ့်မည်။ ရှုပ်ထွေးသော ကြိုးထုံးများနှင့် သေတ္တာများကို ဘေးဖယ်ထားပြီး သာမန်သာချည်ထားသော သေတ္တာများကို ကြည့်လိုက်သည်။ သေတ္တာတစ်လုံးမှ ကြိုးများကို ဖြည်ရန် လက်ဖြင့် ထိရုံသာရှိသေးသည် သေတ္တာကို ချည်ထားသော ကြိုးများ ပြတ်တောက်သွားသည်။ ပြတ်တောက်သွားသော ကြိုးများမှာ ဖုန်မှုန့်များဖြစ်သွားလေသည်။
ကျန်သော သေတ္တာများကို ချည်ထားသော ကြိုးများမှာလည်း ထိုသို့ ဖြစ်ကုန်သည်။ အချိန်အလွန်ကြာသောကြောင့် ကြိုးများဆွေးမြေ့ကုန်ခြင်း ဖြစ်နိုင်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်မထိတွေ့သဖြင့် ကြိုးထုံးများမှာ ပုံမပျက်ဘဲ ရှိနေခြင်းဖြစ်မည်။
ရှေ့ဘက်တွင်ရှိသော သေတ္တာများမှာ ပို၍ သိပ်သည်းသလို ချည်ထားသော ကြိုးများမှာ
လည်း တမူထူးခြားနေသည်။ အခုတော့ ထိုသိပ်သည်းဆများ ပေါ့ပါးသွားပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် ပေါ့ပါးစွာဖြင့် ထိုသေတ္တာများကို ကြည့်နိုင်ပြီ ဖြစ်သည်။
သေတ္တာများကို ဖွင့်ကြည့်လိုက်သောအခါ သေတ္တာထဲတွင် လိပ်ထားသော သားရေချပ်များကို တွေ့လိုက်ရသည်။ သားရေချပ်တစ်ခုကို ကောက်ယူကြည့်လိုက်သောအခါ ယန်ကျောင်းမျိုးနွယ်စု၏ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသည်ကို တွေ့လိုက်ရသည်။ မျိုးနွယ်စု၏ သီးနှံအထွက်နှုန်းများ၊ မျိုးနွယ်စုအတွင်း ဖြစ်ပေါ်သော အငြင်းအခုံများ နှင့် အခြားသော ဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည်။ နောက်သားရေချပ်တစ်ခုကို ကြည့်လိုက်သောအခါ ယန်ကျောင်းမျိုးနွယ်စုနှင့် အခြားမျိုးနွယ်စုများအကြားက စစ်ပွဲများအကြောင်းမှတ်တမ်းတင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအထဲတွင် ရှောက်ရွှမ်ရင်းနှီးနေသောမျိုးနွယ်စုများ ဖြစ်သော ချန်ပြန့်မျိုးနွယ်စု၊ ဝေ့ပါ မျိုးနွယ်စုများ၏ နာမည် များပါဝင်နေသည်။ ရှောက်ရွှမ်သိထားသော ဗဟိုဒေသမှ
မျိုးနွယ်စုများ၏ နာမည်များသည် ထိုသားရေချပ်ပေါ်တွင် ပါဝင်နေသည်။
ဘာကြောင့် ယန်ကျောင်းမျိုးနွယ်စုကို အခြားမျိုးနွယ်စုများက မုန်းတီးနေကြပါသနည်။ သို့သော် နောက်သားရေချပ်များကို ကြည့်လိုက်သောအခါ ရှောက်ရွှမ်၏ အတွေးများ မှားယွင်းနေကြောင်း သိလိုက်ရသည်။ ထိုမျိုးနွယ်စုများသည် ယန်ကျောင်းမျိုးနွယ်စုကို မုန်းတီးသောကြောင့် တိုက်ခိုက်သည်မဟုတ်ဘဲ ထိုခေတ်အချိန်အခါက မျိုးနွယ်စုများအကြား စစ်ပွဲများဖြစ်ပေါ်ခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်လေသည်။ သားရေချပ်ပေါ်တွင် ရေးသားထားသော မှတ်တမ်းများအရ ယန်ကျောင်းမျိုးနွယ်စုသည် ထိုအချိန်က မငြိမ်းချမ်းခဲ့ပါ။ ခရီးသွားများအတွက်တော့ ယခုခေတ်အချိန်အခါသည် မကောင်းပါ။ ရပ်ဝေးမှလာသော မျိုးနွယ်စုများမှ အဖွဲ့ဝင်များသည် နေ့စဉ်လိုပင်အသတ်ခံနေရသည်။
သို့သော် သားရေချပ်ပေါ်တွင်ပါသော မှတ်တမ်းများနှင့် နှိုင်းယှဉ်လိုက်သောအခါ ထို
အဖြစ်အပျက်များမှာ ပြောပလောက်အောင် မဟုတ်တော့ပါ။ ထိုအဖြစ်အပျက်များမှာ ရပ်ဝေးသို့ထွက်လာသော မျိုးနွယ်စုများကြားရှိ သာမန်ပဍိပက္ခများလောက်သာဖြစ်သည်။ သားရေချပ်ပေါ်တွင် မှတ်တမ်းတင်ထားသော ကိစ္စများမှာမူ မျိုးနွယ်စုများအကြားက အလွန်ကြီးမားသော ပဍိပက္ခများဖြစ်လေသည်။ ယခုခေတ်တွင် ဖြစ်သော ရန်ပွဲများမှာ အလွန်ဆုံး သုံးရက်လောက်သာကြာပြီး ထိုခေတ်က ဖြစ်ပေါ်ခဲ့သော ရန်ပွဲများမှာ ဆယ်ရက်လောက် အကြီးအကျယ် သတ်ဖြတ်ကြသော စစ်ပွဲကြီးများဖြစ်လေသည်။
လူတစ်ယောက်ကို ကြည့်မရဘူးလား။ ရိုက်ပစ်လိုက်မည်။ ကိုယ့်ကို ဘုကြည့်ကြည့်သည်လား။ ဂုတ်ကနေကိုင်ဆွဲပစ်လိုက်မည်။ သဘောကျသည့် အရာတစ်ခုခုကို တွေ့သည်လား။ လုယူလိုက်မည်။
အရာအားလုံးသည် သင့်ခွန်အားပေါ်တွင် မူတည်နေပါသည်။ သင်ရိုက်လိုက်သူက သင့်ကို ပြန်ရန်လာရှာပါက ထိုသူကို သတ်ပစ်လိုက်မည်
ဖြစ်သည်။
ပစ္စည်းတစ်ခုကို လိုချင်သည်လား ခိုးယူလိုက်ရုံသာဖြစ်သည်။ ဓားပြတိုက်လိုက်ရုံသာဖြစ်သည်။ တိုက်ခိုက်မလား အသက်အသေခံမလား ရွေးချယ်စရာ နည်းလမ်းက ၂ခုတည်းသာ။
ရှေးခေတ်အချိန်အခါတုန်းက မျိုးနွယ်စုငယ်တစ်ခု ရပ်တည်နိုင်ရန် အလွန်ခက်ခဲပါသည်။ မှတ်တမ်းများအရ စစ်ပွဲများတွင် ပျောက်ကွယ်သွားရသော မျိုးနွယ်စုငယ်များစွာရှိပါသည်။
အလယ်ခေတ်လောက်က ပို၍ပင် ရှုပ်ထွေးသေးသည်။ မျိုးနွယ်စုကြီးများစွာ ရှိသောကြောင့် နစ်ရက်တစ်ကြိမ်လောက် စစ်ပွဲကြီးများကို ဆင်နွှဲကြသည်။
ယနေ့ခေတ်တွင်တော့ သင့်အဖွဲ့ကို တစ်စုံတယောက်က တိုက်ခိုက်သွားသည်လား။ နောက်တစ်နေ့တွင် မျိုးနွယ်စုတစ်ခုလုံးကို သွားသတ်ပစ်နိုင်သည်။
ရှောက်ရွှမ်ဖတ်လိုက်ရသော မှတ်တမ်းများအရ ထိုခေတ်အခါက စိတ်အခြေအနေများမှာ ယခုခေတ်စိတ်အခြေအနေများနှင့်မတူချေ။
ယနေ့ခေတ်တွင် ရှောက်ရွှမ်တို့နှင့် သင့်မြတ်သော မျိုးနွယ်စု၈ခုသည်ပင်လျှင် ထိုခေတ်က တစ်ဖွဲ့နှင့် တစ်ဖွဲ့အလွန်မုန်းတီးသော မျိုးနွယ်စုများဖြစ်ကြလေသည်။ ထိုခေတ်အခါက မျိုးနွယ်စုများ၏ နယ်စပ်တွင် ပေါက်ရောက်နေသော ဝါးပင်လေးတစ်ပင်အတွက်ပင် တိုက်ခိုက်ကြသောခေတ်ဖြစ်လေသည်။
မျိုးနွယ်စုက မပိုင်ဆိုင်သော အစိမ်းရောင်ကြက်သွန်နီတစ်လုံးရှိလျှင် မျိုးနွယ်စု၈ဖွဲ့မှ မဟုတ်သော လူများက ထိုကြက်သွန်နီကို ခူးဆွတ်သွားမည်ဖြစ်သည်။ အင်အားကြီး မျိုးနွယ်စု၈ခုကို မပူးပေါင်းသည့် မျိုးနွယ်စုလေးများက မည်သို့နေကြမည်နည်း။မျိုးနွယ်စုကြီးများက ထိုမျိုးနွယ်စုလေးများအကြောင်းကို သိသွားသောအခါ ထိုမျိုးနွယ်စုလေးများမှာ အသတ်ခံရရုံသာရှိတော့သည်။
အားနည်းသော မျိုးနွယ်စုလေးများမှာ ဘယ်လိုနေမည်နည်း။ ကိစ္စမရှိပါ…မျိုးနွယ်စုကြီး၈ခု၏ မျိုးနွယ်စုဝင်များမဟုတ်သူများက စိတ်ပျက်ကြမည် ဖြစ်သော်လည်း သူတို့ကတော့ ပျော်ရွှင်နေကြမည်ဖြစ်သည်။
အချို့သောမှတ်တမ်းမှတ်ရာများက ထုံးတမ်းအစဉ်အလာများကို သွေဖယ်ပြီး ထူးဆန်းသော ကိစ္စများကို မှတ်တမ်းတင်ထားသည်။ တချို့မှတ်တမ်းများမှာ မျိုးနွယ်စုအတွင်းဖြစ်ပေါ်သော ဆိုးဝါးသည့်ကိစ္စများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဘယ်သူက ပစ္စည်းများကို တူးဖော်ယူသည်၊ ဘယ်သူက မိမိမယားဖောက်ပြန်သည်ကို သိရှိသည်၊ ဘယ်သူက ညီအကိုချင်းဖောက်ပြန်သည် စသည်တို့ကို မှတ်တမ်းတင်ထားသည်။ အများအားဖြင့် အတင်းအဖျင်းများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုနတ်ဆရာများမှာ လက်ရှိ မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ဆေးဆရာလောက် တည်ကြည်လေးနက်ခြင်းမရှိကြပါ။
မိသားစုတစ်ခု၏ အာဃာတကြောင့် မျိုးနွယ်စုတစ်ခုလုံးက လက်စားချေသည် အဖြစ်မျိုးအလွယ်တကူဖြစ်လာနိုင်သည်။ ထိုအချိန်က စစ်ပွဲတစ်ပွဲဖြစ်ရန်မှာ အလွန်လွယ်ကူသည်။ ထိုအချိန်က ယန်ကျောင်းမျိုးနွယ်စုဝင်များသည် ကြံ့ခိုင်တောင့်တင်းသောကြောင့် အခြားမျိုးနွယ်စုများက သူတို့ကို လက်စားမချေရဲကြချေ။ ရှောက်ရွှမ်သည် မှတ်တမ်းများကို ဖတ်ကြည့်ရင်း ယန်ကျောင်းမျိုးနွယ်စုဝင် ဘိုးဘေးများ၏ မာနများကို သိရှိနိုင်လေသည်။ မည်သည့်အရာကို မှတ်တမ်းတင်သည်ဖြစ်စေ၊ ထိုမာနကတော့ ပါနေသေးသည် ဖြစ်သည်။ အကန့်အသတ်မရှိသော အင်အားတို့ကို ပိုင်ဆိုင်သော မျိုးနွယ်စုတစ်ခုအနေနှင့် ယန်ကျောင်းမျိုးနွယ်စုသည် သမိုင်းကြောင်းတလျှောက်တွင် ခက်ထန်မောက်မာသော မျိုးနွယ်စုတစ်ခုဖြစ်ခဲ့လေသည်။
ထိုခေတ်အခါက ရိုင်းစိုင်းခက်ထန်ခဲ့သော လူ့အဖွဲ့အစည်းသည် အခုအချိန်တွင် ထိုအချိန်တုန်းကထက် ပို၍ ငြိမ်းချမ်းလာသည်ကို မြင်ရသည်မှာ သိပ်တော့ ယုံချင်စရာမကောင်းပါ။
သို့သော် အခုအချိန်အထိ ရက်စက်ကြမ်းတမ်းသော သတ်ဖြတ်မှုများကတော့ရှိနေဆဲပင်။
ထိုအချိန်က မျိုးနွယ်စုများသည် ဘာကြောင့် မျိုးနွယ်စုတစ်ခုနှင့် တစ်ခု မုန်းတီးပြီး အာဃာတများ ထားကြပါသနည်။ ရှောက်ရွှမ်သည် အမဲလိုက်အဖွဲ့နှင့် လိုက်တုန်းကလည်း ထိုမေးခွန်းမျိုးကို မေးကြည့်ဖူးသည်။ သူရသော အဖြေမှာ ပဟေဠိဆန်ပါသည်။ “ငါသိသလောက်တော့ လွန်ခဲ့တဲ့နှစ်၃၀၀ အတွင်း မျိုးနွယ်စုတစ်ခုနဲ့တစ်ခုကြား ပြင်းထန်တဲ့ စစ်ပွဲကြီးတွေ မဖြစ်ဖူးဘူး။ ဝမ်ရှစ်မျိုးနွယ်စုက ဗဟိုဒေသမှာ ရှိတဲ့ မျိုးနွယ်စုလေးတွေကို အနှောင့်အယှက်ပေးတာကလွဲရင် အရင်ခေတ်တုန်းကလို မျိုးနွယ်စုတွေ အချင်းချင်း အကြီးအကျယ် မတိုက်ခိုက်ကြဘူး”။
ဝမ်ရှစ်မျိုးနွယ်စုအကြောင်းကို သားရေချပ်နှစ်ခုပေါ်တွင် ရေးထားသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ ထိုသားရေချပ်များပေါ်တွင် မှတ်တမ်းတင်သော စုန်းမသည် ထိုမျိုးနွယ်စုမှာ နောက်နှစ်၅၀၀အတွင်း ပျောက်ကွယ်သွားမည်ဟု ခန့်မှန်း
ထားသည်။ သို့သော် သူ့ခန့်မှန်းချက်မှာ မှားယွင်းသွားပါသည်။ ပျောက်ကွယ်သွဦးမည့်အစား ဝမ်ရှစ်မျိုးနွယ်စုသည် ယန်ကျောင်းမျိုးနွယ်စုထက်ပင် ခက်ထန်မောက်မာလာသေးသည်။ အရင်ကထက် ကြမ်းတမ်းခက်ထန်လာသည်။
အခုအချိန်တွင် မျိုးနွယ်စုကြီးများအကြားယခင်က ဖြစ်ပေါ်ခဲ့သော သံသယများ၊အာဃာတများကို ဘေးချိတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု မူကို ဦးစားပေးခဲ့သည်။ ရှောက်ရွှမ်ထင်လိုက်သည်ကတော့ သူတို့တွင် ဘုံရန်သူတစ်ယောက်ရှိရမည်။ ထိုဘုံရန်သူသည် မျိုးနွယ်စုတစ်ခု၊နှစ်ခု စည်းလုံးရုံမျှနှင့် အနိုင်မယူနိုင်သော ဘုံရန်သူမျိုးဖြစ်ပေလိမ့်မည်။
ယန်ကျောင်းမျိုးနွယ်စုကို ခြိမ်းခြောက်ခဲ့သော ရန်သူများလား။ ယန်ကျောင်းမျိုးနွယ်စုသည် အလွန်အင်အားတောင့်တင်းသဖြင့် သူတို့ကို ခြိမ်းခြောက်နိုင်သော ရန်သူ များများစားစားမရှိပေ။
အခြားထူးဆန်းသောအချက်တစ်ချက်ကို ရှောက်ရွှမ်စဉ်းစားမိသည်။ ထိုအချက်မှာ ကျွန်ပိုင်ရှင်များအကြောင်းကို မှတ်တမ်းတင်မထားခြင်းပင်ဖြစ်သည်။ သုံ့ပန်းများဖမ်းကြသော ခေတ်ကာလတုန်းက ထိုသုံ့ပုန်းများသည် ၎င်းတို့ကိုဖမ်းဆီးသော မျိုးနွယ်စုအတွက် အလုပ်လုပ်ပေးရသည်။ သို့သော် သားရေချပ်များတွင် ကျွန်ပိုင်ရှင်များအကြောင်းကို မှတ်တမ်းတင်ထားသည်ကို မတွေ့ရပါ။
ထိုအချက်အလက်ပေါင်းစုံပါသော သေတ္တာများအပြင် ရှောက်ရွှမ်သည် အခြားသောသေတ္တာများကို ဖွင့်ကြည့်ပါသည်။ ထိုသေတ္တာများထဲတွင်ပါသော သားရေချပ်များတွက် စစ်ပွဲများအကြောင်းများသာ မှတ်တမ်းတင်ထားသည် မဟုတ်ဘဲ လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများပါမှတ်တမ်း တင်ထားသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် အခြားသေတ္တာများကို ဖွင့်ကြည့်လိုက်သောအခါ ရှောက်ရွှမ်သည် သတင်းအချက်အလက်အတော်များများကို ရလိုက်ပါသည်။ မှတ်တမ်းများတွင် မျိုး
နွယ်စုများကြားဖြစ်ပေါ်သော စစ်ပွဲများကို သာမှတ်တမ်းတင်ထားခြင်းမဟုတ်ဘဲ အခြားသော ကိစ္စများကိုလည်း မှတ်တမ်းတင်ထားပါသည်။ ထိုကိစ္စများမှာ လယ်ယာစိုက်ပျိုးခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းများနှင့် ပတ်သက်သော ကိစ္စများဖြစ်ပါသည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ယန်ကျောင်းမျိုးနွယ်စုသည် အစားအစာအတွက် အမဲလိုက်ခြင်းကို အားထားရသည်။ သူတို့နေထိုင်ရာမှာ တောအုပ်မှာ သူတို့အတွက် အစားအစာကို ပေးသော မူလရင်းမြစ်ဖြစ်လေသည်။ သို့သော် မှတ်တမ်းများအရ ထိုမျိုးနွယ်စုသည် အပင်စိုက်ခြင်း၊ တိရစ္ဆာန်များကို သားဖောက်ခြင်းနှင့် သီးနှံများကို ရိတ်သိမ်းခြင်းတို့ကိုလည်းလုပ်ဆောင်ပါသည်။ ထိုအကြောင်းအရာများပါသော မှတ်တမ်းများမှာ ယခုလက်ရှိနတ်ဆေးဆရာများ ထိန်းသိမ်းထားသော မှတ်တမ်းများဖြစ်နိုင်လောက်သည်။ သို့သော် သေတ္တာများထဲတွင် ရှိသော မှတ်တမ်းများသည် နတ်ဆေးဆရာများထိန်းသိမ်းထားသော မှတ်တမ်းများထက် ပို
အသေးစိတ်သည်ဟု ရှောက်ရွှမ်ယူဆမိသည်။
ယန်ကျောင်းမျိုးနွယ်စု၏ ဘိုးဘေးများသည် မူလနေထိုင်ရာနယ်မြေကို စွန့်ခွာသောအခါ သူတို့နှင့်အတူ အပင်စိုက်ခြင်း၊ တိရစ္ဆာန်သားဖောက်ခြင်းများကို မှတ်တမ်းတင်ထားသော မှတ်တမ်းများကို ယူဆောင်လာနိုင်ခြင်းမရှိပါ။ ထိုမှတ်တမ်းများမယူဆောင်လာခြင်းမှာ မူလနေထိုင်ရာနယ်မြေမှ အချိန်ကြာမြင့်စွာ ခွဲခွာရမည်ဟု မထင်ထားသော ကြောင့်ဖြစ်နိုင်သည်။ နတ်ဆေးဆရာများထိန်းသိမ်းထားသော မှတ်တမ်းများမှာ မျိုးနွယ်စုနေထိုင်ရာနေရာကို နောက်မှစွန့်ခွာသူများရေးသားထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သေတ္တာထဲတွင် သားရေချပ်များစွာရှိပါသည်။ ရှောက်ရွှမ်သည် မီးတုတ်ကြောင့် သားရေချပ်များပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် မီးတုတ်ကို ပင်သိပ်မထွန်းချင်တော့ပါ။ သူ၏ နမော်နမဲ့နိုင်မှုကြောင့် ဘိုးဘေးများ၏ မှတ်တမ်းများ ပျက်စီးသွားပါက မျိုးနွယ်စုသည် သူ့ကိုနှင်ထုတ်ခြင်း သိ့မဟုတ် သူ့ကို သတ်ပစ်ခြင်းတို့ ပြုလုပ်နိုင်သည်။
ရှောက်ရွှမ်သည် ထိုသားရေမှတ်တမ်းများမှာ နတ်ဆေးဆရာများပြုစုခဲ့သော မှတ်တမ်းများဖြစ်ကြောင်း ယုံကြည်ထားသည်။ တချို့သားရေချပ်များပေါ်တွင် အရေးကြီးသောကိစ္စများကို မှတ်တမ်းတင်ထားသလို၊ တချို့သားရေချပ်များပေါ်တွင်တော့ အဓိပ္ပါယ်မရှိသော အရာများကို မှတ်တမ်းတင်ထားသည်။ အမှန်တော့ ထိုမှတ်တမ်းများပေါ်တွင် ရေးသားထားသော စာများမှာ နတ်ဆေးဆရာများသာ အသုံးပြုသော စာများဖြစ်ကြသည်။
တစ်စုံတရာအတွက် အဆုံးအဖြတ်ပြုလုပ်ရန် လိုအပ်ပါသလား။ မျိုးနွယ်စုအတွင်း အငြင်းပွားဖွယ်ကိစ္စတစ်ခုကို စီရင်ရမည်ဆိုပါက နတ်ရုပ်ကိုဆုံးဖြတ်ခိုင်းမည့်အစား မီးတောက်များကို ဆုံးဖြတ်ခိုင်းမည်ဖြစ်သည်။ ထိုအဓိပ္ပါယ်မရှိသော စကားလုံးများမှာ နတ်ဆေးဆရာများက ထိုပြဿနာကို ဖြေရှင်းရန် ပြောခဲ့သော စကားလုံးများဖြစ်ပေလိမ့်မည်။ ထိုအတွက် ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။
လယ်စိုက်ခြင်း၊ငါးမျှားခြင်း၊ တိရစ္ဆာန်များကို သားဖောက်ခြင်း၊ လက်မှုပညာများ၊ နက္ခတ္တပညာရပ်များ၊ဗိသုကာပညာရပ်များ၊ ဆေးဝါးပညာရပ်များ၊ စစ်ဗျူဟာများ၊ နိုင်ငံရေးများနှင့် သက်ဆိုင်သော မှတ်တမ်းများကို မှတ်တမ်းတင်ထားခဲ့ကြသော်လည်း အသေးစိတ်မှတ်တမ်းတင်ခြင်းတော့မဟုတ်ပါ။ ထိုပညာရပ်များကို ထိုမျိုးနွယ်စုက အပြီးတိုင်တတ်ကျွမ်းနားလည်ခဲ့ခြင်းမဟုတ်ပါ။ ဥပမာပြောရမည်ဆိုလျှင် ကောင်းကင်နှင့် လက်မှုပညာရပ်အကြောင်းတို့ကို မှတ်တမ်းတင်ထားသော်လည်း အပျော်တမ်းအဆင့်လောက်သာ ရှိသည်။ သို့သော် မှတ်တမ်းတင်ထားသည့် ပညာရပ်များမှာ များပြားလွန်းသဖြင့် ရှောက်ရွှမ်တစ်ယောက်အံ့ဩနေရသည်။
ယန်ကျောင်းမျိုးနွယ်စုအတွက် ဘယ်အရာက အရေးပါသနည်း။ မီးလျှဲသလင်းကျောက်လား။ ပိုင်ဆိုင်မှုအဖြစ်အသုံးပြုသော ဒင်္ဂါးပြားများလား။ သို့မဟုတ် အခြားသော အဖိုးတန်ကျောက်တုံးများလား။
မဟုတ်ပါချေ။ ထိုအရာများမှာ ယန်ကျောင်းမျိုးနွယ်စုအတွက် အရေးပါသော အရာများမဟုတ်ပေ။
မှတ်တမ်းများကို ဖတ်ကြည့်ရင်းနှင့် ထိုမျိုးနွယ်စု နတ်ဆေးဆရာ၏ ရှာဖွေတွေ့ရှိမှုများမှာ ပိုမို အရေးပါကြောင်း ရှောက်ရွှမ်သိရှိလာသည်။ မျိုးနွယ်စုဝင်တစ်ယောက်အတွက် အရေးပါသည်မှာ သူတို့မျိုးနွယ်စုဝင်များကို သိရှိရေး၊ မူလဇစ်မြစ်ကို သိရှိရေးနှင့် နတ်ရုပ်ကို သိရှိရေးတို့ဖြစ်ကြသည်။ ဒုတိယအနေဖြင့် ဓလေ့ထုံးတမ်းများ၊ သာရေး၊နာရေး ထုံးစံများ၊ ခေါင်းဆောင်ဟောင်းများ၊နှင့် အတွေးအခေါ်များဖြစ်လေသည်။ စစ်ပွဲများ၊ စွန့်လွှတ်အနစ်နာခံမှုများကတော့ အရေးကြီးသော ကိစ္စရပ်များ ဖြစ်လေသည်။ ထိုအဖြစ်အပျက်များကို နတ်ဆေးဆရာများက မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး နောက်မျိုးဆက်များကို လက်ဆင့်ကမ်းခဲ့ရမည် ဖြစ်သည်။
ထိုအကြောင်းအရာများပါသော မှတ်တမ်း
များသည် လူအများ သမိုင်းဟုခေါ်တွင်သော အရာဖြစ်လာမည်ဖြစ်သည်။
နတ်ဆေးဆရာများအတွက် သမိုင်းကြောင်းကပိုရှည်လျားလေ၊ မျိုးနွယ်စု၏ သက်တမ်းနှင့် အင်အားတို့က ပိုတိုးပွားလေဖြစ်သည်။ ထို့ကြောင့် ယန်ကျောင်းမျိုးနွယ်စု၏ သမိုင်းကြောင်းကို ယခုနေရာတွင် ထိန်းသိမ်းထားခြင်း ဖြစ်ပေလိမ့်မည်။ သူတို့၏ သမိုင်းကြောင်းမပျောက်ပျက်သွားရန် ယခုနေရာတွင် ထိန်းသိမ်းထားခြင်းဖြစ်ပေလိမ့်မည်။ အခြားမျိုးနွယ်စုဝင်များက သားရဲတို့ပျော်စံရာမြေသို့ ပြောင်းရွေ့နေထိုင်ကြသဖြင့် သူတို့သမိုင်းကြောင်းကို ယခုနေရာတွင် ထိန်းသိမ်းထားခြင်း ဖြစ်ပေလိမ့်မည်။ ယခုနေရာသည် ထိုမျှ အဖိုးတန်သော မှတ်တမ်းများကို ထိန်းသိမ်းရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
ဂူထဲတွင် ရှိသော လူများမှာ သေဆုံးနေသည်မှာ ကြာလှပြီဖြစ်သည်။ ကျန်ခဲ့သည် အရာဆို၍ ရှောက်ရွှမ်ခံစားလိုက်ရသော အားလှိုင်းများသာရှိ
တော့သည်။ ထိုအားလှိုင်းသည် ကျူးကျော်ဝင်ရောက်သောသူများကို တားဆီးသော အားလှိုင်းတမျိုး ဖြစ်ပေလိမ့်မည်။ သေတ္တာများကို စောင့်ရှောက်နေသော အစောင့်အရှောက်တစ်မျိုးလည်း ဖြစ်ပါလိမ့်မည်။ ထိုအားလှိုင်းသည် ယန်ကျောင်းမျိုးနွယ်စုဝင်များ ထိုမှတ်တမ်းများကို လာရောက်ရှာဖွေမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ထိုမှတ်တမ်းများထဲတွင် ရှောက်ရွှမ်စိတ်ထဲက မီးပုံကြီးဘေးတွင်ရှိသော ဥအမျိုးအစားအကြောင်းကိုတော့မှတ်တမ်းမတင်ထားပေ။ ထိုအကြောင်းအရာများသည် သူဖွင့်မရသော သေတ္တာများထဲတွင် ပါနေမည်လားတော့ သူလည်း မပြောတတ်ပါ။
ထိုသို့ဆိုလျှင်တော့ ထိုအရာများကို နတ်ဆေးဆရာက ဖွင့်လှစ်သည့်အချိန်အထိစောင့်ဆိုင်းရမည်ဖြစ်သည်။ လျှို့ဝှက်အပ်သော အကြောင်းအရာများမဟုတ်ပါက သေတ္တာထဲတွင်ပါသော မှတ်တမ်းများကို နတ်ဆေးဆရာက သူ့
ကို ဖတ်ခွင့်ပြုမည်သာ။