အမြီးကိုးချောင်းမြေခွေးမိစ္ဆာစုကျိုကျဲကိုသတ်ပစ်ခြင်း (၂)
Vol. 32 Ch. 475
ဆွေးနွေးသည့်အကြောင်းအရာက အသူရာချောက်နက်အမွေအနှစ်ကိစ္စပင်ဖြစ်သည်။ အသူရာချောက်နက်အမွေအနှစ်ကိစ္စကြေညာချက်သည် မေ့ပျောက်ခြင်းနယ်မြေမှ ရောက်လာခြင်းဖြစ်သည်။ သုံးဦးသား စုံစမ်းစစ်ဆေးပြီးနောက် ထိုသတင်းက အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ချင်ချွမ်းသည် မိမိဘာသာ ရှေးဘိုးဘေးအဆင့်သက်ရှိဖြစ်ရန် ထိုက်တန်ကြောင်း သက်သေပြရန်အတွက် ထိုကိစ္စကို မြို့၏အဆင့်မြင့်များဖြင့် အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးဖြစ်သည်။ ချလိုက်သောဆုံးဖြတ်ချက်သည် လျှို့ဝှက်ချက်ကို ရှာဖွေရန် အသူရာချောက်နက်ကို စုံစမ်းရန်ပင် ဖြစ်၏။ ကံမကောင်းစွာဖြင့် ချင်ချွမ်းက မလှုပ်ရှားနိုင်ခင်တွင်ပင် နေလအထွတ်အမြတ်နယ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေတို့၏ လျှပ်တစ်ပြက်တိုက်ခိုက်ခြင်း ပေါ်ပေါက်လာခဲ့ကာ အစီအစဉ် ပျက်စီးသွားရသည်။
ယခုတွင်မူ တိုက်ပွဲကြီးလည်း ပြီးပြီဖြစ်သဖြင့် အသူရောချောက်နက်ကိစ္စကို ပြန်လုပ်ရမည့်အချိန်ပင် ဖြစ်သည်။
"မြို့အရှင် စူးစမ်းလေ့လာရေးအဖွဲ့ခေါင်းဆောင် ကျောက်ဝူယန်က အရေးတကြီးတင်ပြစရာကိစ္စရှိတယ်လို့ ပြောပါတယ်။"
မြို့အရှင်၏အတွင်းရေးမှူးအသစ်ဖြစ်သော လှပကြော့ရှင်းသောမိန်းကလေးတစ်ဦးသည် ချင်ချွမ်းကို အစီရင်ခံလိုက်သည်။
ချင်ချွမ်းက တစ်မူထူးခြားစွာဖြင့် ဖြေလိုက်သည်။
"သူ့ကိုဝင်ခိုင်းလိုက်။"
"ဟုတ်ကဲ့။"
အမျိုးသမီးအတွင်းရေးမှူးက အမြန်ပင် အပြင်သို့ထွက်ကာ ရုံးခန်းဆီသို့ ဦးတည်သွားပြီး စောင့်နေသူများကို အထဲသို့ ဝင်ခိုင်းလိုက်သည်။ အားလုံး အထဲသို့ ဝင်သွားသည့်အခိုက်အတန့်တွင်ပင် ချင်ချွင်း၏အကြည့်က စုကျိုကျဲဆီသို့ ရောက်သွားသည်။ သူသည် အတော်လေးပဟေဠိဖြစ်သွားမိသည်။
"မင်းတို့အဖွဲ့ မြို့ကထွက်သွားတာ မကြာသေးပါဘူး။ စိမ်းလန်းတောင်တန်းက မြေခွေးမိန်းကလေးကြောင့် ပြန်ရောက်လာတာလား။"
"မြို့အရှင်မှာ နတ်အာရုံရှိတာပဲ။"
ကျောက်ဝူယန်က မြှောက်ပင့်ကာ ပြောဆိုလိုက်သည်။
"မြို့အရှင် အခြေအနေက ဒီလိုပါ။ ရှေးဟောင်းစိမ်းလန်းတောင်တန်းကို နေလအထွတ်အမြတ်နယ်မြေနဲ့ မေ့ပျောက်ခြင်းနယ်မြေတို့က အလစ်ဝင်တိုက်ကြပါတယ်။ ဒီမြေခွေးမိန်းကလေးက အရှေ့ပိုင်းနယ်မြေကိုသွားပြီး အကူအညီသွးတောင်းမလို့ပါ။ ကံမကောင်းဘဲ လမ်းမှာ နှောင့်ယှက်ခံရပြီး သေလုမျောပါးဖြစ်နေခဲ့တာ။ ကံကောင်းပြီး လင်းဇီချန်က ဖြတ်သွားရင်းနဲ့ တွေ့လို့ ကယ်ခဲ့တာပါ။"
ကျောက်ဝူယန်၏စကားကို နားထောင်ပြီးနောက်တွင် လေ့လာစူးစမ်းရေးအဖွဲ့ဝင်များအပါအဝင် မြို့အရှင်သုံးယောက်လုံးပင် ကြောင်သွားကြသည်။ ထိုရှေးဟောင်းစိမ်းလန်းတောင်တန်းဆိုသည်မှာ ကြားနေအားတစ်ခုဖြစ်ပြီး နေလအထွတ်အမြတ်နယ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေမှ ဝိုင်းတိုက်ခံရသည်ဟု ဆိုသည်။
အတွင်းပဋိပက္ခများလးာ
မဟုတ်ရင်လည်း.....မေ့ပျောက်ခြင်းနယ်မြေကဂြိုလ်သားတွေက စိမ်းလန်းတောင်တန်းက မြေခွေးမိန်းကလေးတွေရဲ့ ခန္ဓာကိုယ်နှစ်ထပ်ကွမ်းကျင့်စဉ်ကို တပ်မက်ပြီး အားလုံးကို သိမ်းပြီး သွေးမျိုးဆက်စွမ်းအားမြှင့်ချင်တာနဲ့ပဲ ဒီလိုမျိုး လုပ်ရတာလား
အားလုံးသည် ထိုကိစ္စနှင့်ပက်သက်ပြီး စိတ်ရှုပ်ထွေးသွားကြသည်။ စိတ်ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပြီးနောက်တွင် ချင်ချွမ်းသည် စုကျိုကျဲကို ကြည့်ပြီးလေးနက်သောအကြည့်မျိုးဖြင့် မေးလိုက်သည်။
"သူပြောတာ အမှန်ပဲလား။"
သူဆိုသည်မှာ ကျောက်ဝူယန်ကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။
"မြို့အရှင်ကို ပြန်ဖြေပါတယ်။ အမှန်ပါပဲ။"
စုကျိုကျဲက အားနည်းသောလေသံဖြင့် ပြောသော်လည်း မြို့အရှင်ဟုခေါ်လိုက်စဉ်တွင် ရိုသေလေးစားမှုအပြည့်ဖြင့် ဖြစ်သည်။ စိမ်းလန်းတောင်တန်းတွင်သာဆိုလျှင် သူမ၏အဆင့်အတန်းက မြင့်မြတ်မိန်းမပျိုဖြစ်သောကြောင့် ချင်ချွမ်းရှေ့တွင် တရိုတသေလုပ်နေစရာမလိုပေ။ သို့သော်လည်း ယခုတွင်မူ မြို့နံပါတ်တစ်တွင် ရောက်နေသဖြင့် ချင်ချွမ်းက ခေါင်းဆောင်ဖြစ်သည်။ တစ်ယောက်ယောက်၏အမိုးအောက်တွင် ရောက်နေလျှင် မည်သူမှ အလေးမပြုဘဲမနေရပေ။ သူမသည် လူမဟုတ်ဘဲ မြေခွေးဖြစ်သော်လည်း အတူတူပင် ဖြစ်၏။
တိကျသေချာသောအဖြေကို ရပြီးနောက်တွင် ချင်ချွမ်းသည် အနည်းငယ်မျှ လန့်ဖျပ်သွားပြီး စိတ်လည်းလှုပ်ရှားမိသည်။ အမှန်သာဆိုလျှင် မူလမြေ၌ ကမ္ဘာမြေ၏အင်အားကို ပြောင်းလဲရန် အခွင့်အရေးပင် ဖြစ်သည်။ အတိုချုံးစဉ်းစားပြီးနောက် ချင်ချွမ်းသည် စုကျိုကျဲကို အရှေ့ပိုင်းနယ်မြေသို့ လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။
ထို့သို့စဉ်းစားကာ ချင်ချွမ်းက ဘေးတွင်ရှိသည့် ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာကို မေးလိုက်သည်။
"ငါက ဒီမြေခွေးမိန်းကလေးကို ကူညီပြီး အရှေ့ပိုင်းနယ်မြေကို သွားအကြောင်းကြးဖို့ ဆုံးဖြတ်ထားတယ်။ မင်းတို့နှစ်ယောက်ကော ဘယ်လိုထင်လဲ။"
ပထမဆုံးသဘောတူလိုက်သူမှာ ပိုင်ဝူပျန့်ဖြစ်သည်။
"ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။"
မိမိ၏အကြောင်းရင်းကလည်း ချင်ချွမ်း၏အကြောင်းရင်းဖြင့် တူညီသည်။ အရှေ့ပိုင်းနယ်မြေမှ ရှေးဘိုးဘေးအဆင့်ဖြင့်ပူးပေါင်းကာ တိုက်ပွဲဝင်လျှင် မူလမြေ၌ အားကို သေချာသွားစေမည်။ သို့သော်လည်း ထိုအကြောင်းရင်းကို မပြောနိုင်ပေ။ စုကျိုကျဲ ရှိနေသဖြင့် မကောင်းပေ။ မဟုတ်လျှင် အတော်လေးမသင့်တော်ပေ။
"မြို့အရှင် ပြန်စဉ်းစားပါဦး။ ဒါက ကျွန်မတို့ကို မြို့ထဲကနေထုတ်ဖို့ ထောင်ချောက်ဖြစ်နေမယ်ဆိုရင်ရော။"
ရှန်ကွမ်းယွဲ့ဟွာက အကြံပေးလိုက်သည်။ ထိုစကားကို ကြားသည့်အခါတွင် ပိုင်ဝူပျန့်၏မျက်နှာက ပြောင်းသွားပြီး ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ဘာမှမပြောနိုင်ခင်တွင်ပင် မြို့အရှင်ချင်ချွမ်းက ငြင်းခုံတော့မည်ကို ဝင်တားလိုက်လေသည်။
ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာကို ငြင်းခုံရန် အခွင့်အရေးမပေးတော့ဘဲ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။
"မင်းတို့နှစ်ယောက် ဒီကိစ္စနဲ့ပက်သက်ပြီး ငြင်းခုံနေစရာမလိုဘူး။ ငါကိုယ်တိုင် မြေခွေးမိန်းကလေးကို အရှေ့ပိုင်းနယ်မြေကို လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်ပြီ။"
ပိုင်ဝူပျန့်က ပြုံး၍ ပြောလိုက်သည်။
"မြို့အရှင် ကျွန်တော်လည်းလိုက်ခဲ့ပါ့မယ်။"
ရှန်ကွမ်းယွဲ့ဟွာသည်လည်း သက်ပြင်းချကာ ပြောလိုက်လေသည်။
"အဲ့လိုဆို ကျွန်မလည်းလိုက်ခဲ့ပါ့မယ်။"
'အဲ့လိုဆို'ဟုသောစကားသည် နောက်ဆံတင်းနေပုံရသည်။ မြို့အရှင်နှစ်ယောက်လုံးက သဘောတူသည်ကို တွေ့သောအခါတွင် ချင်ချွမ်းက အားလုံးကို ကြည့်၍ ပြောလိုက်သည်။
"ဒီမှာရှိတဲ့ဘယ်သူမဆို အရှေ့ပိုင်းနယ်မြေဆီသွားမှာကို ငါတို့နဲ့အတူ ပူးပေါင်းလို့ရတယ်။ မြေခွေးမိန်းကလေးကို ကူညီပြီး အဲ့က ပင်လယ်နတ်ဘုရားဆီ သတင်းသွားပေးဖို့ပေါ့။"
ပင်လယ်နတ်ဘုရားဆိုသည်မှာ အရှေ့ပိုင်းနယ်မြေမှ ရှေးဟောင်းစိမ်းလန်းတောင်တန်း၏တောင်အရှင်နှင့်ပက်သက်သူပင် ဖြစ်ပေမည်။ ဆုံးဖြတ်ချက်ချပြီးနောက် မကြာခင်တွင်ပင် ချင်ချွမ်းက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး မြို့ပြင်သို့ ဘေးဘက်တံခါးလမ်းကြောင်းမှ ထွက်ခွာသွားပြီး အကြောင်းကြားရန် အရှေ့ပိုင်းနယ်မြေဆီသို့ သွားလေသည်။
အရှေ့ပိုင်းနယ်မြေနှင့်တောင်ပိုင်းပိုင်နက်တို့သည် လွန်စွာကြီးမားသောအကွာအဝေးတစ်ခု ကွာခြားသည်။ မီတာသိန်းချီဝေးသည်။ သို့သော်လည်း သခင်အဆင့်အုပ်စုအတွက်မူ အရှေ့ပိုင်းနယ်မြေသို့ရောက်ရန်မှာ ခက်ခဲသောကိစ္စမဟုတ်ပေ။
"ဝှစ်"
"ဝှစ်"
"ဝှစ်"
လေကို အဆက်မပြတ်ခွင်းသောအသံများ ထွက်ပေါ်လာသည်။ တောင်ပိုင်းပိုင်နက်မှ အလင်းတန်းများစွာသည် အရှေ့ပိုင်းနယ်မြေဆီသို့ ဦးတည်သွားကြသည်ကို မြင်နိုင်သည်။ ထိုအလင်းတန်းများက မြန်လွန်းကာ မျက်စိတစ်မှိတ်အတွင်းပင် ပျောက်သွားကြသည်။ သာမန်အားဖြင့် သခင်အဆင့်သက်ရှိများသည် ထိုမျှမြန်မြန် မပျံနိုင်ပေ။ လင်းဇီချန်နှင့် အခြားသူများကအလွယ်တကူပျံနိုင်သည်မှာ မြို့အရှင်သုံးဦး
၏ကျေးဇူးကြောင့်ပင် ဖြစ်သည်။ ထိုသုံးဦးက တြိဂံပုံစံအစီအရင်လုပ်ပြီး လူများကိုသယ်ကာ အမြန်ဆုံးနှုန်းဖြင့် ခေါ်သွားသည်။ ထိုသို့လုပ်ခြင်းက ထိုသုံးဦးကိုမူ အနည်းငယ်မျှ နှေးသွားစေသည်။
သို့သော်လည်း တြိဂံအစီအရင်ထဲမှလူများအားလုံးသည် တိုက်ခိုက်ခံရခြင်းကို သိပြီးဖြစ်သည်။ ထိုကြောင့် လုံခြုံစေရန်အတွက် ထိုလူများကိုပါ ခေါ်သွားကာ သစ္စာဖောက်နှင့်ပူးပေါင်းခြင်းမှ တားဆီးရန်ပင် ဖြစ်သည်။
"ဇီချန် ပျံဖို့အတွက် ငါတို့ရဲ့ဝိညာဉ်စွမ်းအားကို ထုတ်သုံးစရာမလိုတော့ဘူးလို့ ခံစားရတယ်။ မြို့အရှင်တွေနဲ့သာဆိုရင် ငါတို့က ဘာမှလုပ်စရာမလိုဘဲ အမြန်ဆုံးနှုန်းနဲ့ ပျံလို့ရပြီ။"
ရှန်ကွမ်းယွဲ့ဟွာက ဘေးတွင်ရှိသောလင်းဇီချန်ကို ပြောလိုက်သည်။
လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။
"ငါလည်း ဝိညာဉ်စွမ်းအားကို ပြန်သိမ်းထားပြီးပြီ။ ငါလည်း တစ်လမ်းလုံးအသယ်သွားခံရတာ။"
ပြောပြီးသည်နှင့် ထပ်ပြောလိုက်၏။
"ငါလုပ်နေတာမဟုတ်ဘူး။ ဒီထဲကအားလုံးကို အစီအရင်ကသယ်သွားတာ။ ဘယ်သူမှ ကိုယ့်ဘာသာ ပျံနေကြတာမဟုတ်ဘူး။ အားလုံးကိုသယ်သွားနေတာ။"
"အမ်"
ရှန်ချင်းဟန်က မျက်မှောင်အသာကြုတ်ပြီး အတော်လေးအဆင်မပြေဖြစ်သွားပုံရသည်။
"အဲ့လိုဆို ငါတစ်ယောက်ပဲရူးပြီး ဝိညာဉ်စွမ်းအားထုတ်ထားသေးတာပေါ့။"
"မင်းအရူးလုပ်ခံရတာမဟုတ်ပါဘူး။ မင်းက ရိုးသားရုံတင်ပါ။"
လင်းဇီချန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။ နှစ်ဦးသား သာမန်ကာလျှံကာ စကားပြောနေစဉ်တွင်ပင် ဘယ်ဘက်၌ ပျံနေသောပိုင်ဝူပျန့်သည် စုကျိုကျဲကို ဆန့်ကျင့်သည့်လှုပ်ရှားမှုတစ်ခုလုပ်ကာ တိုက်ခိုက်တော့သည်။ ဘာမှလုပ်စရာမရှိသောလင်းဇီချန်က တြိဂံ၏အဆုံးစွန်၌ လိုက်ပါ၍ ပျံလာသည်။ မည်သူမှသတိမထားမိသည်ကို အခွင့်ကောင်းယူကာ....