အမြီးကိုးချောင်းမြေခွေးမိစ္ဆာစုကျိုကျဲကိုသတ်ပစ်ခြင်း
Vol. 32 Ch. 474
လင်းဇီချန်၏လှုပ်ရှားသည့် အမြန်နှုန်းက မြန်လွန်းလှသည်။ စက္ကန့်ပိုင်းအတွင်းတွင်ပင် သူသည် တောအုပ်ထဲတွင် မိုင်ဒါဇင်ချီဖြတ်ကျော်လာခဲ့ကာ အောင်မြင်စွာဖြင့် ထူးဆန်းသောသွေးရောင်ရွှံ့အိုင်တွင်ရပ်နေသည့် ကျောက်ဝူယန်၏ပုံရိပ်ကို မြင်လိုက်ရသည်။
ထိုအချိန်တွင် ကျောက်ဝူယန်သည် ထိုသွေးရောင်ရွှံ့အိုင်ကို စူးစမ်းလေ့လာနေသည်။ ခြေထောက်အောက်တွင် ဆန်းကြယ်သားရဲများ၏များပြားလှစွာသောအလောင်းများက ပြန့်ကြဲနေသည် ထိုအကောင်များသည် ထိုသွေးရောင်ရွှံ့အိုင်ထဲတွင်နေသော ဆန်းကြယ်သားရဲများဖြစ်ပြီး ကျောက်ဝူယန်ကို တိုက်ခိုက်သဖြင့် သတ်ခံလိုက်ရသောအကောင်များဖြစ်နိုင်သည်။ လင်းဇီချန်က ရွှံ့အိုင်အစွန်တွင် ရပ်ပြီး ရှန်ချင်းဟန်နှင့် စုကျိုကျဲကို ချပေးလိုက်သည်။
စုကျိုကျဲက ဖျော့တော့သောမျက်နှာဖြင့် မြေကြီးပေါ်တွင် ရပ်နေသည်။ ထိုခရီးက သူမအတွက်မယုံကြည်နိုင်စရာကောင်းလှသည်။
လင်းဇီချန်သည် အမြန်နှုန်းဖြင့် ခုန်ပျံလာပြီး လမ်းတွင်ပိတ်ထာသောအပင်များက ကြို၍ အမြစ်မှကျွတ်ကာ ဘေးသို့ဖယ်ပေးကြပြီး လမ်းလုပ်ပေးကြသည်။ လင်းဇီချန်ကသာ ဒဏ္ဍာရီလာတောနတ်ဘုရားဖြစ်လို့များ အပင်တွေက သူ့ဘာသာ ဖယ်ပေးတာလား
လင်းဇီချန်က တကယ်ပဲ ကမ္ဘာက ဟုတ်ရဲ့လား
ဘယ်လိုလုပ် ဂြိုလ်သားတွေထက်သာတဲ့ စွမ်းအားမျိုးတွေကို ပိုင်ဆိုင်ထားတာလဲ
စုကျိုကျဲသည် ခေါင်းလည်း မလှုပ်နိုင်သကဲ့သို့ အမြီးလည်းမလှုပ်နိုင်ပေ။ လင်းဇီချန်ကမည်သူဆိုသည်ကို သံသယဝင်နေမိသည်။
"မင်းတို့နှစ်ယောက်က ငါ့တည်နေရာကို ဘယ်လိုလုပ်ရတာလဲ။ ဘာလို့ မြေခွေးမိန်းကလေးကို ခေါ်လာရတာလဲ။"
ကျောက်ဝူယန်သည် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က စွမ်းအားကင်းမဲ့သောမြေခွေးမိန်းကလေးကို ခေါ်လာသဖြင့် တွေဝေစွာကြည့်ကာ မေးလိုက်မိသည်။ ထိုသို့မေးရင်းဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ရှိရာသို့ ပြေးလာသည်။ လင်းဇီချန်က နေရာသို့သွားပြီး ကျောက်ဝူယန်ကို သိထားသမျှကို မချွင်းမချန်ပြန်ပြောပြသည်။ ကျောက်ဝူယန်၏အမူအရာက အနည်းငယ်မျှ ပြောင်းသွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။
"မင်းပြောတာက ရှေးဟောင်းစိမ်းလန်းတောင်တန်းက လက်ရှိဆို သစ်ပင်အကြီးအကဲနဲ့ တိတ်ဆိတ်ခြင်းအရှင်လက်အောက်မှာ ရောက်နေတယ်ပေါ့။ မြေခွေးမိန်းကလေးက အခု အရှေ့ပိုင်းနယ်မြေကို အကူအညီသွားတောင်းတာလား။"
"ကျွန်တော်သိလာတာတော့ ဒီလိုပါပဲ။"
ကျောက်ဝူယန်သည် စုကျိုကျဲကို ကြည့်လိုက်ပြီး သူမကိုယ်ပေါ်မှ အနက်ရောင်အငွေ့အသက်ကို မြင်မိသဖြင့် အတော်လေးမယုံကြည်နိုင်အောင် ဖြစ်နေမိသည်။ သို့သော်လည်း ယုံကြည်ရန် ရွေးချယ်လိုက်ကာ ကျောက်ဝူယန်၏အမူအရာက ချက်ချင်းပင် တည်သွားသည်။
နေလအထွတ်အမြတ်နယ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေတို့ ပူးပေါင်းပြီး ရှေးဟောင်းစိမ်းလန်းတောင်တန်းကို တိုက်ခိုက်ကာ ရှေးဟောင်းစိမ်းလန်းတောင်တန်းက အရှေ့ပိုင်းနယ်မြေကို အကူအညီသွားတောင်းခြင်းက မူလမြေအတွက် ကြီးမားသောအပြောင်းအလဲကြီးပင် ဖြစ်ပေသည်။
အရှေ့ပိုင်းနယ်မြေမှအဆင့်မြင့်များ ပါဝင်လာပါလျှင် မူလမြေတစ်ခုလုံးသည် အင်အားအပြောင်းအလဲဖြစ်နိုင်သည့် ဖရိုဖရဲတိုက်ပွဲကြီးတစ်ခု ဖြစ်ပေတော့မည်။
ဖြစ်နိုင်သည်မှာ မူလမြေ၌ အားနည်းနေသောကမ္ဘာသားတို့အတွက် အပြောင်းအလဲလုပ်ရန် အခွင့်အရေးပင် ဖြစ်လေသည်။ ထိုအချက်ကို သဘောပေါက်သွားသည်နှင့် ကျောက်ဝူယန်သည် ဆက်သွယ်ရေးပစ္စည်းတစ်ခုကို ထုတ်ပြီး အဖွဲ့ဝင်များကို ချက်ချင်းအကြောင်းကြားလိုက်သည်။
"အားလုံးပဲ လုပ်လက်စကိုချထားပြီး ချက်ချင်း တောဝင်ပေါက်မှာ လာစုကြ။ အခုပဲ ငါတို့တွေ မြို့ကို ပြန်ကြမယ်။"
လုံခြုံစေရန် ရည်ရွယ်ချက်ဖြင့် ကျောက်ဝူယန်သည် အဖွဲ့ဝင်များကို အလောတကြီး မတိုက်တွန်းတော့ပေ။ မြို့သို့ပြန်ရန်သာ စာပို့လိုက်သည်။
ယခုတွင် ကမ္ဘာဘက်၌ ကိစ္စများစွာရှိနေကာ အထူးသဖြင့် သစ္စာဖောက်များကိစ္စပင် ဖြစ်သည်။ ကျောက်ဝူယန်သည် မိမိတို့အဖွဲ့ထဲ၌လည်း သစ္စာဖောက်များရှိမည်ကို တွက်ဆပြီးဖြစ်သည်။ သစ္စာဖောက်များကသာ ထိုကိစ္စကို ဖော်လိုက်ပါလျှင် သေလုမျောပါးဖြစ်နေသော မြေခွေးမိန်းကလေးသည် ချက်ချင်းပင် နှုတ်ပိတ်ခံရနိုင်သည်။ မြေခွေးမိန်းကလေးသာ သေသွားလျှင် ရှေးဟောင်းစိမ်းလန်းတောင်တန်းအရေးပေါ်အကြောင်းကလည်း အရှေ့ပိုင်းနယ်မြေမှ ကျွမ်းကျင်သူများဆီသို့ သတင်းရောက်တော့မည်မဟုတ်တော့ပေ။ သတင်းရောက်သွားလျှင်လည်း ကမ္ဘာသားများက ထောင်ချောက်ဆင်သည်ဟုသာ ထင်ကြပေလိမ့်မည်။
"သွားကြမယ်။ ဝင်ပေါက်မှာဆုံရအောင်။"
ကျောက်ဝူယန်က ထိုသို့ပြောပြီး လျှပ်တစ်ပြက်အတွင်းပင် လင်းဇီချန်နှင့်အခြားသူများ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထိုသို့ပျောက်ကွယ်သွားသည်ကို မြင်သောအခါတွင် လင်းဇီချန်က ချက်ချင်းပင် ရှန်ချင်းဟန်နှင့် စုကျိုကျဲကို ပွေ့ကာ ကျောက်ဝူယန်နောက်မှ ကပ်လိုက်လာသည်။ လင်းဇီချန်က နောက်မှလိုက်လာသောကြောင့် ကျောက်ဝူယန်တစ်ယောက် အံ့ဩတုန်လှုပ်သွားရသည်။ မိမိသည် မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူဖြစ်ကာ ထိုအချိန်တွင် ငါးဆယ်ရာခိုင်နှုန်းဖြင့် အမြန်သွားနေခြင်းဖြစ်သည်။ လင်းဇီချန်သည် သခင်အဆင့်ဖြစ်သောလည်း မည်သို့ကပ်လိုက်နိုင်ရသနည်း။ ထို့အပြင် ဝန်ထုပ်ဝန်ပိုးနှစ်ခုပါ ပါသေးသည်။ မဖြစ်နိုင်ပေ။
....
မိနစ်ဝက်ခန့်ကြာပြီးနောက်တွင် လွတ်နေသည့်ဝင်ပေါက်သည် ယခုတွင် လူများဖြင့် ပြည့်သွားလေပြီ။
"ခေါင်းဆောင်ကျောက် ဘာဖြစ်လာတာလဲ။ ဘာလို့ အလောတကြီးလူစုပြီး ပြန်လာရတာလဲ။"
သခင်အဆင့်အဖွဲ့ဝင်တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
ထိုအမေးကို ကြားသည့်အခါတွင် အခြားသူများက ကျောက်ဝူယန်ကို လှည့်ကြည့်လိုက်ပြီး လက်ရှိအခြေအနေကို သိချင်နေလေသည်။
ထိုအချိန်တွင် တစ်ယောက်ယောက်က လင်းဇီချန်ဘေး၌ ရပ်နေသည့် မြေခွေးမိန်းကလေးကို သတိထားမိပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ရှေးဟောင်းစိမ်းလန်းတောင်တန်းရဲ့မြေခွေးမိန်းကလေးက ဒီမှာ ဘာလုပ်နေတာလဲ။ ခေါင်းဆောင်ကျောက် သူ့ကြောင့်မလို့ မြို့ကို ပြန်ခေါ်တာလား။"
အဖွဲ့ဝင်များ ရောက်လာသည်ကို မြင်သောအခါတွင် လေးနက်သောအသံဖြင့် ဆိုလိုက်သည်။
"မြို့ကို ပြန်ရောက်မှ ဒီကိစ္စကို ဆွေးနွေးကြမယ်။ ဒါပေမဲ့လို့ အခုတော့ ချက်ချင်းပြန်ကြရအောင်။"
ထိုသို့ပြောကာ ကောင်းကင်ပေါ်သို့ ခုန်ပျံသွားပြီး မြို့တော်ရှိရာသို့ ပျံသန်းသွားသည်။ လင်းဇီချန်ကလည်း နောက်မှလိုက်ပါလာ၏။ ကျန်သောသူများက လင်းဇီချန်သည် လူနှစ်ယောက်ကို သယ်ပြီး ကျောက်ဝူယန်၏အမြန်နှုန်းကို မှီအောင်လိုက်နိုင်သဖြင့် ယုံကြည်ရန်ခက်ခဲကာ အံ့ဩနေကြလေသည်။ အသိဝင်လာပြီးနောက်တွင် အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး မြို့ရှိရာသို့ ဦးတည်ပျံသန်းသွားကြလေသည်။
....
မကြာခင်တွင်ပင် အဖွဲ့တစ်ခုလုံးက မြို့တော်သို့ ချောချောမွေ့မွေ့ဖြင့် ပြန်ရောက်လာကြသည်။ မြေပေါ်သို့ ဆင်းသက်လိုက်သည်နှင့် အဖွဲ့ခေါင်းဆောင်ကျောက်ဝူယန်က ခဏမျှပင် အချိန်မဖြုန်းဘဲ ချက်ချင်းပင် လင်းဇီချန်နှင့်အခြားသူများကို မြို့အရှင်ရုံးခန်းဆီသို့ ခေါ်သွားလေသည်။ ထိုပုံစံကို မြင်သောအခါတွင် အဖွဲ့ဝင်များလည်း လိုက်ပါလာကြပြီး ဖြစ်နေသည်များကို သိချင်နေကြလေသည်။
မြို့အရှင်ရုံးခန်းသို့ ရောက်သောအခါတွင်မူ မြို့အရှင်ချင်ချွမ်းက ဒုမြို့အရှင်နှစ်ယောက်ဖြစ်သော ပိုင်ဝူပျန့်နှင့်ရှန်ကွမ်းယွဲ့ဟွာတို့ဖြင့် ကိစ္စများကို ဆွေးနွေးနေလေသည်။