← Chapters

ငါ့ဓားအောက်တွင် ဘယ်သူမှ ရပ်တည်နိုင်ခြင်းမရှိဘူးကွ

Vol. 11 Ch. 148

ငါ့ဓားအောက်တွင် ဘယ်သူမှ ရပ်တည်နိုင်ခြင်းမရှိဘူးကွ

Vol. 11 Ch. 148

“ဟားဟားဟားဟား.... ငါမှန်မှန်ကန်ကန်ဖတ်မိတယ်ဆိုရင်.... ဒီကောင်လေးကလည်း ရဲချန်ရဲ့သားပဲ.... ဟုတ်တယ်မလား....။ ငါတို့ ရဲချန် ဒါမှမဟုတ် ရဲဖန်ကို မဖမ်းနိုင်ခဲ့ပေမယ့်.... ရဲချန်ရဲ့သားနှစ်ယောက်ကို ဖမ်းတာကလည်း မဆိုးပါဘူး....။ သူတို့ရဲ့သွေးက အသုံးဝင်မလားဆိုတာတော့ ငါမသိဘူး....”

အရိုးခြောက်ကဲ့သို့ မျက်နှာရှိသော အဘိုးကြီးက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

ဤအဘိုးကြီး၏အမည်မှာ ရှို့ဝူဖြစ်ပြီး သူသည် ထုံရှင်းအဖွဲ့အစည်း ၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံထားရသည်။

ရှို့ဝူ၏ မျက်နှာမှာ အရိုးခြောက်ကဲ့သို့ အိုမင်းသော်လည်း သူ၏ခန္ဓာကိုယ်မှာ အမှန်တကယ်တွင် လူငယ်တစ်ဦး၏ ခန္ဓာကိုယ်ဖြစ်လေသည်။

အကယ်၍ သေသေချာချာကြည့်ပါက သူ၏လည်ပင်းတွင် ထင်ရှားသောဒဏ်ရာအမာရွတ်တစ်ကွင်းကို သတိပြုမိပေမည်၊ တစ်စုံတစ်ယောက်က ဦးခေါင်းမပါသောဦးခေါင်းကို လူငယ်တစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် တင်ထားဘိသကဲ့သို့ပင်။

ထိုအချိန်တွင် အနက်ရောင်မီးကိုထွေးထုတ်နိုင်သော အနီရောင်အရေပြားရှိလူငယ်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။

“ရဲရှင်းချန်လို့ခေါ်တဲ့ အဲဒီလူက ငါ့အတွက်.... ဒါကြောင့် ဘာမှမလုပ်နဲ့....”

ဤလူငယ်၏အမည်မှာ ပေါက်ကျွင်း ဖြစ်သည်။ ရဲဖန်ကဲ့သို့ပင် သူသည်လည်း နဂါးအင်္ဂါများနှင့် ပေါင်းစပ်ထားသော လူသားတစ်ဦးဖြစ်၏။

တစ်ခုတည်းသောကွာခြားချက်မှာ ပေါက်ကျွင်း သည် နဂါး၏အဆုတ်များနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး သူသည် နဂါးစွမ်းအားမှ သတ်ဖြတ်လိုသောဆန္ဒကို ထိန်းချုပ်ရန် သူ၏စိတ်စွမ်းအားကို ဘယ်သောအခါမှ အသုံးမပြုခဲ့သဖြင့် သူသည် အလွန်အမင်းဒေါသကြီးသော စိတ်နေသဘောထားရှိလေသည်။

“အရေးမကြီးပါဘူး....။ ပေါက်ကျွင်း က အဲဒီကောင်ကိုလိုချင်မှတော့.... ဒီညီအစ်ကိုက ငါ့အတွက်ပေါ့....”

သန်မာသောလက်မောင်းများရှိသော နောက်ဆုံးတစ်ဦးသည်လည်း ရက်စက်သောအပြုံးကို ပြသခဲ့၏။

ဤလူ၏အမည်မှာ ယက်ခ်ဖြစ်ပြီး ရဲရှင်းဟွေ့က ကျွန်းနိုင်ငံတွင် တွေ့ဆုံခဲ့သော ထုံရှင်းအဖွဲ့အစည်း ၏အဖွဲ့ဝင်ကဲ့သို့ပင် သူသည်လည်း လက်မောင်း၏ဆန္ဒဖြင့် ထိန်းချုပ်ခံထားရသူတစ်ဦးပင်တည်း။

……..

ရဲရှင်းချန်က သူ၏ရှေ့မှ လူသုံးဦး….. မြေပြင်ပေါ်တွင် သေလုမျောပါးဖြစ်နေပြီး တိုက်ခိုက်နိုင်ခြင်းမရှိတော့သော လုံအောက်ထျန်းနှင့် သူ့ဘေးမှ သူ၏ညီငယ် ရဲရှင်းဟွေ့တို့ကိုကြည့်ကာ အနည်းငယ် မျှော်လင့်ချက်မဲ့ဖြစ်နေမိသည်။

သူသည် တစ်ယောက်ကို သုံးယောက်နှင့်တိုက်ခိုက်ရန် မကြောက်သော်လည်း... အကယ်၍ သူသာ လူနှစ်ဦးကို ကာကွယ်ရမည်ဆိုပါက... ကိစ္စများမှာ အနည်းငယ်ဒုက္ခများပေလိမ့်မည်။

“ရှင်းဟွေ့.... မင်း လုံအောက်ထျန်းကို မင်းရဲ့ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲကို ခေါ်သွားလိုက်....”

ရဲရှင်းဟွေ့လည်း သူ၏အစ်ကို ဘာဆိုလိုသည်ကိုသိသဖြင့် သူခေါင်းညိတ်လိုက်ပြီး “အစ်ကို.... ကျွန်တော့်အတွက် စိတ်မပူပါနဲ့....” ဟုဆိုလိုက်၏။

ရဲရှင်းချန်သည် သူ၏ညီငယ်၏ စိတ်နေသဘောထားကိုသိပြီး သူသည် အခွင့်အရေးရပါက သေချာပေါက် ဒုက္ခပေးမည်ဖြစ်သည်။

“ဟေး.... ငါမင်းကိုပြောမယ်.... မင်းမျက်နှာက သူတို့အတွက် သိပ်အသုံးမဝင်ဘူး....”

ရဲရှင်းဟွေ့: “…”

“ကျစ်....။ အစ်ကို.... ကျွန်တော့်မျက်နှာက ဒီလောက်တောင်တန်ဖိုးမရှိဘူးလား....။”

“ဟမ်....။ မင်းမျက်နှာက တန်ဖိုးရှိလို့လား....။”

“တန်ဖိုးရှိတာပေါ့....”

“ဒါဆို မင်းက ဘယ်လောက်တန်ဖိုးရှိတယ်လို့ထင်လဲ....။”

……..

ထုံရှင်းအဖွဲ့အစည်း ၏ အဖွဲ့ဝင်သုံးဦးက ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ အချင်းချင်းငြင်းခုံစပြုနေသည်ကို မြင်သောအခါ သူတို့အားလုံး လှောင်စွာ ပြုံးလိုက်ကြသည်။

“သူတို့ မျှော်လင့်ချက်မဲ့နေကြပြီထင်တယ်.... သူတို့ ငြင်းခုံစတောင်ပြုနေကကပြီ....”

ရှို့ဝူ စကားဆုံးသည်နှင့် အေးစက်သောအလင်းတန်းတစ်ခု သူ၏ရှေ့မှ ဖြတ်သန်းသွားပြီးနောက် သူသည် သူ၏ခန္ဓာကိုယ်နှင့် ဦးခေါင်းမှာ ကွဲကွာသွားသည်ကို ခံစားမိလိုက်သည်။

သူ၏ဦးခေါင်းမှာ လေထဲတွင် ပျံဝဲနေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှာတော့ လဲကျသွားခဲ့လေပြီ။

“ခွေးမသား...။ ငါ့ခန္ဓာကိုယ်...”

တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့နှင့် တန်ဖိုးအနည်းငယ်သာရှိသော မျက်နှာအကြောင်း ငြင်းခုံနေခဲ့သော ရဲရှင်းချန်သည် ရှို့ဝူထံသို့ ရောက်ရှိနေခဲ့လေပြီ။

ရဲရှင်းဟွေ့နှင့် ငြင်းခုံနေခဲ့သောသူမှာ ခရမ်းရောင်-ရွှေရောင် ကြယ်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။

“ကျစ်....။ ငါသိသားပဲ....။ ငါ့အစ်ကိုက ငါနဲ့ဒီလောက်အသုံးမကျတဲ့အရာတွေအကြောင်း ဘယ်လိုလုပ်များများစားစား ပြောနိုင်မှာလဲ....။။ ဒါက အတုကြီးပဲ....”

ရဲရှင်းချန်က ရှို့ဝူကို ချက်ချင်းသတ်ဖြတ်ပြီးနောက် သူသည် မူလက ဦးခေါင်းကို တိုက်ရိုက်ဖျက်ဆီးရန် စီစဉ်ထားခဲ့သော်လည် သူဘာမှမလုပ်နိုင်မီမှာပင် ပေါက်ကျွင်း က သူ၏ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။

ပေါက်ကျွင်း ၏ အနက်ရောင်မီးတောက်များပြည့်နှက်နေသော လက်သီးမှာ ရဲရှင်းချန်၏ မျက်နှာကို ရည်ရွယ်နေခဲ့သည်။ ဤသည်ကိုမြင်သောအခါ ရဲရှင်းချန်သည် ရှို့ဝူ၏ ဦးခေါင်းကိုဖျက်ဆီးရန် စွန့်လွှတ်လိုက်ပြီး ပေါက်ကျွင်း ၏ လက်သီးကို ဦးစွာကာကွယ်ရန် ရွေးချယ်လိုက်၏။

ပေါက်ကျွင်း ကိုယ်တိုင်မှာ တိုက်ခိုက်ရာတွင် အလွန်အစွမ်းထက်သည်မဟုတ်သော်လည်း... သူ၏ပါးစပ်မှထွက်သော မီးတောက်များမှာ ရဲရှင်းချန်အပေါ်တွင် အချို့သောခြိမ်းခြောက်မှုကို ဖြစ်စေသည်။

“ပေါက်ကျွင်း… မင်းအရင်တိုက်ခိုက်နှင့်.... ငါ့ခန္ဓာကိုယ်ကို သွားပြောင်းလိုက်ဦးမယ်....”

ပေါက်ကျွင်း က ရဲရှင်းချန်ကို တားဆီးနေသည်ကိုမြင်သောအခါ ရှို့ဝူသည် ချက်ချင်းပျံသန်းထွက်ခွာသွားပြီး သူ၏ခန္ဓာကိုယ်ကိုပြောင်းလဲကာ တစ်ဖန်ပြန်လာရန် စီစဉ်လိုက်သည်။

ထိုစဉ်မှာပင်။

ပေါက်ကျွင်း က ရဲရှင်းချန်ကို တားဆီးနေစဉ်တွင် ယက်ခ်သည်လည်း ရဲရှင်းဟွေ့ထံသို့ ရောက်ရှိလာခဲ့သည်။

“သေဖို့ပြင်ထား.... ကောင်လေး....”

ယက်ခ်က သူ၏လက်ထဲမှ လုံအောက်ထျန်းကို မြေပြင်သို့ ပစ်ချလိုက်၏။

ကျွန်းမှာ ထိုအချိန်တွင် အေးမြသွားခဲ့လေပြီ။ သို့သော်လည်း ၎င်းအေးမြသွားခဲ့သော်ငြားလည်း ၎င်းအပေါ်တွင်ရပ်နေပါက အလွယ်တကူ ကင်ခံရနိုင်ခြေတော့ရှိသေး၏။

ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် လုံအောက်ထျန်းကိုသာ ကျွန်းပေါ်တွင် အလွန်ကြာရှည်စွာထားခဲ့ပါက သေချာပေါက် အလောင်းတစ်လောင်းဖြစ်သွားမည်ဖြစ်ကြောင်းကို သိရှိသဖြင့် သူသည် တိုက်ရိုက်ပင် ဝင်ပေါက် တစ်ခုကိုဆွဲကာ လုံအောက်ထျန်းကို သူ၏ရှေ့တွင် ဖမ်းဆုပ်လိုက်ပြီးနောက် သူ့ကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပို့ဆောင်လိုက်၏။

ရဲရှင်းဟွေ့ အဘယ်ကြောင့် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ မဝင်ရောက်ရသနည်း....။ သိတယ်မလား။ သူသည် သူ၏မျက်နှာမှာ အမှန်တကယ်အလုပ်မဖြစ်မည် သို့မဟုတ် မဖြစ်မည်ကို စမ်းသပ်လိုသောကြောင့်ပင်။

ယက်ခ်က မီးလျှံ ဝင်ပေါက် နှင့် ရဲရှင်းဟွေ့၏ လုံအောက်ထျန်းကို လေထဲတွင်ပျောက်ကွယ်သွားအောင်လုပ်သောနည်းလမ်းကို မြင်တွေ့ခဲ့ရသည်။ သူသိသည်မှာ သူသာအရေးမယူပါက ရဲရှင်းဟွေ့သည် ထွက်ပြေးသွားနိုင်သည်ဟူ၍ပင်။

“ကောင်လေး.... မပြေးနဲ့။။။....”

သူစကားပြောနေစဉ်မှာပင် ယက်ခ်သည် သူ၏ အပြာ-အနက်ရောင် လက်မောင်းကို ဝှေ့ယမ်းရင်း ပြေးဝင်လာခဲ့သည်။

ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် လျှို့ဝှက်စွာ မျိုချလိုက်ပြီးနောက် ဧကရာဇ်အင်ဂျင်သည် အလိုအလျောက် စတင်လည်ပတ်လာခဲ့၏။

ထိုအချိန်တွင် ရဲရှင်းဟွေ့သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

သူသည် ဤသို့သောနတ်ဆိုးမျိုး၏ တိုက်ခိုက်နိုင်စွမ်းကို မြင်တွေ့ခဲ့ဖူးသည်။ သူ၏အဖေသည် အလွန်သန်မာသည့်တိုင်အောင် သူသည် သူနှင့် တန်းတူယှဉ်ပြိုင်နိုင်ရုံသာရှိ၏။

သူမှာတော့လော....။ သူသည် ကျင့်ကြံခြင်း၏ တံခါးဝတွင် ယခုလေးတင်မှရပ်တည်ခဲ့သော လူသစ်တစ်ဦးမျှသာဖြစ်ရာ သူသည် ဤလူ၏ပြိုင်ဘက် သေချာပေါက် မဖြစ်နိုင်ပေ။

သို့သော်လည်း ရဲရှင်းဟွေ့က အားမသန်မာသော်ငြားလည်း သူသည် စွမ်းအားရှိသူပါပင်။

ဧကရာဇ်အင်ဂျင်၏ နှလုံးခုန်သံထွက်ပေါ်လာပြီးနောက် ရှေ့သို့ပြေးဝင်နေခဲ့သော ယက်ခ်က ရုတ်တရက် နှေးကွေးသွားသည်။

သူခံစားမိသည်မှာ... သူသည် ရုတ်တရက် အလွန်သေးငယ်သွားပြီး သူ၏ရှေ့မှ ရဲရှင်းဟွေ့မှာမူ အလွန်ကြီးမားလာသည်ဟူ၍ပင်။ သူသာ ရှေ့သို့ဆက်လက်ရွေ့လျားပါက သူသေဆုံးသွားဖွယ်ရှိ၏။

ယက်ခ် ဤသို့ခံစားနေစဉ်မှာပင် ရဲရှင်းဟွေ့၏ ခပ်တိုးတိုးအသံသည်လည်း သူ၏နားထဲသို့ ရောက်ရှိလာခဲ့သည်။

“အစ်ကို.... ကျွန်တော့်ကို မျက်နှာသာနည်းနည်းပေး.... ငါတို့ထိုင်ပြီး စကားစမြည်ပြောကြရအောင်....။ မကောင်းဘူးလား....။”

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ယက်ခ် ခံစားမိသည်မှာ သူသည် ဤမျက်နှာသာကို ပေးကိုပေးရမည်ဟူ၍ပင်။ ဤလူငယ်က သူ့ထံမှ မျက်နှာသာတောင်းနိုင်သည်ဆိုလျှင် ၎င်း၏အဓိပ္ပာယ်မှာ သူမျက်နှာသာပေးသရွေ့ ထိုလူငယ်က သူ့ကိုသတ်မည်မဟုတ်ခြင်းပင်...

ဤသို့စဉ်းစားရင်း ယက်ခ်သည် ရုတ်တရက် ထိုနေရာတွင် ထိုင်ချလိုက်၏။

ရဲရှင်းဟွေ့ ဤသည်ကိုမြင်သောအခါ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်ပေါက်လာပြီး စိတ်ထဲမှတွေးလိုက်သည်မှာ 'အစ်ကို... ငါ့ကိုကြည့်စမ်း.... မင်းငါ့ကို မျက်နှာသာပိုပေးတာကောင်းမယ်.... ငါ့မျက်နှာက တော်တော်လေးတန်ဖိုးရှိတုန်းပဲ....'

ရဲရှင်းဟွေ့ ဤသို့သောအတွေးရှိနေစဉ်မှာပင် သူသည် သူရှိရာနေရာတွင်ထိုင်နေသော ယက်ခ်က သူ၏ကိုယ်ပိုင်လက်မောင်း၏ ထိန်းချုပ်မှုအောက်တွင် ရုတ်တရက်ထရပ်လိုက်သည်ကို တွေ့မြင်ခဲ့ရသည်။

ထို့နောက် အနက်ရောင်စွမ်းအင်လှိုင်းများ သူ၏လက်မောင်းပေါ်တွင်ပေါ်ထွက်လာပြီး ယက်ခ်၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖြည်းညှင်းစွာ ရစ်ပတ်သွား၏။

ဤအနက်ရောင်စွမ်းအင် ပေါ်ထွက်လာသောအခါ ယက်ခ်၏ ရဲရှင်းဟွေ့အား မျက်နှာသာပေးလိုသော အတွင်းစိတ်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ကောင်လေး.... မင်းက ဒီလိုယုတ်မာတဲ့နည်းလမ်းတွေကို တကယ်သုံးရဲတယ်....”

ရဲရှင်းဟွေ့က သူ့အားမျက်နှာသာပေးရန် မည်သည့်နည်းလမ်းကိုအသုံးပြုခဲ့သည်ကို သူမသိသော်လည်း သူသည် သူ့ကို ပထမဦးစွာ ယုတ်မာသည်ဟု အမြဲခေါ်ဆိုနိုင်ပေသည်။

ယက်ခ်၏ စကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် စကားမပြောနိုင်ဖြစ်သွား၏။

“ဟေး.... အစ်ကို.... ခင်ဗျားက လူဆိုးတစ်ယောက်ပဲ.... ခင်ဗျားက ငါလိုလူကောင်းတစ်ယောက်ကို ယုတ်မာတယ်လို့ ဘယ်လိုပြောနိုင်ရတာလဲ....။ ဒါ့အပြင် ငါဘယ်နည်းလမ်းကိုအသုံးပြုလဲဆိုတာ မင်းသိလို့လား....။ ငါက မင်းကိုမျက်နှာသာပေးပြီး မျက်နှာသာရချင်တာပဲ.... မင်းမပေးရင်.... ငါလည်း မင်းကိုပေးမှာမဟုတ်ဘူး....”

မျက်နှာ မျက်နှာအသီး ၏ စွမ်းအားမှလွတ်မြောက်ပြီးနောက် ယက်ခ်သည် ရဲရှင်းဟွေ့ထံသို့ တစ်ဖန်ပြန်ပြေးဝင်သွားခဲ့သည်။

ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် သူ၏လက်ထဲမှသစ်သားဓားကို ဆွဲထုတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။

“ဟေ့...။” ရဲရှင်းဟွေ့၏ လက်နက်ကိုမြင်သောအခါ ယက်ခ်သည် မထီမဲ့မြင်ပြုကာ ပြုံးလိုက်ပြီး “ဒီလိုကလေးကစားစရာမျိုးနဲ့ မင်းငါ့ကို ဘာလုပ်နိုင်မယ်ထင်လဲ....။” ဟုဆိုလိုက်၏။

“ငါမင်းကိုပြောမယ်.... ဒါက သစ်သားဓားဖြစ်ပေမယ့်.... ဒါက ဒဏ္ဍာရီလာဓားတစ်ချောင်းပဲ....။ ငါဒါကို ကုန်တင်ကားနဲ့တိုက်မိတဲ့ တာအိုဘုန်းကြီးအိုတစ်ပါးဆီက ရခဲ့တာ....။ ဒီအချိန်အထိ.... ငါ့ဓားအောက်မှာ ဘယ်သူမှမရပ်တည်နိုင်သေးဘူး....”

ရဲရှင်းဟွေ့၏ စကားနှင့် သူ၏ပြင်းထန်သောအသွင်အပြင်ကိုကြားသောအခါ ယက်ခ်သည် ပို၍ပင်မထီမဲ့မြင်ဖြစ်သွား၏။

ထိုအခိုက်တွင် ယက်ခ် ချဉ်းကပ်တော့မည်အပြု၌ ရဲရှင်းဟွေ့သည် ရုတ်တရက် “နတ်ဆိုး.... ဓားကိုကြည့်....” ဟုအော်ပြောလိုက်သည်။

ဤသို့ဖြင့် ယက်ခ်သည် တိုက်ရိုက်ပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီးနောက် သူ၏မတူညီသောအရွယ်အစားရှိသောလက်များဖြင့် ရဲရှင်းဟွေ့၏ သစ်သားဓားကို ဖမ်းဆုပ်လိုက်သည်။

ယက်ခ်: “…”

ရှို့ဝူ: “…”

ယက်ခ်သည် စိတ်ရှုပ်ထွေးနေပြီး ယခုလေးတင်မှ သူ၏ခန္ဓာကိုယ်ကိုပြောင်းလဲကာ ပြန်လာခဲ့သော ရှို့ဝူသည်လည်း စိတ်ရှုပ်ထွေးနေခဲ့သည်။

အကြောင်းမှာ စောစောက ရှို့ဝူသည်လည်း ရဲရှင်းဟွေ့ထံသို့ ဒူးထောက်လိုက်ပြီး သူ၏လက်များကို ယှက်ကာ လက်ဗလာဖြင့် ဓားဖမ်းဆုပ်သောအမူအရာတစ်ခုကို ပြုလုပ်ခဲ့သောကြောင့်ပင်။

All Chapters