ဖြစ်ကြောင်းကုန်စဉ်
Vol. 19 Ch. 278
သူတို့သည် ထိုနေရာသို့ရောက်ရှိရန် ငါးရက်ခန့် ခရီးပြင်းနှင်ခဲ့ရသည်။ လမ်းတွင် ခဏတဖြုတ်နားခြင်းလောက်သာပြုလုပ်သည်။ စခန်းချနေထိုင်နိုင်သော ဂူ၂လုံးကိုလည်း တွေ့ခဲ့ကြသည်။ အထဲတွင် ရှိသော သားရဲများကိုတော့ သုတ်သင်ရှင်းလင်းလိုက်ပြီး၊ အသားများကို မီးကင်စားလိုက်ကြသည်။
အဖွဲ့ဝင်အားလုံးမှာ သွေးချောင်းစီးသော တိုက်ပွဲများကို မြင်တွေ့ဖူးပြီးသား လူများဖြစ်ကြသည်။ တောပိုနက်သောနေရာသို့ ရောက်သောအခါ သူတို့စိတ်ထဲရှိ အမဲလိုက်ချင်သော ဗီဇများ ပြန်လည်နွေးထွေးလာသည်။ သူတို့သည် နယ်မြေဟောင်းကို အလွန်ကြိုက်နှစ်သက်ကြသလို ရေမြေတောတောင်များကိုလည်း ချစ်ခင်ကြသည်။
ထိုရေမြေတောတောင်များအပေါ်ထားသော မီးတောက်ဦးချိုမျိုးနွယ်စု၏ သဘောထားကို အခြားမျိုးနွယ်စုများသိသွားပါက သူတို့ကို အရုးများဟု သမုတ်ကြမည်ဖြစ်သည်။ သားရဲများနှင့် နီးကပ်သော နေရာတွင် ဘယ်သူကများ နေချင်မှာလဲ။
သို့သော် မြစ်တစ်ဖက်ကမ်းမှလာသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုကဲ့သို့ တောတောင်များကို ကလေးဘဝထဲက တွေ့ကြုံလာဖူးသဖြင့် သူတို့သည် နယ်ပယ်အသစ်တွင် လိုက်လျောညီထွေဖြစ်ရန် လွယ်ကူသွားသည်။
တစ်ခါတရံတွင် အဖွဲ့ခေါင်းဆောင်၂ယောက်သည် အန္တရာယ်များသော်လည်း အဖိုးတန်သည့် အပင်များပေါက်ရောက်သည့် အစိမ်းရောင်တောအုပ်နှင့် တူသော ကွင်းပြင်ကျယ်ကြီးတစ်ခုခုရှိမည်ဟု မျှော်လင့်မိကြသည်။
ငါးရက်အတွင်း သူတို့အားလုံး၏ ကိုယ်များ
တွင် သွေးများပေကျံနေသည်။ ကြည့်ရသည်မှာလည်း သွေးဆာနေသည့် ပုံစံများ ဖြစ်နေကြသည်။ သူတို့သယ်ဆောင်လာသော သားကောင်များကိုကြည့်သော အကြည့်က ပို၍ပင်ကြောက်ဖို့ကောင်းသေးသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုကို ကြည့်သောအခါ တွင်တော့ သူတို့အကြည့်များ အနည်းငယ်ပျော့ပြောင်းသွားပါသည်။ ထိူအချက်မှလွဲ၍ သူတို့ကိုကြည့်ရသည်မှာ တောင်ပေါ်မှာ သားရိုင်းတိရစ္ဆာန်များလို ဖြစ်နေပါသည်။
“ဟိုမှာ…” ရှောက်ရွှမ်က တောင်ပေါ်တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ သူတို့သည် ထိုနေရာသို့ သွားရန် ခြေလှမ်းများမစတင်ရသေးပါ။ ထာ့နှင့် ကွေ့ဟယ်တို့သည် ရှောက်ရွှမ် ညွှန်ပြသော ဘက်သို့ ကြည့်လိုက်ကြသည်။ ထိုနေရာကို ကျောက်တုံးကြီး တစ်တုံးဖြင့် ပိတ်ဆို့ထားသည်ကို သူတို့မြင်လိုက်ရသည်။ ကျောက်တုံးနောက်တွင်တော့ ရှောက်ရွှမ်ပြောပြထားသော ဘိုးဘေးများ ရှိနေပေလိမ့်မည်။
အသက်ကို ဝအောင်ရှူလိုက်ကြပြီးနောက် သူတို့သည် အဝတ်အစားများ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်ကြသည်။အပေါ်အင်္ကျီပေါ်တွင် ပေနေသော မြက်စမြက်နများကို ခါထုတ်ကြသည်။ ထို့နောက်မျက်နှာသစ်၊ ခြေလက် ဆေးကြောရန် စမ်းပေါက်လေးတစ်ခုဆီသို့ ထွက်သွားကြလေသည်။
ဘိုးဘေးများကို တွေ့ဆုံရမည်ဖြစ်သောကြောင့် သူတို့အနေနဲ့ မပေါ့ဆရဲပါ။ သေချာသန့်ရှင်းရေးလုပ်ပြီးနောက် သူတို့အဖွဲ့သည် ထိုဂူဆီသို့ စတင်သွားကြလေသည်။ အခုတစ်ခေါက်တွင် ရှောက်ရွှမ်ကြုံခဲ့ရသော ဂူကိုစောင့်ရှောက်နေသော အတွင်းအားလှိုင်းကြီးမရှိတော့ပါ။ အခြားသာမန်ဂူများနှင့် အတူတူဖြစ်သွားပေပြီ။
သူတို့ဝင်ပေါက်ကို ပိတ်နေသော ကျောက်တုံးကြီးကို ရွှေ့လိုက်ပြီးနောက် သူတို့မွေးထားသော ကြောက်မက်ဖွယ်သားရဲများကို ဂူအပြင်တွင် အစောင့်ချထားလိုက်သည်။ ရှောက်ရွှမ်က အဖွဲ့ခေါင်းဆောင်၂ယောက်နှင့် အခြားလူများကို
ဦးဆောင်၍ ဂူထဲသို့ဝင်သွားလေသည်။
ပိုးမွှားနိုင်သော ဆေးပင်များက ဂူထဲတွင် ပြန့်ကျဲနေသည်။ သို့သော် အနံ့ကတော့ မပြင်းထန်တော့ပါ။
ပြီးခဲ့သည့်တစ်ခေါက် ရှောက်ရွှမ်ဂူက ပြန်လာသောအခါ ထောင်ခြောက်အချို့ဆင်ခဲ့သလို ပိုးမွှားနိုင်ဆေးပင်တချို့ကို ဖြန့်ကျဲထားခဲ့သည်။ သို့သော် ဂူထဲတွင်စောင့်ရှောက်နေသော အတွင်းအားလှိုင်းကြီးမရှိတော့သောကြောင့် ဘိုးဘေးများ၏ ရုပ်အလောင်းများပုပ်သိုးကုန်မည်ကို ရှောက်ရွှမ်စိုးရိမ်မိလေသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် အလှဆင်ထားသော အရိုးလေးကို ထုတ်လိုက်ပြီး နတ်ဆေးဆရာနှင့် တူသူတစ်ဦး၏ ရုပ်အလောင်းတွင် ချိတ်ဆွဲပေးလိုက်သည်။ ကျောက်တုံးတီကောင်ဘုရင်ကြီး၏ ဂူထဲတွင် ရှိစဉ်အချိန်က ထိုအရိုးလေးသည် ဘိုးဘေးများ၏ ရုပ်အလောင်းများကို မပျက်စီးအောင် ထိန်းသိမ်းပေးခဲ့သည်။ ထို့ကြောင့် ယခုတစ်ခေါက်လည်း အစွမ်းပြလိမ့်မည်ထင်ပါသည်။
ဂူထဲသို့ ရောက်လာသောအခါ ရှောက်ရွှမ်က သေချာစွာထပ်မံကြည့်လိုက်သည်။ နောက်ဆုံးတစ်ခေါက်က သူမြင်ခဲ့ရသည့်အတိုင်းပင်၊ အလောင်း၇လောင်းမှာ ပုပ်သိုးခြင်း မရှိသေးပါ။ ရှောက်ရွှမ်စိတ်သက်သာရာရသွားသည်။
ဘိုးဘေးများ၏ ရုပ်အလောင်းများကို မြင်ရသည့်အခါတိုင်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပျော်ရွှင်လေ့ရှိကြသည်။ ရှောက်ရွှမ်က ထိုဂူထဲက ဘိုးဘေးများ၏ ရုပ်အလောင်းများကို ပြောြပစဉ်ကတည်းက ထာ့၊ကွေ့ဟယ်နှင့် ကျန်သူများက ရှိခိုးပူဇော်ချင်နေကြပြီဖြစ်သည်။
မီးတုတ်ကို ကိုင်ဆောင်လာပြီးနောက်။ ထာ့သည် ရှောက်ရွှမ်နောက်မှ သတိထကြီးစွာ ဖြင့်လိုက်သွားသည်။
“အဲဒါရာဇဝင်သားရေချပ်တွေပဲ” ရှောက်ရွှမ်က သေတ္တာများကို လက်ညှိုးထိုးပြလိုက်သည်။
သူတို့သည် ဘိုးဘေးများ၏ရုပ်အလောင်းများနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်တို့၏ ရာဇဝင်သားရေချပ်များကိုပါ မရရသည့်နည်းဖြင့် သယ်ဆောင်ကြမည် ဖြစ်သည်။
ဘိုးဘေးများ၏ ရုပ်အလောင်းများနှင့် ရာဇဝင်သားရေချပ်များကို တွေ့ရသောအခါ အဖွဲ့ခေါင်းဆောင်၂ယောက်တို့သည် လူတချို့တောင်အောက်ဆင်းက သစ်ခုတ်ခိုင်လေသည်။ ဘိုးဘေးများ၏ ရုပ်အလောင်းများနှင့် ရာဇဝင်သားရေချပ်များကို သယ်ဆောင်ဖို့ ခုံလုပ်ရန်ဖြစ်သည်။ နောက်ဆုံးတွင်တော့ ခုံမလုပ်တော့ဘဲ၊ ရထားလုံးသုံးစီးလုပ်လိုက်သည်။ ရထားလုံးတစ်စီးကို လူလေးယောက်ကဆွဲလေသည်။ ကျန်သူများကတော့ အစောင့်အရှောက်အနေနှင့်လိုက်ပါလာသည်။
ရှောက်ရွှမ်နှင့်အဖွဲ့သည် ဂူထဲတွင် ၂ရက်ခန့် အနားယူနေကြသည်။ ထို၂ရက်အတွင်း သူတို့သည် ဘိုးဘေးများ၏ ရုပ်အလောင်းများတင်ရန် ခုံများကို ပြုလုပ်ပြီးစီးသွားပြီဖြစ်သည်။ သူ
တို့သည် ရုပ်အလောင်း၇လောင်းကို ခုံအသီးသီးပေါ်တင်လိုက်ပြီးနောက် ရာဇဝင်သားရေချပ်များကိုလည်း အခြားခုံ၂လုံးပေါ်တင်လိုက်သည်။
ဂူထဲတွင် ပစ္စည်းများသိပ်မကျန်တော့ပါ။ အများစုမှာ နဂိုရုပ်သွင်ပျောက်ကုန်ကြသည်။ သူတို့သည် ထိုပစ္စည်းများကို မျိုးနွယ်စုထဲတွင် ရှာတွေ့မည်ဆိုပါက အမှိုက်ဆိုပြီး လွှတ်ပစ်လိုက်မိမည် ဖြစ်သည်။ သို့သော် အခုတော့ ထိုအရာများမှာ သူတို့ဘိုးဘေးများထားခဲ့သော ထူးဆန်းအံ့ဩဖွယ်ပစ္စည်းများဖြစ်နေ လေသည်။ သူတို့သည် အရေးကြီးတာမှန်သမျှ ယူဆောင်လာခဲ့ကြပြီး ကျန်သည့်ပစ္စည်းများကိုတော့ ဂူထဲတွင်ထားခဲ့ကြသည်။
“လမ်းကြောင်းကိုလည်း မှတ်မိနေပြီဆိုတော့ နောက်တစ်ခေါက်ပြန်လာကြတာပေါ့” ကွေ့ဟယ်က ပြောလိုက်သည်။ အပြန်ခရီးက အလာတုန်းကထက်ပင်နှေးကွေးနေသေးသည်။ ဘိုးဘေးများ၏ ရုပ်အလောင်းများနှင့် ရာဇဝင်သားရေချပ်များကို သားရဲများရန်ကနေ ကာကွယ်ရသေးသည်
မဟုတ်ပါလား။
အခုအချိန်တွင်တော့ မျိုးနွယ်စုဝင်များ ခေါ်ဆောင်လာသော ကြောက်မက်ဖွယ်သားရဲများသည် လိမ္မာနေသည်။ အဖွဲ့ဝင်များ သားရိုင်းကောင်များနှင့် ရင်ဆိုင်ရသောအခါ ကြောက်မက်ဖွယ်သားရဲများက သူတို့ကို အဝေးသို့မျှားခေါ်သွားပြီး သတ်ဖြတ်ပစ်လေသည်။ ဘိုးဘေးများကို တင်ဆောင်လာသော ခုံများနားတွင် မတိုက်ခိုက်ပေ။
၈ရက်ကြာသောအခါ ရှောက်ရွှမ်တို့အဖွဲ့သည် မျိုးနွယ်စုဆီသို့ ပြန်ရောက်လာခဲ့ ကြသည်။ မျိုးနွယ်စုဝင်များနေသောနေရာနှင့် သိပ်မဝေးတော့သည် နေရာသို့ရောက်သောအခါ နတ်ဆေးဆရာနှင့် အကြီးအကဲအော့တို့ အကြိုထောက်လိုက် သောလူများနှင့် တွေ့ဆုံလေသည်။ ထိုအခါ သူတို့လည်း အနည်းငယ်ဝန်ပေါ့သွားသည်။
အဖွဲ့ဝင်အားလုံး ဒဏ်ရာကိုယ်စီနှင့် ဖြစ်သည်။
သားရဲများလည်း ဒဏ်ရာရထားကြ သည်။ သို့သော် အားလုံးမှာ ပျော်ရွှင်စိတ်လှုပ်ရှားနေကြသည်။ ဘိုးဘေးများ၏ ရုပ်အလောင်းများနှင့် ရာဇဝင်သားရေချပ်များ ရလာခြင်းသည် မျိုးနွယ်စုအတွက် ဂုဏ်ယူဖွယ်ကိစ္စတစ်ခုဖြစ်လေသည်။ သားရဲများကမူ တောလည်ထွက်ရ၍ ပျော်ရွှင်နေကြခြင်းဖြစ်လေသည်။ သားရဲများလည်း ဒဏ်ရာအသီးသီးပင်။
ဧည့်သည်များ ပြန်သွားလေပြီ။ မျိုးနွယ်စုဝင်အားလုံးတို့သည် လုပ်လက်စအရာမှန်သမျှကို ဘေးချထားလိုက်ပြီး အကြီးအကဲအော့နှင့် နတ်ဆေးဆရာတို့နောက်သို့ လိုက်သွားလေသည်။ သူတို့အားလုံး စုပေါင်းပြီး ပြန်လာသော အဖွဲ့ကို ကြိုဆိုကြမည် ဖြစ်သည်။
အစပထမတွင် အချို့လူများက အခြေအနေကိုမသိကြချေ။ အချင်းချင်း စကားပြောမိကြသောအခါမှ သူတို့အားလုံး စိတ်လှုပ်ရှားပျော်ရွှင်ရမည့် အချိန်မှန်းသိသွားသည်။
“အဲဒါ ငါတို့ ဘိုးဘေးတွေပဲ”
“ဘယ်လိုပုံတွေလဲ မသိဘူး”
“ တောင့်တင်းကြံ့ခိုင်ပြီး ထက်ထက်မြက်မြက်ရှိရမယ်”
“ ငါကြားဖူးတာတော့ ဘိုးဘေးတွေကို ကန်တော့ရင် ဘိုးဘေးတွေက ငါတို့ကို ဆုပေးတယ်တဲ့…ငါသိတဲ့ စစ်သားတစ်ယောက်ဆိုရင် ဘိုးဘေးတွေကို အမြဲရှိခိုးတယ်…သူဆိုရင် အမဲလိုက်ထွက်လို့ အန္တရာယ်နဲ့ကြုံလာရတိုင်း လွတ်သွားတာချည်းပဲတဲ့”
“အရင်တုန်းကရော ဘိုးဘေးတွေကို ရှာတွေ့တာမျိုး ဖြစ်ဖူးသလား”
“ဖြစ်ဖူးတယ်…အဲဒီတုန်းက ရှောက်ရွှမ်ရှာတွေ့လာတာ…”
“ဟုတ်လား..အခုတစ်ခေါက်ကရော…”
“ဒီတစ်ခေါက်လည်း ရှောက်ရွှမ်ပဲ ရှာတွေ့တာပဲ…”
“ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်ထိုက်တဲ့ ချာတိတ်လေးပဲ…”
မီးတောက်ဦးချိုမျိုးနွယ်စုအတွက်တော့ ဘိုးဘေးများ၏ရုပ်အလောင်းများ ပုပ်သိုးသွားမည်ဆိုလျှင်တောင် သူတို့အတွက်တော့ အရေးပါနေဆဲ ဖြစ်ပါသည်။
ဘိုးဘေးများကို မမြင်ဘဲ လူတစ်ဒါဇင်လောက်သယ်လာသော သေတ္တာကြီးသုံးလုံးကိုသာ မြင်ကြခြင်းကတော့ စိတ်မကောင်းဖွယ်ပင် ကောင်းသေးတော့သည်။
“ဘိုးဘေးများကို ကြိုဆိုကြ…”
နတ်ဆေးဆရာနှင့် အကြီးအကဲတို့က ဦးဆောင်၍ ဦးချလိုက်သည်။
မျိုးနွယ်စုနယ်နိမိတ်အတွင်းရှိသမျှ လူထောင်ချီတို့သည် ဒူးထောက်လိုက်ကြသည်။ ဘာမှနားမ
လည်သေးသည့် ကလေးများပင် လူကြီးများ လုပ်သလို လိုက်လုပ်ကြသည်။ အားလုံးက ကလေးများ၏ အပြုအမူကို ရိုင်းစိုင်းသည်ဟု မထင်ဘဲ ထူးဆန်းသည်ဟု ခံစားသွားရပြီး စိတ်ထဲတွင် လေးလံသွားကြသည်။
ကျောက်တုံးတီကောင်ဘုရင်ဂူထဒမှ ဘိုးဘေးများ၏ ရုပ်အလောင်းများကို ရှောက်ရွှမ်ပြန်သယ်လာတုန်းက ထိုဘိုးဘေးများ၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ရန် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။ ယခုတစ်ခေါက်လည်း ထိုစဉ်တုန်းကလို အခမ်းအနားတစ်ခုလုပ်ဦိးမည်ဖြစ်သည်။ သို့သော် ချက်ခြင်းတော့ လုပ်ဦးမှာ မဟုတ်။
အလှဆင်ထားသော အရိုးလေး၏ အကာအကွယ်ကြောင့် ဘိုးဘေး၇ယောက်တို့၏ ရုပ်အလောင်းများမှာ မပုပ်မသိုးဘဲ ရှိနေလေသည်။ နတ်ဆေးဆရာက ၎င်းတို့ကို ကျောက်သားအိမ်တော်ရှိ အခန်းတစ်ခန်းထဲတွင် ထည့်ထားလိုက်သည်။ ထို့နောက် နတ်ဆေးဆရာသည် အိမ်ထဲမှ အိမ်အပြင် မထွက်ဘဲ ၇ရက်နေလေသည်။
သူသည် ဘိုးဘေးများကို အာရုံမရဘဲ ရာဇဝင်သားရေချပ်များကို လေ့လာနေခြင်းဖြစ်လေသည်။
အော့လည်း နေ့တိုင်း နတ်ဆေးဆရာဆီသို့ သွားရောက်ကြည့်ရှုလေသည်။ နတ်ဆေးဆရာ၏ တပည့်အဖြစ်ဆက်ခံထားသူ ကွေ့ဇယ်ကလည်း ရာဇဝင်များကို ကြည့်ရှုနေသည်။
ရာဇဝင်ထဲတွင် သူတို့ကျွမ်းကျင်အောင် လေ့ကျင့်သင့်သောအရာများစွာ ပါဝင်လေသည်။ရှောက်ရွှမ်နှင့် ကွေ့ဇယ်တို့သည် နတ်ဆေးဆရာက ရွေးထုတ်ပေးထားသော မှတ်တမ်းများကို အမျိုးအစားခွဲခြားပေးရသည်။ နတ်သမိုင်းဆိုင်ရာဖြစ်ရပ်များ၊ လယ်ယာစိုက်ပျိုးနည်းများ၊ တိရစ္ဆာန်မွေးမြူနည်းများ၊ လက်မှုပညာများစသည်ဖြင့် အမျိုးအစားခွဲခြားထားရသည်။
အကန့်အသတ်ရှိသော မှတ်တမ်းများကို ဖတ်ရှုလေ့လာပြီးနောက် နတ်ဆေးဆရာနှင့် အော့တို့သည် မီးတောက်ဦးချိုမျိုးနွယ်စုသည် မည်မျှ
ကြွယ်ဝကုံလုံသည်ကို မပြောနိုင်ဖြစ်နေကြသည်။ ။ ရာဇဝင်များကို ဖတ်ကြည့်သောအခါ သူတို့ဘိုးဘေးများလက်ထက်က မီးတောက်ဦးချိုမျိုးနွယ်စုသည် မည်မျှ ကြွယ်ဝချမ်းသာကြကြောင်းကို နက်ရှိုင်းစွာခံစားတတ်လာကြသည်။
အခြားမျိုးနွယ်စုများ၏ မောက်မာသော လုပ်ရပ်များနှင့် မီးတောက်ဦးချိုမျိုးနွယ်စု၏ ခမ်းနားသော အတိတ်အကြောင်းကိုတွေးမိသောအခါ အော့သည် မီးတောက်ဦးချိုမျိုးနွယ်စုမှာ ယခုလိုအခြေအနေမျိုးဖြစ်လာရန် ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရမည်ဟုထင်မိသည်။ထိုသို့ဖြစ်လာရန် အချိန်များစွာယူခဲ့ရရမည်။
“ကျွန်တော်တို့ဘိုးဘေးတွေက ဘယ်သူတွေလဲ” ရှောက်ရွှမ်က အချိန်အားရတုန်းက နတ်ဆေးဆရာကို မေးခဲ့ဖူးသည်။
နတ်ဆေးဆရာသည် ခဏလောက်တိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်းပြောလေသည်။ “ကပ်ဆိုးကြီးကျလာတဲ့အချိန်တုန်းကပေါ့ကွာ
မီးတောက်ဦးချိုမျိုးနွယ်ရဲ့ နတ်ဆေးဆရာက သူ့နေရာဆက်ခံတဲ့ သူတပည့်ကို ထွက်သွားဖို့ပြောတယ်၊ တခြား မျိုးနွယ်စုအကြီးအကဲတို့ ၊ အရေးပါတဲ့လူတို့နဲ့ ထွက်သွားဖို့ ပြောတာပေါ့ကွာ…နတ်ဆေးဆရာနဲ့လူတစ်ရာလောက်ကတော့ အဲဒီအဖိုးတန်တဲ့ ရာဇဝင်သားရေချပ်တွေကို တောင်ပေါ်မှ သိမ်းထားခဲ့တယ်…သဘာဝဘေးရန်ရော…လူသားဘေးရန်ပါ လုံခြုံစိတ်ချရတဲ့နေရာတစ်နေရာပေါ့…ပြီးတော့ နတ်ဆေးဆရာနဲ့ လူ၁၀၀က အဲဒီသမိုင်းအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြတော့ဘူး”
“လူတစ်ရာကျော်တောင်လား” ရှောက်ရွှမ် စိတ်ရှုပ်သွားသည်။ ဂူထဲတွင် သူတွေ့ခဲ့သည်မှာ ၇ယောက်တည်းသာ ဖြစ်သည်။ ထို၇ယောက်ထဲတွင် ထိုနတ်ဆေးဆရာအိုကြီး၏ ရုပ်အလောင်းလည်းပါသည်။
“ကျန်တဲ့လူတွေက….သေကုန်တယ်…ရုပ်အလောင်းတောင်မကျန်ခဲ့ဘူး” နတ်ဆေးဆရာက သူ့လက်ထဲက သားရေချပ်အလိပ်လေးတစ်ခုကို
ဖြည်လိုက်သည်။ ထိုသားရေချပ်မှာ နတ်ဆေးဆရာ၏ နောက်ဆုံးသော ဝမ်းနည်းဖွယ်မှတ်တမ်းဖြစ်လေသည်။ အားလုံးစိတ်ပျက်သွားကြသည်။
ဘိုးဘေးများလက်ထက်က ပတ်ဝန်းကျင်ရုတ်တရက် ပြောင်းလဲခြင်းကြောင့် သဘာဝဘေးရန်များပေါ်ပေါက်ခဲ့ကြသည်။ ထိုအခါ တောထဲက ကြောက်မက်ဖွယ်သားရဲများသည်လာ်း အကြောက်လွန်ကုန်ကြသည်။ ထိုသို့ ဖြစ်ပေါ်နေသော သားရဲများရှိနေသောအခါ နေ့စဉ်အမဲလိုက်ထွက်သူများ အသက်ဆုံးရှုံးကုန်ကြပြီး နောက်ဆုံးတွင် အမဲလိုက်မည့်လူမကျန်တော့ပေ။ နောက်ဆုံးတွင် သူတို့ထဲမှ လူ၇ယောက်သာကျန်တော့သည်။ ထို၇ယောက်သည် သူတို့အဖွဲ့ဝင်များ ပြန်လာမည်ကို စောင့်မနေတော့ဘဲ သေဆုံးသွားကြလေသည်။
“တစ်နေ့နေ့ အဲဒီလို အခြေအနေမျိုးပေါ်လာမယ်ဆိုရင် ငါအဲဒီလို လုပ်မှာပဲ” နတ်ဆေးဆရာက ပြောလိုက်သည်။
“အခမ်းအနားကို ဘယ်တော့ကျင်းပမှာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
နတ်ဆေးဆရာက ပြန်မဖြေဘဲ ရှောက်ရွှမ်ကို မေးလိုက်သည် “ကျောက်တိုင်တွေပေါ်မှာ အဲဒီအမှတ်အသားလေးတွေ ထွင်းပေးလို့ရမလား”
“ရပါတယ်” ရှောက်ရွှမ်က ဖြေလိုက်သည်။
သူတို့သားရဲတို့ပျော်စံရာမြေက တောအုပ်ထဲကို သွားသည့်အချိန်တုန်းကဆိုလျှင် အော့သည် လူတစ်ထောင်လောက်အင်အားသုံး၍ ဧရာမကျောက်တိုင်ကြီးများကို စီတန်းခဲ့သည်။ နတ်ဆေးဆရာဆိုလိုချင်သည်ကို ရှောက်ရွှမ်သဘောပေါက်သည်။ ဘိုးဘေးများ၏ ရုပ်အလောင်းများကို မသင်္ဂြိုဟ်မီ ကျောက်တိုင်များပေါ်တွင် စာလုံးအရင်ထွင်းရမည်ဖြစ်သည်။
ကျောက်တိုင်များအားလုံးပေါ်တွင် အမှတ်အသားများရေးထွင်းရန်တော့ ရှောက်ရွှမ်အတွက် မဖြစ်နိုင်ပါ။ ထို့ကြောင့်နတ်ဆေးဆရာနှင့် အော့တို့သည် ကျောက်တိုင်များကို အချောသပ်ပေးရန် ကျောက်ဆစ်သမားများကို ခေါ်ပေးလေသည်။အချောသပ်အရောင်တင်ပြီးသောအချိန်မှ ရှောက်ရွှမ်က သူမှတ်မိနေသော အမှတ်အသားများကို ရေးထွင်းမည်ဖြစ်သည်။
အတိတ်တုန်းကဆိုလျှင် ရှောက်ရွှမ်သည် ကျောက်တိုင်များပေါ်က အမှတ်အသားများကိုသာ မှတ်မိနေပြီး ထိုအမှတ်အသားများ၏ အဓိပ္ပါယ်ကို နားမလည်ခဲ့ပါ။ ဘိုးဘေးများထားခဲ့သော မှတ်တမ်းများကို ဖတ်ပြီးသောအခါမှသာ ထိုကျောက်တိုင်ပေါ်မှ အမှတ်အသားများသည် ထူးခြားသည့် အဓိပ္ပါယ်များရှိနေကြောင်း သိလိုက်ရသည်။ ထိုကျောက်တိုင်များကို နေနာရီအဖြစ်အသုံးပြုသလို ယဇ်ပူဇော်သည့်အနေနှင့်လည်း အသုံးပြုကြောင်းသိရှိရသည်။
နတ်ဆေးဆရာသည် ဘိုးဘေးများထားခဲ့သောမှတ်တမ်းများအရ ဘိုးဘေးများရုပ်အလောင်းများကို မီးသင်္ဂြိုဟ်မှု မလုပ်မီ လိုအပ်သည့်ကိစ္စအားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ပေလိမ့်မည်။ ထိုအခမ်းအနားသည် မီးတောက်ဦးချိုမျိုးနွယ်စုအတွက် အများနှင့်အသက်ဆိုင်ဆုံး အခမ်းအနားကြီးတစ်ခု ဖြစ်လာပေတော့မည်။