ဧည့်သည်တော်များ
Vol. 19 Ch. 274
ရှောက်ရွှမ်သည် မြွေတစ်ကောင်အမြီးနှင့် ကျောက်တုံးတစ်တုံးကို ကိုင်ဆွဲပြီး ပြန်လာသောအချိန်တွင် လောင်ခဲ့သည် စားစရာများကို ချက်ပြုတ်နေလေသည်။ ချက်ပြုတ်နေရင်း သူသည် အပြင်ဘက်တွင်ရှိသော ဆီဆာ့အကြောင်းကို ပြောနေလေသည်။ ရှောက်ရွှမ် ပြန်ရောက်လာသောအခါ လောင်ခဲ့သည် သူလုပ်လက်စ အလုပ်များကို ပစ်ထားလိုက်သည်။ အိမ်အလုပ်များကို ခဏအသာထားလိုက်ပြီး ရှောက်ရွှမ်လက်ထဲမှ မြွေကိုလှမ်းယူလိုက်သည်။
“မြွေကတော်တော်ကြီးတာပဲ…ဘယ်ကနေရလာတာလဲ” လောင်ခဲ့သည် တံခါးနားတွင် မြွေကို ပစ်ချလိုက်သည်။ ထို့နောက် အိမ်ထဲဝင်သွားကာ မြွေကို ဖြတ်တောက်ရန် ကိရိယာများ သွားယူလေသည်။
“မျိုးနွယ်စုနေတဲ့ပိုင်နက်နားကပါပဲ…အဲဒီကောင်ကို သတ်ပြီး ကျွန်တော်ဆွဲလာတာ…ဒီကျောက်တုံးက ချာချာ ရှာတွေ့လာတဲ့ ကျောက်တုံး မဟုတ်လား” ရှောက်ရွှမ်၏ပုခုံးများ အခုမှ သက်သာရာရသွားသည်။ ကျောက်တုံးကြီးကို အချိန်ကြာမြင့်စွာ သယ်ဆောင်လာရသဖြင့် သူ့ပုခုံးများနာကျင်နေပြီဖြစ်သည်။
လောင်ခဲ့က မြွေကို ကျောက်သားဓားမြောင်အသေးလေးဖြင့် လှီးဖြတ်နေရင်း ခေါင်းငြိမ့်လိုက်သည်။ “ဒီမြွေကို ရလိုက်တာ အရမ်းကောင်းတယ်…မင်းနတ်ဆေးဆရာဆီ အရင်သွားလိုက်တာ ကောင်းမယ်ထင်တယ်…ဒီမြွေကို ငါဖျက်ထားလိုက်မယ်”
“ဟုတ်ကဲ့…ကျွန်တော်လည်း နတ်ဆေးဆရာကို ပြောစရာရှိနေတာနဲ့ အတော်ပဲ”
“နေပါဦး…မီးဖိုကြီးနားက ကျောက်သားအိမ်တော်ကို မသွားနဲ့နော်…အဲဒီမှာ နတ်ဆေးဆရာ မရှိဘူး…
နတ်ဆေးဆရာနဲ့ မျိုးနွယ်စုအကြီးအကဲက အိမ်တော်ကြီးထဲ ဗဟိုဒေသက မျိုးနွယ်စုတွေနဲ့ စကားပြောနေတယ်…အခုထိသူတို့ပြန်ရောက်မလာသေးဘူး…အိမ်တော်ကြီးထဲမှာ အရင်သွားရှာကြည့်လိုက်”။
ရှောက်ရွှမ်သည် လောင်ခဲ့ ညွှန်ပြသောနေရာကို လှမ်းကြည့်လိုက်သည်။ လေဝင်လေထွက်ကောင်းအောင် ဆောက်လုပ်ထားသော ကျောက်သားအိမ်တစ်လုံးကို တွေ့လိုက်ရသည်။ အချက်အချာကျသော နေရာ၏ အစပ်နားတွင် အခြားအိမ်များကို မတွေ့ရပါ။ ထို့ကြောင့် ထိုအိမ်သည် ထင်ရှားပေါ်လွင်နေသည်။
“ဧည့်သည်တွေလာမှာမလို့ နတ်ဆေးဆရာက အဲဒီအိမ်ကို ဆောက်ခိုင်းထားတာလား…ဒီရက်ပိုင်းတွေမှာနတ်ဆေးဆရာနဲ့ မျိုးနွယ်စုအကြီးအကဲက ဧည့်သည်တွေနဲ့ အဲဒီအိမ်မှာ စကားပြောနေကြတယ်” လောင်ခဲ့က ရှင်းပြသည်။
“ကောင်းပြီလေ…အဲဒီအိမ်ကို ငါသွားကြည့်လိုက်
မယ်”
မြေပြင်ပေါ်တွင် ကျောက်သားလမ်းလေးတစ်ခုကို ဖောက်လုပ်ထားသည်။ မိုးရွာသောအချိန်မှာပင် လူများသည် ရွှံ့တောထဲမှ ဖြတ်ရန် မလိုတော့ပါ။ ရှောက်ရွှမ်ထွက်သွားတုန်းက ထိုလမ်းလေးများ မရှိသေးပါ။
ကျောက်သားအိမ်တော်နားတွင် စစ်သည်တော်အမြောက်အများကို တွေ့လိုက်ရသည်။ အများစုမှာ မီးတောက်ဦးချိုမျိုးနွယ်စုမှ ဖြစ်ပြီး အချို့စစ်သည်တော်များကတော့ ပြင်ပမှ စစ်သည်တော်များ ဖြစ်သည်။ ပြင်ပမျိုးနွယ်စုများမှ စစ်သည်တော်များမှာ မျိုးနွယ်စုတစ်ခုတည်းမှ စစ်သည်တော်များမဟုတ်ပါ။ အမြင်အာရုံမကောင်းသောသူတစ်ယောက်ပင် ထိုအချက်ကို လွယ်ကူစွာ သိနိုင်သည်။ သူတို့သည် မျိုးနွယ်စုသုံးခုမှ စစ်သည်တော်များဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော သူတို့ဝတ်စားပုံမှာ ကွဲပြားနေသောကြောင့် ဖြစ်လေသည်။
မျိုးနွယ်စုတစ်ခု၏ ဝတ်စားပုံများသည် နတ်ရုပ်နှင့် ဆက်စပ်နေပြီး မျိုးနွယ်စု၏ ဓလေ့ထုံးတမ်းများကို ကိုယ်စားပြုပါသည်။ဥပမာအနေဖြင့် ပြောရလျှင် မန်မျိုးနွယ်စုသည် အစိမ်းရောင် ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်ကြသည်။ တချို့က အစိမ်းနုရောင်၊ တချို့က အစိမ်းရင့်ရောင် စသည်ဖြင့် ဝတ်ဆင်ကြသည်။ အဝတ်အထည်များကိုတော့ လိုင်နင်သားနှင့်ချုပ်လုပ်ထားခြင်းဖြစ်သည်။ ထို့နောက် ကျောက်စိမ်းများကို ဝတ်ဆင်ကြသည်။ ဝတ်ဆင်ထားသော ကျောက်စိမ်းများကို ကြည့်ခြင်းအားဖြင့် ထိုလူများမှာ အနည်းဆုံး အလတ်တန်းစစ်သည်တော်များဖြစ်သည်ကို သိနိုင်သည်။
ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှလူများကမူ ပိုးထည်ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်ကြသည်။ ပိုးထည်ဝတ်ဆင်ခြင်းမှာ သူတို့၏ ရိုးရာဓလေ့လို ဖြစ်နေသည်။ တချို့စစ်သည်တော်များကလည်း ပင့်ကူအရွယ်အစားမျိုးစုံကိုမွေးမြူကြသည်။
နောက်မျိုးနွယ်စုတစ်ခုကတော့ သူတို့ခေါင်းတွင် ငှက်မွှေးများတပ်ဆင်ကြသည်။ သူတို့လိမ်းချယ်သော မျက်နှာချေများမှာ ရှောက်ရွှမ်ရှေ့တွင် ရပ်နေသော လူလိမ်းထားတေသာ မျက်နှာချေများနှင့်တူပါသည်။ မျက်နှာကို ဆေးရောင်စုံလိမ်းခြယ်ထားကြသည်။ ထို့ကြောင့် လူတစ်ဦး၏ မူလရုပ်သွင်ကို လွယ်ကူစွာ မမြင်ရပါ။
ထိုမျိုးနွယ်စုမှာ ငှက်မွှေးမျိုးနွယ်စုလား?
ရှောက်ရွှမ်က ထိုလူများကို လိုက်လံအကဲခတ်နေသော်လည်း ထိုသူများက ရှောက်ရွှမ်ကို ဂရုမပြုမိကြပါ။ ရှောက်ရွှမ်ကိုယခင်က မြင်ဖူးနေကျသော လူ၂ယောက်ကတော့ ရိပ်မိသည်။
ချွီဆဲ့နှင့် ရွှီတို့က ရှောက်ရွှမ်ကို ကြည့်နေသည်။ သူတို့သည် ရှောက်ရွှမ်က စစ်သည်တော်လေးယောက်နှင့် တပြိုင်တည်းတိုက်ခိုက်နိုင်သည်ကို သိသောအခါ သူတို့သည် ရှောက်ရွှမ်ကို အထင်ကြီးလေးစားမိကြသည်။ ကြောက်ရွံ့လေးစားမှုလည်း ရှိကြသည်။
အပြင်ဘက်တွင် အစောင့်ကျနေသော မီးတောက်ဦးချိုမျိုးနွယ်စုဝင် စစ်သည်တော်များကတော့ ရှောက်ရွှမ်ကို မြင်သောအခါ မသိမသာပြုံးနေကြသည်။
“နတ်ဆေးဆရာကို လာတွေ့တာလား” စစ်သည်တော်တစ်ယောက်ကမေးလိုက်သည်။
“ဟုတ်ပါတယ်…ကျွန်တော့်ကို ဝင်ခွင့်ပြုဖို့ပြောပေးပါဦး” ရှောက်ရွှမ်က ပြောလိုက်သည်။
နတ်ဆေးဆရာ၏ကိုယ်ရံတော် စစ်သည်တော်တစ်ယောက်က ရှောက်ရွှမ်နှင့် ရင်းနှီးသည်။ နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို တားနေမည်မဟုတ်ဟု ထိုစစ်သည်တော်က ယူဆထားသည်။ သို့သော် လက်ရှိအခြေအနေများက ရှုပ်ထွေးနေသဖြင့် ဝင်ခွင့်တောင်းလိုက်ခြင်းက ပိုကောင်းမည်။
ထိုလူအခန်းထဲသို့ဝင်သွားပြီးသိပ်မကြာလိုက်
အပြင်ပြန်ထွက်လာပြီး ရှောက်ရွှမ်ကို အထဲဝင်ရန် လှမ်းပြောလိုက်သည်။
နတ်ဆေးဆရာ၏ အဆောင်ထဲသို့ဝင်သွားသော ရှောက်ရွှမ်ကို မြင်သောအခါ မျိုးနွယ်စုထဲက လူတချို့က ရှောက်ရွှမ်ကို တမျိုးမြင်ကြသည်။ ထိုမျှသေးငယ်သော ကောင်လေးသည် နတ်ဆေးဆရာ၏ အဆောင်ထဲသို့ ဘာကြောင့်ဝင်ခွင့်ရသနည်း။
“သူကဘယ်သူလဲ…ဘာဖြစ်လို့ နတ်ဆေးဆရာအဆောင်ထဲကို ဝင်ခွင့်ရတာလဲ” တစ်ယောက်ကမေးလိုက်သည်။
“သူကရှောက်ရွှမ်လေ” ချွီဆဲ့က ဖြေလိုက်သည်။ တစ်စုံတခုပြောရန် ပြင်နေသောသူမှာ အံ့ဩသွားသည်။ ထို့နောက် ချွီဆဲ့နှင့် ရွှီတို့ကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး “ရှောက်ရွှမ်ဆိုတာ သူလား” ဟုမေးလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပြန်မရောက်
မီအချိန်ကပင် မီးတောက်ဦးချိုနှင့် ရှောက်ရွှမ်ဆိုသော အမည်များမှာ လူအများနှင့် ရင်းနှီးနေသည်။ သူတို့သည် ရှောက်ရွှမ်ကို လိုက်ရှာကြည့်ကြသော်လည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်လာချိန်အထိ ရှောက်ရွှမ်ကို ရှာမတွေ့ပေ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင် စစ်သည်တော်များက ဆန့်ကျင်ဘက်လူများကို ခပ်လှောင်လှောင် အကြည့်မျိုးဖြင့်ကြည့်နေပြီး“ သူဘာလို့ နတ်ဆေးဆရာအဆောင်ထဲကို ဝင်ခွင့်ရလဲ ဟုတ်လား၊ ဘာလို့လဲဆိုတော့ သူက ငါတို့မျိုးနွယ်စုရဲ့ ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်နေလို့ပဲ၊ နောက်ပြီးတော့ ဝါစဉ်ကြီးပုဂ္ဂိုလ်ဆိုလို့လည်း သူတစ်ယောက်ပဲရှိတယ်…သူ့ရာထူးအဆင့်အတန်းက နတ်ဆေးဆရာနဲ့မျိုးနွယ်စု အကြီးအကဲတို့ထက် တဆင့်ပဲနိမ့်တယ်…အဲဒီတော့ နတ်ဆေးဆရာ အဆောင်ထဲကို သူဝင်ခွင့်ရတာ ဆန်းလားကွ” ဟုပြောလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုမှ စစ်သည်တော်များ
က အခြားမျိုးနွယ်စုများမှ မောက်မာသော လူများကို ကြည့်မရဖြစ်နေသည်။ သူတို့က မီးတောက်ဦးချိုမျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်ကိုပင် နှိမ်ချင်နေကြသည်။ သူတို့သာ ရှောက်ရွှမ်အကြောင်းကို မကောင်းပြောသည်ဆိုပါက စစ်သည်တော်များသည် ထိုသူများကို တိုက်ခိုက်ရန် ဝန်လေးနေမည်မဟုတ်ပါ။
ပြောရင်းဆိုရင်း စကားလမ်းကြောင်းတွေ လွဲကုန်သောအခါ အကြီးတန်းစစ်သည်တော်တစ်ယောက်က သူ့ရှေ့တွင် ရှိသော လူများကို ဆွဲဖယ်လိုက်ပြီး “ကဲကဲ…ငါတို့ဒီကိုလာတာ အငြင်းအခုံဖြစ်ဖို့လာတာ မဟုတ်ဘူး...သတိနဲ့နေကြဦး…မဟုတ်ရင် ငါတို့ခေါင်းဆောင်တွေ စိတ်တွေဆိုးကုန်လိမ့်မယ်”။
အပြင်ဘက်တွင်ရှိသော သူများရန်ဖြစ်နေသည်ကို ရှောက်ရွှမ်မသိပါ။ နတ်ဆေးဆရာ၏ အဆောင်ထဲသို့ ဝင်သွားသောအခါ အခြားလူလေးယောက်လည်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ သုံးယောက်က ထိုင်နေပြီး၊ တစ်ယောက်
က ထိုသုံးယောက်နောက်တွင် မတ်တပ်ရပ်နေသည်။ ထိုင်နေသော သုံးယောက်ထဲမှ တစ်ယောက်ကို ရှောက်ရွှမ်သိသည်။ ထိုသည်မှာ မန်မျိုးနွယ်စုမှ ကျောက်စိမ်းလက်စွပ်သုံးကွင်းပိုင်ရှင် အကြီးတန်းမျိုးနွယ်စုစစ်သည်တော် ဟွမ်းယီဖြစ်သည်။
ဟွမ်ယဲ့က ရှောက်ရွှမ်ကို သေချာကြည့်နေလေသည်။ ပထမတစ်ခေါက်တွေ့လိုက်တုန်းက ရှောက်ရွှမ်ကို သေချာသတိမထားမိပေ။ အစကတော့ ဟွမ်ယဲ့သည် ရှောက်ရွှမ်မှာ မထင်မရှားမျိုးနွယ်စုငယ်လေးမှ ချာတိတ်ပါမွှားလေးဟုသာ ထင်ထားခဲ့သည်။ နောက်ပိုင်းတွင်မှာ ချွီဆဲ့ပြောပြာသဖြင့် အကြောင်းစုံကို သိရခြင်းဖြစ်သည်။
လူလေးယောက်ကဝိုင်းကြည့်နေသည်ကို ရှောက်ရွှမ်ဂရုမစိုက်ပေ။ ရှောက်ရွှမ်သည် သူတို့ဆီသို့ လျှောက်သွားလိုက်သည်။ ရှောက်ရွှမ်ကိုမြင်သောအခါ မျက်နှာတည်နေသော နတ်ဆေးဆရာ ပြုံးသွားသည်။ သူသည် ရှောက်ရွှမ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ရှောက်ရွှမ်
နောက်တွင် ရပ်နေသော ကွေ့ဇယ်ကို ခုံတစ်လုံး ရွေ့လာပေးရန် အမိန့်ပေးလိုက်သည်။
အဆောင်ထဲတွင် နတ်ဆေးဆရာနှင့် အကြီးအကဲအော့တို့သာ ထိုင်နေသည်။ ကွေ့ဟယ်နှင့် ထာ့တို့က မတ်တပ်ရပ်လျက်ရှိသည်။ ရှောက်ရွှမ်ရောက်လာသောအခါ မီးတောက်ဦးချိုမျိုးနွယ်စု၏ တတိယမြောက်ထိုင်ခွင့်ရသူဖြစ်သွားလေသည်။
ထိုအရာကို မြင်လိုက်ရသော စားပွဲတစ်ဖက်မှ လူများသည် ကြက်သေသေသွားကြသည်။ ထိုစားပွဲတွင် ထိုင်ခွင့်ရသော မီးတောက်ဦးချို မျိုးနွယ်စုဝင်သည် မျိုးနွယ်စုအတွင်း အလွန် အရေးပါသော လူဖြစ်ရမည်။ အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်ပင် ထိုင်ခွင့်မရသောအခြေအနေတွင် ဤလူငယ်က ဝင်ထိုင်ရဲသည်။ အခြားလူများကလည်း ကန့်ကွက်ခြင်းမပြုကြပါ။ ရှောက်ရွှမ်၏ အဆင့်က အမဲလိုက်အဖွဲ့ဝင်ခေါင်းဆောင်၂ယောက်ထက် မြင့်သည်ကို အားလုံးသိသွားကြပြီ။
သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ။ သူသည် အကြီးတန်းစစ်သည်တော်တစ်ယောက် ပင်ဖြစ်သေးသည် မဟုတ်ပါ။
“ကျွန်တော်က မီးတောက်ဦးချိုမျိုးနွယ်စုရဲ့ ဝါစဉ်ကြီးပုဂ္ဂိုလ်ပါ” ရှောက်ရွှမ်က ပြောလိုက်သည်။
ရှောက်ရွှမ်သည် အကြီးတန်းစစ်သည်တော်တစ်ယောက် မဟုတ်သော်လည်း မည်သူ့ကိုမျှ ကြောက်မနေသဖြင့် အားလုံး အံ့သြသွားကြသည်။ အကြီးတန်းစစ်သည်တော်များ ကြားတွင် ရောက်နေသော်လည်း သူကတော့ အေးဆေးပင်။
ဟွမ်ယဲ့က ဝါစဉ်ကြီးပုဂ္ဂိုလ်ဆိုသောစကားကို နားမလည်နိုင်ဖြစ်သွားသည်။ သို့သော် ထိုအချိန်သည် မေးခွန်းထုတ်၍ ကောင်းသော အခြေအနေမဟုတ်ပါ။ မေးလျှင်လည်း သူတို့က ဖြေချင်မှ ဖြေမည်ဖြစ်သည်။
“မန်သစ်တောက ဟွမ်ယဲ့ပါ” ဟွမ်ယဲ့က ပြောလိုက်
သည်။
“ဝေ့ပါမျိုးနွယ်စုကပါ” ဟွမ်ယဲ့ဘေးတွင် ရပ်နေသော တစ်ယောက်က ပြောလိုက်သည်။ သို့သော် သူ့မျက်နှာမှာ ဟွမ်ယဲ့လောက် မတင်းမာဘဲ ပြုံးရယ်လျက်ရှိသည်။
“ငှက်မွှေးမျိုးနွယ်စုက ကုကျီပါ” တတိယတစ်ယောက်က ပြောလိုက်ပြန်သည်။ သူ့မျက်နှာပေါ်တွင် ဆေးများထူထပ်စွာခြယ်ထားသဖြင့် မူလရုပ်သွင်ကို သေချာ မမြင်တွေ့ရပေ။
“ကျွန်တော်က အခုမှ သားရဲတို့ပျော်စံရာမြေက ပြန်ရောက်လာလို့ပါ၊ ခင်ဗျားတို့ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။ သို့သော် မျက်နှာပေါ်တွင် နောင်တရဟန်တော့ မရှိပေ။
ဟွမ်ယဲ့က ရှောက်ရွှမ်ကို ပြက်ရယ်ပြုဖို့ ပြင်လိုက်သည်။ နတ်ဆေးဆရာက အသာလေးပြုံး
လိုက်ပြီး “ မျိုးနွယ်စုရရဲ့ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ငါတို့ဆွေးနွေးနေတဲ့ အကြောင်းအရာကို မင်းလည်းသိခွင့်ရှိပါတယ်”
“ဟုတ်ကဲ့…အရှင်တို့ ဘာတွေဆွေးနွေးနေကြတာလဲ” ရှောက်ရွှမ်ကမေးလိုက်သည်။
နတ်ဆေးဆရာကလည် သူတို့ဆွေးနွေးနေသည့်အကြော်းကို ရိုးရှင်းစွာ ပြောပြလိုက်သည်။ ဆွေးနွေးနေသည်မှာ အကြောင်းကိစ္စ၂ခုအတွက်ဖြစ်သည်။ ပထမတစ်ခုမှ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအနေဖြင့် ဝမ်ရှစ်မျိုးနွယ်စုဝင်များနှင့် မတိုက်ခိုက်ရန်ဖြစ်သည်။ အခုရောက်ရှိနေသော လူသုံးယောက်ကလည်း သဘောတူသည်။
ဒုတိယအကြောင်းအရာကတော့ နှစ်တစ်နှစ်စီ၏ အလယ်ပိုင်းတွင်် အထူးခရီးသွားအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် ဖြစ်သည်။ ထိုအဖွဲ့တွင် မျိုးနွယ်စုအသီးသီး၏ လူငယ်များပါဝင်မည်ဖြစ်လေသည်။ ယခုနှစ်တွင်တော့ ထိုအဖွဲ့တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပါဝင်လာပြီဖြစ်သည်။
ယခုရောက်နေသော လူသုံးယောက်က မီးတောက်ဦးချိုမျိုးနွယ်စုဘက်မှ မည်သူများကို ရွေးချယ်မလဲ မေးမြန်းစုံစမ်းရန် ရောက်နေခြင်းဖြစ်သည်။