လမ်းပိတ်ဆို့ခြင်း
Vol. 19 Ch. 273
သေတ္တာထဲမှ အရာများကို စား၍ရလား ရှောက်ရွှမ်မသိပါ။ မဖြစ်နိုင်ပါ။ သို့သော် ထိုအရာများသည် မျိုးနွယ်စုဝင်များအတွက် အလွန်အဖိုးတန်သော စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်စေမည့် အစားအစာများဖြစ်နိုင်ပါသည်။ အစာငတ်၍ သေခါနီးဖြစ်နေသော စုန်းများပင် ထိုအစားအသောက်များကို လွှတ်ပစ်မည် မဟုတ်ပါ။
သေချာစဉ်းစားပြီးနောက် ရှောက်ရွှမ်သည် ထိုအရာများကို လက်ရှိအချိန်တွင် ဒီအတိုင်းထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ ဘိုးဘေးများ၏ ရုပ်အလောင်းများနှင့် မျိုးနွယ်စုအတွက် အရေးပါသော ရှေးဟောင်းပစ္စည်းများကို သယ်ယူရန် အိမ်ပြန်၍ လူတချို့ကို ခေါ်ရမည် ဖြစ်သည်။
သယ်ရမည့်ပစ္စည်းများက များပြားလွန်းသည်။ ပစ္စည်းတိုင်းက အဖိုးတန်ပါသည်။ ထိုပစ္စည်းများအားလုံးကို ပြန်သယ်နိုင်မည်ဟု ရှောက်ရွှမ် အာမမခံ
နိုင်ပေ။
ကျောက်ဂူထဲတွင် သက်ရောက်နေသာ ထူးဆန်းသည့် အားလှိုင်းကြီးများကတော့ ပျောက်ကွယ်သွားလေပြီ။ နောက်တစ်ကြိမ်ထပ်ပေါ်လာမည်မဟုတ်တော့ပါ။ ထိုနေရာကို စောင့်ရှောက်ရမည့် တာဝန်များပြီးဆုံးသွားလေပြီ။
အခြားသတ္တဝါများ ဘိုးဘေးများ၏ရုပ်အလောင်းများကို မဖျက်ဆီးစေရန်နှင့် အဖိုးတန်သော ရှေးဟောင်းပစ္စည်းများကို မဖျက်ဆီးစေရန် ရှောက်ရွှမ်သည် ဂူထဲတွင် ထောင်ခြောက်များထောင်ထားလေသည်။ ထို့နောက်ပိုးမွှားများကို မောင်းထုတ်နိုင်သော သစ်ပင်များကို တောထဲတွင် သွားရှာလေသည်။ထိုသစ်ပင်များကို ရရှိရန်အတွင် ရှောက်ရွှမ်သည် ဝက်ဝံကြီးတစ်ကောင်နှင့်ပင် တိုက်ခိုက်ခဲ့ရသေးသည်။ သူ့လက်မောင်းရိုးများ ကျိုးမတတ်ဖြစ်ခဲ့ရသည်။ ထိုဝက်ဝံကြီးမှာ နယ်မြေဟောင်းတွင် မြင်တွေ့ခဲ့ရဖူးသော ဝက်ဝံကြီး၂ကောင်ထက်ကြီးမားပါသည်။
တောနက်ထဲသို့ ရောက်လေလေ၊ သားကောင်များမှာ ပို၍ အင်အားကြီးမားလာလေဖြစ်သည်။ ဂူထဲ
တွင် လုပ်စရာရှိသည်များကို လုပ်ဆောင်ပြီးနောက် ရှောက်ရွှမ်သည် ဂူထဲမှ ထွက်ခွာလာပြီး ကြိုးထုံးများက ညွှန်ပြသော နေရာသို့ ထွက်ခွာလာခဲ့သည်။
ရှောက်ရွှမ်၏ မူလရည်ရွယ်ချက်မှာ ကျောက်တုံးများကို ရှာရန်သာ ဖြစ်ပြီး ထိုမျှများပြားသော ရတနာပစ္စည်းများကို ရှာဖွေတွေ့ရှိမည်ဟု သူမထင်ထားပါ။
ရှောက်ရွှမ်အလိုရှိနေသာ ကျောက်တုံးများကို ကျောက်သားနံရံတွင် မြုပ်လျက်သားဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုကျောက်သားနံရံသည် ဘေးတွင်ရှိသော ကျောက်သားနံရံများနှင့် သိပ်မတူပါ။ ဘေးပတ်ဝန်းကျင်ရှိ ကျောက်သားနံရံများတွင် လက်သည်းရာများ၊ ကုတ်ခြစ်ရာများ အစရှိသည့် အမှတ်အသားများစွာကိုတွေ့မြင်ရပါသည်။ ရှောက်ရွှမ်ရှာနေသော ကျောက်တုံးကတော့ ရှားပါးကျောက်တုံးဖြစ်သည်။
“ကောင်းတယ်…သိပ်ကောင်းတယ်”
ထိုကျောက်တုံးများကို ရှောက်ရွှမ်သည် အချိန်ယူ၍ တူးယူနေရလေသည်။ ကျောက်တုံးမှာ အလွန်
မာကျောပြီး အမြင့်မှာ ၂မီတာခန့်ရှိပြီး အနံမှာ ၁မီတာခန့်ရှိလေသည်။ ရှောက်ရွှမ်သည် ထိုကျောက်တုံးကို တူးထုတ်ရန် ကြိုးစားသော်လည်း ထိုကျောက်တုံးမှာ နံရံထဲတွင် နက်ရှိုင်းစွာ နစ်ဝင်နေလေသည်။
ထိုကျောက်တုံးမှာ သာမန်ကျောက်တုံးများထက် ပိုလေးလံနေသည်။ သို့သော် ယန်ကျောင်းမျိုးနွယ်စုတို့၏ အင်အားနှင့်ဆိုလျှင် ရှောက်ရွှမ်သည် ထိုကျောက်တုံးကို အိမ်ပြန်သယ်ယူနိုင်သွားမည်ဖြစ်သည်။
ကျောက်နံရံကြီးကို ဖြိုပစ်နေရသဖြင့် ရှောက်ရွှမ်တစ်ယောက် အားအတော်ကုန်သွားလေသည်။ နောက်တချိန်တွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ခွန်အားကို ချွေတာရဦးမည်ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ကြိုးထုံးများအကြောင်းကို လောလောဆယ်ခေါင်းထဲ မထည့်နိုင်သေးပါ။
အစပိုင်းတွင်တော့ လေးလံသောကျောက်တုံးကြီးကို ကိုင်မရသည်မှာ သူ့အတွက် အခက်အခဲဖြစ်နေသော်လည်း နောက်ရက်များတွင်တော့ အသားကျ
သွားသည်။ တစ်ခါတရံတွင် သားရဲများ၏ တိုက်ခိုက်မှုကို ထိုကျောက်တုံးကြီးဖြင့် ကာကွယ်သည်။ နောက်ဆုံးတွင်တော့ ထိုကျောက်တုံး၏ အလေးချိန်ကို သူအသားကျသွားပြီဖြစ်သည်။
မျိုးနွယ်စုဆီသို့ ပြန်သောအခါ သူမျိုးနွယ်စုဆီမှ ထွက်ခွာလာသည်မှာ ၂၉ရက်ရှိနေပြီဖြစ်သည်။ ရှောက်ရွှမ်သည် ထိုမျှကြာမည်ဟု မမျှော်လင့်ထားပါ။ သူသည် သုံး၊လေး၊ငါးရက်သာ ကြာမည်ဟု ပြောခဲ့ပြီး ရက်၃၀လောက်ကြာလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ချာချာက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ရှောက်ရွှမ်ကို အော်ဟစ်နေသည်။
“မျိုးနွယ်စုထဲမှာ အပြင်ဘက်သားတွေရောက်နေတာလား” ရှောက်ရွှမ်တွေဝေသွားသည်။ ဝမ်ရှစ်မျိုးနွယ်စုမှ လူများဖြစ်နေမလား။
ချာချာ့ကို အချက်ပြလိုက်သောအခါ ချာချာသည် လေထဲသို့ ပျံတက်သွားသည်။ ခဏတာနားပြီးနောက် ရှောက်ရွှမ်သည် ဘေးတွင် ချထားသော ကျောက်တုံးများကို ကောက်ကိုင်လိုက်သည်။ နောက်
လက်တစ်ဖက်ဖြင့် သားကောင်အသေများကို ကိုင်လိုက်သည်။ ရှောက်ရွှမ်သည် မျိုးနွယ်စုဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
နောက်ထပ် သူကြုံတွေ့ခဲ့ရသောသားကောင်မှာ မီတာ၂၀ခန့်ရှည်သော စပါးကြီးမြွေကြီးတစ်ကောင်ဖြစ်သည်။ မနက်ပိုင်း စားစရာရှာရန် ထွက်လာသောအခါ ထိုအကောင်ကြီးကို ရှောက်ရွှမ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် ထိုမြွေကြီးကြောင့် သေမလိုဖြစ်ခဲ့ရသည်။ ထိုမြွေကြီးကို အနိုင်တိုက်ခိုက်ရန် အချိန်ယူ၍တိုက်ခိုက်ခဲ့ရသည်။ ရှောက်ရွှမ်သည် နေမဝင်ခင် မျိုးနွယ်စုဆီသို့ ပြန်ရောက်ချင်နေသည်။ ရှောက်ရွှမ်သည် စပါးကြီးမြွေကြီးကို လွှတ်မပစ်ဘဲ ထိုမြွေကြီးကို အမြီးမှ ကိုင်ဆွဲလာသည်။ တောထဲတွင် မြွေများစွာရှိသည်။ တောအုပ်ထဲတွင်ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့။ ရှောက်ရွှမ်သည် မီတာ၃၀၊၄၀ခန့်ရှည်လျားသော မြွေကြီးများကို မြင်တွေ့ဖူးပါသည်။ ထိုမြွေကြီးများကို ရှောက်ရွှမ်သည် ရှောင်ကွင်းသွားတတ်သည်။
နယ်စပ်သို့ရောက်သောအခါ နယ်စပ်မျဉ်းကို စောင့်ရှောက်နေသော စစ်သည်တော်များနှင့် ဆုံတွေ့လိုက်ရသည်။
“အားရွှမ်…မင်းပြန်လာသေးတယ်နော်”
စစ်သည်တော် တစ်ယောက်က ရှောက်ရွှမ်ကို စကားလှမ်းပြောရင်း ရှောက်ရွှမ်ကို လှမ်းဆွဲလိုက်သည်။
“ကျွန်တော် ဘာမှမမဖြစ်ပါဘူး…မျိုးနွယ်စုကော အခြေအနေဘယ်လိုရှိလဲ…တခြားဘယ်သူတွေရောက်လာသေးလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“မင်းက ထွက်သွားတာအချိန်ကြာပြီဆိုတော့ ဒီကအခြေအနေတွေကို ဘယ်သိပါ့မလဲ” ရှောက်ရွှမ်ကို ပြောလိုက်သော စစ်သည်တော်သည် တစ်စုံတရာကို တွေးလိုက်မိသောအခါ စိတ်ဓာတ်အနည်းငယ်ကျသွားသည်။ ထို့နောက် “ဗဟိုဒေသက လူတွေရောက်နေတယ်…အရင်အမဲလိုက်ထွက်နေကြလူတွေလည်း အမဲလိုက်မထွက်ကြတော့ဘူး” ဟုပြောလိုက်သည်။
“ဒါကြောင့် ငါပြန်လာတော့ အမဲလိုက်အဖွဲ့က လူတွေတစ်ယောက်မှ မတွေ့တာကို…ဒါဆို ဘယ်သူမှ အမဲလိုက်မထွက်ကြဘူးပေါ့” ရှောက်ရွှမ်က ပြောလိုက်
သည်။
“မျိုးနွယ်စုထဲက အခြေအနေတွေကို နတ်ဆေးဆရာကို မေးကြည့်ဦးမှပဲ”
ရှောက်ရွှမ်သည် မျိုးနွယ်စုဆီသို့ အလျင်အမြန်ပြေးထွက်သွားသည်။ နေလည်းဝင်တော့မည်ဖြစ်သဖြင့် အမြန်သွားမှ ဖြစ်မည်။ သို့မှသာ ညစာစားချိန်ကို မှီမည် မဟုတ်ပါလား။
မျိုးနွယ်စုသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူထွက်သွားသည့်အချိန်တုန်းကထက်စာလျှင် သစ်ပင်များမှ သစ်ရွက်များသည် ပိုမို သိပ်သည်းလာသည်။ မျိုးနွယ်စုများနေသောနေရာနှင့် မဝေးလှသော နေရာတွင် စားကျက်မြေများကို ပြုလုပ်ထားသည်။ လယ်ကွင်းထဲမှ အပင်ပေါက်များလည်း ယခင်ကထက်ပိုမိုကြီးထွားလာကြသည်။
ကျောက်တုံများကို သယ်လာရသောကြောင့် ရှောက်ရွှမ်သည် လူထုထပ်သော နေရာများကို ရှောင်ရှားပြီး လူပြတ်သော လမ်းလေးများအတိုင်း လျှောက်လာခဲ့ပါသည်။
ထိုအချိန်တွင် အလုပ်ထွက်လုပ်သောလူများသည်လည်း အိမ်ပြန်ကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် လူများနှင့် သိပ်မတွေ့ဆုံရပါ။
လမ်းလျှောက်လာရင်း ရှောက်ရွှမ်သည် သူ့ရှေ့တွင် လူတစ်ယောက်စကားပြောနေသံကို ကြားလိုက်ရပါသည်။ ထိုအသံမှာ အလွန်ထူးဆန်းနေသည်။
“ဒါယန်ကျောင်းမျိုးနွယ်စုလား”
“ချွီဆဲ့ နဲ့ ရွှီ တို့ကတော့ ယန်ကျောင်းမျိုးနွယ်စုကို အင်အားတောင့်တင်းတယ်လို့ ပြောကြတာပဲ…ဒါပေမဲ့ ငါကတော့ အဲဒီလောက် မဟုတ်ဘူးလို့ထင်တာပဲ”
“အဲဒါတွေက ကောလဟာလတွေကို မကြားရခင်တုန်းက ထွက်လာတဲ့ သတင်းစကားတွေပါ။ ကျွန်မအထင်တော့ အဲဒီလူတွေဟာ သားရဲတိရစ္ဆာန်တွေနဲ့တူမယ်လို့ထင်တယ်…အဲဒီလူတွေကို မြင်လိုက်ရတော့ ကျွန်မတော်တော်စိတ်ပျက်သွားတယ်…” နူးညံ့သော အမျိုးသမီး အသံတစ်ခုထွက်ပေါ်လာသည်။
“အဲဒီလူတွေက တခြားလူတွေထက် ထူးခြားနေတာတော့ မဟုတ်ပါဘူး”
“သူတို့ခွန်အားကြီးတာကကျတော့ရော…သူတို့ထဲကတစ်ယောက်ကို ကျောက်ခဲနဲ့ပေါက်ပြီး သတ်နိုင်ပါ့မလား”
ထိုလူသည် ဘာမှမပြောတော့ဘဲ ရယ်ပဲရယ်နေလိုက်တော့သည်။
အခြားသူများသည်လည်း သူမစကားကို ရယ်စရာဟု သတ်မှတ်ကြပြီး အတောမသတ်ရယ်မောနေကြသည်။
ထို့နောက်တွင်တော့ အားလုံး၏ ရယ်သံများတိတ်ဆိတ်သွားပြီး အခြေအနေမှာ အနည်းငယ်တင်းမာသွားသည်။ သူ့နောက်တွင် လူတစ်ယောက်ရောက်နေသံကို ကြားလိုက်ရသော်လည်း သူကတော့ ဂရုမစိုက်ပေ။ သူ့ပြောစကားများကို ယန်ကျောင်းမျိုးနွယ်စုက ကြားသွားမည်ဆိုလျှင်တောင် သူကြောက်ရွံ့နေမည်မဟုတ်။ ထိုလူသည် နောက်သို့
လှည့်လိုက်သည်။
ဝင်ခါနီးဆဲဆဲ နေရောင်က ထိုနေရာကို ဖြာကျနေသဖြင့် ထိုလူကို သဲကွဲစွာမမြင်ရပေ။ ထိုလူကိုလည်း သေချာစွာမမြင်ရသော်လည်း ထိုလူမှာ သရဲသဘက်တစ်ကောင်နှင့်တူနေသည်ကိုတော့ တွေ့မြင်လိုက်ရသည်။