← Chapters

အသူရာချောက်နက်၏ ကလေး

Vol. 32 Ch. 466

အသူရာချောက်နက်၏ ကလေး

Vol. 32 Ch. 466

လင်းဇီချန်သည် အသူရာချောက်နက်လိပ်ပြာကြီးကို မော့ကြည့်လိုက်သည်။ ထိုလိပ်ပြာကြီးသည် ငါးမီတာခန့်ရှည်၍ ဆယ်မီတာခန့်ကျယ်သည်။ ခန္ဓာကိုယ်က ကြက်သွေးနီရောင်အလင်းတစ်မျိုးဖြင့် ဖုံးအုပ်ထားသည်။ ပါးစပ်၏အစွန်နှစ်ဖက်တွင် ချွန်ထက်လှသည့်အစွယ်များ ပေါက်နေသည်။ ထိုလိပ်ပြာထဲမှ အသက်ဝင်မှုသည် အားနည်းလှသည်။ အားနည်းလွန်းသဖြင့် မမြင်ရလုနီးပါးဖြစ်ကာ လမ်းလျှောက်နေသောအလောင်းကောင်ကဲ့သို့ သွေးမျိုးဆက်စွမ်းအားဖိအားလည်း မရှိပေ။ သို့သော်လည်း ပြန်သည့်နှုန်းကလွန်စွာမြန်သောကြောင့် ပြင်းထန်းလှသည့်အသက်ဝင်မှုနှင့် လွန်စွာမြင့်သောသွေးမျိုးဆက်စွမ်းအားရှိကြောင်း ပြသနေသည်။ ထိုသို့အသက်ပုံစံသည် လွန်စွာထူးခြားကာ သိထားသည့် အခြားသောသက်ရှိများဖြင့်လည်း လွန်စွာကွဲပြားနေသည်။

ထိုသို့ဆိုလျှင်.....ဒီအသူရာချောက်နက်က ဘာများလဲ

သက်ရှိတားမြစ်အသူရာချောက်နက်ဟု ခေါ်သည်။ လင်းဇီချန်သည် ထိုအသူရာချောက်နက်လိပ်ပြာကြီးကို တိတ်တဆိတ်ငေးကြည့်ရင်းဖြင့် ထိုလိပ်ပြာ၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအား ဖြန့်ကြည့်ပြီး ပုံစံကို အာရုံခံကာ အနည်းငယ်မျှ စဉ်းစားနေမိသည်။

သူသည် အသူရာချောက်နက်လိပ်ပြာကြီးကို ကြည့်နေစဉ်တွင်ပင် ပျံသည့်နှုန်းက လွန်စွာနှေးသွားပြီး ကြည့်နေသောမိမိ၏အထက်တွင် ပတ်၍ ပျံနေသည်။ ခေတ္တမျှငေးကြည့်ပြီးနောက်တွင် အသူရာချောက်နက်လိပ်ပြာကြီး၏ ဦးမှင်တံနှစ်ခုသည် သဲပွင့်လေးများစုထားသကဲ့သို့ အလင်းစက်များ စတင်ထုတ်လွှတ်ကာ ဘာမှမရှိအောင် မည်းမှောင်နေသည့်ကောင်းကင်တွင် အာကာသကြယ်ပွင့်လေးများနှင့်တူကာ လွန်စွာထူးခြားလှပပေသည်။

အသူရာချောက်နက်လိပ်ပြာကြီးက များလှစွာသောအလင်းမှုန်လေးများကို ထုတ်လွှတ်သည်ကို မြင်သောခါတွင် လင်းဇီချန်သည် ချက်ချင်းပင် အာရုံခံကြည့်ပြီး ထိုသက်ရှိ၏တိုက်ခိုက်မှုဖြစ်မည်ကို စိုးသောကြောင့်ပင် ဖြစ်သည်။

အာရုံကြောင်များဖြန့်ကျက်ကာ အာရုံခံလိုက်စဉ်တွင်ပင်

"ဝှစ်"

"ဝှစ်"

"ဝှစ်"

လေကိုဆုတ်ဖြဲသွားသောအသံများက ခပ်လှမ်းလှမ်းမှ တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။ နောက်တွင် အသူရာချောက်နက်လိပ်ပြာရာချီက အမှောင်ထုထဲမှ ပေါ်ပေါက်လာပြီး တစ်ကောင်ချင်းစီသည် လင်းဇီချန်ခေါင်းထက်တွင် ပျံဝဲနေသည်။ အသူရာချောက်နက်လိပ်ပြာကြီး၏ခန္ဓာကိုယ်များတွင် တောက်ပသောအရောင်ထွက်နေသည့်သွေးကြောများဖြင့် ဖုံးအုပ်ထားကာ ကြယ်ရောင်လေးများကဲ့သို့ အရောင်ထွက်နေသည်။ ထိုလိပ်ပြာရာချီက အတူတကွစုစည်းလိုက်လျှင် လမ်းတစ်ခုလုံးကို မြင်နိုင်သည်အထိ လင်းပေသည်။

သို့သော်လည်း ထိုအလင်းရောင်မျှဖြင့် ပတ်ဝန်းကျင်မှ အမှောင်ထုတစ်ခုလုံးကို လင်းစေရန် မလုံလောက်ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးက မည်းမှောင်နေပြီး မျက်စိရှေ့မှ လက်နှစ်ဖက်ကိုပင် မမြင်ရတော့ပေ။ ထိုလိပ်ပြာကြီးများကလွဲ၍ အခြားသောမြင်ရသည့်အရာမျိုး မရှိပေ။ လင်းဇီချန်သည် ခေါင်းပေါ်၌ ပျံဝဲနေသောထူးဆန်းသည့်လိပ်ပြာကြီးများကိုကြည့်၍ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကိုသာ လေ့လာနေမိသည်။

ရုတ်တရက်ပင် မိမိလက်ကိုပင်မမြင်ရသည့် မည်းမှောင်နေသည့်ပတ်ဝန်းကျငသ်ည ယခင်က ရောက်ဖူးသောနေရာကဲ့သို့ ရင်းနှီးနေသည်ကို ခံစားမိသည်။ သေချာစဉ်းစားကြည့်သောအခါမှ ထိုအမှောင်ထုပတ်ဝန်းကျင်က စာတန်များပြသော စနစ်၏လေဟာနယ်ဖြင့် လွန်စွာဆင်တူနေသည်။

ဒီနှစ်ခုက ဆက်စပ်နေတာလား

ဖြစ်နိုင်တာက....မူလမြေရဲ့အသူရာချောက်နက်က စနစ်ရဲ့လေဟာနယ်များလား

ထပ်ပြီးတော့ မူလမြေပဲ။

မူလမြေနဲ့ထပ်ပြီး ပက်သက်နေပြန်ပြီ။

မိဘများ၏အသိစိတ်ပင်လယ်ကလည်း အရင်းအမြစ်သလင်းကျောက်များဖြင့် ပြည့်နှက်နေပြီး ထိုစနစ်၏လေဟာနယ်ကလည်း မူလမြေမှ အသူရာ‌ချောက်နက်ဖြင့် လွန်စွာဆင်တူနေသည်။

ဘာတွေဖြစ်နေတာလဲ

လင်းဇီချန် ရေရွတ်လိုက်မိသည်။

ရုတ်တရက်ပင် တဖြည်းဖြည်းမိုးရွာချသံကဲ့သို့ အသံများက စတင်ပဲ့တင်သံထပ်လာသည်။ လိပ်ပြာကြီးများမှထုတ်လွှတ်ပေးသောအလင်းများက ကောင်းကင်မှ မိုးရွာသကဲ့သို့ ရွာကျလာပြီး အောက်မှ အမှောင်ထုဖြင့်ထိသည့်အခါတွင် အလင်းရောင်တောက်ပကာ အမြန်ပျောက်ကွယ်သွားပေသည်။ လင်းဇီချန်သည်လည်း ထိုအလင်းစက်များစွာဖြင့် ထိမိသည်။ မည်းမှောင်နေသည့်မြေကြီးဖြင့် ထိမိသည်နှင့်မတူသည်မှာ ထိုအလင်းစက်များသည် လင်းဇီချန်ကိုထိသည်နှင့် ချက်ချင်းပျောက်ကွယ်မသွားပေ။

ထို့အစား လွန်စွာပြင်းထန်သောစွမ်းအားအဖြစ် အသွင်ပြောင်းသွားကာ ချက်ချင်းပင်ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ဦးနှောက်၏အသိစိတ်ပင်လယ်ထံသို့ ရောက်သွားကာ ကြည်လင်နေသောသလင်းကျောက်အဖြစ် ပြောင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ယခင်ရေဖြင့်ပြည့်နေသည့် အသိစိတ်ပင်လယ်သည် ယခုတွင် ရေခဲတုံးကဲ့သို့ သလင်းကျောက်များဖြင့် ဖုံးလွှမ်းသွားသည်။

လင်းဇီချန်က အနီးကပ်ကြည့်လိုက်ပြီး မိမိ၏အသိစိတ်ပင်လယ်က အရင်းအမြစ်သလင်းကျောက်များဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသောအခါတွင် အံ့ဩတုန်လှုပ်သွားသည်။

ဘာဖြစ်သွားတာလဲ

အသူရာချောက်နက်လိပ်ပြာကြီးတွေက မူလအားကို ပြောင်းထည့်ပေးနေတာလား

လင်းဇီချန်တစ်ယောက် ကြောင်သွားပြီး ဖြစ်နေသည်များကို မယုံကြည်နိုင်ပေ။

အတွေးများကို စုစည်းရန် ကြိုးစားလိုက်စဉ်တွင်ပင်

"ချွမ်..."

"ချွမ်..."

"ချွမ်..."

မိမိ၏အမြင်အာရုံသည် ဖန်ကွဲသွားသကဲ့သို့ အက်ကြောင်းရာများအပြည့် ဖြစ်သွားသည်။ မတုံ့ပြန်နိုင်ခင်တွင်ပင် အမြင်သည် အပိုင်းပိုင်းကြေမွသွားသည်။ အပိုင်းအစတစ်ခုချင်းစီက မိမိမျက်နှာကို စင်လာသည်။ ထို့နောက်တွင် အရာအားလုံး မည်းမှောင်သွားကာ အသိစိတ်လည်း ချက်ချင်းပျောက်ဆုံးသွားလေတော့သည်။

မသိနိုင်သောအချိန်တစ်ခုကုန်ဆုံးပြီးနောက်တွင် လင်းဇီချန်သည် မိုးရေသံများကြောင့် နိုးလာသည်. မျက်လုံးဖွင့်ကြည့်လိုက်သောအခါတွင် အခန်းထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ရှန်ချင်းဟန်က မိမိဘေး၌ နှစ်ခြိုက်စွာအိပ်နေပြီး ပြတင်းပေါက်အပြင်၌ မိုးရွာနေသည်။

ဒါက အိပ်မက်များလား....

လင်းဇီချန်သည် အိပ်ရာမှထလိုက်သည်။ အရက်သောက်ထားသည့်အတိုင်း ခေါင်းက လေးလံနေသည်။ နားထင်ကို ပွတ်ပြီး အိပ်မက်ကို ပြန်စဉ်းစားကြည့်သော်လည်း အမှန်ဟုသာ ခံစားရသည်။

ဟမ်

အရင်းအမြစ်သလင်းကျောက်တွေ

ငါ့ရဲ့အသိစိတ်ပင်လယ်မှာ အရင်းအမြစ်သလင်းကျောက်တွေပါ့လား

ရုတ်တရက်ပင် မျက်လုံးပြူးကျယ်သွားကာ မျက်နှာက အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။

မိမိ၏အသိစိတ်ပင်လယ်ထဲ၌ အရင်းအမြစ်သလင်းကျောက်များ ရောက်နေသည်ကို တွေ့လိုက်ရသည်။

တူညီသောအရွယ်အစား၊ တူညီသောပမာဏ၊ တူညီသောနေရာ....အိပ်မက်ဟု ထင်မိသည်။

အိပ်မက်မဟုတ်ဘူးလား ဒါပေမဲ့လို့ ငါက အခြားအာကာသထဲကို ဝင်သွားမိတာလား

မိဘတွေကော ဘာလုပ်နေလဲ

လင်းဇီချန်သည် ထိုသို့စဉ်းစားမိလိုက်သည်။ လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့၏အသိစိတ်ပင်လယ်တွင်လည်း အရင်းအမြစ်သလင်းကျောက်များ ပြည့်နှက်နေပြီး အိပ်မက်ကလည်း ၎င်းတို့ဖြင့် ဆက်စပ်နေသည်။ စဉ်းစားကြည့်ကာ သူသည် မိဘများအခန်းထဲသို့ ဝိညာဉ်စွမ်းအားဖြန့်ကျက်၍ အာရုံခံကြည့်သ်ောလည်း မိမိစိတ်ကူးထားသည်နှင့် တစ်ခြားစီဖြစ်နေသည်။

မိဘနှစ်ပါးလုံးက နှစ်ခြိုက်စွာအိပ်မောနေပြီး လှုပ်ရှားသည့် အရိပ်အယောင်မျိုး မရှိပေ။ လှုပ်ရှားနေသည့်တစ်ဦးတည်းသောသူမှာ ညီမလေးလင်းဇီယင်ပင် ဖြစ်သည်။ ညီမလေးသည် ညဉ့်နက်သည်အထိ မအိပ်သေးဘဲဖြင့် လက်မလေးကိုစုပ်၍ ခြေထောက်လေးများကိုအဆက်မပြတ်ကန်ကာ ကစားနေလေသည်။

All Chapters