← Chapters

ကျွန်များ

Vol. 19 Ch. 281

ကျွန်များ

Vol. 19 Ch. 281

ကျွန်များ၏ လက်ကောက်ဝတ်များကို ကြိုးများတုပ်ထားလေသည်။ သူတို့ကိုယ်တွင်လည်း အရှက်လုံရုံလောက်သာရှိသော အဝတ်များကို ဝတ်ဆင်ထားလေသည်။

နေလောင်ထားသောကြောင့် အားလုံးမှာ ညိုမဲနေကြပြီး နှုတ်ခမ်းများမှာလည်း ခြောက်ကပ်နေကြသည်။ အားလုံးမှာ ဖိနပ်မပါဘဲ လမ်းလျှောက်နေရသဖြင့် သနားစဖွယ်ကောင်းလှပေသည်။ ကုသမှုကောင်းကောင်းမခံရသဖြင့် ဒဏ်ရာရထားသူများမှာလည်း သူတို့အနာများတွင် ယင်တစ်လောင်းလောင်း ဖြစ်နေရသည်။

“အဲဒီကျွန်တွေကို ဘယ်နေရာကို ပို့မှာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။ သူသာမမေးပါက သူ့ကို ဘယ်သူကမှ ရှင်းပြမည်မဟုတ်ကြောင်း သိထားသည်။ ထို့ကြောင့် သူကစမေးလိုက်ရခြင်း

ဖြစ်သည်။ သူ့ကိုလှောင်ပြောင်သူများ ရှိလျှင်လည်း သူဂရုစိုက်မည်မဟုတ်ပါ။ သူလိုချင်သောအဖြေကို ရလျှင် ကျေနပ်ပြီဖြစ်သည်။

ထိုမေးခွန်းကို ရှောက်ရွှမ်မေးလိုက်သောအခါ တချို့လူများက သူ့ကိုရယ်ကြသော်လည်း တချို့ကတော့ သူလိုချင်သော အဖြေကို ပြောပြကြသည်။ သို့သော် သူ့ကို လှောင်ပြောင်ချင်နေကြတုန်းတော့ဖြစ်သည်။ ရှောက်ရွှမ်ကတော့ သူလိုချင်သည့်အဖြေကို ရရှိသွားပြီဖြစ်သည်။

“ကျွန်ပိုင်ရှင်တွေနေတဲ့နေရာကို ပို့မှာပေါ့ကွ” တစ်ယောက်ကဖြေလိုက်သည်။

“ကျွန်ပိုင်ရှင်တွေနေတဲ့နေရာလား…ကျွန်တော်တို့ သွားမှာ အဲဒီနေရာကိုလား” ရှောက်ရွှမ်ကမေးလိုက်သည်။

“ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ..ကြောက်လို့လား” ထျန်းရှန်မျိုးနွယ်စုဝင်တစ်ယောက်က

လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။

ရှောက်ရွှမ် အသံတိတ်သွားသည်။ သူသည် ကောင်းကင်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူလာခဲ့ရာလမ်းတလျှောက်ရှိ မြင်ကွင်းများကို ပြန်စဉ်းစားကြည့်နေသည်။ ထို့နောက် “ ကျွန်ပိုင်ရှင်တွေနေတဲ့နေရာက သိပ်တော့မကောင်းဘူး” ။ အခုအတိုင်းရှေ့တည့်တည့်ဆက်သွားမည်ဆိုလျှင် သူတို့သည် သဲကန္တာရတစ်ခုဆီသို့ ရောက်သွားမည်ဖြစ်သည်။ ကျွန်ပိုင်ရှင်များသည် သဲကန္တာရထဲတွင် နေကြသည်လား။ ရှောက်ရွှမ် အလွန်သိချင်သွားသည်။

ကျွန်ပိုင်ရှင်များသည် ဗဟိုဒေသမှ မျိုးနွယ်စုကြီးများကို ရှောင်ရှားပြီးနေထိုင်မည်ဆို သည်ကိုတော့ ရှောက်ရွှမ်သိသည် သို့သော် သဲကန္တာရလိုနေရာမျိုးတွင်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားပါ။

“အဲဒါမကောင်းဘူးလား” ဟွမ်ယဲ့ဘေးမှ သက်လတ်ပိုင်းလူတစ်ယောက်က ပြောလိုက်

သည်။ “သူတို့ကတော့ သာသာယာယာပဲပေါ့ကွာ…ကျွန်တွေသာ ဒုက္ခရောက်ရတာပေါ့” ။

အဲဒါတော့ သေချာသည်။ ကျွန်များက ကျွန်ပိုင်ရှင်များကို အလုပ်အကြွေးပြုရသည်။

ထိုအချိန်တွင် ကျွန်များတန်းစီသွားနေသော လူတန်းရှည်ကြီးထဲမှ ကျွန်တစ်ယောက်သည် ကြိုးများပြေသွားပြီး ရှောက်ရွှမ်ဆီသို့ ပြေးလာလေသည်။ သူသည် အလွန်တရာပိန်သောလည်း လျင်မြန်စွာပြေးနိုင်သောကြောင့် လူများက သူ့ကို အားပြတ်နေသည်ဟု မထင်ကပါ။

လူတန်းရှည်ကြီးထဲမှ တစ်ယောက်က အော်လိုက်ပြီး ထွက်ပြေးသွားသော ကျွန်ကို ကြည့်နေလေသည်။ ထိုအသားများမည်းနက်နေပြီး ဦးခေါင်းကြီးကြီး ကျွန်သည် အက်ကွဲခြောက်သွေ့စွာ အော်ဟစ်ရင်း ရှောက်ရွှမ်ဆီသို့ ပြေးလာလေသည်။ သူသည် အကူအညီတောင်းလို၍ ရှောက်ရွှမ်ဆီကို ပြေးလာခြင်းဖြစ်ပေလိမ့်မည်။ သူ့မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်သမ်း

နေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။

“ဇွက်” ပြေးနေသော လူ၏ကိုယ်ထဲကို သစ်သားအချွန်တစ်ခုစိုက်ဝင်သွားပြီး သွေးများက မြေပေါ်ကျသွားသည်။ ထိုကျွန်၏မျက်လုံးများမှာလည်း အရောင်မှိန်သွားပြီဖြစ်သည်။

လက်ထဲတွင် ကြာပွတ်တစ်ချောင်းကိုင်ထားသော လူသည် လဲကျသွားသော ကျွန်နားသို့ ချဉ်းကပ်သွားသည်။သူ့နဖူးပေါ်တွင်တော့ “တိုင်” ဟူသော စာလုံးကို ဆေးမင်ကြောင်ရေးထိုးထားလေသည်။

“အဲဒါ တိုင်ရဲ့ကျွန်ပဲ” တစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။ ကျွန်တစ်ယောက် သေသွားသည့်အတွက် မည်သည့်ခံစားချက်မှ ဖြစ်ပေါ်မလာပါ။

ကျွန်များကိုလည်း အဆင့်အတန်းခွဲခြားထားသည်။ အဆင့်နိမ့်သော ကျွန်များကတော့ ဘွဲ့တံဆိပ်မရရှိကြပါ။ သို့သော် အဆင့်မြင့်သော

ကျွန်များထဲတွင် အောက်ဆုံးအဆင့် ကျွန်များကို “တိုင်”ကျွန်များဟု သတ်မှတ်ထားသည်။ထိုသူများ၏ နဖူးပေါ်တွင် တိုင်ဟူသော အမှတ်အသားနှင့် တူသောတံဆိပ်တစ်ခုကို ဆေးမင်ကြောင်ထိုးထားသည်။ ထို့ကြောင့် သူတို့ကို တိုင်ကျွန်များဟု ခေါ်ကြခြင်းဖြစ်သည်။ သူတို့သည် အငယ်တန်းမျိုးနွယ်စုစစ်သည်တော်များကို ရင်ဆိုင်နိုင်သော ခွန်အားမျိုးပိုင်ဆိုင်ထားကြသည်။

ကျွန်တစ်ယောက်၏ အိပ်မက်သည် တိုင်ကျွန်တစ်ယောက်ဖြစ်လာရန်ပင် ဖြစ်သည်။ သူတို့သည် ကျွန်များဖြစ်သော်လည်း အငယ်တန်းစစ်သည်တော်တစ်ယောက်၏ ခွန်အားမျိုးကို ပိုင်ဆိုင်ရလျှင် ကျေနပ်နေကြမည်သာဖြစ်သည်။

တိုင်ကျွန်များသည် အခြားအဆင့်မြင့်ကျွန်များနှင့် နှိုင်းယှဉ်လျှင် အဆင့်နိမ့်သော ကျွန်များဖြစ်သည်။ တိုင်ကျွန်များထက် အဆင့်မြင့်သည်မှာ ပုကျွန်များ ဖြစ်သည်။ ယခုကျွန်အဖွဲ့တွင် ပုကျွန်အနည်းငယ်ပါလာသည်။ သူတို့က

ကြာပွတ်မကိုင်ဘဲ ဓားများကိုသာ ကိုင်ဆောင်ကြသည်။ သူတို့သည် ကျွန်အဖွဲ့၏ အရေးကိစ္စများကို ဝင်စွက်ဖပ်လေ့မရှိသဖြင့် သူတို့မှာ အန္တရာယ်မရှိဟု လူအများက ထင်ကြပေမည်။ သို့သော် သူတို့လှုပ်ရှားလျှင် ကျွန်တစ်ယောက်ကို သတ်သည်ထက် သွေးစွန်းသွားမည် ဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးသောကျွန်ကို ပုကျွန်က စိုက်ကြည့်လိုက်ခြင်းဖြစ်သည်။ တချို့က ခေါင်းပင်ထောင်မကြည့်ဘဲ ကိုယ်သွားစရာရှိသည်ကို ဆက်သွားကြ သည်။ ထိုပြဿနာကို ဖြေရှင်းရန် အဆင့်နိမ့်သော ပုကျွန်များက တာဝန်ယူလိမ့်မည်။

တိုင်ကျွန်များသည် ရှောက်ရွှမ်ရပ်နေသော ဘက်ကို ကြည့်လိုက်ပြီးနောက် မြေပေါ်လဲကျနေသော ကျွန်ဆီ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းသွားကြသည်။ သူသည် လဲကျနေသော ကျွန်ကို အသနားအညှာတာမရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် သေနေပြီးသာသူတစ်ယောက်ကိုကြည့်နေသလို သူ့အကြည့်များမှာ အေးစက်ပြီး ဓားတစ်ချောင်းလို ခက်ထန်နေသည်။

တိုင်ကျွန်သည် အသက်ရှူရပ်သွားသော ကျွန်ကို ခြေထောက်မှ ဆွဲပြီး အဖွဲ့ဆီပြန်သွားလေသည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် စွပ်ကြောင်းကြီးတစ်ခု ကျန်ခဲ့လေသည်။

တိုင်ကျွန်သည် ကျွန်အလောင်းကို အဖွဲ့ဆီသို့ ပြန်ဆွဲလာပြီး အောက်တန်းအဆင့်ကျွန်အဖွဲ့ဆီသို့ ပစ်ပေးလိုက်သည်။ ထိုအခါ လက်ကို ကြိုးတုပ်ခံထားရသောကျွန်များသည် သေသွားသော ကျွန်ဆီသို့ ပြေးသွားသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။

“အဲဒါက…”လဲ့တစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားသည်။

ခြေလက်၈ဖက်မျိုးနွယ်စုမှ လူများကတော့ လေသံတစ်မျိုးဖြစ်သည် “ဒီကောင်တွေ အစာစားရဖို့အတွက် ပြိုင်နေတာဖြစ်ရမယ်”

လက်ကောက်ဝတ်များကို ကြိုးတုပ်ထား

သော်လည်း လက်မောင်းများ၊လက်ချောင်းများ၊ ခြေထောက်များက လှုပ်ရှား၍ ရနေသေးသည်။ သူတို့စားရမည့်အစာသည် လူသားဖြစ်နေမည်ဆိုလျှင်တောင် ငြင်းဆိုနေမည်မဟုတ်ပါ။ သူတို့မစားပါက သူတို့သည် ငတ်သေရတော့မည် ဖြစ်သည်။ စားမှသာ အသက်ရှင်သန်နိုင်မည်ဖြစ်သည်။

ရှောက်ရွှမ်နှင့် ကျန်သူများ တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသောအခါ ထျန်းရှန်မျိုးနွယ်စုဝင်များက “ သူတို့အပြုအမူတွေအတွက် မခံမရပ်နိုင်အောင် ဖြစ်နေတာလား…မခံနိုင်ဘူးဆိုရင် အဆင့်နိမ့်ကျွန်တစ်ယောက် နှစ်ယောက်လောက်ကို သွားကယ်လို့ရတယ်…ကျွန်တွေကိုယ့်နားရောက်လာတဲ့အချိန် ကယ်လိုက်ရုံပဲ”။

အဖွဲ့အတွင်းမှ လူများ၏ အပြုအမူများကို ကြည့်မိသောအခါမှ ရှောက်ရွှမ်သည် သူတို့နားမလည်သေးသော ကိစ္စများရှိသေးကြောင်း နားလည်သွားသည်။ လူများက ကျွန်များကို စိတ်ပျက်ရွံ့ရှာသော အကြည့်များဖြင့် ကြည့်နေကြသည်။

မျိုးနွယ်စုစစ်သည်တော်များကလည်း ကျွန်များကို အထင်သေးကြသည်။ ကျွန်များသည် ဘိုးဘေးများကို သစ္စာဖောက်မည့်သူများဖြစ်ကြသည်။ သို့သော် ခြေလက်၈ဖက်မျိုးနွယ်စုဝင် စစ်သည်တော်များကတော့ အခြားလူများလိုမဟုတ်၊ ကျွန်များကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ရှောက်ရွှမ်သည် ထိုအကြောင်းအရာကို ချွီဆဲ့ဆီက သိလိုက်ရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ခြေလက်၈ဖက်မျိုးနွယ်စုသည် အခုလို အဖြစ်မျိုးကို ကြုံတွေ့ခဲ့ရသည်။ တိုင်ကျွန်များကို သတ်ပြီး အဆင့်နိမ့်ကျွန်များကို ကယ်တင်ခဲ့ကြသည်ဟု ဆိုကြသည်။

အမှန်တော့ ခြေလက်၈ဖက်မျိုးနွယ်စုမှ လူများသည် ကျွန်များကို လျှို့ဝှက်စွာကယ် တင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့လျှို့ဝှက်ချက်ပေါ်သွားလေသည်။ သူတို့သည် ကျွန်များကို ကယ်တင်ပြီးနောက် ဆက်လက်ထွက်ခွာရန် ပြင်

နေစဉ်မှာ ခြေလက်၈ဖက်မျိုးနွယ်စုမှ ကောင်မလေးတစ်ယောက်သည် ကျွန်တစ်ယောက်ကို အသားခြောက်တစ်ခုပေးလိုက်သည်။ ထိုကျွန်က ကောင်မလေးမွေးထားသော ပင့်ကူကို မြင်လိုက်ရသည်။ နောက်ပိုင်းတွင်တော့ ထိုကျွန်ကို ဖမ်းမိသွားသည်။ သူသည် ဖမ်းမိခံရသောအခါ အပြစ်အားလုံးကို ဝန်ခံလိုက်သည်။ “ကျွန်တွေကို ကယ်လိုက်တဲ့လူတွေကတော့ မိတ်ဆွေတွေ၊လူကြီးသူမတွေနဲ့ ခရီးထွက်နေတုန်း အသတ်ခံလိုက်ရတယ်လို့ ပြောတယ်” ချွီဆဲ့က ပြောပြနေသည်။

ခြေလက်၈ဖက်မျိုးနွယ်စုမှ လူတစ်ဒါဇင်ကျော်လောက် အသတ်ခံလိုက်ရသည်။ ထိုထဲတွင် အကြီးတန်းစစ်သည်တော်များပင် ပါဝင်နေလေသည်။ သူတို့ကို တိုက်ခိုက်သော ကျွန်များထဲတွင် တိုင်ကျွန်သုံးဆယ်နှင့် ပုကျွန်လေးယောက်တို့ပါဝင်လေသည်။ ပုကျွန်တစ်ယောက်၏ အစွမ်းသည် သာမန်အလတ်တန်းစစ်သည်တော်တစ်ယောက်နှင့် ညီမျှလေသည်။ ထို့ပြင် ထိုကျွန်များသည် သူတို့အသက်ကို စွန့်၍ တိုက်ခိုက်ကြ

ခြင်းဖြစ်လေသည်။ အခြားသူများကို တိုက်ခိုက်ရန်အတွက် ကိုယ့်ကိုယ်ကို အထိခိုက်ခံ၍ တိုက်ခိုက်ကြလေသည်။

ကျွန်များဆိုသည်မှာ ကျွန်ပိုင်ရှင်များအတွက်တော့ လက်နက်ကိရိယာများသာဖြစ်လေသည်။ လက်နက်ကိရိယာများပျောက်ဆုံးသွားလျှင် ကျွန်ပိုင်ရှင်များသည် ဝမ်းနည်းနေမည်မဟုတ်ဘဲ နောက်လက်နက်ကိရိယာအသစ်များကို ရှာဖွေကြမည်ဖြစ်သည်။

နောက်တော့ ခြေလက်၈ဖက်မျိုးနွယ်စုဝင်တွေက ကျွန်တွေအကုန်လုံးကို သတ်ပစ်လိုက်တယ်…ကျွန်တွေကို တစ်ယောက်မှ ချမ်းသာမပေးဘဲ အကုန်လုံးကို သတ်ပစ်လိုက်တယ်ဆိုပါတော့” ချွီဆဲ့ကပြောလိုက်သည်။ ထို့နောက် ရှောက်ရွှမ်နှင့် ကျန်သူ၂ယောက်ကို ကြည့်လိုက်ပြီး “ ဒီလိုမျိုးအဖြစ်တွေကို အခြားမျိုးနွယ်စုဝင်တွေလည်း ကြုံဖူးပါတယ်…ဒီကျွန်တွေက ငါတို့ကို မပြောနဲ့ သူတို့ ဘိုးဘေးတွေကိုတောင် သစ္စာဖောက်မဲ့ကောင်တွေကွ” ဟုပြောလိုက်သည်။

“သူတို့ ကျွန်ပိုင်ရှင်တွေကို ရော သစ္စာမဖောက်ဘူးလား” ရှောက်ရွှမ်က မေးလိုက်သည်။

“အဲဒါကတော့ သူတို့ သတ္တိပေါ်မှ မူတည်တယ်…ကျွန်ပိုင်ရှင်တွေလည်း မတူတော့ ကျွန်တွေရဲ့ အကျင့်စရိုက်တွေလည်း တူမှာမဟုတ်ဘူး…သူတို့လိုလူတွေ အများကြီးကို တွေ့ဖူးမှ မင်းသေချာနားလည်သွားလိမ့်မယ်…” ။

ကျွန်အဖွဲ့ထွက်ခွာသွားသောအခါ ခရီးသွားအဖွဲ့က ရှေ့ဆက်သွားရန် ပြင်ဆင်လေသည်။ အစားခံလိုက်ရသော ကျွန်ကတော့ အရိုးလောက်သာကျန်ခဲ့သည်။ အသေကောင်စားပိုးမွှားများက ထိုအလောင်းနားတွင် ဝိုင်းနေကြသည်။

ခရီးစဉ်နောက်ပိုင်းတွင်တော့ ရှောက်ရွှမ်တို့သည် ထိုကျွန်အဖွဲ့နှင့် ထပ်မံမဆုံစည်းရတော့ပါ။ သူတို့နှင့် လမ်းကြောင်းမတူသောကြောင့် ဖြစ်ပေလိမ့်မည်။

ရှေ့ဆက်တိုးသွားကြလေ လေထုက ပိုမိုခြောက်သွေ့လာလေဖြစ်ကြောင်း ရှောက်ရွှမ်သတိထားမိလိုက်သည်။ ဘေးပတ်ဝန်းကျင် သီးနှံပင်များလည်း သိပ်မရှိတော့။ အခြားနေရာများနှင့် ယှဉ်လျှင် သူတို့ယခုနေရာက်နေသော နေရာတွင် သားကောင်များနှင့် သစ်ပင်များမှာ အလွန်နည်းပါသည်။ မြက်ခင်းများပင် ခြောက်သွေ့လျက်ရှိသည်။

ခရီးသွားအဖွဲ့သည် ငါးရက်တိုင် ခရီးနှင်ခဲ့သည်။ အဖွဲ့ဝင်အချို့မှာ ခြေကုန်လက်ပန်းကျကုန်ကြပြီ ဖြစ်သည်။

“ရှေ့နည်းနည်းဆက်သွားကြမယ်…အဲဒီမှာ မျိုးနွယ်စုတစ်ခုရဲ့ရွာတစ်ရွာရှိတယ်…အဲဒီရွာမှာ ငါတို့နားလို့ရတယ်” သက်ကြီးပိုင်းတစ်ယောက်က ပြောလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ လူငယ်ပိုင်းက အားတက်သွားကြသည်။ “ဒီလိုနေရာမျိုးမှာ မျိုးနွယ်စုတစ်ခုနေသေးတာလား…

အဲဒီမျိုးနွယ်စုရဲ့ နာမည်က ဘယ်လိုခေါ်လဲ”

“မိုးမျိုးနွယ်စုတဲ့” တစ်ယောက်က ပြန်ဖြေလိုက်သည်။

ရှောက်ရွှမ်သည် နေခြည်ဖြာနေသော ကောင်းကင်ကို ကြည့်လိုက်သည်။ မိုးမျိုးနွယ်စုဆိုပါလား။

“ယန်ဆွေ့ဆိုသော ကောင်လေးရှိသေးသလား…မိုးမျိုးနွယ်စုရဲ့ နတ်ဆေးဆရာဖြစ်လာပြီလား”

All Chapters