← Chapters

မြင့်မြတ်သူအဆင့်ဂြိုလ်သားအားသတ်ဖြတ်ခြင်း (၂)

Vol. 32 Ch. 473

မြင့်မြတ်သူအဆင့်ဂြိုလ်သားအားသတ်ဖြတ်ခြင်း (၂)

Vol. 32 Ch. 473

ထိုအချက်နှစ်ချက်ကို ပေါင်းကြည့်လိုက်ရုံဖြင့် ထိုသူ၏အင်အားက လွန်စွာအားကောင်းပြီး မိမိထက်အားကောင်းသည်ကို သဘောပေါက်သွားသည်။

"ဝှစ်"

လေကိုခွင်းသောအသံက ထပ်မံထွက်ပေါ်လာပြန်သည်။ ထိုသူ၏တုံ့ပြန်ပုံသည် အရိပ်ဖြင့်မဟုတ်ဘဲ ကြောက်စရာကောင်းသည်အင်အားပါသည့် ချီသွေးစွမ်းအားဖြင့် ဖြစ်သည်။ ယခုတစ်ခေါက်တွင် သတိရှိနေသဖြင့် အမြန်ပင် လက်ထဲမှ အလောင်းမွေးမြူတံခွန်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲတွင် မည်းနက်နေသည့်အက်ကြောင်းရာပေါ်လာကာ ဝင်လာသောချီသွေးအင်အားကို မျိုချပစ်သည်။

"ဝှစ်"

နောက်ထပ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

အသံနှင့်အတူ အလင်းကဲ့သို့ လျင်မြန်သောပုံရိပ်တစ်ခု တောထဲမှ ထွက်လာပြီး လွန်စွာများပြားသောချီသွေးစွမ်းအားဖြင့် ထိုသူဆီသို့ ဦးတည်ရောက်လာသည်။ ထိုပုံရိပ်၏လှုပ်ရှားပုံက လွန်စွာမြန်လွန်းသည်။ မြန်လွန်းသောကြောင့် မြင့်မြတ်သူပထမအဆင့်သည်ပင် ပြန်လည်မတုံ့ပြန်နိုင်ဘဲ ခေါင်းသည် လက်သီးတစ်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး အပေါ်ပိုင်းခန္ဓာကိုယ်ကလည်း မြေကြီးပေါ်သို့ သွေးများများအဖြစ် ရွာကျလာသည်။ အောက်ပိုင်းခန္ဓာကိုယ်တစ်ဝက်ကမူ မြေကြီးပေါ်တွင် ရပ်နေဆဲဖြစ်ပြီး သေမည့်ဆဲဆဲရုန်းကန်နေရကာ အပေါ်ပိုင်းခန္ဓာကိုယ်နှင့်ခေါင်းအသစ်ကို ပြန်ထွက်အောင် ကြိုးစားနေရှာသည်။

ကံမကောင်းစွာဖြင့် အလဟဿပင် ဖြစ်သွားရသည်။ နောက်ထပ်ပြင်းထန်သောလက်သီးတစ်ချက်က မကြာခင်ပင် ရောက်လာပြန်ပြီး ကျန်ရှိသောခန္ဓာကိုယ်အောက်ပိုင်းသည် အနက်ရောင်အငွေ့များနှင့်သွေးများ ရောကာပေါက်ကွဲထွက်သွားတော့သည်။ သွေးမိုးအဖြစ်ပြောင်းသွားသည်ကိုပင် အသွေးနှင့်အသားအသစ်များ ပြန်လည်ထွက်ပေါ်ရန် ကြိုးစားနေဆဲဖြစ်သည်။ များပြားလှသောသွေးစေ့များသည် လေထဲတွင် ဝဲပျံလာပြီး လွန်စွာမြန်သောအရှိန်ဖြင့် ငွေ့ရည်ဖွဲ့ကာ လူသားပုံပေါ်လာသည်။ သို့သော်လည်း လူသားအသွင် အပြည့်အဝမရခင်တွင်ပင် နောက်ထပ်လက်သီးချက်ကြောင့် တစ်စစီဖြစ်သွားရပြန်သည်။

"မီးရှို့..."

လျှပ်စီးလက်သံတစ်ချက်ကို ကြားလိုက်ရသည်။ သွေးမိုးများသည် ရုတ်တရက်ပင် အနီရောင်မီးတောက်အဖြစ် လောင်ကျွမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် လေထဲမှဘာမှမရှိသကဲ့သို့ ပျောက်သွားကာ ပြန်လည်ထွက်ပေါ်လာရန်ကလည်း မဖြစ်နိုင်တော့ပေ။ ထိုမြင်ကွင်းကို မျက်လုံးဖြင့် ကိုယ်တိုင်မြင်လိုက်ရသော စုကျိုကျဲသည် လုံးဝပင် ကြောင်သွားရှာသည်။ အံ့ဩတုန်လှုပ်မှုက မျက်နှာထက်တွင် အထင်းသားမြင်နေရသည်။

လင်းဇီချန်လား

ဘယ်လိုလုပ် သူဖြစ်နေရတာလဲ

ထိုသူသည် မေ့ပျောက်ခြင်းနယ်မြေမှ မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူဖြစ်သည်။ လင်းဇီချန်က ထိုသို့သူကို လက်သီးနှစ်ချက်ဖြင့် သွေးမိုးဖြစ်အောင် ဘယ်လိုလုပ် ပြောင်းလိုက်နိုင်ရတာလဲ

စုကျိုကျဲသည် ရောက်လာသူ၏မျက်နှာကို မှတ်မိသောအခါတွင် သူမ ဆွဲဆောင်ခဲ့သည့် လင်းဇီချန်ဖြစ်သည်ကို သိလိုက်သည်နှင့် ရုတ်တရက်ပင် နှလုံးသားက ထိတ်လန့်သွားသည်။ လွန်ခဲ့သောတစ်နှစ်ခန့်က လင်းဇီချန်သည် အခြေခံအဆင့်သက်ရှိပင်ဖြစ်ကာ သူမ၏အခြေခံပထမအဆင့်ကိုယ်ပွားဖြင့်ပင် ဖျက်စီးပစ်၍ရသည်။ သို့တိုင် တစ်နှစ်အတွင်းတွင် လင်းဇီချန်သည် သူမပင် ဘာမှမတတ်နိုင်သည့် မြင့်မြတ်သူအဆင့်ကိုပင် သတ်နိုင်သည်အထိ အားကောင်းလာပြီး မယုံကြည်နိုင်စရာကောင်းလှသည်။

စုကျိုကျဲက အံ့ဩနေစဉ်တွင် ထိုသူကို သတ်လိုက်သောလင်းဇီချန်သည် ယုံကြည်ရန်ခက်ခဲနေသည်။ မိမိသည် ထိုသူဖြင့် အပြင်းအထန်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ ထို့အတွက်ကြောင့် ရှန်ချင်းဟန်ကိုပင် အနားမှကပ်လိုက်မလာခိုင်းဘဲ ဝေးဝေးတွင် နေခိုင်းခဲ့သည်။ မမျှော်လင့်သောအရာတစ်ခုခု ဖြစ်သွားလျှင် ရှန်ချင်းဟန်က လွတ်ရန် အခွင့်အရေးရပေမည်။ သို့သော်လည်း မိမိ မထင်မှတ်ထားသည်မှာ သွေးမျိုးဆက်စွမ်းအားအဆင့်က မြင့်မြတ်သူပထမအဆင့်ရှိသည့် မေ့ပျောက်ခြင်းနယ်မြှေလူသည် လက်သီးချက်ကိုပင် ခံနိုင်ရည်မရှိဘဲ ပေါက်ကွဲထွက်သွားရသည်။ ရလဒ်သည် လွန်စွာမမျှော်လင့်ထားစရာပင် ဖြစ်လေသည်။

"ဇီချန် သူ သေသွားပြီလား။"

တိုက်ပွဲသည် အဆုံးသတ်သွားသည်ကို မြင်သောအခါ၌ အက်ကွဲကြောင်းအဆုံး၌ ပုန်းနေသောရှန်ချင်းဟန်သည် ချက်ချင်းပင် လင်းဇီချန်ဘေးသို့ ဝင်သွားကာ မေးလိုက်သည်။ သူမသည် မေးရင်းဖြင့် ဝိညာဉ်စွမ်းအားကို အမြင့်ဆုံးသို့တင်ကာ သူမပတ်ချာလည်မှ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်သည်။ သတ်ခံလိုက်ရသူသည် မြင့်မြတ်သူအဆင့်ဖြစ်ပြီး မည်သူကမှ ရန်သူတွင် သေခြင်းကိုရှောင်ရှားနိုင်မည့်အထူးနည်းလမ်းရှိလိမ့်မည်ဟု အာမမခံနိုင်ပေ။ ထိုသို့အခြေအနေမျိုးတွင် သတိရှိသည်ကသာ ပိုကောင်းပေသည်။

"သူသေလောက်ပါပြီ။"

လင်းဇီချန်သည် ချက်ချင်းပင် မိုင်ပေါင်းရာချီကို အာရုံခံပြီး ထိုသူ၏တည်ရှိမှုကို အာရုံမခံနိုင်သည်နှင့် သေလောက်ပြီဟု ခန့်မှန်းလိုက်သည်။

အနည်းဆုံးတွင်မူ ခန္ဓာကိုယ်က သေသွားလေပြီ။ ပြိုင်ဘက်သည် ထူးခြားသောကိုယ်ပွားဖြစ်မဖြစ်ကမူ မသေချာပေ။ မိမိဘာသာ ပြန်လည်စုစည်းပြီးနောက်တွင် လင်းဇီချန်က အချိန်ဖြုန်းမနေဘဲ စုကျိုကျဲဘက်သို့လှည့်ကာ မေးလိုက်သည်။

"ပြေးနိုင်သေးလား။"

စုကျိုကျဲက ခေါင်းခါပြလိုက်၏။

"ငါ့ခန္ဓာကိုယ်က အတော်လေးအထိနာနေပြီ။ မပြေးနိုင်တော့ဘူး။"

ထိုစကားကို ကြားသည့်အခါတွင် လင်းဇီချန်က ထပ်မပြောတော့ဘဲ ချက်ချင်းပင် ဘေးနားတွင်ရှိသောရှန်ချင်းဟန်ကို ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

ထို့နောက်တွင် လျှပ်တစ်ပြက်ခြေလှမ်းကို သုံးပြီး စုကျိုကျဲရှေ့သို့ ရွေ့သွားကာ သူမကိုပါ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။ နှစ်ဦးလုံး ရင်ခွင်ထဲသို့ ရောက်သွားသည်နှင့် လင်းဇီချန်သည် ချက်ချင်းင် အတွေးဖြင့် ချီသွေးစွမ်းအားကို သုံးကာ ကျောက်ဝူယန်ရှိသည့်နေရာသို့ အပြေးသွားတော့သည်။ မေ့ပျောက်ခြင်းနယ်မြေမှဂြိုလ်သားများသည် နောက်မှလိုက်မည်မလိုက်မည်ကို မသေချာသောကြောင့် ကျောက်ဝူယန်ရှိရာသို့အပြေးသွားကာ အခြေအနေကို အကြောင်းကြားရန် လိုအပ်သည်။ တင်းကျပ်စွာဖက်ခံထားရသောစုကျိုကျဲသည် နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်မျိုးကိုခံစားနေမိသည်။ စိတ်ကူးယဉ်ဆန်သောလှုပ်ရှားမှုမျိုူး မဟုတ်သော်လည်း မလိုက်ဖက်ဟုသောခံစားချက်မျိုးသာ ဖြစ်သည်။ ယခုတွင် သူမသည်ပင် အိပ်မက်လည်း အစစ်လားကို သေချာမခွဲခြားနိုင်တော့ဘဲ မျက်စိရှေ့မှမြင်ကွင်းများကိုပင် ယုံရန်ခက်နေသည်။

လွန်ခဲ့သောတစ်နှစ်က သာမန်ကမ္ဘာသားတစ်ယောက်သည် ယခုတွင် မြင့်မြတ်သူအဆင့်ကိုပင် သတ်နိုင်သည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီး မကောင်းဆိုးဝါးလှကာ သူမကိုပင်လန့်ဖျပ်သွားစေသည်။ လင်းဇီချန်သည် စုကျိုကျဲတွေးနေသည်ကို မသိသော်လည်း ရှေ့သို့သာပြေးနေသည်။

"ဘာလို့ မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားတွေလိုက်တာ ခံနေရတာလဲ။ ဘာဖြစ်တာလဲ။ အတိုချုံးရှင်းပြပါဦး။"

သူသည် ရင်ခွင်ထဲမှ စုကျိုကျဲကို ပြေးရင်းဖြင့် မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသည်နှင့် စုကျိုကျဲသည် စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီး မကြာခင်တွင်ပင် ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့အိမ် ရှေးဟောင်းစိမ်းလန်းတောင်တန်းကို အခု နေလအထွတ်အမြတ်နယ်မြေက သစ်ပင်အကြီးအကဲနဲ့ မေ့ပျောက်ခြင်းနယ်မြေက တိတ်ဆိတ်ခြင်းအရှင်က လာသိမ်းတယ်။"

"ငါ့အဒေါ် တောင်အရှင်က အ‌ရှေ့ပိုင်းနယ်မြေက သူ့ချစ်သူဟောင်းကိုသွားရှာခိုင်းပြီး အကူအညီတောင်းခိုင်းလိုက်လို့။"

"ငါ့အဒေါ်ခိုင်းတဲ့အတိုင်း ရှေးဟောင်းစိမ်းလန်းတောင်တန်းက သယ်ယူပို့ဆောင်ရေးအစီအရင်နဲ့ အရှေ့ပိုင်းနယ်မြေကို သွားမလို့ပဲ. ဒါပေမဲ့ စောနက မင်းအလွယ်လေးသတ်လိုက်တဲ့ မြင့်မြတ်သူအဆင့်နဲ့ တွေ့တာပဲ။"

"...."

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်၏။

"ငါသိပြီ။"

ထိုမေးခွန်းကို ဖြေပြီးသည့်နောက်တွင် စုကျိုကျဲက စပ်စုစွာဖြင့် မေးလိုက်လေသည်။

"ငါသိချင်မိတာက မင်းက ဘယ်လိုလုပ် တစ်နှစ်အတွင်း စွမ်းအားကသိသိသာသာ မြင့်တက်လာတာလဲ။"

"ငါ့ရဲ့ဆင့်ကဲပြောင်းလဲမှုပါရမီက မြင့်လို့ပါ။"

လင်းဇီချန်က တည်ငြိမ်စွာဖြင့်ပင် ဖြေလိုက်သည်။

လင်းဇီချန်က တစ်ခုခုကိုဖုံးကွယ်ထားသည်ကို စုကျိုကျဲသိသည်။ တစ်နှစ်အတွင်း အခြေခံအဆင့်မှ မြင့်မြတ်သူအဆင့်ကိုသတ်နိုင်အထိ ဆင့်ကဲပြောင်းလဲသွားခြင်းက ဆင့်ကဲပြောင်းလဲမှုပါရမီပါရုဖြင့် အောင်မြင်နိုင်သောအရာမျိုး မဟုတ်ပေ။

လင်းဇီချန်တွင် လွန်ခဲ့သောနှစ်က လုံလောက်သောဆင့်ကဲပြောင်းလဲမှုအရင်းအမြစ်ရှိလျှင်လျင်မြန်စွာ တိုးတက်နိုင်သည်ဟု တွေးခဲ့သည်။ သို့တိုင် လင်းဇီချန်၏လက်ရှိအင်အားက အံ့ဩစရာကောင်းလှသည်။ မိမိဘာသာ စဉ်းစားရင်းဖြင့် စုကျိုကျဲသည် မရေမတွက်နိုင်သောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များစွာကို စားသုံးလျှင်ပင် သာမန်အဆင့်မှ မြင့်မြတ်သူအဆင့်ထိ တစ်နှစ်အတွင်း မရောက်နိုင်ဟု ခံစာမးိသည်။ စဉ်းစားရင်းဖြင့် စုကျိုကျဲသည် ရုတ်တရက်ပင် အရေးကြီးသောကိစ္စကိုအမှတ်ရသွားသည်။

ငါက လင်းဇီချန်ကို အိပ်ရာကျေးကျွန်လုပ်ဖို့ အရည်အချင်းကောရှိလို့လား

သူမသည် ထိုသို့လုပ်ရန် အရည်အချင်းရှိတော့ပုံမပေါ်ပေ။ တစ်ယောက်ယောက်က ထိုနေရာကို ယူမည်ဆိုလျှင် သူမကသာ လင်းဇီချန်၏အိပ်ရာကျေးကျွန်လုပ်ရပေလိမ့်မည်ဖြစ်သည်။ သူမတုန်လှုပ်သွားမိ၏။

All Chapters