← Chapters

ပဍိပက္ခ

Vol. 19 Ch. 275

ပဍိပက္ခ

Vol. 19 Ch. 275

နတ်ဆေးဆရာနှင့်ရှောက်ရွှမ်တို့သည် သူတို့ရှေ့မှ လူ၃ယောက်နှင့် သက်ဆိုင်သော အကြောင်းအရာများကို ပြောနေသည်။

ထူးဆန်းသည်ဟု စိတ်ထဲကထင်နေသဖြင့်၊ အော့က စကားကို ဖြတ်မပြောတော့ဘဲ၊ ရှောက်ရွှမ် နှင့် နတ်ဆေးဆရာတို့ ပြောနေသည်ကို နားထောင်နေလိုက်သည်။ ထို့နောက်မျက်နှာချင်းဆိုင်မှ လူသုံးယောက်၏ မျက်နှာရိပ်မျက်နှာကဲကို စိတ်ဝင်စားစွာ ကြည့်နေလိုက်သည်။ မောက်မာလှချည်လား။ မင်းတို့က ကိုယ့်ကိုယ်ကို ဘာထင်နေလဲ။

“ကျွန်တော်တိုးမျိုးနွယ်စုနဲ့ ဝမ်ရှစ်မျိုးနွယ်စုရဲ့ ရန်ငြိုးက တခြားမျိုးနွယ်စုတွေနဲ့ မဆိုင်ပါဘူး…ကျွန်တော်တို့ကို ဘာကြောင့်တိုက်ခိုက်ခွင့်မပေးတာလဲ” ရှောက်ရွှမ်ကမေးလိုက်သည်။

နတ်ဆေးဆရာက သက်ပြင်းချကာ “ ငါတို့ဒုက္ခရောက်သွားမှာ စိုးလို့လို့ ပြောတာပဲ” ။

“ဘယ်လောက်အထိအောင် ဒုက္ခရောက်မှာမလို့လဲ” ရှောက်ရွှမ်က ထပ်မေးလိုက်သည်။

နတ်ဆေးဆရာလည်း ထပ်မံသက်ပြင်းချကာ “တော်တော်ဆိုတဲ့ ဒုက္ခလို့ ပြောတာပဲ” ဟုဖြေလိုက်သည်။

“ကျွန်တော်တို့ တိုက်ခိုက်ဖို့ပဲ ရွေးချယ်မယ်ဆို ဘယ်လိုဖြစ်သွားနိုင်လဲ” ရှောက်ရွှမ်က မေးလိုက်သည်။

အခုတစ်ခေါက်တွင်တော့ ဟွမ်ယဲ့သည် နတ်ဆေးဆရာ ပြောသည်ကို စောင့်မနေတော့ဘဲ ဖြတ်ပြောလိုက်သည်။

“ ငါတို့ကတော့ မင်းတို့အနေနဲ့ ဝမ်ရှစ်မျိုးနွယ်စုနဲ့မတိုက်ခိုက်ဖို့ အကြံပေးချင်တယ်…တိုက်ခိုက်မယ်ဆိုရင် မင်းတို့အတွက် မကောင်းဘူး…မီးတောက်ဦးချိုမျိုးနွယ်စုက ဝမ်ရှစ်မျိုးနွယ်စုကို တကယ်တိုက်ခိုက်

ချင်နေတယ်ဆိုရင်တော့လည်း မင်းတို့သဘောပဲ…ငါတို့ မန်သစ်တော မျိုးနွယ်စုတွေကတော့ အဲဒီကိစ္စတွေကို မဖြေရှင်းချင်ဘူး” ဟွမ်ယဲ့သည် စိတ်ဆိုးလွန်းသဖြင့် ဆဲမိမတတ်ဖြစ်သွားသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အများပြောကြသလို မောက်မာကြပြီး ခေါင်းလည်းမာကြသည်။

“ကျွန်ပိုင်ရှင်တွေကြောင့်များလား” ရှောက်ရွှမ်က ရုတ်တရက်မေးလိုက်သည်။

ထိုစကားကိုကြားသောအခါ ဟွမ်ယဲ့ ၏ဒေါသများပျောက်ကွယ်သွားသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် အကြမ်းနည်းဖြင့် ပြဿနာကို ဖြေရှင်းမည်ဟု မျှော်လင့်ထားသော်လည်း ရှောက်ရွှမ်အနေဖြင့် ထိုသို့ စကားမျိုးကို ပြောလိမ့်မည်ဟု ဟွမ်ယဲ့မျှော်လင့်မထားပါ။

ခြေလက်၈ဖက်မျိုးနွယ်စုမှ ချွေ့ကူနှင့် ငှက်မွှေးမျိုးနွယ်စုမှ ကုကျီတို့က ရှောက်ရွှမ်စကားကို ကြားလိုက်ရသောအခါ အလွန်အံ့ဩသင့်သွားကြသည်။

ထိုသုံးယောက်တွင်သာမက နတ်ဆေးဆရာ၊မျိုးနွယ်စုအကြီးအကဲနှင့် အဖွဲ့ခေါင်းဆောင်၂ယောက်ပါ တုန်လှုပ်သွားကြသည်။ သူတို့သည် ထိုကိစ္စကို မသိထားကြပါ။ အခြားသောမျိုးနွယ်စုများအနေဖြင့် သူတို့ပြဿနာများထဲတွင် ဝင်မရှုပ်သင့်သော်လည်း အကြောင်းရင်းတစ်ခုကြောင့် ဝင်စွက်ဖက်နေကြောင်း သူတို့သိထားသည်။ သို့သော် ရှောက်ရွှမ်က ထိုသို့ စကားမျိုးပြောမည်မဟုတ်ဟု မှတ်ထင်ထားကြသည်။

“ကျွန်ပိုင်ရှင်တွေက ဝမ်ရှစ်မျိုးနွယ်စုကို ထောက်ပံ့နေတာ မဟုတ်ဘူးလား” ရှောက်ရွှမ်က ထပ်မေးလိုက်သည်။ အဆောင်ထဲတွင် တိတ်ဆိတ်သွားသည်။

ခုနတုန်းက ဆဲမိမလိုဖြစ်နေသော ဟွမ်ယဲ့ပင် နှုတ်ဆိတ်သွားသည်။

“ဟုတ်ကဲ့…ကျွန်တော်နားလည်ပါပြီ” ရှောက်ရွှမ်က ခေါင်းညိတ်လိုက်ပြီး “နောက်ကိစ္စတစ်ခု အကြောင်းကို ပြောရအောင်…အထူးခရီးသွားအဖွဲ့ဆိုတာက ဘာကိုဆိုလိုတာလဲ” ဟုမေးလိုက်သည်။

ရှောက်ရွှမ်ထိုသို့တုန့်ပြန်လိမ့်မည်ဟု မျှော်လင့်မထားသော ဟွမ်ယဲ့နှင့် အခြားလူ၂ယောက်တို့မှာ ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်မိသည်။ “ဟုတ်ကဲ့…ကျွန်တော်နားလည်ပါပြီဆိုတဲ့” စကားကဘာကိုဆိုလိုတာလဲ။

“မင်းနားလည်တော့ကော ဘာလုပ်လို့ရမှာလဲ…အခုအချိန်ခဏတော့ မတိုက်ဘူးလို့ ဆိုလိုတာလား…အဖြေတစ်ခုခုပေးစမ်းပါ…ဘာလို့နောက်ခေါင်းစဉ်တစ်ခုကို ပြောင်းပြီး ဆွေးနွေးနေတာလဲ”

သူ့တွင်ပြောစရာစကားများစွာရှိသော်လည်း ဟွမ်ယဲ့သည် စကားမပြောချင်ပါ။ ထိုမောက်မာသောချာတိတ်လေးကို သူသင်ခန်းစာပေးချင်နေပြီဖြစ်သည်။

ချွေ့ကူကတော့ ခပ်ပြုံးပြုံးဖြင့် “ ခရီးသွားအဖွဲ့ကို ဖွဲ့စည်းတယ်ဆိုတာ လူငယ်တွေကြားမှာ ဆက်ဆံရေးကောင်းတစ်ခု ဖြစ်ပေါ်စေချင်လို့ပါ…အခုအချိန်က လက်စားချေတာတွေ တွေးနေရမယ့်အချိန်မဟုတ်ဘူးလေ…တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပိုရင်းနှီးလာတော့ အားလုံးအတွက် အကျိုးရှိတာပေါ့…နောက်ပြီးတော့ ရှောက်ရွှ

မ်ပြောတဲ့ ကျွန်ပိုင်ရှင်တွေအကြောင်း ပြောရဦးမယ်…တကယ်တမ်းတော့ မျိုးနွယ်စုထဲက လူတွေက ကျွန်ပိုင်ရှင်တွေအကြောင်း သိပ်နားမလည်ကြတာပါ…ကျွန်ပိုင်ရှင်တွေရဲ့ အန္တရာယ်ကို အကဲဖြတ်ဖို့အတွက် ခရီးသွားအဖွဲ့တစ်ဖွဲ့ထောင်ရတာပါ”

ရှောက်ရွှမ်သည် ချွေ့ကူ ပြောသော စကားများ၏ ၃၀ရာခိုင်နှုန်းလောက်ကိုသာ ယုံကြည်လေသည်။ သို့သော် ဗဟိုဒေသမှမျိုးနွယ်စုဝင်များကတော့ ကျွန်ပိုင်ရှင်များကို လိုက်ရှာရန် သူတို့နှင့် သဘောတူသည်ဟုဆိုရမည်။

ရှီရှူတစ်ယောက်မှလွဲ၍ အခြားကျွန်ပိုင်ရှင်များကို ရှောက်ရွှမ်မတွေ့ဖူးပါ။ သို့သော် ဗဟိုဒေသမှ မျိုးနွယ်စုကြီးများသည် ကျွန်ပိုင်ရှင်များ၏ စွမ်းအားကို ကြောက်ရွံ့နေကြသည်။ အများမသိသေးသော လေးနက်သည့် အကြောင်းရင်းတစ်ခုတော့ ရှိရမည်။

“ကျွန်တော်ပါမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

ချွေ့ကူ ကရှောက်ရွှမ်ကို တချက်လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများ အရောင်လက်သွားသည်။ “ဒီကိစ္စက အလျင်စလို လုပ်ရမယ့် ကိစ္စ မဟုတ်ဘူး…

ခရီးသွားအဖွဲ့ကို လူတိုင်းဝင်နိုင်တာ မဟုတ်ဘူး…ခရီးသွားအဖွဲ့ထဲဝင်ချင်တယ်ဆိုရင် သူ့ခွန်အားကို အခြားအဖွဲ့ဝင်တွေက အသိအမှတ်ပြုပေးဖို့လိုတယ်”။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အင်အားအလွန်တောင့်တင်းသည်။ ဧည့်သည်များသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ သမိုင်းကြောင်းကို သိလိုက်ရသောအခါ အတိုက်အခံပြုလုပ်ရန်အချက်ရှာမတွေ့တော့ပါ။ ယနေ့ခေတ် ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင်တောင် မီးတောက်ဦးချိုမျိုးနွယ်စုသည် အရင်တုန်းကအတိုင်း အင်အားတောင့်တင်းနေဆဲလား။ မီးတောက် ဦးချိုမျိုးနွယ်စု၏ လက်ရှိအခြေအနေကို မြင်ပြီးသောနောက်တွင် လက်ရှိမီးတောက်ဦးချိုမျိုးနွယ်စုသည် ယခင်ကထက် အနည်းငယ်ဆုတ်ယုတ်သွားသည်ဟု ထင်ကြသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ အစွမ်းကို ဘယ်လိုယုံကြည်ပေးရမည်နည်း။ သူတို့ယခုအခေါက်လာချင်းမှာ ဘိုးဘေးများ၏ မှတ်တမ်းများကို လေ့လာလိုသောကြောင့် ဖြစ်သည်။ သို့သော် လက်ရှိမီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အခြေအနေကြောင့် သူတို့ စိတ်ပျက်

သွားကြသည်။

“နောက်ပြီးတော့ ခင်ဗျားတို့ကို တစ်ခုသတိပေးရဦးမယ်…ခရီးသွားအဖွဲ့ဝင်တွေဟာ ခရီးတစ်ခါထွက်တိုင်း ထိခိုက်ဒဏ်ရာရမှုတွေဖြစ်နိုင်တယ်…အဖွဲ့ဝင်တစ်ဝက်လောက်ထိ ထိခိုက်တာမျိုးတွေဖြစ်နိုင်တယ်” ချွေ့ကူ ကပြောလိုက်သည်။

ထိုအကြောင်းအရာများကို ချွေ့ကူ ဟွမ်ယဲ့နှင့် ကုကျီတို့က စိတ်ရင်းနှင့်ပြောပြနေခြင်းဖြစ်သည်။ သူတို့မျိုးနွယ်စုသည် ထိုကဲ့သို့ အဖြစ်မျိုးကို ကြုံတွေ့ဖူးပြီးသားဖြစ်လေသည်။

အဖွဲ့ဝင်တစ်ဝက်လောက်မှ ဒဏ်ရာရရုံမဟုတ်ဘဲ အသက်ပါခံကြရသည်။ ဗဟိုဒေသများမှ အင်အားစုများကြောင့် ထိုမျှသေဆုံးမှုနှုန်းမြင့်မားရခြင်းဖြစ်လေသည်။ ထို့ကြောင့် ခရီးသွားရသည်မှာလည်း အလွန်ခက်ခဲပါသည်။

နတ်ဆေးဆရာနှင့် အော့တို့၏ အမူအရာများပြောင်းလဲသွားကြသည်။ သူတို့သည် ခရီးသွားအဖွဲ့နှင့် မပူးပေါင်းချင်ကြတော့သလို ရှောက်ရွှမ်ကို

လည်း မပါဝင်စေချင်ကြပါ။

နတ်ဆေးဆရာသည် တစ်စုံတခုပြောမည်ပြင်နေစဉ်မှာ တဂွီဂွီမြည်သံတစ်သံကို ကြားလိုက်ရသည်။ အသံမှာ ထင်ရှားလွန်းသောကြောင့် အိမ်ထဲတွင် ထိုင်နေသာ လူအားလုံး ကြားလိုက်ရသည်။

“ကဲ…အားလုံးလည်း ဗိုက်ဆာနေလောက်ရောပေါ့…ဆွေးနွေးတာကို အခုလောက်နဲ့ရပ်ပြီး မနက်ဖြန်မှ ဆက်ဆွေးနွေးကြမယ်လေ” ရှောက်ရွှမ်က ပြောလိုက်သည်။

လူသုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည် “ကောင်းပါပြီ”။

အော့က မတ်တပ်ရပ်လိုက်ပြီး “ဒါဆိုရင် ဒီအကြောင်းကို ကျွန်တော်တို့ မနက်ဖြန်မှ ဆက်ဆွေးနွေးမယ်…”ဟုပြောလိုက်လေသည်။

သူတို့သည် အကြိတ်အနယ်ဆွေးနွေးရဦးမည် ဖြစ်သည်။ သို့သော် အခုတော့ အချိန်နောက်ကျနေပြီ

ဖြစ်သည်။

အော့က ထာ့ကို ဟွမ်ယဲ့နှင့် ဧည့်သည်များအား အနားယူဆောင်သို့ လိုက်ပို့ခိုင်းလိုက်သည်။ သူကတော့ ကျောက်သားအိမ်တော်ကို ရှောက်ရွှမ်၊နတ်ဆေးဆရာ တို့နှင့်အတူ ထွက်ခွာသွားသည်။

ရှောက်ရွှမ်သည် ဗိုက်ဆာနေသဖြင့် အော့ဆီက အသားခြောက်တစ်ဖက် တောင်းစားလိုက်သည်။ နတ်ဆေးဆရာ၏ ကျောက်သားအိမ်တော်သို့ ဝင်လာသောအခါ ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်များ အပေါ် မသင်္ကာဖြစ်သည့်ကိစ္စကို ဆက်လက်ပြောနေသည်။ သူတို့ဘိုးဘေးများနှင့် သမိုင်းကြောင်းများအကြောင်း တောအုပ်ထဲတွင် သိခဲ့ကြောင်းကိုလည်း နတ်ဆေးဆရာတို့ကို ပြောပြလိုက်သည်။

ထို့နောက်တွင်တော့ အော့နှင့် နတ်ဆေးဆရာတို့သည် ဝမ်ရှစ်မျိုးနွယ်စုအကြောင်းနှင့် ခရီးသွားအဖွဲ့တို့အကြောင်းကို မေ့ပစ်လိုက်လေသည်။ မေ့ပစ်သည့်အထဲတွင် ကျွန်ပိုင်ရှင်များအကြောင်းလည်းပါဝင်သည်။ သူတို့အတွက်တော့ ဘိုးဘေးများကိုရှာရန်နှင့် မီးတောက်ဦးချိုမျိုးနွယ်စုသမိုင်းကြောင်းကို

သိရရန်မှာ အရေးအကြီးဆုံးကိစ္စဖြစ်သည်။ ထိုထက်အရေးကြီးသော အကြောင်းကိစ္စမရှိပေ။

ထိုညတွင် အကြီးအကဲအော့က အဖွဲ့ခေါင်းဆောင်၂ယောက်နှင့် အမဲလိုက်အဖွဲ့ငယ်ခေါင်းဆောင်၁၀ယောက်တို့ကိုခေါ်လိုက်သည်။ အမဲလိုက်စစ်သည်တော်များထဲမှ လူ၅၀ကိုရွေးချယ်လိုက်သည်။ သူတို့အားလုံးကို ပြင်ဆင်ဖို့လိုသည်တို့ကို ပြင်ဆက်ထားရန် သက်ဆိုင်ရာခေါင်းဆောင်များက ပြောထားမည်ဖြစ်သည်။ နောက်၂ရက်အကြာတွင် သူတို့သည် ရှောက်ရွှမ်နှင့်အတူ တောထဲလိုက်သွားပြီး ဘိုးဘေးများ၏ ရုပ်အလောင်းများနှင့် ရာဇဝင်မှတ်တမ်းများကို လိုက်သယ်ရမည် ဖြစ်သည်။

နောက်တစ်နေ့တွင် ဟွမ်ယဲ့အပါအဝင် လူသုံးယောက်တို့သည် နတ်ဆေးဆရာ၊မျိုးနွယ်စုအကြီးအကဲ၊ခေါင်းဆောင်များ၊ အဖွဲ့ငယ်ခေါင်းဆောင်များနှင့်တွေ့ဆုံကာ မနေ့က ဆွေးနွေး၍ မပြီးဆုံးသေးသော ကိစ္စကို ဆက်လက်ဆွေးနွေးကြသည်။ မကြာခင်အချိန်အတွင်းမှာ မီးတောက်ဦးချိုမျိုးနွယ်စုအဖွဲ့အကြီးအကဲမှာ စိတ်နှင့်ကိုယ်မကပ်သည်ကို သူတို့သိလိုက်ရသည်။ နတ်ဆေးဆရာကလည်း အတွေးများနှင့် ငြိမ်သက်နေသည်။ ရှောက်

ရွှမ်တစ်ယောက်သာ ခရီးသွားအဖွဲ့အကြောင်းနှင့် ကျွန်ပိုင်ရှင်များအကြောင်းကို ပြောနေသည်။

နေ့မွန်းတည့်ချိန်ရောက်သောအခါ အားလုံးပြေလည်သွားလေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဘက်မှ ရှောက်ရွှမ်သည် ခရီးသွားအဖွဲ့တွင် ပါဝင်မည်ဖြစ်ပြီး ကျန်သူများကတော့ စဉ်းစားဦးမည်ဖြစ်သည်။ သို့သော် ခရီးသွားအဖွဲ့အတွက် အချိန်က မကျရောက်သေးပေ။ ဆုံးဖြတ်ပြီးပြီဖြစ်သဖြင့် နတ်ဆေးဆရာနှင့် အကြီးအကဲတို့၏ သဘောထားမှာ မပြောင်းလဲတော့ချေ။

အသိအမှတ်အပြုခံရသူများမှာ ခရီးသွားအဖွဲ့တွင် ပါဝင်ရမည်ဖြစ်သည်။ ရှောက်ရွှမ်သည် အဖွဲ့ထဲတွင် ပါဝင်သော လူတစ်ယောက်နှင့် လက်နက်မဲ့တိုက်ခိုက်၍ရမည်ဖြစ်သည်။ ထိုအတွက် ရှောက်ရွှမ်သည် စိတ်ပူမနေပါချေ။ အဖွဲ့သည် ဒီနေ့ပင်တောထဲသို့ ထွက်ခွာမည်ဖြစ်သဖြင့် ယနေ့ပင် ယှဉ်ပြိုင်တိုက်ခိုက်ရမည် မဟုတ်ပါလား။ သို့သော် ဘယ်တစ်ယောက်နှင့် ရှောက်ရွှမ်တိုက်ခိုက်မည်နည်း။

ဧည့်သည်မျိုးနွယ်စုများအတွက် စီစဉ်ထားသော

နေရာကို ရှောက်ရွှမ် အကဲခတ်ကြည့်ရှုလိုက်သည်။ ရှောက်ရွှမ်က သူနှင့်တိုက်ခိုက်မည့်သူကို ရွေးနေစဉ်အတွင်း ဟွမ်ယဲ့တို့ သုံးယောက်က ဆွေးနွေးနေကြသည်။

“မီးတောက်ဦးချိုမျိုးနွယ်စုကလူတွေ ဒီနေ့ထူးဆန်းနေတယ်” ဟွမ်ယဲ့ပြောလိုက်သည်။

“ငါတို့မသိသေးတဲ့အချက်များ ရှိနေသေးတာလား…သူတို့က သူတို့အရှုံးအတွက် မပြေငြိမ်းနိုင်သေးဘူးလား…သူတို့က ဝမ်ရှစ်မျိုးနွယ်စုကို သွားတိုက်တော့မှာလား” ငှက်မွှေးမျိုးနွယ်စုမှ ဖဲကျိ ကမေးလိုက်သည်။

“မဖြစ်နိုင်ဘူး” ချွေ့ကူက ခဏတွေးလိုက်ပြီးနောက် ကုကျီ ကိုမေးလိုက်သည် “ မင်းငှက်က ဘာတွေရှာတွေ့ထားလဲ”။

ကုကျီယူလာသောငှက်မှာ အကြောင်းရင်းရှိသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင် ခေါင်း‌ဆောင်တွင် ကြောက်မက်ဖွယ်သားရဲအဆင့် စွန်ဖြူကြီးတစ်ကောင်ရှိသော်လည်း သူတစ်ကောင်တည်းနှင့် အခြား

ရန်သူအားလုံးကိုတားဆီးနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သူတို့သည် ငှက်၂ကောင်ကို ပေါ်တင်ယူဆောင်လာပြီး နောက်ငှက်၂ကောင်ကို ခိုးကြောင်ခိုးဝှက်သယ်လာခြင်းဖြစ်သည်။

ကုကျီက လက်ဝါးလောက်ရှိသော ပုလွေတစ်ချောင်းကို ထုတ်၍ မှုတ်လိုက်သည်။

ပုလွေကို အချိန်အတန်ကြာမှုတ်ပြီးမှ ငှက်၂ကောင်ရောက်လာသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုမှ စွန်ဖြူကြီးနှင့် တိုက်ခိုက်လာပုံရသည်။ သူတို့ အမွှေးများမှာ ဖရိုဖရဲဖြစ်နေသည်။ သို့သော် နောက်ငှက်၂ကောင်ကိုတော့ မတွေ့ကြရပါ။

ဟွမ်ယဲ့က ရုတ်တရက် ပြောလိုက်သည် “မီးတောက်ဦးချိုမျိုးနွယ်စုထဲမှာ ဧရာမတောင်သိမ်းငှက်ကြီးတစ်ကောင်ရှိသေးတာ မှတ်မိသေးလား…အဲဒီသိမ်းငှက်က ဟွေမျိုးနွယ်စုက သိမ်းငှက်ကို အလွယ်လေးအနိုင်ယူနိုင်တယ်တဲ့”။

ကုကျီ စိတ်ပျက်သွားသည်။

ထိုအချိန်တွင်ပင် မီးတောက်ဦးချိုမျိုးနွယ်စု၏ နယ်စပ်နှင့် သိပ်မဝေးသော နေရာတွင် ချာချာသည် ငှက်တစ်ကောင်ကို သူ့ခြေတစ်ဖက်နှင့် နင်းထားပြီး နောက်ခြေတစ်ဖက်ကလည်း နောက်တစ်ကောင်ကို နင်းထားသည်။

“မင်းတို့အော်သံပေးမလို့လား…ငါမင်းတို့ကို ထပ်နင်းပစ်လိုက်မယ်”

ချာချာသည် မအော်နိုင်တော့သော ငှက်ကို တက်နင်းထားသည်။ ထိုနေရာနှင့် သိပ်မဝေးသောနေရာတွင် အခြားငှက်တစ်ကောင်သည် ငှက်မွှေးများကျွတ်ထွက်နေပြီး နောက်ဆုံးထွက်သက်ကို အလုအယက်ရှူရှိုက်နေရပြီဖြစ်လေသည်။

All Chapters