← Chapters

အသူရာချောက်နက်၏ကလေး (၂)

Vol. 32 Ch. 467

အသူရာချောက်နက်၏ကလေး (၂)

Vol. 32 Ch. 467

ဝိညာဉ်စွမ်းအားဖြင့် ထိုစွမ်းအားကို အာရုံခံပြီးနောက်တွင် လင်းဇီချန်တစ်ယောက် အတွေးနက်သွားသည်။ မိဘများသည် သာမန်သူများနှင့်တူသော်လည်း ဖုံးကွယ်ထားသည့်ကျွမ်းကျင်သူများဟု ထင်မိသည်။ ဖြစ်နိုင်သည်မှာ ၎င်းတို့၏အသိစိတ်ပင်လယ်တစ်ခုလုံးက အရင်းအမြစ်သလင်းကျောက်များဖြင့် ပြည့်နေသည်မှာ အသူရာချောက်နက်လိပ်ပြာကြီးများကို မကြာခဏအိပ်မက်မက်သောကြောင့် ဖြစ်ပေမည်။ မှန်ပေသည်။ မနက်ဖြန်မနက်တွင်မျ မိဘများလည်း ထိုအိပ်မက်မျိုး မက်မမက်ကို မေးကြည့်ကြည့်ရမည်။ ထိုအကြောင်းများကို ခေတ္တမျှစဉ်းစားပြီးနောက်တွင် လင်းဇီချန်တစ်ယောက် အိပ်မပျော်ရှာတော့ပေ။ အိပ်ရာမှထကာ ပြတင်းပေါက်ဆီသို့သွားပြီး ဖွင့်ကာ ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး အေးမြသောမိုးလေပြေအေးကို ခံစားကာ အတွင်းကြောမှတ်များကို ဖွင့်ကြည့်သည်။ ယခုတွင် သခင်အဆင့်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များစွာကို သုံးဆောင်ပြီးဖြစ်သဖြင့် ခန္ဓာကိုယ်တွင် အတွင်းကြောမှတ်တစ်ရာခန့် အသက်သွင်းပြီးဖြစ်သည်။ နှလုံးအတွင်းကြောမှတ် (၆၈) မှတ်၊ ဦးနှောက်အတွင်းကြောမှတ် (၅၅) မှတ်နှင့် ခန္ဓာကိုယ်အတွင်းကြောမှတ် (၅၉) မှတ်တို့ပင် ဖြစ်လေသည်။ စုစုပေါင်း တိတိကျကျဆိုရလျှင် (၁၈၂) မှတ်ပင် ဖြစ်၏။

ယခုတွင် ခန္ဓာကိုယ်တွင်ရှိသော အတွင်းကြောမှတ် (၃၆၆) မှတ်၏တစ်ဝက်ကို ဖွင့်ပြီးဖြစ်သည်။ အတွင်းကြောမှတ်တစ်ဝက်ကို ဖွင့်ပြီးနောက်တွင် သွေးမျိုးဆက်စွမ်းအားအဆင့်မှာ သခင်အဆင့်အဌမအဆင့်သာ ဖြစ်သည်။ အားလုံးကိုသာ ဖွင့်ပြီးပါလျှင် အမြင့်ဆုံးသွေးမျိုးဆက်စွမ်းအားအဆင့်သည် ရှေးဘိုး‌ဘေးပထမအဆင့် ဖြစ်ပေမည်။ ကန့်သတ်ချက်ကသာ ရှေးဘိုးဘေးပထမအဆင့် ဖြစ်ပါလျှင် သွေးသန့်လူသားလမ်းစဉ်က အတော်လေးအသုံးမကျရာကျပေမည်။ ထိုသို့ဆိုလျှင် လျို့ချွမ်ဝူ ပြောသကဲ့သို့ လူသားများ၏အနာဂတ်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အတွင်းကြောမှတ်အားလုံးကို ဖွင့်ပြီးသည်နှင့် ထပ်မံ၍ ဆင့်ကဲပြောင်းလဲရန် နည်းလမ်းရှိရပေဦးမည်။

....

တစ်နာရီခန့်ကုန်လွန်သွားပြီးနောက်တွင် ပြတင်းပေါက်အပြင်မှကောင်းကင်သည် တဖြည်းဖြည်းဖြင့် အလင်းရောင်တောက်ပလာသည်။ မူလမြေ၌ လပေါင်းများစွာ ကုန်ဆုံးပြီးနောက်တွင် ရှန်ချင်းဟန်သည် စောစောအိပ်ရာထတတ်သည့်အကျင့်ဖြစ်လာသည်။ ပြတင်းပေါက်မှ မနက်ခင်းနေရောင်ခြည်ဝင်လာသည်နှင့် သူမက ထတတ်ပြီး လွန်စွာအားအင်ပြည့်ဝသည်ဟု ခံစားမိသည်။

"ဘယ်တုန်းက နိုးနေတာလဲ။"

ရှန်ချင်းဟန်သည် သူမ၏ခြေထောက်လေးကို လင်းဇီချန်၏ခန္ဓာကိုယ်ပေါ်သို့ တင်ပေးလိုက်ပြီး ချိုသာသောအသံဖြင့် ပြောလိုက်သည်။

လင်းဇီချန်က အမှန်အတိုင်း ပြောလိုက်ပေသည်။

"လေးနာရီက နိုးတာ"

ရှန်ချင်းဟန် အံ့ဩသွားမိသည်။

"ဘာလို့ အစောကြီးနိုးနေတာလဲ။"

"အိပ်မက်တစ်ခုကြောင့် နိုးလာတာ။"

ထိုစကားကို ကြားပြီးနောက်တွင် ရှန်ချင်းဟန်သည် ချက်ချင်းပင် ခေါင်း‌ထောင်လာသည်။

"နင်က အိပ်မက်ကြောင့်နိုးလာတယ် ဘာအိပ်မက်လဲ ငါ့ကို ပြောပြဦး။"

လင်းဇီချန်က အမြန်ပင် စကားရှာလိုက်ပြီး မကြာခင်တွင်ပင် အိပ်မက်ထဲ၌ ပါဝင်သောအကြောင်းအရာများကို အတိုချုံးရှင်းပြပြီး ရှန်ချင်းဟန်ကို ပြောလိုက်သည်။

ရှန်ချင်းဟန်၏မျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

"နင်က အသူရာချောက်နက်နဲ့ အသူရာချောက်နက်လိပ်ပြာတွေကို အိပ်မက်မက်ပြီး အဲ့ဒါတွေက မူလအားကို နင့်ထဲကို လွှဲပြောင်းပေးလိုက်တယ်လို့ ပြောတာလား"

လင်းဇီချန်က ဖြေလိုက်သည်။

"မူလအားက တကယ်ပဲ။ အခု ငါ့ရဲ့အသိစိတ်ပင်လယ်က အရင်းအမြစ်သလင်းကျောက်တွေနဲ့ ပြည့်နေပြီ။ အကုန်လုံးအိပ်မက်ထဲမှာ ပေါ်လာတာ။"

"အသူရာချောက်နက်နဲ့ အသူရာချောက်နက်လိပ်ပြာအတွက်ကတော့ အခုတော့ အဲ့ဒါတွေက ငါ့ခန့်မှန်းချက်သပ်သပ်ပဲ။"

"အသူရာချောက်နက်က တကယ်ဟုတ်မဟုတ်တော့ ငါလည်းမသေချာဘူး။ ကြက်သွေးနီရောင်လိပ်ပြာကြီးတွေကလည်း တကယ်ပဲ အသူရာချောက်နက်လိပ်ပြာကြီးတွေ ဟုတ်မဟုတ်ဆိုတာ မသေချာဘူး။"

ထိုသို့ပြောပြီးနောက်တွင် ထပ်ပေါင်းပြောလိုက်သည်။

"ငါ့မိဘတွေရော မင်းမိဘတွေပါ အရင်းအမြစ်သလင်းကျောက်နဲ့လုပ်ထားတဲ့အသိစိတ်ပင်လယ်ရှိတယ်ဆိုတာက အဲ့အိပ်မက်နဲ့ဆက်စပ်နေလောက်တယ်။"

ရှန်ချင်းဟန်က မျက်ခုံးပင့်၍ ပြောလိုက်သည်။

"နင်ပြောတာက သူတို့လည်း မနေ့က နင်အိပ်မက်မက်သလိုမျိုး မကြာခဏမက်တယ်။ အဲ့ဒါကြောင့် သူတို့မှာလည်း အဲ့လိုမျိုးအသိစိတ်ပင်လယ်ရှိမယ်လို့ ဆိုလိုတာမဟုတ်လား။"

"အဲ့ဒါက ငါ့ခန့်မှန်းချက်သက်သက်ပါ။ ဒါပေမဲ့လို့ သေချာအောင်တော့ သူတို့နိုးလာမှ မေးကြည့်ရမယ်။"

ရှန်ချင်းဟန်က နှုတ်ခမ်းလေးထော်လိုက်သည်။

"မင်းမိဘတွေနဲ့ ငါ့မိဘတွေကသာ ပုန်းကွယ်ထားတဲ့သူလျှိုဆိုရင် သူတို့က သေချာပေါက် အမှန်တရားကို ပြောပြမှာမဟုတ်ဘူး။"

လင်းဇီချန်က ရယ်လိုက်မိသည်။

"သူတို့တွေ အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ အဲ့လိုဆိုရင် ငါတို့တွေလည်း နောင်ကျရင် သူတို့လုံခြုံရေးအတွက် စိတ်ပူပေးစရာမလိုတော့ဘူး။ သူတို့ကတောင် ငါတို့ကို တိုးတက်အောင် လုပ်ပေးနိုင်ဦးမှာ။"

ရှန်ချင်းဟန်သည် အစတွင် ရောထွေးနေသော်လည်း လင်းဇီချန်၏စကားကြောင့် ရယ်လိုက်မိသည်။ လင်းဇီချန်ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ မိဘများကသာ ပုန်းကွယ်နေသည့်ကျွမ်းကျင်သူများဖြစ်လျှင် မိမိတို့သည် နောင်တွင် မိဘများကို အားကိုး၍ရနိုင်သည်။ ကိုယ်တိုင်အားစိုက်ထုတ်နေစရာမလိုတော့ပေ။ အသုံးမကျသည့် ကောင်းချီးပေးခံရသည့် ဒုတိယမျိုးဆက်ဖြစ်လာနိုင်သည်။ မည်မျှအံ့ဩစရာကောင်းလိုက်သနည်း။

ထိုသို့စဉ်းစားမိပြီး ရှန်ချင်းဟန်သည် ရုတ်တရက်ပင် ခြေထောက်လေးကို လင်းဇီချန်ကိုထိုးပေးလိုက်ပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။

"ဒယ်ဒီ ခုက မနက်စာစားဖို့ အချိန်မကျသေးဘူး။ အဖေနဲ့သမီးလိုမျိုး ဆက်ဆံရေးတိုးတက်အောင် မလုပ်သင့်ဘူးလား။"

ထိုစကားကို ကြားသည်နှင့် လင်းဇီချန်က ပြောလိုက်မိသည်။

"ရှန်ဝူဟန် မင်း ပိုပိုပြီး ညစ်ပတ်လာပြီ"

ရှန်ချင်းဟန်က ရှက်သွားချင်ယောင်ဆောင်လိုက်ပြီး

"ရှင်တို့ယောက်ျားလေးတွေက မိန်းကလေးတွေ ညစ်ပတ်လာတဲ့အခါကျရင် ကြိုက်ကြတယ်မလား"

"အင်း အဲ့ဒါတော့အမှန်ပဲ။"

ထို့နောက်တွင် ရှန်ချင်းဟန်က လင်းဇီချန်ကို တွန်းလိုက်ပြီး ပြောလိုက်သည်။

"ပြောတာတော်လောက်ပြီ။ အန်တီရှင်း မနက်စာပြင်ဖို့ မထခင် မြန်မြန်လှုပ်ရှားရအောင်။"

လင်းဇီချန်ကမူ ငြင်းစရာအကြောင်းမရှိပေ။ အမြန်ပင် သဘောတူလိုက်သော်လည်း သူ၏ခန္ဓာကိုယ်ကြောင့် မြန်မြန်တိုက်ပွဲမဆင်နွှဲလိုက်ရပေ။

....

တစ်နာရီခန့်ကြာပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အပြည့်အဝကျေနပ်နေဟန်ဖြင့် အခန်းထဲမှ ထွက်လာကြသည်။ ထိုအချိန်တွင် ကျန်းဝမ်ရှင်းသည် မီးဖိုချောင်ထဲ၌ မနက်စာပြင်ဆင်နေကာ ဝိညာဉ်ငါးစွပ်ပြုတ်ကို ဧည့်ခန်းထဲသို့ သယ်လာသည်။ လင်းဇီယင်လေးကမူ ခုန်ဆွခုန်ဆွဖြင့် ကျန်းဝမ်ရှင်းဘေးမှ လိုက်ပါလာကာ သူမ၏ရွှန်းစိုသောမျက်ဝန်းများက ဆန်ပြုတ်အိုးကိုသာကြည့်နေပြီး သွားရည်တမြားမြားဖြင့် ဖြစ်သည်။

"အမေ ကျွန်တော် ကူသယ်ပေးမယ်။"

လင်းဇီချန်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။

ကျန်းဝမ်ရှင်းကမူ အမြန်ပင် ငြင်းလိုက်လေသည်။

"စားပွဲတောင် ရောက်တော့မှာ။ မင်းသယ်ဖို့ မလိုဘူး။ မင်းအမေကို စောင့်ရှောက်ပေးချင်တယ်ဆိုရင် နက်ဖြန်မနက်စောစောထပြီး မနက်စာပြင်ပေးပြီး အမေကို အိပ်ခိုင်းပေါ့။"

"ကိစ္စမရှိဘူး။ မနက်ဖြန်မနက်စာ ကျွန်တော် ပြင်လိုက်ပါ့မယ်။"

လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်သည်။

ကျန်းဝမ်ရှင်းနှင့် ရှန်ချင်းဟန်သည် လောကကြီး၌ မိမိအချစ်ဆုံးမိန်းမနှစ်ယောက် ဖြစ်သည်။ မနက်စာပြင်ပေးသည်ပင် မဆိုထားနှင့်၊ နောင်တွင် နေ့စဉ်တာဝန်ကိုပင် လုပ်ဆောင်ပေးနိုင်သည်။ တစ်ဦးသည် မိမိကို ပထမဆုံးအာဟာရကျွေးကာပြုစုပျိုးထောင်လာသော မွေးမိခင်ဖြစ်သည်။

"ဘေးဖယ်နေ။ လမ်းမပိတ်နဲ့။ မင်းအဖေကိုနှိုးပြီး မနက်စာစားဖို့ ဆင်းခဲ့လို့ပြောလိုက်။"

ကျန်းဝမ်ရှင်းက တိုက်တွန်းလိုက်လေသည်။

မိခင်ဖြစ်သူက မရပ်သည်ကို မြင်သောအခါတွင် လင်းဇီယင်သည် မျက်မှောင်ကြုတ်ပြီး ဆန်ပြုတ်အိုးကိုသာ လက်လှမ်းနေသည်။ သူမသည် မိခင်ကို ဆန်ပြုတ်တိုက်ရန် တိုက်တွန်းနေခြင်းပင် ဖြစ်၏။ ထိုပုံစံကို မြင်သည့်အခါတွင် လင်းဇီချန်သည် ညီမဖြစ်သူက ချစ်စရာကောင်းလွန်းသည်ဟု ထင်မိသည်။ ဘေးသို့ထွက်ကာ ညီမလေးကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ပြီး ရယ်ရင်းဖြင့် လုံးဝန်းနေသောပါးလေးကို လက်ချောင်းဖြင့် ဖျစ်လိုက်သည်။

" အင်း အင်း အင်း..."

လင်းဇီယင်က မကျေမနပ်ဖြင့် အော်နေပြီး လင်းဇီချန်က အောက်သို့ မချပေးသည်ကို မြင်သောအခါတွင် နဂါးတစ်ကောင်ကဲ့သို့ ပါးစပ်ဟကာ ကျယ်လောင်စွာအော်ရန် ပြင်လိုက်လေသည်။

ညီမဖြစ်သူ ငိုတော့မည်ကို မြင်သဖြင့် လင်းဇီချန်သည် အတွေးဖြင့် ဝိညာဉ်သစ်သီးတစ်လုံး ထုတ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ဝိညာဉ်သစ်သီးကို မြင်လိုက်သည်နှင့် လင်းဇီယင်သည် ငြိမ်ကျသွားကာ ပါးစပ်ထဲမှ သစ်သီးကို ဆွဲယူလိုက်သည်။ လင်းဇီချန်က ညီမလေး၏ ပါးလေးကို ပုတ်၍ ပြောလိုက်သည်။

"အစားပုတ်လေး။"

ထိုသို့ပြောပြီးနောက်တွင် ညီမဖြစ်သူကို ဖခင်ဖြစ်သူ လင်းယန်ရှန်းကို နှိုးရန် အခန်းထဲသို့ ခေါ်လာခဲ့သည်။ ရှန်ချင်းဟန်ကမူ နောက်ကလိုက်သွားရသည်မှာ ထူးဆန်းနေသဖြင့် ဧည့်ခန်းထဲတွင်နေခဲ့ပြီး ကျန်းဝမ်ရှင်းကို ကူညီပေးသည်။

"ချင်းဟန် မင်းနဲ့ ရှောင်ချန်တို့ကော အခြေအနေဘယ်လောက်ထိ တိုးတက်နေပြီလဲ"

နှစ်ဦးတည်းရှိသည်ကို အခွင့်ကောင်းယူကာ ကျန်းဝမ်ရှင်းက သူမကို မေးလိုက်သည်။ ရှန်ချင်းဟန်သည်ရှက်သော်လည်း အမှန်အတိုင်း ဖြေလိုက်မိသည်။

"အတွဲတွေလုပ်သမျှတိုင်းပဲပေါ့။ သမီးတို့လည်း အတော်လေးလုပ်ပြီးပါပြီ။"

ထိုစကားကို ကြားသည်နှင့် ကျန်းဝမ်ရှင်းလည်း ဝမ်းသာသွားကာ ကျေနပ်သွား၏။

"ကြည့်ရတာ ရှောင်ချန်က အတော်လေးစွမ်းနိုင်ပုံပဲ။ အမေတစ်ယောက်အနေနဲ့ ငါ့ကို စိတ်မပျက်စေဘူး။"

ထိုစကားကို ကြားသောအခါတွင် ရှန်ချင်းဟန်လည်း ရှက်သွားကာ ခေါင်းငုံ့ထားလိုက်မိသည်။

....

မကြာခင်တွင် ရှန်ချင်းဟန်အပါအဝင် မိသားစုငါးယောက်သည် ဧည့်ခန်းထဲတွင် မနက်စာစားရန် စုစည်းကြသည်။ စားနေစဉ်တွင် လင်းဇီချန်က မိဘများကို ထူးဆန်းသည့်အိပ်မက် မက်မမက် မေးကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် မိဘများက အံ့ဩသွားကာ ထိုအိပ်မက်မျိုးကို မက်ကြကြောင်း ဝန်ခံလေသည်။

"သား ဘယ်လိုလုပ် သိတာလဲ။ မင်းအဖေနဲ့အမေက အဲ့လိုဆိုထူးဆန်းတဲ့အိပ်မက်တွေမက်တယ်လို့ မပြောဖူးဘူးမဟုတ်လား။"

ကျန်းဝမ်ရှင်းက စပ်စုစွာဖြင့် မေးလိုက်သည်။

လင်းဇီချန်က ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ သားလည်း အဲ့လိုအိပ်မက်မျိုး မက်လို့ပါ။"

ထိုစကားကို ကြားသည့်အခါတွင် မိဘများသည် မယုံကြည်နိုင်အောင်ဖြစ်သွားကာ သားဖြစ်သူကလည်း ထိုသို့အိပ်မက်မျိုးမက်သည်ကို မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။ စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ကျန်းဝမ်ရှင်းက စပ်စုစွာဖြင့် မေးလိုက်သည်။

"သားအိပ်မက်ထဲက ပတ်ဝန်းကျင်မျိုးက ဘယ်လိုလဲ။ မျက်စိရှေ့က လက်ကိုတောင် မမြင်ရအောင် မည်းမှောင်နေတာမျိုးလေ။"

"ဟုတ်တယ်။"

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။

ကျန်းဝမ်ရှင်းကလည်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ငါလဲအဲ့လိုမက်တာပဲ။ ဒါပေမဲ့လို့ အဲ့လိုမက်ပြီးတိုင်း အမြင်အာရုံကျယ်လာပြီး အရာတော်တော်များများကို ရှင်းရှင်းလင်းလင်း မြင်လာနိုင်တယ်။"

All Chapters