← Chapters

ရှေ့တစ်လှမ်းတိုးခြင်း

Vol. 19 Ch. 276

ရှေ့တစ်လှမ်းတိုးခြင်း

Vol. 19 Ch. 276

ချာချာသည် ငှက်မွှေးမျိုနွယ်စုမှ လျှို့ဝှက်မွေးထားသော ငှက်၂ကောင်ကို သွားရန်စထားသည်ကို ရှောက်ရွှမ်က မသိချေ။ အခုတော့ ချာချာက ဘယ်အကောင်နှင့် တိုက်ခိုက်လျှင်ကောင်းမလဲစဉ်းစားနေပြီဖြစ်သည်။ သူသည် ပြင်ပမျိုးနွယ်စုများအကြောင်း သိပ်မသိပါ။ သူသည် အားနည်းသည့်အကောင်ကို ရွေးချယ်တိုက်လျှင် အများက သူ့ကို ကိုယ့်ထက်အင်အားကြီးသူကို ရင်မဆိုင်ရဲသူအဖြစ် ထင်သွားလိမ့်မည်။ လက်ရှိအချိန်တွင် ခရီးသွားအဖွဲ့ထဲမှ မည်သူက အင်အားအကြီးဆုံးဖြစ်သနည်း။

ထိုအကြောင်းကို ခဏလောက်တွေးပြီးနောက် ရှောက်ရွှမ် နောက်တဖန်ပြုံးမိသည်။ ဒီလောက်ခက်ခဲသည့်ကိစ္စကို သူတစ်ယောက်တည်းရွေးချယ်စရာ မလိုပေ။ ပစ်မှတ်ကို ကြည့်ပြီး မတ်တပ်ရပ်နေခြင်းက အချိန်ဖြုန်းခြင်းသက်သက်

သာ ဖြစ်နေပါသည်။ ထိုအစား သူတို့ကို မေးလိုက်သည်က ပိုမကောင်းဘူးလား။ တိုက်ပွဲဝင်ချင်သူများက ရှေ့တစ်လှမ်းတိုးလိုက်ရုံသာရှိသည်။ ထိုအခါ ရှောက်ရွှမ်အနေနှင့် တိုက်ခိုက်မည့်သူကို စောင့်နေရုံသာရှိတော့သည်။

ထိုအချိန်တွင် ပြင်ပမျိုးနွယ်စုများသည် သူတို့အတွက် စီစဉ်ပေးထားသော နားနေဆောင်များတွင် ရှိနေကြသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စု ပိုင်နက်အတွင်း စိတ်လွတ်ကိုယ်လွတ်နေထိုင်၍မရပါ။ ထို့ကြောင့် ၂ရက်ခန့်ကြာသောအခါ သူတို့သည် အပျင်းပြေစကားပြောမိကြသည်။ သူတို့ စကားစမြည်ပြောနေချိန်တွင် ရှောက်ရွှမ် ရောက်လာလေသည်။

ရှောက်ရွှမ်၏ လာရင်းကိစ္စကို သိသွားသောအခါ လူငယ်များမှာ စိတ်လှုပ်ရှားသွားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုပိုင်နက်အတွင်း နေထိုင်ရသော ၂ရက်တာမှာ အလွန်ပျင်းဖို့ကောင်းသည်။ အခုတော့ ပျော်စရာအခွင့်အရေးတစ်ခု

ပေါ်လာခဲ့ပြီ သူတို့လက်လွတ်ခံ၍မဖြစ်ပါချေ။ ထိုလူများထဲတွင် တချို့လူများက ခရီးသွားအဖွဲ့ဝင်ဖြစ်ဖို့ အဆင့်အတန်းမမီပေ။ တချို့က ခွန်အားဗလမသန်စွမ်းကြ။ သို့သော် ဘယ်လိုလူဖြစ်ဖြစ် ပျော်စရာအဖြစ်ကိုတော့ ကြည့်ခွင့်ရမည်သာ။

ထိုအဖြစ်အပျက်ကို ဟွမ်ယဲ့တို့အဖွဲ့က အရင်သိရှိထားခြင်းဖြစ်ပြီး ငှက်၂ကောင်ကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ဖမ်း၍သတ်စားလိုက်ခြင်းလား၊ သိမ်းငှက်၏ တိုက်ခိုက်မှုကို ခံရသည်လားတော့ မသိပါ။ လူသုံးယောက်သည် အိမ်အပြင်သို့ထွက်လာပြီး ရှောက်ရွှမ်ကို ကြည့်နေလိုက်သည်။ ရှောက်ရွှမ်နားတွင်တော့ ကြိုးစားယှဉ်ပြိုင်ချင်သူများ ဝိုင်းနေကြသည်။

“မင်းတို့ဆုံးဖြတ်ပြီးပြီလား” ဟွမ်ယဲ့ကအံ့ဩသင့်စွာမေးလိုက်သည်။ “မင်းခွန်အားကို သက်သေပြဖို့အတွက် ဘယ်သူ့ကို စိန်ခေါ်မှာလဲ”။

“ခရီးသွားအဖွဲ့မှာ ဘယ်သူတွေပါလဲ ကျွန်တော်မ

သိပါဘူး…ဘယ်သူပဲပါပါ ကျွန်တော့်အတွက် သိပ်အရေးမကြီးဘူးလေ” ရှောက်ရွှမ်က သူ့နားတွင် ဝိုင်းနေသော သူများကို ကြည့်ပြီးပြောလိုက်သည်။ ထိုလူများထဲတွင် လူငယ်များ၊ နတ်အမှတ်အသား ပိုင်ဆိုင်ထားသော သက်လတ်ပိုင်းအရွယ် စစ်သည်တော်များလည်းပါဝင်နေသည်။ ရှောက်ရွှမ်က ဆက်လက်၍ “ဒီအဖွဲ့ကိုဝင်ထားတဲ့သူထဲမှာ ကျွန်တော်နဲ့ ဘယ်သူတိုက်ခိုက်ချင်ပါသလဲ”။

ဟွမ်ယဲ့အံ့ဩသွားသည်။ ရှောက်ရွှမ်သည် ဘာကြောင့် ဒီလောက်ယုံကြည်မှုရှိနေပါသနည်း။ ရှောက်ရွှမ်အတွက် အချိန်အနည်းငယ်ရသေးသည်ဖြစ်၍ ရှောက်ရွှမ်သည် သူနှင့် တိုက်ခိုက်မည့်သူကို အချိန်ယူ၍ သူနိုင်လောက်မည့်လူကို ရွေးချယ်မည်ဟု ထင်ထားခဲ့ကြသည်။ ထို့ပြင် ခရီးသွားအဖွဲ့ထဲတွင်ပါသော်လည်း အားခွန်ဗလမပြည့်စုံသူများလည်း ပါဝင်ပါသည်။ သို့သော် ရှောက်ရွှမ်က မမျှော်လင့်ဘဲ ထိုနည်းလမ်းနှင့် စိန်ခေါ်လိုက်ပါသည်။

ရှောက်ရွှမ်၏ စကားကို သွက်လက်ထက်မြက်သော လူငယ်များက မကျေနပ်ကြပါ။ သူတို့သည် ပွဲကြည့် ပရိသတ်အနေနှင့်လာသော်လည်း အခုတော့ ရှောက်ရွှမ်က သူတို့ကိုပါ စိန်ခေါ်နေပြီ။

“ငါမင်းနဲ့တိုက်မယ်”

ရှေ့သို့ခြေတစ်လှမ်းတိုးလာသူမှာ ရှောက်ရွှမ်ထက် အသက်အနည်းငယ်ကြီးပြီး အရပ်မြင့်မြင့် သန်သန်စွမ်းစွမ်းလူတစ်ယောက်ဖြစ်သည်။ လက်မောင်းကြွက်သားကြီးများမှာ ကြံ့ခိုင်သန်စွမ်းလှသည်။ အဝတ်အစားများအရတော့ ထိုသူသည် ခြေလက်၈ဖက်မျိုးနွယ်စုမှ လူဖြစ်ပေလိမ့်မည်။

“ငါကကော ဘာလုပ်ရမှာလဲ” ကျောက်ပုဆိန်တစ်ချောင်းကို လေထဲတွင် ဝှေ့နေသော နောက်လူတစ်ယောက်ကမေးသည်။

“ငါကတော့ ခရီးသွားအဖွဲ့ထဲမပါရသေးပေမယ့်

ကိုယ့်ကိုယ်ကို ကြံ့ခိုင်သန်စွမ်းမှု အပြည့်ရှိတယ်လို့ ယုံကြည်တယ်”တတိယတစ်ယောက်က ထပ်ပြောသည်။

ထို့နောက် စတုတ္ထ၊ထို့နောက် ပဉ္စမ…။

ထို့ပြင် ရှောက်ရွှမ်ကို စိန်ခေါ်ချင်သော ထိုမျိုးနွယ်စုများထဲမှ ဝါစဉ်ကြီးပုဂ္ဂိုလ်များလည်း‌ ပေါ်ထွက်လာသည်။ သို့သော် သူတို့တိုက်ခိုက်လျှင် ရှောက်ရွှမ်ကို အနိုင်ကျင့်ရာရောက်မည်စိုးသဖြင့် လူအုပ်ထဲတွင် သာနေလိုက်သည်။

ဟွမ်ယဲ့သည် အချိန်အတော်ကြာစောင့်နေသော်လည်း သူမျှော်လင့်ထားသူက လူအုပ်ထဲက ထွက်ပေါ်မလာပါ။ သူလည်း ကြံရာမရသည့်အဆုံး ချီဆဲ့ကို လှမ်းကြည့်လိုက်ရသည်။ ချွီဆဲ့ကတော့ သစ်ပင်ပေါ်မှ သစ်ရွက်များကို ကြည့်နေဆဲဖြစ်သည်။ ချွီဆဲ့အတွက်တော့ ထိုသစ်ရွက်များမှာ ကမ္ဘာပေါ်မှာ အလှဆုံးအရာများဖြစ်နေရောသလား။

တီကောင်များတက်နေသော သစ်ပင်တစ်ပင်သည် ဘာများထူးဆန်းနေပါသနည်း။

ရှောက်ရွှမ်၏ စကားကို ချီဆဲ့တုန့်ပြန်ပုံကို ကြားလိုက်သောအခါ ဟွမ်ယဲ့ပိုစိတ်တိုသွားသည်။ ဒီလိုအချိန်မျိုးမှာ မင်းက ဦးဆောင်ရမှာ မဟုတ်ဘူးလား။ ဒီအခွင့်အရေးကို တခြားသူတစ်ယောက်ကို ပေးလိုက်တော့မလို့လား။

ချွီဆဲ့က သူ့ဘေးတွင်ပေါက်နေသော သစ်ပင်အမြင့်ကြီးကို ကြည့်နေသည်။ ၎င်း၏သစ်ရွက်များမှာ ပိုးထိုးထားသဖြင့် အပေါက်များဖြစ်နေလေသည်။ သူသည် လက်ရှိအခြေအနေကို မေ့လျှော့နေဟန်ရှိသည်။

ချွီဆဲ့က သူ့ဘေးတွင် တိတ်တိတ်လေးရပ်နေသော ရွှီကို ကြည့်လိုက်သည်။ ထိုကလေးသည် စိတ်ဆိုးလွယ်သော ကလေးဟုတ်ပါသလား။ ပုံမှန်ဆိုလျှင် ထိုချာတိတ်သည် သူ့ကို ဘုကန့်လန့်ပြောသူများနှင့် တိုက်ခိုက်နေကြဖြစ်သည်။ အခုတော့ ရှောက်ရွှမ်၏စကားများကို သည်းခံနေပြီး

ဆိတ်ငြိမ်နေပါသနည်း။

“ကောင်းပြီလေ…ငြင်းမနေကြပါနဲ့တော့…ကျုပ်အရင်ကြိုးစားတိုက်ကြည့်တာပေါ့” ဦးခေါင်းတွင် ရောင်စုံငှက်မွှေးများ စိုက်ထားသူတစ်ယောက် ဆိုလိုက်သည်။

ကုကျီက နှုတ်ခမ်းထောင့်စွန်းလေးကွေးသွားရုံပြုံးလိုက်ပြီးနောက် စိတ်ဓာတ်ကျနေသော ဟွမ်ယဲ့နဲ့ ချွေ့ကူကို အထင်သေးစွာကြည့်လိုက်သည်။

“ ဟုန်ရှီ…ရှေ့တက်မသွားနဲ့” ကုကျီ၏ မျက်လုံးများထဲတွင် အပြုံးရိပ်သမ်းသွားသည်။ ဟုန်ရှီ တွင် ဓားမပါသည်ကိုတွေ့လိုက်သောအခါ ကုကျီက သူ့ဓားကိုလှမ်းပေးလိုက်သည်။

ဟုန်ရှီသည် သူ့တွင် ကိုယ်ပိုင်လက်နက်ရှိနေသဖြင့် ဓားကို ပထမဆုံးကောက်ကိုင်သူ မဖြစ်ချင်ပါ။ သို့သော် သေချာစဉ်းစားပြီးနောက် ဓားကို ယူလိုက်ရလေတော့သည်။

ရှောက်ရွှမ်က သူ့နှင့် မလှမ်မကမ်းတွင် ရပ်နေသောသူကို လှမ်းကြည့်လိုက်သည်။ ထိုကောင်လေးမှာ မနေ့က သူတို့မီးတောက်ဦးချိုမျိုးနွယ်စုကို လှောင်ပြောင်ခဲ့သော ကောင်လေးမဟုတ်ပါလား။

“မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်ပါ”

ဟုန်ရှီက ရှောက်ရွှမ်နှင့် တိုက်ခိုက်တော့မည်ဟု ကြေညာလိုက်သောအခါ သစ်ရွက်များကို လေ့လာနေသော ချွီဆဲ့သည် တိုက်ပွဲသို့ အာရုံပြောင်းလာသည်။ တိုက်ခိုက်ရန် အသင့်ဖြစ်နေသော လူ၂ယောက်ကို ကြည့်ရင်း သူက ရွှီကို တိုးတိုးလေး ပြောလိုက်သည် “ မင်းနဲ့ငါ လောင်းရအောင်…မင်းရဲ့အမွှေးဖြူပင့်ကူကို တစ်ရက်ငှားကြေးကွာ”

ရွှီက သူ့ကိုယ်ထဲတွင် ထည့်ထားသော အမွှေးဖြူပင့်ကူလေးကို ကိုင်ကြည့်နေသည်။ အရင်တုန်းက လက်ပေါ်တွင် ချီ၍ မွေးမြူခဲ့ရသော ပင့်ကူလေးသည် အခုတော့ သူမပင်တက်စီး၍ ရနေပြီ

ဖြစ်သည်။

“ဘာကြေးလောင်းမှာလဲ” ရွှီက မေးလိုက်သည်။

“တိုက်ပွဲရဲ့ အနိုင်အရှုံးရလာဒ်ကို လောင်းမယ်…ငါက ရှောင်ရွှမ်ဘက်ကလောင်းမယ်…နင်က ဟုန်ရှီဘက်က လောင်း…ငါရှုံးရင် နင့်ကို ဝါးလုံးကြွက်၂ကောင်ပေးမယ်…”ချွီဆဲ့က စကားခဏရပ်လိုက်ပြီး “အကြီးဆုံး၂ကောင်ပေးမယ်” ဟုပြောလိုက်လေသည်။

ရွှီက စိတ်မဝင်စားဟန်ဖြင့်ကြည့်လိုက်ပြီး “ ငါမလောင်းဘူး”

ချီဆဲ့နှင့် ရွှီတို့ စကားပြောနေစဉ်အချိန်တွင် တိုက်ပွဲက စတင်ပေပြီ။ ရှောက်ရွှမ်က စတင်တိုက်ခိုက်သည်။ တောထဲတွင် အမဲလိုက်နေသော ကျားသစ်တစ်ကောင်လို လက်သီးချက်များဖြင့် လျင်မြန်စွာ တိုက်ခိုက်နေသည်။

ရှောက်ရွှမ်သည် မြန်ပါသည်။ သို့သော် ဟုန်ရှီ

က ပိုမြန်နေသည်။ သူ့ကိုယ်မှ တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းနေသည်။ လေ၏အဟုန်မျိုးဖြင့် ဟုန်ရှီက ရှောက်ရွှမ်၏ လက်သီးချက်များကို ရှောင်တိမ်းနေသည်။ ဟုန်ရှီပုံစံမှာ ပြိုင်ဘက်ကို ဆော့ကစားလိုသောကြောင့် မတိုက်ခိုက်သေးဘဲ ခုခံနေသည့် ပုံပေါ်သည်။

ရှောက်ရွှမ်၏ ကြောက်မက်ဖွယ်တိုက်ခိုက်ပုံကို ကြည့်မိသောအခါ ကုကျီက ခေါင်းငြိမ့်လိုက်ပြီး “ ဟုတ်တယ်…အဲဒါမီးတောက်ဦးချိုမျိုးနွယ်စု တိုက်ခိုက်တဲ့ပုံပဲ” ဟု ပြောလိုက်လေသည်။

ခွန်အားဗလချင်းပြိုင်မည်ဆိုလျှင် ငှက်မွှေးမျိုးနွယ်စုမှာ ရှုံးမှာ သေချာသည်။ ကုကျီကိုယ်တိုင်ထွက်တိုက်လျှင်တောင် ရှောက်ရွှမ်၏ ပြင်းထန်မြန်ဆန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်မည် မဟုတ်ပါ။ သဘာဝကိုယ်က ငှက်မွှေးမျိုးနွယ်စုသည် မီးတောက်ဦးချိုမျိုးနွယ်စုထက် အင်အားနည်းပါသည်။ အမြန်နှုန်းပိုင်းတွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုက ကျန်မျိုးနွယ်စုများထက် ပိုအားနည်းသည်။

မန်မျိုးနွယ်စုဝင်များနှင့် ခြေလက်၈ဖက်မျိုးနွဘ်စုဝင်များပင် ထိုအချက်များကို သိထားကြသည်။

ကုကျီနှင့် ချွေ့ကူတိုက တိုက်ခိုက်နေသူများကို အကဲခတ်နေစဉ် ချွီဆဲ့နှင့် ရွှီတို့က တစ်ယောက်နှင့် တစ်ယောက်တိတ်ဆိတ်စွာကြည့်နေမိသည်။ ရှောက်ရွှမ်၏ တိုက်ခိုက်ပုံနည်းစနစ်သည် ဘိုးဘေးများဖော်ပြထားသလို ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်သည်။ သို့သော် ထိုအကြောင်းများကို ပိုသိလာလေ သူတို့က ပိုမယုံလေဖြစ်လာသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် အတွင်းအားပိုင်းတွင် ပိုသာသော်လည်း ကိုယ်ဖော့သိုင်းတွင်တော့ သူတို့မရှုံးနိုင်ပါ။

မျှော်လင့်ထားသည့်အတိုင်းပင် ကုကျီပြောလို့မပြီးဆုံးခင်မှာ တိုက်ပွဲအခြေအနေ ပြောင်းလဲသွားသည်။

ရှောက်ရွှမ်သည် သူ့တိုက်စစ်ကို ရပ်တန့်လိုက်သည်။ တခြားလူများက ရှောက်ရွှမ်ကို မောပန်း

နေမည်ဟုထင်သော်လည်း ရှောက်ရွှမ်ကတော့ အေးဆေးပင်။ ထို့နောက်ရှောက်ရွှမ်သည် ခြေလက်များကို အကြောလျော့နေလေသည်။

“ သွေးပူလေ့ကျင့်ခန်းပြီးသွားပြီ…သတိထားပါ”

ထိုစကားများကို ပြောပြီးသွားသောအခါတွင် ရှောက်ရွှမ်သည် ပြန်လည်လှုပ်ရှားလိုက်သည်။ သူ့လက်မောင်းပေါင်မှ နတ်ရုပ်သည် တံတောင်ဆစ်အထိ ရောက်လာသည်။ နတ်စွမ်းအင်ကို အစွမ်းကုန်ထုတ်လိုက်ခြင်းဖြစ်သည်။ ခုနတုန်းက ရှောက်ရွှမ်ပုံစံသည် တောထဲက ကျားသစ်တစ်ကောင်နှင့် တူနေပြီး အခုဆိုလျှင်တော့ အမြန်နှုန်း၂ဆတိုးထားသော မိုးကြိုးသွားတစ်ချောင်းနှင့် တူနေပါသည်။ ရှောက်ရွှမ်၏ ခြေထောက်လှုပ်ရှားမှုများမှာ လျင်မြန်လှသည်။ သူ့ခြေထောက်များမှာ မြေပြင်နှင့်ထိတော့သည် မရှိဘဲ‌ ခြေထောက်အောက်တွင် ဖုံလုံးကြီးများကို သာမြင်နေရသည်။

ရှောက်ရွှမ်ကို သေချာကြည့်ရင် ဟုန်ရှီ၏ စလို

နောက်လိုသော အမူအရာများ ပျောက်ကွယ်သွားသည်။ ထိုမျှလျှင်မြန်ကြောက်ရွံ့ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးကို ထိပ်တိုက်ရင်မဆိုင်ရဲပါ။ ထို့ကြောင့် ဟုန်ရှီက နောက်သို့ဆုတ်ပေးလိုက်သည်။ သို့သော် သူရှောင်လိုက်သည့်အချိန်တွင် ရှောက်ရွှမ်က လှုပ်ရှားမှုတစ်ခု ထပ်မလုပ်လောက်ဟု သူ တွက်ဆထားသည်။

ရှောက်ရွှမ်သည် မြေကြီးကို ခြေဖဝါးဖြင့် ကြိတ်လှည့်လိုက်သည်။ ပြင်းထန်အားပါလှသောကြောင့် မြေပေါ်တွင် တွင်းတစ်တွင်း ဖြစ်ပေါ်သွားလေသည်။ ရှောက်ရွှမ်က ထိုအားနှင့်အတူ သူ့ခန္ဓာကိုယ်ကိုပါ လှည့်လိုက်သည်။ သူ့လှုပ်ရှားမှုသည် လေးညှို့မှ ထွက်လာသော မြားတစ်စင်းလို လျင်မြန်နေပြီး ဝှီးခနဲ အသံမြည်သွဦးသည်။ ထို့နောက် တခဏချင်းအတွင်း ရှောက်ရွှမ်သည် ဟုန်ရှီအရှေ့သို ရောက်လာသည်။

ရှောက်ရွှမ်သည် သူ့လက်မောင်းကို လှံတစ်ချောင်းလိုအသုံးချကာ ဟုန်ရှီကို တိုက်ခိုက်လိုက်သည်။ ဟုန်ရှီသည် ထိုတိုက်ခိုက်မှုကို မရှောင်နိုင်

ပါ။

မျှော်လင့်မထားသောအခြေအနေကြောင့် ဟွမ်ရှိသည် ရှောက်ရွှမ်၏ လက်သီးကို ဓားဖြင့် ကာလိုက်ရန်သာ တတ်နိုင်တော့သည်။ ထိုလက်သီးချက်ကို မတားဆီးနိုင်ပါက သူ့အရိုးများ အားလုံး ကြိုးသွားမည်ဖြစ်သည်။

ရှောက်ရွှမ်၏ လက်သီးချက်သည် ကျောက်သားဓားပေါ်ကျရောက်သွားသည်။ ဓားက လက်သီးချက်ကြောင့် ဘာမှမဖြစ်သော်လည်း ဟုန်ရှီ၏ ခြေလှမ်းများ ယိမ်းယိုင်သွားသည်။

အတွေ့အကြုံရင့်သော မုဆိုးများသည် သားကောင်ကို အသက်ရှုခွင့်ပေးလေ့မရှိပါ။

လက်သီးသံများမရပ်တန့်သွားပါ။ ယခုတစ်ခေါက်တွင်တော့ ရှောက်ရွှမ်သည် ဟုန်ရှီကို နောက်မှ မတိုက်ခိုက်တော့ပါ။ လေထဲသို့ ခုန်တက်သွားပြီး အပေါ်မှနေ၍ ဟုန်ရှီကို ထိုးချလိုက်သည်။

“ဖောင်း”

လက်သီးချက်ကို ဓားနှင့် ကာကွယ်ပြီးနောက်တွင် ဟုန်ရှီ၏လက်များမှာ ဓားတွင်ပါလာသော အတွင်းအားကြောင့် ထုံကျင်သွားရသည်။ သူ့လက်မောင်းများမှာလည်း အလွန်နာကျင်သွားရသည်။ ဟုန်ရှီက သူရှုံးသွားပြီဟုပင်တွေးလိုက်သည်။

ထိုနေရာမှ မြေပြင်သည် အခြားနေရာမှ မြေပြင်များထက် လွန်စွာ မာကြောသည်။ ကျောက်တုံးကျောက်ခဲများထက် မြေသားများ ပိုများသည်။ ထို့ကြောင့် ပြင်းထန်အားပါလှသော လက်သီးချက်ကြောင့် ဟုန်ရှီမှာ မြေပြင်ထဲသို့ သူ့ခြေကျင်းဝတ်များ နစ်ဝင်နေပြီဖြစ်သည်။ ဟုန်ရှီသည် ခုန်တက်လာလိုသော်လည်း သူမလှုပ်ရှားနိုင်မီ နောက်လက်သီးတစ်ချက်က ထပ်ရောက်လာသည်။

ရပ်ကြည့်နေသူများမှာ မိုးသီးမိုးပေါက်များလို ပြင်းထန်သော လက်သီးသံများကို ကြားနေရ

သည်။ လက်သီးချက်များကြောင့် ဟုန်ရှီတစ်ယောက်ကတော့ တူနှင့်အထုခံနေရသော သံတစ်ချောင်းလို မြေကြီးထဲသို့ နစ်ဝင်ပြီးရင်း နစ်ဝင်နေလေတော့သည်။

All Chapters