အတူဆုံကြခြင်း
Vol. 19 Ch. 280
ဟွမ်ယဲ့ထားခဲ့သော မြေပုံအမှတ်အသားအရ ခရီးသွားအဖွဲ့၏ စုရပ်သည် ဖုန်းဆိုးမြေတစ်ခုဖြစ်သည်။ မိုးကလည်း ရံဖန်ရံခါလောက်သာ ရွာသွန်းသည်ထင်သည်။ တောင်ပေါ်တွင် သားရဲတို့ပျော်စံရာနယ်မြေတဝိုက်လို အသီးအနှံပင်များပေါက်ရောက်နေခြင်းမရှိပါ။ ထို့ကြောင့် ကြောက်မက်ဖွယ်သားရဲများလည်း ရှားပါးလေသည်။
ခရီးသွားအဖွဲ့၏ စုရပ်သည် ဖုန်းဆိုးမြေတစ်ခုဖြစ်လိမ့်မည်ဟု မည်သူကမှ ထင်မထားပေ။ လမ်းပြတစ်ယောက်သာမရှိပါက သူတို့သည် ထိုနေရာကို ရှာတွေ့နိုင်မည် မဟုတ်ပါ။
တောင်ကုန်းလေးများထိပ်တွင် သစ်သားအိမ်လေးများ၊ သက်ကယ်အိမ်လေးများကိုတွေ့ရသည်။ အိမ်ရှေ့တွင် တွေ့ရသောသူများကတော့
မြက်ခင်းလွင်ပြင်ဒေသမှ လူများလို ဝတ်ဆင်ထားကြသည်။
“ဘာဆက်လုပ်ကြမလဲ” ဟွမ်ယဲ့က ဝါးအိမ်တစ်လုံးထဲမှ ထွက်လာကာ သက်လတ်ပိုင်းလောက် လူတစ်ဦးကိုမေးလိုက်သည်။
“လုံကျိုးမျိုးနွယ်စုဝင်တွေရောက်နေပါပြီ။ ပြီးတော့ တိရှန်မျိုးနွယ်စုဝင်တွေနဲ့ ဟွေမျိုးနွယ်စုဝင်တွေလည်း ရောက်နေပါပြီ။..” ထိုလူက ပြန်ဖြေလိုက်သည်။
“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကကော” ဟွမ်ယဲ့က ထပ်မေးလိုက်သည်။
“မီးတောက်ဦးချိုမျိုးနွယ်စုလား” ထိုလူသည် မီးတောက်ဦးချိုမျိုးနွယ်စုကို မေ့ပင်နေသည်။ ခဏလောက်စဉ်းစားလိုက်မှ မှတ်မိသွားပြီး အနည်းငယ်ပြုံးလိုက်လေသည်။ “အခုမှ ခရီးသွားအဖွဲ့ထဲကို ဝင်မယ့်လူတွေဆိုတော့၊ လမ်းတွေဘာ
တွေပျောက်ရင် ပျောက်နေမှာပေါ့”
“မီးတောက်ဦးချိုမျိုးနွယ်စုမှာ လမ်းပြမရှိဘူး” နောက်လူတစ်ယောက်ရောက်လာပြီး ပြောလေသည်။
ထိုလူများသည် ခရီးသွားခဲ့သော လူများထဲတွင်ပါဝင်သော လူများဖြစ်ကြသည်။ အခေါက်တိုင်းလို ခရီးသွားခြင်းတွင် မလိုက်ပါသော်လည်း သူတို့သည် ခရီးသွားအဖွဲ့ကို အလှည့်ကျ လမ်းပြပေးသည်။ ထို့ကြောင့် သူတို့သည် နောက်ဆုံးတွင် အဖွဲ့ထဲတွင် ဝါစဉ်အကြီးဆုံးများဖြစ်လာမည်ဖြစ်ပြီး မျိုးနွယ်စု၏ လူရွယ်လူငယ်များကို ခရီးသွားရန် အတွက် လမ်းညွှန်ပြသရမည်ဖြစ်သည်။ အခုတစ်ခေါက်အမဲလိုက်အဖွဲ့တွင် ပထမဆုံးအနေဖြင့် ပါဝင်လာသူများမှာ စစ်သည်တော်များဖြစ်နေလျှင် သူတို့သည် သွားလိုရာနေရာကို ရောက်အောင် သွားနိုင်ပါ့မလား၊ သို့မဟုတ် အကုန်လုံးပဲ သေကုန်မလား။ ဖြစ်နိုင်သည်မှာ အဖွဲ့ဝင်အားလုံး သေကြေကုန်နိုင်သည်။
“မီးတောက်ဦးချိုမျိုးနွယ်စုက ခရီးသွားအဖွဲ့အတွက် လူသုံးယောက်လွှတ်လိုက်မယ် ပြောတယ်…သူတို့အသက်ရှင်မလား သေမလားတော့ ငါလည်း မပြောတတ်ဘူး” တစ်ယောက်က ပြောလိုက်သည်။
“ခရီးသွားရင်း သေတာကို အသာထားပါဦး…ဒီနေရာကိုပဲ အရင်ရှာတွေ့ပါစေဦး”
ထိုသို့ပြောဆိုနေကြစဉ် သူတို့နားတွင်ရှိသော သူတစ်ယောက်က ထအော်လိုက်သည် “သူတို့ရောက်လာပြီ”။
လေထဲတွင် အနက်စက်လေး၂ခုက ပျံသန်းနေသည်။
“ဟွေမျိုးနွယ်စုလား” တိရှန်မျိုးနွယ်စုလား” ထိုမျိုးနွယ်စု၂ခုသာ ငှက်နှင့် လာနိုင်ချေရှိသည်။ ထိုသူများမှာ ဘယ်သူများလဲ ဘယ်သူမှ မသိကြသေးပါ။ ပျံသန်းနေသော အနက်စက်လေးများ သူတို့နှင့် ပိုမိုနီးကပ်လာသောအခါ တစ်ယောက်က
“တိရှန်မျိုးနွယ်စုက လူတွေပဲ” ဟု အော်ပြောလိုက်သည်။
“တိရှန်မျိုးနွယ်စုမှန်းမင်းဘယ်လိုသိလဲ” ခရီးသွားအဖွဲ့ကို အခုမှစဝင်လာသူ စစ်သည်တော်တစ်ယောက်ကစိတ်ရှုပ်သွားသည်။
“ငှက်တွေက မတူဘူးလေ…တိရှန်မျိုးနွယ်စုက ငှက်တွေရဲ့ဗိုက်က အဖြူရောင်၊ ဟွေမျိုးနွယ်စုငှက်တွေကတော့ တခြားအရောင်လေ” ငှက်မွှေးမျိုးနွယ်စုမှ လူတစ်ယောက်က ဖြေလိုက်သည်။ သူသည် အခုမှ ခရီးသွားအဖွဲ့တွင် ပါဝင်လာသူဖြစ်သော်လည်း ငှက်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို သေချာလေ့လာထားသူဖြစ်လေသည်။ ထို့ကြောင့် သူသည် ငှက်များ၏ ကိုယ်ဟန်သွင်ပြင်ကို ကြည့်ပြီး ငှက်အမျိုးအစားကို ခွဲခြားနိုင်လေသည်။
“တကယ်ပဲ တိရှန်မျိုးနွယ်စုလား”
လေထဲမှ အရိပ်၂ခုက သူတို့နှင့် ပိုပိုနီးကပ်လာ
ပြီး သူတို့ဆီကို ဦးတည်ပျံသန်းလာနေခြင်းဖြစ်သည်။
အတောင်ပံကို ပြင်းထန်စွာခတ်နေသံများကို ကြားနေရသည်။
ဖုန်၊ကျောက်ခဲ၊သဲများ လွင့်ပျံထွက်ကုန်သည်။ ကျောက်သားမြေပြင်ပေါ်တွင် နားလိုက်သောအခါ ကျောက်သားပေါ်တွင် လက်သည်းရာကြီးများ ထင်ကုန်သည်။
ထိုအရိပ်၂ခုမှာ အမြင့် ၅မီတာခန့်ရှိမည်ဖြစ်ပြီး အတောင်ပံများကို ကြုံ့လိုက်ပြီး မြေကြီးပေါ်တွင် အတောင်သိမ်းပြီး ရပ်နေလျှင် ရှိရင်းစွဲထက် ပိုကြီးသွားသည်ဟု ထင်ရသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို အညိုရင့်ရောင် အမွှေးများဖုံးအုပ်နေသည်။အမွှေးပေါ်တွင်ရှိနေသော အမှတ်အသားများမှာ အနည်းငယ်ထူးဆန်းနေသည်။ ဝမ်းဗိုက်ပိုင်းအမွှေးများကတော့ အဖြူဆွတ်ဆွတ်ဖြစ်နေလေသည်။ ခေါင်းပေါ်တွင် အမောက်တိုလေးများရှိကြပြီး ရုတ်တရက်ကြည့်လိုက်လျှင် ဦးချိုနှင့်တူ
နေလေသည်။ ထို့ကြောင့် သူတို့ကို ဦးချိုသိမ်းငှက်ဟု ခေါ်ဆိုကြခြင်းဖြစ်လေသည်။
ကောင်းကင်တွင် နေထိုင်ကြသောငှက်များအတွင်း ဧရာမတောင်သိမ်းငှက်ကြီးများလောက်သည် ထိုငှက်များကို ယှဉ်ပြိုင်နိုင်သည်။
ဦးချိုသိမ်းငှက်၏ ချွန်ထက်သော နှုတ်သီးရှေ့ပိုင်းသည် ချိတ်ကောက်ပုံစံရှိပြီး လက်သည်းများမှာ သားကောင်များ၏ ဦးခေါင်းလွယ်ကူစွာ ထိုးဖောက်နိုင်လောက်အောင် သန်မာထက်မြက်ကြသည်။ ထိုငှက်သည် ခေါင်းပေါ်မှ အမွှေးများကို ထောင်လိုက်ပါက အလွန်တရာကြောက်ဖို့ကောင်းသောငှက်တစ်မျိုးဖြစ်ပါသည်။ တချို့စစ်သည်တော်များသည် ဦးချိုသိမ်းငှက်များနှင့် တွေ့ဆုံဖူးပါသည်။
ဦးချိုသိမ်းငှက်တစ်ကောင်စီ၏ဘေးပတ်လည်တွင် လူငါးယောက်က စီတန်းရပ်နေပါသည်။ လူတစ်ယောက်စီ၏ကျောပေါ်တွင် လေးကြီးများကို လွယ်ထားကြပြီး ခေါင်းပေါ်တွင် ငှက်မွှေးသုံး
ချောင်းကို ထိုးစိုက်ထားသည်။
သူတို့ဆီကို ဦးတည်လျှောက်လာသော လူ၁၀ယောက်ကို ကြည့်ပြီး ဟွမ်ယဲ့သည် ပြုံးပြလိုက်ပြီး သူနှင့် ရွယ်တူလောက်ရှိမည့် ခရီးသွားအဖွဲ့ခေါင်းဆောင်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် လမ်းတွင် သွားရလာရ အဆင်ပြေသလား မေးမြန်းနေသည်။
ကုကျီနှင့် ဟုန်ရှီအပါအဝင် ငှက်မွှေးမျိုးနွယ်စုဝင်များသည် တိရှန်မျိုးနွယ်စု ဝင်များကို သဘောမကျကျပေ။ သူတို့ကို အလိုမကျသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
သို့သော် အခြားအဖွဲ့မှ လူငယ်စစ်သည်တော်များကတော့ တိရှန်အဖွဲ့၏ သိမ်းငှက်၂ကောင်ကို ကြည့်ပြီး လေးစားအားကျနေပြသည်။ သူတို့သည် ယခုနေရာကိုရောက်လာရန် တောင်အထပ်ထပ် တောအထပ်ထပ်ကို ကျော်ဖြတ်ခဲ့ရသည်။ တိရှန်မျိုးနွယ်စုဝင်များကတော့ ငှက်များနှင့် ပျံသန်းလာရုံသာဖြစ်သည်။ တော်တော်
အဆင်ပြေသည့်အလုပ်ဖြစ်သည်။
တိရှန်မျိုးနွယ်စုဝင်များက လူများ၏ ရန်လိုသောအကြည့်များကို ဂရုစိုက်မနေပါ။ သူတို့ကို အားကျစွာ ကြည့်နေကြသူများကိုတော့ ပြန်လည်ပြုံးပြသည်။
တိရှန်မျိုးနွယ်စုဝင်များ ရောက်လာပြီးမကြာမီတွင် ဟွေမျိုးနွယ်စုဝင်များရောက်လာသည်။ ခါတိုင်းလိုပင် တောင်သိမ်းငှက်ကြီး၂ကောင်လည်းပါသည်။ သို့သော် လူကတော့ ၉ယောက်သာ ရှိတော့သည်။
“အားလုံးလူစုံပြီလား…ခဏလောက်နားပြီးရင် မနက်ဖြန်လောက် ခရီးစထွက်ကြမလား…ဒါမှမဟုတ် ခရီးထွက်ဖို့၂ရက်လောက် အချိန်ယူပြီး ပြင်ဆင်ကြဦးမလား” တိရှန်မျိုးနွယ်စုဝင် သက်လတ်ပိုင်းတစ်ဦးက ပြောလိုက်သည်။
“နောက်၂ရက်လောက်နားကြတာပေါ့…နောက်ပြီးတော့ မီးတောက်ဦးချိုမျိုးနွယ်စုက လူတွေလည်း
မရောက်ကြသေးလို့” ဟွမ်ယဲ့ကပြောလိုက်သည်။
“တခြားမျိုးနွယ်စုတွေကောလာဦးမှာလား” “မီးတောက်ဦးချိုမျိုးနွယ်စုတစ်ခုပဲ ကျန်တော့တာလား” မီးတောက်ဦးချိုမျိုးနွယ်စုဟူသော နာမည်ကို ကြားလိုက်ရသောအခါ တိရှန်မျိုးနွယ်စုဝင်များ၏ မျက်နှာထားများ ပြောင်းလဲသွားကြပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြလေသည်။ ထို့နောက် သူတို့သည် နှုတ်ခမ်းတွန့်ရုံတွန့်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးကို ပြုံးလိုက်သည်။
“ဒီတစ်ခေါက်မှာ ခရီးသွားအဖွဲ့ထဲကို မီးတောက်ဦးချိုမျိုးနွယ်စုပါပါလာမှာလား၊ သူတို့အတွက် လမ်းပြမရှိဘူးလား” ဟွေမျိုးနွယ်စုဝင်များ မျက်မှောင်ကြုံ့လိုက်ပြီး တိရှန်မျိုးနွယ်စုဝင်များကို စိုးရိမ်စွာ လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်..သူတို့က အခုမှ ခရီးသွားအဖွဲ့ထဲ စဝင်ကြတာ…သူတို့အတွက် လမ်းပြမရှိပါဘူး” တစ်ယောက်ကပြောလိုက်သည်။
လမ်းပြမရှိလျှင် စုရပ်နေရာကို ရှာရန် အလွန်ခက်ခဲသည်။
“အဲဒါဆို ငါတို့၂ရက်စောင့်မယ်လေ…၂ရက်နေလို့မှ သူတို့ရောက်မလာရင်တော့ ငါတို့ ခရီးစထွက်ကြတာပေါ့” တိရှန်မျိုးနွယ်စုဝင်များက ပြောလိုက်သည်။
အခြားအဖွဲ့များအတွက် ရွေးချယ်စရာမရှိပါ။ မီးတောက်ဦးချိုမျိုးနွယ်စုအတွက် ၂ရက်အခွင့်အရေးရမည် ဖြစ်သည်။မီးတောက်ဦးချိုမျိုးနွယ်စုဝင်သုံးယောက် နောက်ကျနေလျှင် ခရီးသွားအဖွဲ့က သူတို့ကို စောင့်နေမည် မဟုတ်ပါ။
နှစ်ရက်ကြာသောအခါ…။
မနက်လင်းသောအခါ တောင်ထိပ်တွင် နေသောသူများမှာ အိမ်ထဲက ထွက်လာကြသည်။ ထို့နောက် ခရီးထွက်ရန် အထုပ်အပိုးများကို ပြင်ဆင်ကြလေသည်။
ဟွေမျိုးနွယ်စုသည် အဝေးတစ်နေရာကို စိုက်ကြည့်နေပြီးနောက် သက်ပြင်းချကာခေါင်းခါလိုက်မိသည်။
ဟုန်ရှီနှင့် ချွီဆဲ့တို့လည်း ဘာမှမတတ်နိုင်ပါ။ သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စောင့်ချင်လျှင်တောင် အခွင့်အရေးမပေးတော့ပါ။
မန်မျိုးနွယ်စုဝင်များ၊ ခြေလက်၈ဖက်မျိုးနွယ်စုဝင်များ၊ဟွေမျိုးနွယ်စုဝင်များ၊ ငှက်မွှေးမျိုးနွယ်စုဝင်များ၊ မျက်နှာဖုံးတစ်ထောင် မျိုးနွယ်စုဝင်များ၊ လုံကျိုးမျိုးနွယ်စုဝင်များနှင့် ဗဟိုဒေသမှ မျိုးနွယ်စုအငယ်လေးများ၏ အဖွဲ့ဝင်များအားလုံးဆိုလျှင် စုစုပေါက်း လူ၁၀၀နီးပါးရှိလေသည်။ သူတို့သည် တောင်အောက်ကို ဆင်းလာခဲ့ကြသည်။ တောင်နံရံနားသို့ရောက်လာသောအခါ စွန်များအော်သံကို ကြားလိုက်ရသည်။ ဟွေမျိုးနွယ်စုမှ တောင်သိမ်းငှက်ကြီးနှင့် တိရှန်မျိုနွယ်စုမှ ဦးချိုသိမ်းငှက်ကြီးတို့လည်း အော်နေကြသည်။
“သူတို့ရောက်လာကြပြီ” ဟွေမျိုးနွယ်စုမှ တစ်ယောက်က အော်ပြောလိုက်သည်။
ကောင်းကင်တွင် အနက်ရောင် အစက်လေးခုပေါ်လာသည်။ ကျယ်လောင်သော သိမ်းငှက်အော်သံတစ်ချက်ထွက်ပေါ်လာပြီး ထိုသိမ်းငှက်သည် ခရီးသွားအဖွဲ့ဆီသို့ ဦးတည်ပျံသန်းလာသည်။ အဖွဲ့ကို ဖြတ်ကျော်ပျံသန်းသွားပြီးသောအခါ လူသုံးယောက်တို့သည် သူ့ကျောပေါ်မှ ခုန်ဆင်းလိုက်ကြသည်။
ထိုသုံးယောက်မှာ ရှောက်ရွှမ်နှင့် ကျန်အဖွဲ့ဝင်၂ယောက် ဖြစ်ကြသည်။
“ကျွန်တော်တို့ အချိန်မီရောက်လာပါတယ်နော်…အခုမှ ပထမဆုံးအခေါက်ဆိုတော့ နောက်ကျသွားတယ်ဗျာ..စိတ်မရှိပါနဲ့”။ ရှောက်ရွှမ်က သူနှင့် သိသော လူတချို့ကို စကားပြောနေလိုက်သည်။ အခြားလူများက သူတို့ကို မလိုမုန်းထားစွာကြည့်နေသည်ကို ရှောက်ရွှမ်အမှုမထားပါ။
ဟွမ်ယဲ့ခေါင်းငြိမ့်လိုက်သည်။ “ မင်းတို့ရောက်လာတာ ငါတို့ဝမ်းသာတယ်ကွာ…ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလား”
“အဆင်သင့်ပါပဲ” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။
အနားမယူတော့ဘဲ ရှောက်ရွှမ်တို့သုံးယောက်သည် တောင်အောက်သို့ ဆင်းမည့်အဖွဲ့နှင့် ပူးပေါင်းလိုက်သည်။
တောင်အောက်ဆင်းရင် ရှောက်ရွှမ်သည် ခရီးသွားအဖွဲ့ကို လေ့လာကြည့်လိုက်သည်။ထိုအခါ မျိုးနွယ်စုအသီးသီးတို့သည် အပေါ်ယံဟန်ဆောင်မျက်နှာဖုံးများ စွတ်ထားကြပြီး အတွင်းစိတ်ကတော့ ထိုသို့မဟုတ်ကြောင်း ရှောက်ရွှမ်သိလိုက်ရသည်။ထွော်နှင့်လဲ့တို့သည် သတိမလွတ်ရဲပါ။ သို့သော် သူတို့သည် မျိုးနွယ်စုနှင့် နေစဉ်က အဖွဲ့နှင့်သာ အမဲလိုက်ဖူးသဖြင့် အဖွဲ့လိုက်ဆောင်ရွက်ခြင်းကို ကျွမ်းကျင်လေသည်။
ဟွမ်ယဲ့ကလည်း ခရီးသွားအဖွဲ့မှာ စည်းလုံးသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်များအားလုံးမှာ လက်တွဲဖော်များဖြစ်ကြောင်း ပြောလေသည်။ ထို့ကြောင့် အစောင့်ဟူ၍ မထားတော့ဘဲ တခြားမျိုးနွယ်စုဝင်များနှင့်ပင် စကားပြောနေကြလေသည်။ သို့သော် ရှောက်ရွှမ်က သူတို့ကို သတိထားရန် မှာထားသဖြင့် သတိမလွတ်ရဲပါ။ အထူးသဖြင့် တိရှန်မျိုးနွယ်စုမှလူများကို ပိုသတိထားနေရသည်။
ထွော်နှင့်လဲ့တို့ စိတ်ကျဉ်းကျပ်နေသည်ကို သိသဖြင့် ရှောက်ရွှမ်သည် သူတို့ကို ဘာမှမပြောတော့ဘဲ သတိပေးစရာရှိသည်များကို သတိပေးနေလေတော့သည်။ “သေသွားတဲ့လူတွေကို ကျွန်ပိုင်ရှင်တွေနဲ့ သူတို့ရဲ့ကျွန်တွေက သတ်ပစ်တယ်ဆိုတာကို မေ့မပစ်နဲ့”
သူတို့ရောက်နေသော နေရာသည် ကြောက်မက်ဖွယ်သားရဲကြီးများ သိပ်မရှိသဖြင့် အပြင်ရန်ကို ကြောက်စရာမလိုပါ။ အဖွဲ့ထဲက အတွင်းရန်ကိုသာကြောက်ရမည်ဖြစ်သည်။
အားလုံးသည် အဖွဲ့တစ်ဖွဲ့ထဲတွင် ရောက်နေကြသော်လည်း အဖွဲ့ဝင်များမှာ မျိုးနွယ်စု အသီးသီးမှ လာကြခြင်းဖြစ်လေသည်။ သေချာကြည့်သောအခါ မျိုးနွယ်စုဝင်များမှာ ကိုယ့်အဖွဲ့နှင့် ကိုယ်သီးသန့်နေကြသည်ကို တွေ့လိုက်ရသည်။
စုရပ်ကနေထွက်ခွာလာပြီးနောက် ခရီးသွားအဖွဲ့သည် အရပ်မျက်နှာတစ်ဖက်ကို ဦးတည်၍ သွားလေသည်။ ထိုဦးတည်ရာဘက်ကို ရှောက်ရွှမ်တစ်ခါမှ မသွားဖူးပါ။
တစ်ရက်ခန့်ကြာသောအခါ ကျွန်၂၀၀ခန့်ပါသော လူတန်းရှည်ကြီးတစ်ခုကို သူတို့တွေ့လိုက်ရသည်။
ကျွန်များကို နွယ်ကြိုးအရှည်ကြီးများဖြင့် တုတ်နှောင်ထားပြီး လူတန်းဘေးတွင်တော့ အစောင့်များက ကြာပွတ်များကို ကိုင်ထားကြလေသည်။ သူတို့က ကြိုးတုပ်ခံထားရသော ကျွန်များထက် တဆင့်မြင့်သော ကျွန်များဖြစ်ကြလေ
သည်။