လက်ဆောင်
Vol. 11 Ch. 143
တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲ၌။
ရဲရှင်းဟွေ့က ဂျန်နရေတာမှ စွမ်းအင်ထုတ်စက် ကို ဖယ်ရှားလိုက်ပြီး ၎င်းကို ပြုပြင်မွမ်းမံထားသော လျှပ်စစ်စက်ဘီးထဲသို့ ချက်ချင်းထည့်သွင်းလိုက်သည်။
စွမ်းအင်ထုတ်စက် သည် ပါဝါနှင့်အောင်မြင်စွာ ချိတ်ဆက်မိသွားသောအခါ လျှပ်စစ်စက်ဘီး၏ ဂိုက်တိုင်အလယ်ရှိ မျက်နှာပြင်မှာ လင်းလာခဲ့၏။
မျက်နှာပြင်ပေါ်မှ အဖွင့်စခရင် တွင် ဟက်စကီတစ်ကောင် ရှေ့နောက်ပြေးလွှားနေသည်ကို ပြသထားရာ အလွန်ရယ်စရာကောင်းလှသည်။
“ဝုတ်... အာ့ကိုကျစ်က ခင်ဗျားကို ဝန်ဆောင်မှုပေးရန် အသင့်ပါ....”
အာ့ကိုကျစ်မှာ သူ၏တကယ့်စွမ်းရည်များကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲတွင် မပြသနိုင်ကြောင်း သိရှိသဖြင့် ရဲရှင်းဟွေ့သည် ချက်ချင်းပင် လျှပ်စစ်စက်ဘီးကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံမှ ထုတ်ယူလိုက်သည်။
သူအပြင်သို့ထွက်သွားသောအခါ ညနေပင်ရောက်နေခဲ့ပြီဖြစ်ပြီး ကျောင်းဆင်းချိန်ပင် ဖြစ်၏။
“အာ့ကိုကျစ်.... လမ်းကြောင်းပြဂြိုဟ်တုနဲ့ ချိတ်ဆက်....”
ရဲရှင်းဟွေ့က လျှပ်စစ်စက်ဘီးထဲရှိ ဉာဏ်ရည်တုဖြစ်သော အာ့ကိုကျစ်အား အမိန့်ပေးလိုက်သည်။
“ဝုတ်... ခဏစောင့်ပေးပါ....”
ချက်ချင်းပင် ကွန်ပျူတာ စခရင် ပေါ်တွင် ဟက်စကီတစ်ကောင် ဂြိုဟ်တုတစ်ခုကို အပြင်းအထန်ကိုက်ခဲနေသော ပုံရိပ်တစ်ခုကို ပြသလာ၏။
ဟက်စကီက ဂြိုဟ်တုကို လုံးဝဖြုတ်ချပြီးနောက် အာ့ကိုကျစ်သည်လည်း တရုတ်ပြည်တွင်းရှိ လမ်းကြောင်းပြဂြိုဟ်တုအားလုံးနှင့် အောင်မြင်စွာ ချိတ်ဆက်မိသွားသည်။
ဘာကြောင့် တရုတ်ပြည်တွင်း၌သာ ဖြစ်ရသနည်း....။
နောက်ဆုံးတွင် ၎င်းမှာ အာ့ကိုကျစ်သာဖြစ်ပြီး ဂျားဗစ် မဟုတ်ချေ။ ဤအဆင့်ရှိသော ဉာဏ်ရည်နှင့် တွက်ချက်နိုင်စွမ်းရှိခြင်းမှာပင် အလွန် ကောင်းမွန်နေပြီ။
ရဲရှင်းဟွေ့က လျှပ်စစ်စက်ဘီးကိုစီးကာ အိမ်သို့မောင်းနှင်သွားခဲ့သည်။
ဤလျှပ်စစ်စက်ဘီးကို ရဲရှင်းဟွေ့က ဂီယာရှစ်ခုအထိ ပြုပြင်မွမ်းမံထား၏။
သဘာဝကျစွာပင် အများဆုံးအသုံးပြုသောဂီယာများမှာ ပထမခြောက်ခု ဖြစ်လေသည်။
ပထမဂီယာမှာ သာမန်လျှပ်စစ်စက်ဘီးတစ်စီးနှင့်တူသည်။
ဒုတိယဂီယာ၏အရှိန်မှာ မော်တော်ဆိုင်ကယ်ငယ်တစ်စီးနှင့် ညီမျှ၏။
တတိယဂီယာအရှိန်မှာ ကားတစ်စီး၏အရှိန်ကို ပိုင်ဆိုင်သည်။
စတုတ္ထဂီယာမှာ ပြိုင်ကားမော်တော်ဆိုင်ကယ်တစ်စီး၏ အရှိန်ရှိ၏။
ပဉ္စမဂီယာမှာ အဆင့်မြင့်ပြိုင်ကားတစ်စီးနှင့်တူသည်။
ဆဋ္ဌမဂီယာမှာ တိုက်ခိုက်ရေးသုံး ပရော်ဖက်ရှင်နယ်ကားတစ်စီး၏ အဆင့်တွင်ရှိသည်။
သတ္တမနှင့် အဋ္ဌမဂီယာများအတွက်မူ ၎င်းတို့မှာ မြေပြင်သယ်ယူပို့ဆောင်ရေးနှင့် နှိုင်းယှဉ်၍ပင်မရတော့။
ပြောင်းလဲမှုက လုံးဝတော့ ပြီးပြည့်စုံခြင်းမရှိသေးပါပေ။
အကယ်၍ ရဲရှင်းဟွေ့၌ အချိန်အနည်းငယ်ပိုရှိခဲ့ပါက သူသည် ဤလျှပ်စစ်စက်ဘီးအား ပျံနိုင်စေရန် လုပ်နိုင်မှာအသေအချာပင်။
…….
ရဲရှင်းဟွေ့က ပဉ္စမဂီယာကိုဖွင့်လိုက်ရာ အရှိန်ကြောင့် နောက်သို့တွန်းကန်နေချိန်ပင် မျက်နှာကိုတိုက်ခတ်နေသောလေများက ပေါ့ပါးသောခံစားချက်ကို ပေးစွမ်းလေ၏။
အကယ်၍ ရဲရှင်းဟွေ့သာ ကျင့်ကြံသူတစ်ဦးမဟုတ်ပါက ပဉ္စမဂီယာဖြင့် သင့်တော်သောလေ့ကျင့်မှုမရှိဘဲ မောင်းနှင်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလုပ်ရပ်တစ်ခု ဖြစ်ပေလိမ့်မည်။
အာ့ကိုကျစ်၏ အလိုအလျောက်လမ်းကြောင်းပြမှုနှင့် အကူအညီပေးမောင်းနှင်မှုတို့ကြောင့် ရဲရှင်းဟွေ့သည် အခြားယာဉ်များနှင့် မီးပွိုင့်များကို ကျော်ချသည့်တိုင် ဘေးကင်းလုံခြုံနေဦးမည်ပင်။
ရဲရှင်းဟွေ့က တမင်တကာ ပတ်မောင်းနေသဖြင့် သူသည် ဆယ်မိနစ်အကြာမှ နောက်ဆုံး၌ ကျင်တုစံအိမ်တော်အဖွဲ့အစည်း၏ ဂိတ်သို့ရောက်ရှိလာခဲ့၏။
ကံကောင်းစွာပင် ပေါင်ပေါင်း၊ ဝက်ဝံကန်းနှင့် ရှီမင်ယန်တို့သည် ရပ်ကွက်၏ဂိတ်သို့ လျှောက်လှမ်းလာနေကြသည်။
“ဟေး.... ရဲရှင်းဟွေ့.... ဘာလို့မွန်းလွဲပိုင်းမှာ ကျောင်းထပ်ပြေးပြန်တာလဲ....။”
ရှီမင်ယန်က ရဲရှင်းဟွေ့ကိုမြင်သောအခါ ရဲရှင်းဟွေ့ ကျောင်းထပ်ပြေးသည့်ကိစ္စကို မေးမြန်းလိုက်သည်။
ရှီမင်ယန်မှာ အမှန်တကယ်ပင် ရဲရှင်းဟွေ့၏ သူငယ်ချင်းကောင်းဖြစ်ပြီး ရဲရှင်းဟွေ့၏ ကျောင်းပြေးသောအပြုအမူများအား သူအနည်းငယ် စိုးရိမ်မိ၏။ နောက်ဆုံးတွင် သာမန်လူတစ်ဦးအတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဘဝ၏အလွန်အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်လေ။
“ကိစ္စမရှိပါဘူး.... ငါ အတန်းပိုင်ဆရာမကို ပြောပြီးပြီ.... ဒီနောက်ဆုံးစာမေးပွဲမှာ ငါ့တန်းရဲ့ထိပ်ဆုံးဆယ်ယောက်ထဲမှာ သေချာပေါက်ပါမှာ....။ ပြီးတော့ ငါသာတန်းရဲ့ထိပ်ဆုံးဆယ်ယောက်ထဲဝင်သွားသရွေ့.... ငါအကြီးတန်းနှစ်မှာ အထက်တန်းကျောင်းကနေ တစ်နှစ်နားလို့ရပြီ....”
ရှီမင်ယန်မှာ ဤစကားကိုကြားလျှင် မယုံကြည်နိုင်ဖြစ်သွားမိသည်။ သူက “မင်းငါ့ကို နောက်နေတာလား....။ မင်းလား....။ ဒီနှစ်ထိပ်ဆုံးဆယ်ယောက်ထဲဝင်မယ်....။ ဘာလို့ငါက ဖြစ်နိုင်မယ်လို့ မယုံကြည်နိုင်ရတာလဲ....။” ဟုပြန်ပြောလိုက်၏။
“သွားစမ်း....” ရဲရှင်းဟွေ့က သူယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးဟု တွေးတောရင်း ဆိုလိုက်သည်။
ရှီမင်ယန်နှင့် စကားစမြည်ပြောပြီးနောက် ရဲရှင်းဟွေ့သည် ရဲဖန်ထံသို့ ဖုန်းဆက်ကာ သူ့အား လက်ဆောင်ကိုလာယူရန် အောက်ထပ်သို့ဆင်းလာခိုင်းလိုက်သည်။
ရဲရှင်းဟွေ့၏ လက်ဆောင်ရောက်ရှိလာပြီဖြစ်ကြောင်း ရဲဖန်သိသောအခါ သူသည် စိုးရိမ်ပူပန်မှုများပြည့်နှက်စွာဖြင့် အောက်ထပ်သို့ဆင်းလာခဲ့၏။
၎င်းမှာ အနည်းငယ်မိုက်သောရုပ်သွင်ရှိသည့် လျှပ်စစ်စက်ဘီးတစ်စီးမျှသာဖြစ်ကြောင်း သူမြင်သောအခါ သူသက်ပြင်းချလိုက်သည်။
ရဲဖန် ပုံမှန်စီးသောလျှပ်စစ်စက်ဘီးမှာ နဂါးနန်းတော်၏ နည်းပညာရှင်များက အထူးပြုပြင်မွမ်းမံထားခြင်းဖြစ်သည်။
အရှိန်ဖြစ်စေ၊ စွမ်းဆောင်ရည်ဖြစ်စေ ၎င်းမှာ စျေးကွက်ထဲမှလျှပ်စစ်စက်ဘီးများထက် သေချာပေါက် များစွာပို၍ကောင်းမွန်၏။
“ဘယ်လိုလဲ....။” ရဲရှင်းဟွေ့က လျှပ်စစ်စက်ဘီး၏ထိုင်ခုံကိုပုတ်ကာ ပြုံးရင်းဆိုလိုက်သည်မှာ “ခင်ဗျား ဒါကိုစီးပြီး စမ်းကြည့်ချင်လား....။”
ရဲဖန် ဤစကားကိုကြားသောအခါ သူပြုံးလိုက်ပြီး လျှပ်စစ်စက်ဘီးပေါ်သို့ ထိုင်လိုက်သည်။
ထိုင်လိုက်ပြီးနောက်တွင် ရဲဖန်သည် ခြားနားသောအရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။
ထိုင်ခုံ၏သက်တောင့်သက်သာရှိမှုကို မပြောဘဲထားပါဦး၊ ဤလျှပ်စစ်စက်ဘီး၏ လျှပ်စီးနိုင်စွမ်းမှာ သူ၏မူလစက်ဘီးထက် သေချာပေါက် များစွာပို၍ကောင်းမွန်လေသည်။
သူသည် ပထမဦးစွာ သူ၏ဘေးတွင်ပြုံးနေသော သူ၏တူ ရဲရှင်းဟွေ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လျှပ်စစ်စက်ဘီး၏သော့ကို လှည့်လိုက်သည်။
လျှပ်စစ်စက်ဘီး စက်နိုးလာပြီးနောက် ဂိုက်ကြားမှ စခရင် က အဖွင့်စခရင် ကိုပြသလာခဲ့ပြီး ဟက်စကီတစ်ကောင် ပျော်ရွှင်စွာ ပြေးလွှားနေခဲ့သည်။
“ဟေး.... ဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ....”
“ဦးလေး.... ခင်ဗျား အသံနဲ့အမိန့်ပေးလို့ရတယ်.... ဒါမှမဟုတ် မျက်နှာမှတ်သားမှုနဲ့ ချိတ်ဆက်ထားလို့ရတယ်.... ဒီလိုဆိုရင်.... ခင်ဗျား အခိုးခံရမှာကို စိုးရိမ်စရာမလိုတော့ဘူး....”
ရဲရှင်းဟွေ့၏ ညွှန်ကြားချက်များကိုကြားပြီးနောက် ရဲဖန်သည်လည်း သူ၏ရှေ့မှ စခရင် ကို လှည့်ပတ်ကစားလိုက်၏။
မကြာမီမှာပင် ဤလျှပ်စစ်စက်ဘီးနှင့် ပတ်သက်၍ ထူးခြားသောအရာကို သူရှာဖွေတွေ့ရှိခဲ့သည်။ ပထမတစ်ခုမှာ သူ၏ကိုယ်ပိုင်စကားကိုနားလည်နိုင်သော အာ့ကိုကျစ် ဉာဏ်ရည်တုဖြစ်ပြီး ဒုတိယတစ်ခုမှာ ဂီယာရှစ်ခုအထိရှိသော အမြန်နှုန်းချိန်ညှိမှုပင်တည်း။
သူဤလျှပ်စစ်စက်ဘီးအကြောင်းကို ပိုမိုလေ့လာလေ ရဲဖန်သည် ၎င်းကိုပိုမိုသဘောကျလေဖြစ်၏။
အရေးကြီးဆုံးအချက်မှာ ဤလျှပ်စစ်စက်ဘီး၏ ဘက်ထရီသက်တမ်းမှာ အလွန်အံ့ဩဖွယ်ကောင်းလွန်းသဖြင့် ၎င်းကို အမြန်ဆုံးအရှိန်ဖြင့် နှစ်ပေါင်းများစွာ မည်သည့်ပြဿနာမှမရှိဘဲ စီးနင်းနိုင်ခြင်းပင်။
ရဲဖန်၏ ပို၍ပို၍အံ့ဩလာသော အသွင်အပြင်ကိုမြင်သောအခါ ရဲရှင်းဟွေ့ ပြုံးလိုက်ပြီး “ဘယ်လိုလဲ.... ဒီလျှပ်စစ်စက်ဘီးက မိုက်တယ်မလား....။” ဟုဆိုလိုက်သည်။
“မိုက်တယ်....”
ရဲဖန်သည် ၎င်းကိုလက်မလွှတ်နိုင်ဖြစ်ကာ လျှပ်စစ်စက်ဘီး၏ဂိုက်ကို တို့ထိနေမိသည်။ ဤလျှပ်စစ်စက်ဘီးမှာ သူပိုင်ဆိုင်သောတစ်စီးထက် အမှန်တကယ်ပင် များစွာပို၍မိုက်သည်ဟု သူခံစားမိသည်။
“ဦးလေး.... အမှန်တော့ ဒီလျှပ်စစ်စက်ဘီးက နောက်ဆုံးတစ်ခုနဲ့တူတူပဲ လုပ်ဆောင်ချက်တွေရှိတယ်....”
“ဘာလုပ်ဆောင်ချက်လဲ....။”
ရဲဖန် ခံစားမိသည်မှာ ဤလုပ်ဆောင်ချက်များမှာ အလွန်အစွမ်းထက်ပြီးဖြစ်သော်လည်း သူသည်လည်း ပိုမိုများပြားသောလုပ်ဆောင်ချက်များရှိပါက ပို၍ကောင်းမည်ဟု ယုံကြည်၏။
ရဲရှင်းဟွေ့သည် ပြုံးလိုက်ပြီး “ခင်ဗျား အာ့ကိုကျစ်ကို 'ပျော်ရွှင်မှုမုဒ်ဖွင့်' လို့ အော်ခေါ်လိုက်ရုံပဲ.... ဒါဆို ခင်ဗျားသိသွားလိမ့်မယ်....” ဟုဆိုလိုက်သည်။
ရဲရှင်းဟွေ့မှ ပေးသောလျှပ်စစ်စက်ဘီးမှာ အမှန်တကယ်ပင် ကောင်းမွန်ပြီး ယခုအချိန်အထိ ရဲဖန်သည် ဤလျှပ်စစ်စက်ဘီးနှင့်ပတ်သက်၍ ထူးဆန်းသောအရာတစ်စုံတစ်ရာကို မခံစားမိခဲ့ပေ။
ရဲရှင်းဟွေ့ ပြောပြသည့် ဤလုပ်ဆောင်ချက်ကို ကြားရသည်မှာ အနည်းငယ်ထူးဆန်းသော်လည်း ရဲဖန်သည် စမ်းသပ်ကြည့်ရန် စီစဉ်ထားဆဲဖြစ်၏။
သို့သော် ရဲဖန်က [ပျော်ရွှင်မှုမုဒ်ဖွင့်] ဟု မအော်မီမှာပင် အာ့ကိုကျစ်သည် ရဲရှင်းဟွေ့၏ အမိန့်ကို လက်ခံရရှိပြီးဖြစ်၍ ပျော်ရွှင်မှုမုဒ်ကို အသက်သွင်းလိုက်သည်။
ပျော်ရွှင်မှုမုဒ်ကို အသက်သွင်းလိုက်သောအခါ ရဲဖန်မှာ ထိုင်ခုံပေါ်သို့ ရုတ်တရက် ချုပ်နှောင်ခြင်းခံလိုက်ရ၏။
ရဲဖန်၏ ခါးကိုထိန်းရန် ထိုင်ခုံအောက်မှ သိုင်းကြိုးတစ်ချောင်းပေါ်ထွက်လာပြီး ရဲဖန်၏ ခြေထောက်များကိုထိန်းရန် လျှပ်စစ်စက်ဘီး၏ ခြေနင်းနေရာတွင် သိုင်းကြိုးနှစ်ချောင်းပေါ်ထွက်လာခဲ့သည်။
သူ့ကိုချည်နှောင်သော ဤသိုင်းကြိုးများကိုတွေ့ရှိသောအခါ ရဲဖန် သူလှည့်စားခြင်းခံလိုက်ရကြောင်း သိရှိလိုက်၏။
သူ ရဲရှင်းဟွေ့ကို ကြည့်လိုက်စဉ်မှာပင် သူသည် ရဲရှင်းဟွေ့က သူ့အား လက်ဝှေ့ယမ်းပြရင်း ပြုံးနေသည်ကို တွေ့မြင်ခဲ့ရသည်။
“မင်း....။”
ရဲဖန် စကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် လျှပ်စစ်စက်ဘီးက ဒုံးပျံကဲ့သို့ ထွက်ခွာသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လျှပ်စစ်စက်ဘီး၏ စခရင် ပေါ်တွင် ရူးသွပ်စွာကစားပြီး ပျော်ရွှင်နေသော ဟက်စကီတစ်ကောင်ကို စတင်ပြသလာ၏။
ဖြစ်ပျက်သမျှကို သူမ၏မျက်လုံးများဖြင့် မြင်တွေ့ခဲ့သော ရဲလန်ယွဲ့သည် သူ၏အနည်းငယ်ဂုဏ်ယူနေဟန်တူသော ညီငယ်ကို သံသယအချို့ဖြင့်ကြည့်ကာ “ရှင်းဟွေ့.... လျှပ်စစ်စက်ဘီးက ငါတို့ဦးလေးကို ဘယ်ကိုခေါ်သွားမှာလဲ....။” ဟုမေးလိုက်သည်။
ဤစကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် ပခုံးတွန့်လိုက်ပြီး
“ဒါက တရုတ်ပြည်တစ်ဝက်လောက်ကို လှည့်ပတ်သွားပြီးတော့ ငါ့ဦးလေးကို အိမ်ပြန်ပို့ပေးမှာပါ.... စိတ်မပူပါနဲ့.... အဲဒီလျှပ်စစ်ကားက အရမ်းမြန်တယ်.... ဦးလေး မနက်စောစောအိမ်ပြန်ရောက်မယ်လို့ ငါထင်တယ်....”
ရဲလန်ယွဲ့: “…”
ရဲလန်ယွဲ့ တွေးတောမိသည်မှာ 'ငါက သူဘယ်တော့အိမ်ပြန်ရောက်မလဲဆိုတာကို စိုးရိမ်နေတာလား....။ သူတစ်စစီမဖြစ်ဘဲ အိမ်ပြန်ရောက်နိုင်ပါ့မလားဆိုတာကို ငါစိုးရိမ်နေတာ....'
စက်ဘီးသွားသော အရှိန်ကိုကြည့်ရုံမျှဖြင့် ၎င်းသာ တစ်စုံတစ်ခုနှင့်တိုက်မိပါက စက်ဘီးမှာ လုံးဝပျက်စီးသွားမည်ဖြစ်ပြီး လူတိုင်း၊ ယာဉ်မောင်းနှင့် သူတိုက်မိသောမည်သူမဆို သေဆုံးသွားပေလိမ့်မည်။
ထို့အပြင် သူမမြင်တွေ့ခဲ့သည်မှာ စတင်သော့အရှိန်မျှသာဖြစ်၏။ အကယ်၍ ၎င်းအရှိန်မြှင့်တင်ပါက သေချာပေါက် ပို၍အန္တရာယ်များပေလိမ့်မည်။
သို့သော် ရဲလန်ယွဲ့သည် ရဲရှင်းဟွေ့၏ စိုးရိမ်ပူပန်မှုကင်းသော အမူအရာကိုမြင်သောအခါ ပြဿနာ အလွန်ကြီးမားမည်မဟုတ်ဟု သူမသိလိုက်သည်။