ဓားကိုလက်ဗလာဖြင့် ၁၀၀% ဖမ်းဆုပ်နိုင်ခြင်း
Vol. 11 Ch. 147
ရဲဖန်၏ အခန်းထဲ၌။
ရဲဖန်သည် သူ၏မူးဝေနေသောဦးခေါင်းကိုအုပ်ကာ မြေပြင်မှထရပ်လိုက်သည်။
“မင်းကောင်စုတ်လေး.... ငါ့ကိုစောင့်နေ....”
……..
တစ်ဖက်တွင်တော့။
ရဲရှင်းဟွေ့ ဝင်ပေါက် ဖွင့်ကာ အိမ်ပြန်ရောက်ပြီးနောက် သူ တီဗီလေးကို ဖွင့်လိုက်၏။
“ဒီတစ်ခါတော့ သိုးမွှေးကို ဒီလောက်လွယ်လွယ်ကူကူ ရိတ်ရတာ အရမ်းမိုက်တာပဲ.... ဒါက အလကားရတာနီးပါးပဲ....”
သူထိုသို့ဆိုခဲ့သော်ငြားလည်း ရဲရှင်းဟွေ့ သိသည်မှာ သူသည် လူတစ်ဦးတည်းထံမှ အရင်းအမြစ်များကို စုဆောင်း၍မရကြောင်းပင်။
“တီဗီလေးကြည့်ပြီးရင်.... ငါ့အစ်ကိုကိုသွားရှာပြီး သူ့ကိုအံ့ဩစရာတစ်ခု ပေးရမယ်....”
ထို့နောက်တွင် ဖြစ်နိုင်သည်မှာ သူတို့၏အဖေနှင့် သူ၏မိခင်ကို သူ၏အစ်ကိုနှင့်အတူ ရှာဖွေပေမည်။ ထိုသို့လုပ်ဆောင်ပြီးနောက်တွင် သူသည် စွမ်းရည်များစွာကို ရရှိနိုင်ဖွယ်ရှိ၏။
သူ့အစ်ကို၏ရိုက်နှက်ခြင်းကိုခံရမည်ကိုတော့လား....။ ဟားဟား၊ လှည့်စားမှုများဝယ်ရန်အတွက် အခကြေးငွေအဖြစ်သာ သဘောထားလိုက်ရုံပင်။
……..
ဆယ်မိနစ်အကြာတွင်။
ရဲရှင်းဟွေ့သည် တီဗီလေးကိုကြည့်ပြီးနောက် အနည်းငယ် တိတ်ဆိတ်သွား၏။
သူတိတ်ဆိတ်သွားရခြင်း၏အကြောင်းရင်းမှာ... သူဤတစ်ကြိမ်ကြည့်ရှုခဲ့သော တီဗီလေးမှာ အာနီမဲ တစ်ခုဖြစ်ပြီး ထို အာနီမဲ ၏အမည်မှာ မကောင်းသောဟာသတစ်သိန်းပင်တည်း။
သူရရှိခဲ့သောစွမ်းရည်မှာတော့... ဓားကိုလက်ဗလာဖြင့် ၁၀၀% ဖမ်းဆုပ်နိုင်သောစွမ်းရည်ပင်။
ဓားကိုလက်ဗလာဖြင့် ၁၀၀% ဖမ်းဆုပ်နိုင်သော အခွင့်အရေး။ ဓားလက်နက်အားလုံး အကျုံးဝင်သည်တော့ မဟုတ်ပေ။ ၎င်းမှာ ဓားအမျိုးအစားလက်နက်များ၊ ၎င်းတွင် သံဓားများ၊ သစ်သားဓားများ၊ ခြံစည်းရိုးကာဓားများအပေါ်တွင်သာ ထိရောက်လေသည်...။
ရဲရှင်းဟွေ့သည် ဤမိုက်မဲသောစွမ်းရည်ကို သူရရှိခဲ့ကြောင်းသိရှိပြီးနောက် စိတ်ညစ်သွား၏။
သူ၏အစ်ကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲတွင် ဓားဖြင့်တောင်တစ်လုံးကို ခွဲခြမ်းလိုက်သည်ကို နောက်ဆုံးအကြိမ်မြင်တွေ့ခဲ့ပြီးနောက် ရဲရှင်းဟွေ့သည်လည်း ဓားပညာကို လေ့ကျင့်လိုခဲ့သည်။
နောက်ဆုံးတွင် ဒုတိယတန်းအရွယ်တွင် ဓားသမားတစ်ယောက်ဖြစ်ရန် မည်သူက အိပ်မက်မမက်ခဲ့ဖူးပါသနည်း....။
သို့သော် ယခုအခါ... ဓားနတ်ဘုရားတစ်ပါးဖြစ်လာရန် သူ၏ဤအိပ်မက်မှာ ပျက်စီးသွားခဲ့လေပြီ။
၎င်းမှာ ပျက်စီးကြေမွသွားသည်ဟုဆိုလျှင် လုံးဝမမှန်ကန်ချေ။ တိတိကျကျပြောရလျှင်... ၎င်းမှာ ဓားသမားတစ်ဦး ပိုင်ဆိုင်သင့်သော ခွန်အားကို ဆုံးရှုံးသွားခဲ့သည်။
တည်ငြိမ်သောဓားသမားတစ်ဦးသည် သူ၏ဓားကိုဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင်လှိုင်းတစ်ခုက ရန်သူကိုတိုက်ရိုက်သတ်ဖြတ်ပေမည်။ သေဆုံးခြင်းမပြုမီတွင် ရန်သူသည်ပင် “ငါက ဒီလောက်ခမ်းနားတဲ့ဓားအောက်မှာ သေရတာ.... ငါနောင်တမရှိတော့ဘူး....” ဟုဆိုပေလိမ့်မည်။
သို့သော် ယခုအခါတွင် ရဲရှင်းဟွေ့ ဓားနတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက် သူသည် သူ၏ဓားကိုဝှေ့ယမ်းကာ ဓားစွမ်းအင်လှိုင်းတစ်ခုက ရန်သူကိုတိုက်ရိုက်သတ်ဖြတ်လိုက်သော်လည်း ရန်သူမှာ သူ၏လက်ဖဝါးများကို မိုးကောင်းကင်သို့ညွှန်ပြရင်း မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့၏။ ထိုအချိန်တွင် ရန်သူသည် သေဆုံးခြင်းမပြုမီ မျက်ရည်မပါဘဲ ငိုကြွေးရင်း "မင်းညီမ..." ဟုဆိုပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ... ဤ ၁၀၀% လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်းစွမ်းရည်မှာ အလွန်အသုံးမကျသော passive skill တစ်ခုဖြစ်ပြီး မန္တန်ရွတ်ဆိုခြင်းကို လုံးဝဖျက်သိမ်း၍မရခြင်းပင်။
ရဲရှင်းဟွေ့သည် ဤသို့တွေးတောမိသောအခါ သူ၏ဦးခေါင်းမှာ ကိုက်ခဲလာ၏။
သူသည် မူလက ဇာတ်လိုက်၏အရှိန်အဝါမရှိသောကြောင့် စိတ်ဓာတ်ကျနေခဲ့သော်လည်း ယခုအခါ... ဟဲဟဲ...
သူသည် အနည်းဆုံးဇာတ်ကောင်တစ်ခုကိုပင် မပိုင်ဆိုင်နိုင်တော့ချေ။
ထိုမျှသာမက သူသည် သာမန်လူတစ်ယောက်၏ ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးသွားသည်ဟုပင် ခံစားမိ၏။
“အင်း... ငါက ဇာတ်လိုက်ဆိုတဲ့ သဘောတရားနဲ့ ကံကြမ္မာမပါဖို့ သတ်မှတ်ခံထားရတာပဲ....” ရဲရှင်းဟွေ့သည် မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် တစ်ယောက်တည်း အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
ရဲရှင်းဟွေ့သည် ဤစွမ်းရည်ကို အလွန်မကြိုက်နှစ်သက်သော်လည်း သူသည် ၎င်းကိုအသုံးမပြုဘဲလည်း မနေနိုင်သဖြင့် ဓားတစ်ချောင်းဝယ်ယူရန် ဆုံးဖြတ်လိုက်၏။
ရဲရှင်းဟွေ့သည် ပေါ့ပေါ့ပါးပါးပင် ကုန်ပစ္စည်းဟောင်းစျေးသို့သွားရောက်ခဲ့ပြီး သစ်သားဓားတစ်ချောင်းကို လျင်မြန်စွာ ဝယ်ယူခဲ့သည်...
မှန်ပေသည်။ သူသည် သစ်သားဓားတစ်ချောင်းကို ဝယ်ယူခဲ့ရုံသာမက ၎င်းမှာ အလှဆင်သစ်သားဓားတစ်ချောင်းလည်း ဖြစ်လေသည်။
ရဲရှင်းဟွေ့ ကုန်ပစ္စည်းဟောင်းစျေးမှ ထွက်လာစဉ်မှာပင် သူ၏လက်တစ်ဖက်တွင် လက်ထိပ်တစ်လုံးတပ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး သူ့ထံသို့ ပြေးတက်လာခဲ့၏။
ရဲရှင်းဟွေ့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် သူသည် ရဲဝတ်စုံဝတ်ဆင်ထားသော လူနှစ်ဦး သူ့နောက်မှ လိုက်လာသည်ကို တွေ့မြင်ခဲ့ရသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ရဲရှင်းဟွေ့သည်လည်း ဘာတွေဖြစ်နေသည်ကို သိရှိလိုက်၏။
ရဲရှင်းဟွေ့က သူ၏လက်ထဲမှ သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားအား “နတ်ဆိုး.... ဓားကိုကြည့်....” ဟုအော်ပြောလိုက်သည်။
သူ့ထံသို့ပြေးလာသော ထိုလူမှာ မူလက ရဲရှင်းဟွေ့ကို တွန်းဖယ်ရန် စီစဉ်ထားခဲ့သော်လည်း၊ သူထိုသို့မလုပ်နိုင်မီမှာပင် သူသည် အလိုမလျောက် မြေပြင်ပေါ်သို့ ရုတ်တရက်ဒူးထောက်လိုက်ပြီးနောက် သူ၏လက်များကို ယှက်ကာ ရဲရှင်းဟွေ့၏ လက်ထဲမှသစ်သားဓားကို ဖမ်းဆုပ်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ....။ ငါ့ကို ဘာတွေဖြစ်နေတာလဲ....။”
ထိုလူသည် ရဲရှင်းဟွေ့ကို စိတ်ရှုပ်ထွေးစွာကြည့်ကာ သူ့ကိုဘာတွေဖြစ်နေသည်ကို မသိရှိခဲ့ပေ။
ရဲရှင်းဟွေ့က သစ်သားဓားကို ထုတ်ကာ "နတ်ဆိုး.... ဓားကိုကြည့်...." ဟုအော်ပြောလိုက်စဉ်မှာပင် ထိုလူမှာ ဒူးထောက်ကာ သစ်သားဓားကိုဖမ်းဆုပ်ရန် မကြိုးစားဘဲ မနေနိုင်တော့ချေ။
နောက်ဆုံးတွင် ထွက်ပြေးလွတ်မြောက်သူမှာ မျက်ရည်မပါဘဲ ငိုကြွေးရုံသာ တတ်နိုင်တော့ပြီး ရဲများက သူ့ကိုခေါ်ဆောင်သွားခဲ့သည်။
ရဲအရာရှိနှစ်ဦးသည်လည်း ရဲရှင်းဟွေ့အား ကျေးဇူးတင်စကားဆိုခဲ့ကြ၏။
ရဲရှင်းဟွေ့ ခံစားမိသည်မှာ သူသည် အနည်းငယ်ကံကောင်းသည်ဟူ၍ပင်။ ကံကောင်းစွာပင် သူသည် သစ်သားဓားတစ်ချောင်းကိုသာ ဝယ်ယူခဲ့သည်။ အကယ်၍ ၎င်းမှာ သံဓားတစ်ချောင်းသာဖြစ်ခဲ့ပါက သူကိုယ်တိုင်ပါ ဂျေးအောင်းရမည့်ပုံရှိသည်။
…….
စောစောကဖြစ်ပျက်ခဲ့သောအရာကို တွေ့ကြုံပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ကိုယ်ပိုင်စွမ်းရည်များကို ပိုမိုနားလည်လာခဲ့သည်။
ပထမဦးစွာ လက်ဗလာဖြင့် ၁၀၀% ဓားဖမ်းဆုပ်ခြင်းစွမ်းရည်မှာ အမှန်တကယ်ပင် အလွန်အစွမ်းထက်သော်လည်း အားနည်းချက်များလည်း ရှိလေသည်။
အားနည်းချက်မှာ သူသည် အကွက်တချို့ပုံဖော်ကာ ထိန်းသိမ်းထားရမည်ဖြစ်ပြီး ဓားကိုထုတ်သောအခါ သူ၏အခြားစွမ်းရည်များကို အသုံးမပြုနိုင်ခြင်းပင်။ တစ်နည်းအားဖြင့် ရဲရှင်းဟွေ့သည် သူ၏ကိုယ်ပိုင်စွမ်းရည် များကိုသာ အသုံးပြုနိုင်၏။
၎င်းမှာ ရဲရှင်းဟွေ့ ယခင်ကတွေးထင်ခဲ့သည့်အတိုင်းပင်။ ဓားတစ်ချောင်းဖြင့် ဓားစွမ်းအင်လှိုင်းများခုတ်ပိုင်းသောမြင်ကွင်းမှာ အနာဂတ်တွင် ဖြစ်ပေါ်လာတော့မည်မဟုတ်ဘဲ ထို့အပြင်... ရဲရှင်းဟွေ့နှင့် ဓားနတ်ဘုရားမှာ ယခုအခါတွင် လုံးဝဆက်စပ်မှုမရှိတော့ချေ။
လက်ဗလာဖြင့် ၁၀၀% ဓားဖမ်းဆုပ်ခြင်းကိုအသုံးပြုသောအခါ အခြားစွမ်းရည်များကို အသုံးမပြုနိုင်သော်လည်း ရဲရှင်းဟွေ့သည် အတော်အတန်အထိ ရှုံးနိမ့်ခြင်းမရှိနိုင်ပေ။
ဤစွမ်းရည်ကို လက်ရှိတွင် သူ၏အသန်မာဆုံး ထိန်းချုပ်မှုစွမ်းရည်အဖြစ် မှတ်ယူနိုင်၏။ မကောင်းသောဟာသတစ်သိန်းထဲတွင် လီကျင်းမှာ သာမန်လူသားတစ်ဦးဖြစ်ပြီး အားအနည်းဆုံးများထဲမှတစ်ဦးပင်။ သူ၏တစ်ခုတည်းသောစွမ်းရည်မှာ ဤအစွမ်းထက်သော ထိန်းချုပ်မှုစွမ်းရည်ပင်။
“ငါတွေးမိတယ်... ဒီစွမ်းရည်က ငါ့အစ်ကိုအတွက် အသုံးဝင်ပါ့မလား....။”
ရဲရှင်းဟွေ့သည် ရုတ်တရက် သေခြင်းကိုရှာဖွေလိုစိတ် ထပ်မံခံစားမိပြန်သည်...
သူသည် စစ်ဆေးရန်လိုအပ်၏၊ နောက်ဆုံးတွင်။ မည်သည့်စွမ်းရည်ဖြစ်စေ သူ၏အစ်ကိုအပေါ်တွင် အသုံးမဝင်သရွေ့ ၎င်းမှာ အမှိုက်စွမ်းရည်တစ်ခုပင်။
…
ရဲရှင်းဟွေ့သည် လူသူကင်းမဲ့သောနေရာတစ်ခုကို ကျပန်းရှာဖွေကာ သူ၏အစ်ကိုနှင့် သူ၏စွမ်းရည်များကို စမ်းသပ်ရန် ဝင်ပေါက် တစ်ခုဖွင့်ရန် စီစဉ်လိုက်၏။
ရဲရှင်းချန်ကို စဉ်းစားရင်း သူ၏ရှေ့တွင် ဝင်ပေါက် တစ်ခုကို ဆွဲလိုက်သည်။
ဝင်ပေါက် ဖွင့်ပြီးနောက် ရဲရှင်းဟွေ့သည် မတွန့်ဆုတ်ဘဲ ဝင်ရောက်သွားခဲ့၏။
သို့သော် သူ ဝင်ပေါက် ကိုဖြတ်ကျော်လိုက်သည်နှင့် ပူလောင်သောခံစားမှုတစ်ခု သူ၏မျက်နှာကို လာရိုက်ခတ်သည်။
“ကျစ်.... ဘာတွေဖြစ်နေတာလဲ....။”
ထိုအချိန်တွင် ရဲရှင်းဟွေ့သည် အမည်မသိသော ကျွန်းတစ်ကျွန်းသို့ ရောက်ရှိနေခဲ့သည်။
ကျွန်းတစ်ခုလုံးမှာ ကတုံးတုံးဖြစ်နေ၏။ ထို့အပြင် အနက်ရောင်မီးတောက်များစွာသည် ၎င်းပတ်ပတ်လည်တွင် လောင်ကျွမ်းနေခဲ့သည်။ ရဲရှင်းဟွေ့ ခံစားမိသောအပူမှာ ဤအနက်ရောင်မီးတောက်များမှပင်တည်း။
“ဒါက အာမာတယ်ရာဆု လား....။ ငါအချိန်ခရီးသွားခဲ့တာလား....။ ဒါက တစ်ယောက်ကို ခုနစ်ယောက်နဲ့တိုက်ခိုက်တာလား....။”
ရဲရှင်းဟွေ့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် အသံတစ်ခု လေထဲမှဖြတ်သန်းသွားသည်။ ရဲရှင်းဟွေ့ မော့ကြည့်လိုက်ရာ အနီရောင်အရေပြားရှိသော လူငယ်တစ်ဦး သူ၏အစ်ကို၏ လက်ဝါးရိုက်ချက်ဖြင့် လွင့်ထွက်သွားသည်ကို မြင်တွေ့လိုက်ရ၏။
ထိုလူငယ်ကို အဝေးသို့လွင့်ထွက်သွားအောင်လုပ်ပြီးနောက် ရဲရှင်းချန်သည် ရွေ့လျားကာ ရဲရှင်းဟွေ့၏ ဘေးသို့ရောက်ရှိလာခဲ့သည်။
“မင်းက ဘာလို့ဒီမှာလဲ....။” ရဲရှင်းချန်က မေးလိုက်သည်။
“ဪ.... ငါ မင်းကိုလာတွေ့တာ....။ ဒါပေမယ့် မင်းရဲ့နေရာက အရမ်းစည်ကားနေတယ်လို့ ခံစားေနရတယ်ပါလား....။”
ရဲရှင်းဟွေ့ စကားဆုံးသည်နှင့် စောစောကလွင့်ထွက်သွားခဲ့သော အနီရောင်အရေပြားရှိလူငယ်သည် တစ်ဖန်ပြန်လည်ပျံသန်းလာခဲ့သည်။ သူလေထဲတွင် ပျံသန်းနေစဉ်တွင် သူသည် ရုတ်တရက် ရှူသွင်းလိုက်၏။
ဤသည်ကိုမြင်သောအခါ ရဲရှင်းချန်သည် ရဲရှင်းဟွေ့၏ လက်မောင်းကို လျင်မြန်စွာဖမ်းဆုပ်ကာ မိုးကောင်းကင်ဆီသို့ ပျံသန်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အနီရောင်အရေပြားရှိလူငယ်သည်လည်း သူ၏ပါးစပ်ကိုဖွင့်ကာ အနက်ရောင်မီးတောက်အလုံးကြီးတစ်လုံးကို ထွေးထုတ်လိုက်၏။
အနက်ရောင်မီးတောက်များသည် ချက်ချင်းပင် ကျွန်းကိုဗုံးကြဲသလိုတိုက်ခိုက်ခဲ့သည်။
မီးတောက်များမကွယ်ပျောက်မီမှာပင် ရဲရှင်းဟွေ့သည် မူလကျွန်းမှာ မီးတောင်ချော်ရည်ငရဲဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျွန်းပတ်လည်မှပင်လယ်ရေမှာလည်း ပွက်ပွက်ဆူနေသည်ကို မြင်တွေ့လိုက်ရ၏။
ရဲရှင်းဟွေ့ တုန်လှုပ်နေစဉ်မှာပင် အခြားအသံတစ်ခု အဝေးမှပျံသန်းလာပြီး လေကိုဖြတ်သန်းသွားရာ သူသည် သေလုမျောပါးဖြစ်နေသော လုံအောက်ထျန်းကို သယ်ဆောင်ရင်း ခန္ဓာကိုယ်ပုံသဏ္ဌာန်နှင့် လက်မောင်းများ အလွန်အမင်းမကိုက်ညီသော သူတစ်ဦး ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ထို့အပြင် ဤလူ၏နောက်တွင် ခန္ဓာကိုယ်သန်မာသော်လည်း အရိုးခြောက်ကဲ့သို့ မျက်နှာရှိသော သူတစ်ဦးရှိနေခဲ့၏။
ရဲရှင်းဟွေ့သည် သူ၏ပုံသဏ္ဌာန်နှင့် ညာဘက်လက်မောင်း မကိုက်ညီသော ထိုလူကို ပထမဆုံးအကြိမ်မှာပင် သတိပြုမိလိုက်သည်။
အကြောင်းမှာ သူကျွန်းနိုင်ငံတွင်ရှိနေစဉ်က သူသည် ဤသို့သောသူတစ်ဦးကို မြင်တွေ့ခဲ့ဖူးပြီး ထိုသူမှာ သူ၏အဖေနှင့်တိုက်ခိုက်ခဲ့သော ထုံရှင်းအဖွဲ့အစည်း ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့်ပင်။
“ကြည့်ရတာတော့ ဒါတွေအားလုံးက ထုံရှင်းအဖွဲ့အစည်း က အဖွဲ့ဝင်တွေပဲ....”