← Chapters

မိုးခေါ်ခြင်း အပိုင်း(၂)

Vol. 19 Ch. 284

မိုးခေါ်ခြင်း အပိုင်း(၂)

Vol. 19 Ch. 284

မိုးမျိုးနွယ်စုက ဧည့်သည်များနားနေရန် ပြင်ဆင်ပေးထားသော သစ်သားအိမ်များအတွင်းတွင် ခရီးသွားများက တစ်ညတာ အနားယူရန် ပြင်ဆင်နေကြသည်။ မနက်လင်းလာလျှင် ဖရိုဖရဲဖြစ်နေမည့် အဝတ်အစားများကို ကြည့်ပြီး ညက သူတို့ဘယ်လိုအိပ်သွားကြလဲ သိနိုင်ပါသည်။

ရှောက်ရွှမ်တစ်ယောက် မျက်လုံးများကို ဖွင့်လိုက်သောအခါ အိမ်ထဲတွင် မှောင်မည်းနေသည်။ သို့သော် နှစ်ပေါင်းများစွာလေ့ကျင့်ထားသော ပင်ကိုယ်အသိစိတ်နာရီအရ နေထွက်နေပြီဆိုတာကို သူသိလိုက်သည်။

သစ်သားအိမ်များကို ဆောက်ထားသော လက်ရာမှာ အတော်ညံ့ပါသည်။ ခေါင်မိုးများတွင်အပေါက်များရှိသလို၊ ထရံများကြားတွင်လည်း နေရာလပ်များ ဖြစ်ပေါ်နေပါသည်။ ထို့ကြောင့်

နေထွက်သည်ဆိုလျှင် ထိုနေရာမှ နေရောင်ခြည်များ ဖြတ်သန်းဝင်လာမည် ဖြစ်သည်။

သို့သော် အခန်းထဲမှ လေထုကတော့ အာရုဏ်မတက်သေးသော ညတစ်ညကဲ့သို့ဖြစ်နေလေသည်။ အနည်းငယ်မျှသော အလင်းရောင်ရှိသောလည်း အမှောင်ထုကတော့ ကြီးစိုးနေဆဲဖြစ်သည်။

“ဘာဖြစ်တာလဲ” ထွော်က တဖက်သို့လှိမ့်လာပြီး ကောက်ရိုးအိပ်ရာပေါ်မှ ထလာသည်။ ထွော်၏စိတ်ထဲတွင်လည်း ထိုအချိန်လောက်သည် နေထွက်သင့်ပြီဟု ထင်လိုက်သည်။ သို့သော် မည်သည့်အလင်းရောင်ကိုမျှ မမြင်ရပါ။ နေရောင်ကိုမြင်ရမည့်အစား ပတ်ဝန်းကျင်အခြေအနေမှာ မှုန်မှိုင်းပြီး စိတ်ပျက်စရာ ကောင်းနေလေသည်။

“ဟမ်” ထွော်တစ်ယောက်စိတ်ရှုပ်သွားသည်။

ရှောက်ရွှမ်သည်လည်း တစ်ဖက်သို့လှိမ့်လိုက်သည်။ထိုအခါ အိပ်ရာပေါ်မှနေ၍ နူးညံ့သော သဲပြင်ပေါ်သို့ ကျသွားသည်။

“ကျွီ” ရှောက်ရွှမ်က တံခါးကို ဖွင့်လိုက်သည်။

လေနှင့်အတူဖုန်များပါ ပါလာသဖြင့် အခန်းထဲရှိလူများ ချောင်းတဟွတ်ဟွတ် ဖြစ်ကုန်ကြသည်။ တံခါးဖွင့်လိုက်သောအခါ နေရောင် ကျိုးတိုးကျဲတဲက အိမ်ထဲသို့ဝင်လာသည်။ ထိုအလင်းရောင်ဖြင့် ရှောက်ရွှမ်တို့သုံးယောက်သည် အိမ်ထဲက အခြေအနေကို မြင်လိုက်ရသည်။

သူတို့အိပ်သောနေရာမှလွဲ၍ တစ်အိမ်လုံး ဖုံများလွှမ်းနေပြီဖြစ်သည်။ ထိုဖုံများမှာ ခေါင်မိုးပေါ်မှ ကျလာခြင်းဖြစ်သည်။ မိုးမျိုးနွယ်စုမှလူများသည် စဉ်းစားတွေးခေါ်ဉာဏ်ကောင်းကြပါသည်။ သစ်သားကုတင်၏ ထိပ်ပိုင်း အမိုးနားတွင် သူတို့သည် ကောက်ရိုးဖျာတစ်ချပ်ကို ကာထားလေသည်။ ထိုအခါ အမိုးပေါ်မှ ဖုံများသည် ကုတင်ပေါ်သို့ ကျတော့မည် မဟုတ်ဘဲ ထိုဖျာပေါ်

သို့သာ ပြုတ်ကျတော့မည် ဖြစ်သည်။

“အဲဒါကြောင့် မနေ့ညက အသံတွေကြားနေရတာကိုး…ငါကောင်းကောင်းအိပ်လို့တောင်မရဘူး” လဲ့က သမ်းဝေရင်း ပြောလိုက်သည်။ ထို့နောက် အိမ်ထဲမှ အခြေအနေများကို ကြည့်လိုက်သည်။

တောင်ပေါ်ဒေသများတွင် အမဲလိုက်နေကျလူများမှာ သေချာကောင်းမွန်စွာ မအိပ်စက်ကြရပါ။ အသံနည်းနည်း ကြားသည်နှင့် နိုးလာတတ်ကြသည်။ အလွန်ထက်မြက်သော အကြားအာရုံကြောင့် တိတ်ဆိတ်သော ညအချိန်တွင် ဖုန်များ၊သဲများ ကျနေသော အသံကို ကောင်းစွာ ကြားနိုင်ကြလေသည်။

“ရာသီဥတုက မကောင်းဘူး…ငါတို့သွားကြမလား” ထွော်ကမေးလိုက်သည်။

“ဒီနေ့တော့ မသွားသေးဘူး” ရှောက်ရွှမ်သည် အိမ်နားတွင် ခြေသံတချို့ကို ကြားလိုက်ရသည်။ မကြာမီအချိန်အတွင်း ဟွမ်ယဲ့သည် သူတို့အိမ်

တံခါးဝတွင် ပေါ်လာသည်။

“ခရီးသွားအဖွဲ့အနေနဲ့ မိုးမျိုးနွယ်စုရွာမှာ ၂ရက်လောက်နေပြီး ရာသီဥတုကောင်းလာတာကို စောင့်ရမယ်” ဟွမ်ယဲ့က ရှောက်ရွှမ်တို့ ၃ယောက်ကို ပြောလိုက်သည်။

“ကောင်းပြီ” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။

“သတိထားကြဦိး…ဒီလိုဖုံထူတဲ့ ရာသီဥတုအခြေအနေမျိုးမှာ တချို့သတ္တဝါတွေ ထွက်လာတတ်တဲ့…သတိနဲ့နေကြဦး” ဟွမ်ယဲ့သည် မိုးမျိုးနွယ်စုရွာသို့ အခုမှ ရောက်ဖူးသော လူငယ်စစ်သည်တော်များကို သတိပေးလိုက်သည်။ ထို့ပြင် ဖုံထူလျှင်ထွက်လာလေ့ရှိသော သတ္တဝါများဆိုသည်မှာလည်း အတော်အန္တရာယ်ကြီးမည့်ပုံပေါ်သည်။ ထို့ကြောင့် ရှောက်ရွှမ်တို့ သတိမထားဘဲ နေမိမည်ကို စိုးရိမ်သောကြောင့် သတိပေးသွားခြင်းဖြစ်သည်။

စကားပြောနေရင်းနှင့် အခြေအနေသည်

ထူးခြားလာသည်ကို ဟွမ်ယဲ့ သတိထားမိလိုက်သည်။ ခေါင်းမော့ကြည့်လိုက်သောအခါ တောက်ပနေသော မျက်လုံး ၃စုံကို မြင်လိုက်ရသဖြင့် ဟွမ်ယဲ့ ပါးစပ်ပိတ်သွားသည်။

ထိုအကြောင်းအရာကို စဉ်းစားနေရင်း ဟွမ်ယဲ့တစ်စုံတရာကိုတွေးမိသွားသည်။

မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများသည် အခြားမျိုးနွယ်စုမှ လူများနှင့်မတူပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကြောက်မက်ဖွယ်သားရဲများနေသော နေရာနားတွင် နေကြခြင်းဖြစ်သည်။ ထို့ကြောင့် သတ္တဝါတစ်ကောင်ကောင် ရုတ်တရက် ပေါ်လာမည့်အခြေအနေကို သူတို့မကြောက်ကြပါ။ ထိုပေါ်လာသော သတ္တဝါကို ဖမ်းပြီး ချက်စားရန်ပင် စဉ်းစားနေကြမည်လား မသိပါ။

ဟွမ်ယဲ့အတွေးမှန်သွားသည်။ ရှောက်ရွှမ်နှင့် ကျန်သူ၂ယောက်တို့သည် သားကောင်များကို အစားအသောက်အတွက် ဖမ်းရန် စဉ်းစားနေကြ

ခြင်းဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အသားကို ကြိုက်နှစ်သက်ကြသည်။ ကိတ်မုန့်အမာစားများက သူတို့ကို မတင်းတိမ်စေပါ။

ဟွမ်ယဲ့ သက်ပြင်းချလိုက်သည်။ ရှောက်ရွှမ်တို့ကို သတိပေးစရာရှိသည်ကို ပေးပြီးသွားပြီ ဖြစ်သည်။ နောက်လူများကို သတိဆက်ပေးရန် တခြားအိမ်များသို့ သွားရဦးမည် ဖြစ်သည်။

ရှောက်ရွှမ်သည် အပြင်က ကောင်းကင်ကို ကြည့်လိုက်သည်။ မိုးမျိုးနွယ်စုဝင်များနေထိုင်သောနေရာမှ စူးရှသော အသံတစ်ခုထွက်ပေါ်နေသည်။ ဖုံများထူထပ်စွာ ကျနေသောကြောင့် ရှောက်ရွှမ်သည် ထိုနေရာမှ အခြေအနေကို ကောင်းစွာ မတွေ့ရပါ။ယန်ဆွေ့ကတော့ မိုးမျိုးနွယ်စုသည် အခြားသောနည်းလမ်းတစ်ခုဖြင့် မိုးခေါ်မည်ဟု ပြောလေသည်။

မိုးခေါ်မည့်အကြောင်းကို စဉ်းစားမိလိုက်သောအခါ ရှောက်ရွှမ် သက်ပြင်းချလိုက်မိသည်။

သူသည် တံခါးပိတ်ရန် ပြင်လိုက်စဉ် သူ့လက်များ ရုတ်တရက် ရပ်တန့်သွားသည်။ သူ့နောက်တွင်ရှိသော လဲ့နှင့်ထွော်တို့သည်လည်း သူတို့လုပ်လက်စ အလုပ်များကို ရပ်လိုက်ပြီးအခန်းထဲမှ သစ်သားစားပွဲနားကို ကြည့်လိုက်ကြသည်။

စားပွဲ၏ခြေထောက်များပတ်ပတ်လည်တွင် သဲလွှာများ ထူထပ်စွာဖုံးအုပ်နေခဲ့သည်။ သို့သော် အခုတော့ ထိုမျက်နှာပြင်မှာ အနည်းငယ်လှုပ်ရှားသွားသည်။ ထိုသဲပြင်အောက်တွင် တစ်စုံတရာ ရှိနေမည်မှာ ကျိန်းသေသည်။

လဲ့နှင့် ထွော်တို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

“အဲဒါငါ့ဟာနော်”

“ဦးသူ ယူကြေးပဲကွ”

သဲအောက်မှ သတ္တဝါသည် သူ့အတွက်

အန္တရာယ်ရှိနေကြောင်းကို သိလိုက်ရသောအခါ အိမ်အပြင်သို့ ထွက်ပြေးသွားသည်။ သတ္တဝါတစ်ကောင်သည် တံခါးကို ဖြတ်၍ အပြင်ဘက်ရှိ မြေပြင်ထဲသို့တိုးဝင်သွားသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။

“မြွေတစ်ကောင်ဟေ့” လဲ့နှင့် ထွော်တို့ကို သတိပေးလိုက်သည်။ ထိုကဲ့သို့ နေရာဒေသမျိုးတွင်ရှိသော မြွေများမှာ အလွန်အဆိပ်ပြင်းပါသည်။

အိမ်ထဲတွင် ကျန်ခဲ့သော လဲ့နှင့် ထွော်တို့ကတော့ သူတို့လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ သူတို့နေသော တဲအိမ်လေးပြိုကျသွားမည်စိုးသောကြောင့်ဖြစ်သည်။ မြွေအပြင်ပြေးထွက်သွားသည်ကို တွေ့မြင်လိုက်ရသဖြင့် ပျော်ရွှင်စွာဖြင့် ထိုမြွေနောက်သို့ ပြေးလိုက်သွားကြသည်။

မြွေသည် သဲပြင်အောက်သို့ နက်ရှိုင်းစွာ တိုးဝင်သွားသည်။ သို့သော် လဲ့နှင့် ထွော်တို့ သူ့နားရောက်လာသောအခါ ထိုမြွေသည် စပရိန်တစ်

ချောင်းလို ကန်ထွက်လာသည်။ တစ်မီတာခန့်ရှည်လျားပြီး၊ လက်မခန့်ရှိသော မြွေတစ်ကောင်ဖြစ်သည်။ မြွေသည် ပါးပြင်ထောင်လိုက်ပြီး အစွယ်၂ချောင်းကို ထုတ်လိုက်ကာ အဆိပ်ရည်များ ပန်းထုတ်လိုက်သည်။

ရှောက်ရွှမ်သည် တံခါးနားတွင် ရပ်နေသော်လည်း သဲပြင်ပေါ်သို့ အဆိပ်ရည်များ ကျသွားသံကို ကြားလိုက်ရသည်။

ထွော်က မြွေခေါင်းကို ဖြတ်ပစ်လိုက်သည်။ လဲ့ထက်ခြေတစ်လှမ်းစောသွားပြီး မြွေခေါင်းကို ဓားနှင့် ထုချေလိုက်သည်။ သူတို့ခါတိုင်းအမဲလိုက်လျှင်လည်း မြွေများကို ထိုနည်းလမ်းဖြင့် ရှင်းပစ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အချို့မြွေများသည် ခေါင်းပြတ်သွားသော်လည်း လူများကို ကိုက်နိုင်သေးသောကြောင့် ဖြစ်သည်။ ထိုသို့အဖြစ်မျိုးကို ရင်ဆိုင်ဖူးပြီးနောက် မြွေများနှင့် ရင်ဆိုင်ရလျှင် ဦးခေါင်းကို ထုချေပစ်စမြဲဖြစ်သည်။

“ငါ့ဟာဖြစ်သွားပြီကွ” ထွော်သည် ခေါင်းမပါတော့သော မြွေကြီးကို လဲ့ဘက်သို့ လွှဲလိုက်သည်။ လဲ့က ထိုမြွေကို လှည့်ပင်မကြည့်ပါ။ သူသည် တစ်စုံတရာကို သေချာအာရုံစိုက်၍ နားထောင်နေလေသည်။ ထို့နောက် နောက်လှည့်ကာ ခြေ၂လှမ်းဆုတ်လိုက်ပြီး ထခုန်လိုက်သည်။ လဲ့သည် သူ့လက်မောင်းကြွက်သားများကို ထုတ်လိုက်သောအခါ မီးတောက်ဦးချိုအမှတ်အသားများပေါ်လာလေသည်။ ထို့နောက် နေရာတစ်နေရာသို့ ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။

“ဖောင်း” မြေပြင်မှာ ထပေါက်သလိုဖြစ်သွားသည်။ လေပေါ်လွင့်တက်သွားသော သဲမှုန်များနှင့် ဖုန်မှုန့်များကြားတွင် တစ်စုံတရာက လျင်မြန်စွာ ခုန်ထွက်လာသည်။ ထိုတိုးထွက်လာသော သတ္တဝါကို ရှောက်ရွှမ်သည် သေချာကြည့်နေလေသည်။

သင်းခွေချပ်များလား။ မဖြစ်နိုင်ပါ၊ ယခုသတ္တဝါ၏ ခြေထောက်များသည် သင်းခွေချပ်ခြေထောက်များထပ် ထူထဲသလို ခန္ဓာကိုယ်မှာ

လည်း ၂မီတာခန့်ရှိသဖြင့် သင်းခွေချပ်ကိုယ်ထက် ရှည်လျားလေသည်။ ခန္ဓာကိုယ်အရောင်ကတော့ မြေကြီးအရောင်နှင့်ဆင်သော သဲအဝါရောင်ဖြစ်လေသည်။ ထိုသတ္တဝါများသည် ထူထဲသော ခြေထောက်ကြီးများရှိသောကြောင့် နှေးကွေးမည် ထင်ရသော်လည်း အလွန်လျင်မြန်သော သတ္တဝါများဖြစ်ကြလေသည်။

ထိုသတ္တဝါသည် မြေကြီးထဲတူးဝင်ရန် ကြိုးစားနေလေသည်။ သို့သော် လဲနှင့်ထွော်တို့က ၎င်းကို အခွင့်မပေးပါ။ လဲနှင့်ထွော်တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထိုသတ္တဝါမှာ သုံးစက္ကန့်အတွင်း အပိုင်းပိုင်းပြတ်သွားလေသည်။

သူတို့သည် အိမ်အပြင်တွင် အကြာကြီးမနေပါ။ လဲ့သည် ထိုသတ္တဝါကို အိမ်ထဲသို့ခေါ်လာပြီး အရေခွံနွှာလေသည်။ အခုမှသာ ထိုသတ္တဝါမျိုးကို မြင်ဖူးခြင်းဖြစ်သော်လည်း ထိုသတ္တဝါနှင့် ဆင်တူသော သတ္တဝါများကိုတော့ မြင်ဖူးနေကြဖြစ်သည်။ ထိုကဲ့သို့ သတ္တဝါမျိုးကို အခွံခွာရန် အခက်ခဲသောကြောင့် အလျင်စလိုပင် အမဲဖျက်

လိုက်ကြသည်။ ရေနှင့် ဆေးကြောခြင်းပင် မပြုလုပ်ကြတော့ပါ။ ထို့နောက် လဲ့က ထိုသားကောင်ကို အိမ်ထဲသို့ သယ်လာသည်။ ယနေ့အတွက်တော့ သူတို့အူစိုပြီဖြစ်သည်။ အခွံမာကိုတော့ သံချပ်အင်္ကျီချုပ်ရန် သိမ်းထားလိုက်သည်။

သူတို့ကနောက်တစ်ကောင် ဖမ်းချင်နေသေးသည်။ သို့သော် တခြားအကောင်များ ရှိနေသေးသည်ဆိုလျှင်တောင် သူတို့၏လှုပ်ရှားသံများကို ကြားပြီးနောက် ထွက်ပြေးသွားကြလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် နောက်တစ်ကောင်လိုချင်ပါက စောင့်ရုံသာ ရှိတော့သည်။

လဲ့နှင့်ထွော်တို့၏ အပြုအမူကို လူများအာရုံစိုက်မိသွားကြသည်။ အိမ်ထဲတွင် နားနေကြသော သူများသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသော အရာများကို သိရရန် တံခါးများကို ဖွင့်ကြည့်ကြလေသည်။

ရှောက်ရွှမ်သည် ခရီးသွားအဖွဲ့မှ လူများ

အပါအဝင် အခြားလူများ၏ အရိပ်အကဲကို ကြည့်နေရသောကြောင့် ချက်ခြင်းမလှုပ်ရှားသေးပါ။ အနားတွင် မိုးမျိုးနွယ်စုမှ လူများလည်း ရှိနေသည်။ မိုးမျိုးနွယ်စုဝင်အားလုံးမှာ သူတို့နှင့် ရင်းနှီးသည် မဟုတ်ပါ။ တချို့တလေက သားကောင်ကို ဝင်ဆွဲချင်သော်လည်း ရှောက်ရွှမ်၏ အကြည့်တို့ကို မြင်လိုက်ရသောအခါ နောက်ဆုတ်သွားကြသည်။

ရှောက်ရွှမ်တို့ အိမ်ထဲသို့ဝင်သွားသောအခါ အခြားလူများလည်း အကြည့်ကိုလွှဲလိုက်ကြသည်။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကတော့…”အခန်းထဲက လူတစ်ယောက်က ပြောလိုက်သည်။

“ဟိုသတ္တဝါကို ဘယ်လိုများဖမ်းလိုက်လဲ…”အားလုံးသည် အတွေးကိုယ်စီနှင့် ငြိမ်သက်သွားကြသည်။

ရှောက်ရွှမ်နှင့် သူ့အဖော်၂ယောက်ကတော့ အိမ်ထဲတွင် မီးမွှေးလိုက်ပြီး သူတို့ရလာသော သားကောင်ကို မီးကင်ရန် ပြင်ဆင်နေကြလေသည်။ အသားမှာ သဲများပေကျံနေသော်လည်း မာကြောသော ပေါင်မုန့်များထက်တော့ သာသေးသည်။ အသားတချို့စားပြီးနောက် ရှောက်ရွှမ်သည် အပြင်ခဏသွားရန် ပြင်ဆင်လိုက်သည်။

လဲ့နှင့်ထွော်တို့က ရှောက်ရွှမ်သည် မိုးမျိုးနွယ်စု၏ နတ်ဆေးဆရာနှင့် အဆက်အသွယ်ရှိသည်ကို သိသဖြင့် ဘာမှမပြောတော့ပါ၊ ထိုအစား သူတို့သည် စားစရာရှိသည်ကိုသာ ဆက်စားနေလိုက်ကြသည်။ အိပ်ရာမှနိုးလာလျှင် နောက်သားကောင် ၁ကောင် ၂ကောင်လောက်ဖမ်းမိလျှင် ကောင်းမည်ဟု တွေးနေကြသည်။

လေနှင့်သဲများကို ဖြတ်သန်း၍ ရှောက်ရွှမ်သည် သူမနေ့က သွားခဲ့သော တောင်ကုန်းလေးဆီသို့ သွားလိုက်သည်။

ယန်ဆွေ့ကတော့ သစ်သားအိမ်လေးထဲတွင်

နွားမြီးကို ကိုင်လျက်သားရှိနေလေသည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း ဖုံအထပ်ထပ်ဖြစ်နေသဖြင့် မနက်အစောပိုင်းထဲက အိမ်ပြင်ထွက်နေကြောင်း ထင်ရှားသည်။

“မိုးကိုခေါ်ဖို့အတွက် ဘာလို့ နွားမြီးကို သုံးရတာလဲ” ရှောက်ရွှမ်က အိမ်ထဲဝင်လာရင်းမေးလိုက်သည်။

ရှောက်ရွှမ်စကားကို ကြားသောအခါမှ ယန်ဆွေ့သတိပြန်ဝင်လာသည်။ လက်ထဲတွင်တော့ နွားမြီးကို ဝှေ့ယမ်းလျက်ပင်၊ ထို့နောက် နွားမြီးအကြောင်းကို ပြောပြလေသည်။

“ဟိုးရှေးရှေးတုန်းကတော့ ဘိုးဘေးတွေမိုးခေါ်တဲ့အခါကျရင် ကျောက်တုံးတွေကို သုံးတယ်လို့ပြောတယ်…အဲဒီကျောက်တုံးတွေက မိုးကျောက်တုံးလို့ခေါ်တဲ့ ထူးခြားတဲ့ ကျောက်တုံးလေးတွေဆိုပါတော့…ဒီနားတဝိုက်က တောင်တွေမှာ တူးလို့ရတယ်…အရောင်ကတော့ အနက်ရောင်ပဲ…ရာသီဥတု ပူနေတဲ့အချိန်မှာတောင် အဲဒီကျောက်

တုံးက ပူနေလေ့ရှိတယ်…မိုးခေါ်ဖို့ ငါတို့သုံးတဲ့ ကျောက်တုံးက လူတစ်ယောက်လောက်နီးနီး အရေးပါတယ်…မိုးခေါ်တဲ့အခါမှာ အဲဒီကျောက်တုံးကို နွားမြီးနဲ့ရိုက်ရတယ်”

“အဲဒါဆိုရင် မိုးရွာရောလား” ရှောက်ရွှမ်က မေးလိုက်သည်။

“ရိုးရာအကကိုလည်း ကရသေးတယ် ဒါပေမဲ့ အဲဒါက သိပ်အရေးမကြီးပါဘူး…ကျောက်တုံးကို နွားမြီးနဲ့ရိုက်ပြီး မိုးခေါ်ဖို့က ပိုအရေးကြီးတယ်…နောက်ပိုင်းတော့ မိုးခေါ်တဲ့နည်းက ပြောင်းလဲသွားလား ငါလည်း မသိတော့ဘူး…မိုးကျောက်တုံးတွေမှာ ရာသီဥတုကိုစောင့်တဲ့နတ်တွေရှိတယ်လို့ ဘိုးဘေးတွေက ပြောကြတယ်…အဲဒီနတ်တွေက လယ်ယာစိုက်ပျိုးတာတို့၊သီးနှံရိတ်သိမ်းတာတို့ကို စောင့်ရှောက်ပေးတယ်…နောက်ပြီးတော့ သဘာဝဘေးတွေ ရောဂါတွေကိုလည်း နိုင်တယ်လို့ပြောကြတယ်…အဲဒါကြောင့် လူတိုင်းက မိုးကျောက်တုံးတွေကို ကြောက်ကြတယ်…မျိုးနွယ်စုရဲ့ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်းတဲ့အနေနဲ့

နောက်ပိုင်းမှာတော့ အဲဒီမိုးကျောက်တုံးကို နွားမြီးနဲ့မရိုက်ကြတော့ဘူး…ရိုက်မိရင် အဲဒီအရိုက်ခံလိုက်ရတဲ့ ကျောက်တုံးက မကြာခင်ပျက်စီးမယ်လို့ပြောသလို ငါတို့တွေလည်း ရောဂါဘေးတွေနဲ့ ကြုံရမယ်လို့ပြောကြတယ်”

ယန်ဆွေ့သည် ထိုအကြောင်းအရာများကို ပြောပြနေစဉ်တွင် သူ့လေသံမှာ လှောင်ပြောင်သံပေါက်နေလေသည်။ သူ့ဘိုးဘေးများကို မလေးစား၍ ထိုသို့ဖြစ်ခြင်းမဟုတ်၊ သူသည် အချို့အရာများကို လွယ်လွယ်ယုံကြည်လေ့မရှိပါ။ သာမာန်လူများမတွေးခေါ်ရဲသောကိစ္စများကို သူကတွေးခေါ်ရဲသည်။ ထိုအကြောင်းကို အလုံးစုံသိထားသူများသာ နှိုက်နှိုက်ချွတ်ချွတ်တွေးရဲမည် ဖြစ်သည်။

မိုးကျောက်တုံးများကို ကျာပွတ်နှင့်ရိုက်သူများသည် အသက်ရှည်လေ့မရှိဟုဆိုကြသည်။ ထိုသို့ဖြစ်ခြင်းမှာ မိုးခေါ်ရသောအလုပ်မှာ စွမ်းအင်အလွန်ကုန်သော အလုပ်ဖြစ်နိုင်သောကြောင့် ဖြစ်ပြီး နတ်ဆေးဆရာများက ထိုအတွက် သူတို့စွမ်းအင်များကို စတေးလိုက်ရခြင်းဖြစ်ပေမည်။

အားနည်းသောသူများမှာ မိုးခေါ်ပြီးသောအခါတွင် မောပန်းနွမ်းနယ်နေကြလိမ့်မည်။ ထို့ပြင် ယန်ဆွေ့စကားအရ မိုးခေါ်ခြင်းမှာ ပိုပိုခက်ခဲလာသည်ဟုဆိုသည်။ ထို့ပြင် မိုးခေါ်ရာတွင် မအောင်မြင်သော နတ်ဆေးဆရာများကို မီးရှို့သတ်ပစ်သဖြင့် စိတ်ပိုင်းဆိုင်ရာဖိအားကလည်း အလွန်များသည်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဖိအားများသောကြောင့် မိုးခေါ်ရသော နတ်ဆေးဆရာများမှာ ဘယ်တုန်းကမှ စိတ်အေးလက်အေးမရှိခဲ့ကြပါ။ နတ်ဆေးဆရာတစ်ယောက်သည် အားနည်းပါက မိုးခေါ်ခြင်းအတွက် သူ့စွမ်းအားကို အကုန်သုံးပစ်ရမည် ဖြစ်သည်။

“မိုးကျောက်တုံးကို နွားမြီးနဲ့ရိုက်ပြီး မိုးခေါ်စရာမလိုတော့ဘူးဆိုရင် ဘာလို့ အဲဒီနွားမြီးနဲ့ လေ့ကျင့်နေတာလဲ” ရှောက်ရွှမ်သည် ယန်ဆွေ့လက်ထဲမှ နွားမြီးကို ညွှန်ပြလိုက်သည်။

“ဘိုးဘေးတွေနဲ့ မိုးနတ်ဘုရားရဲ့ခွင့်လွှတ်မှုကိုတောင်းဆိုဖို့ အသုံးပြုရတာ…ငါတို့ကျူးလွန်ထားတဲ့အပြစ်တွေအတွက် နွားမြီးကို ပေးလိုက်တာဆို

ပါတော့ကွာ” ယန်ဆွေ့သည် နွားမြီးကို ဝှေ့ယမ်းနေပြီး သူ့မျက်လုံးများကတော့ အရွဲ့တိုက်လိုသော မျက်လုံးများဖြစ်နေသည်။ “မိုးခေါ်ပြီးနောက်မှာ နတ်ဆေးဆရာတစ်ယောက်ကို မိုးနတ်ဘုရားက ရိုက်လိုက်တယ်လို့ ကြားဖူးတယ်”။

ရှောက်ရွှမ်တုန်လှုပ်သွားသည်။

ထိုသို့ဆိုလျှင် မိုးခေါ်ခြင်းနိယာမမှာ ပြောင်းလဲသွားမည်ဖြစ်သည်။ “မိုးရွာအောင်မလုပ်ပေးလျှင် ကျာပွတ်နှင့် ရိုက်မည်”ဆိုသောနိယာမမှ “မိုးကိုခေါ်ပြီး အပြစ်ပေးဖို့ တောင်းဆိုမည်”ဆိုသော နိယာမသို့ ပြောင်းလဲသွားသည်။ မိုးမျိုးနွယ်စုထဲမှလူများသည် မိုးနတ်ဘုရားနှင့် ကျာပွတ်ရိုက်တမ်းကစားနေပြီလား…သို့သော် နတ်ဆေးဆရာက ကျာပွတ်ကို တရွှမ်းရွှမ်း ရိုက်ခတ်နေသည့်တိုင် မည်သည့်မိုးမှ ရွာမလာပါပေ။

All Chapters