← Chapters

မြင့်မြတ်သူအဆင့်အား အောင်မြင်စွာတက်လှမ်းနိုင်ခြင်း

Vol. 32 Ch. 476

မြင့်မြတ်သူအဆင့်အား အောင်မြင်စွာတက်လှမ်းနိုင်ခြင်း

Vol. 32 Ch. 476

"ပိုင်ဝူပျန့် ဘာလုပ်တာလဲ။"

ချင်ချွမ်းသည် ရုတ်တရက်လှုပ်ရှားလိုက်သော ပိုင်ဝူပျန့်ကို ကြည့်ကာ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ ပိုင်ဝူပျန့်၏လှုပ်ရှားမှုသည် ဝင်မတားနိုင်အောင်အထိ မြန်ဆန်လွန်းလှသည်။

"ဝှစ်"

ပိုင်ဝူပျန့်က မေးသည်ကို မဖြေဘဲ လေကိုတစ်ခုခုဖြတ်သွားသောအသံကိုသာ ကြားလိုက်ရသည်။ စုကျိုကျဲကိုသတ်ပြီးသောအခါတွင် သူသည် လင်းဇီချန်နှင့် ရှင်ချင်းဟန်ဘက်သို့ လှည့်လာသည်။ စုကျိုကျဲကို သတ်ခြင်းက မိမိသစ္စာဖောက်ဖြစ်ကြောင်း ဖော်ထုတ်ပြီးသားဖြစ်သောကြောင့် လင်းဇီချန်နှင့်ရှင်ချင်းဟန်ကိုပါ လက်စသတ်ပစ်မည်ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ဆင့်ကဲပြောင်းလဲခြင်းပါရမီက လွန်စွာကြောက်စရာကောင်းလှသည်။ ဆက်၍သာတိုးတက်ခိုင်းပါလျှင် မိမိတို့ နေလအထွတ်အမြတ်နယ်မြေအတွက် နောင်တွင်ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်။ ဖြစ်နိုင်လျှင် ရှန်ချင်းဟန်နှင့် လင်းဇီချန်ကို နေလအထွတ်အမြတ်နယ်မြေသို့ခေါ်သွားကာ ပန်းနတ်ဘုရားထဲတွင် စတေးခိုင်းရမည်။

သို့သော်လည်း လက်ရှိအခြေအနေတါင် ထိုသို့လုပ်ရန်မှာ မဖြစ်နိုင်ပေ။ မိမိတတ်နိုင်သည်မှာ ထိုနှစ်ယောက်ကို တတ်နိုင်သမျှမြန်မြန် သတ်ပစ်ရန်ပင် ဖြစ်၏။

"ဝှစ်"

လေကို တစ်ခုခုဖြတ်သွားသောအသံကို ကြားလိုက်ရကာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ လှုပ်ရှားလိုက်သူမှာ ချင်ချွမ်းပင် ဖြစ်သည်။ ပိုင်ဝူပျန့်က စုကျိုကျဲကို ရုတ်တရက်တိုက်ခိုက်လိုက်မှုက အသိကပ်သွားစေသည်။ သို့သော်လည်း ယခုတွင်မူ ပိုင်ဝူပျန့်က လင်းဇီချန်တို့နှစ်ယောက်ကို ပစ်မှတ်ထားလာသဖြင့် တုံ့ပြန်၍နှေးကွေးနေ၍ မဖြစ်တော့ပေ။ အမြန်ပင် ဘုန်းဟုသောအသံက ထွက်ပေါ်လာသည်။ အရိပ်တမျှမြန်သောချင်ချွမ်းက ပိုင်ဝူပျန့်ရှေ့၌ ပေါ်လာပြီး ချီသွေးအပြည့်ပါသည့်အားပြင်းသည့်လက်သီးချက်ဖြင့် ထိုးချပစ်သည်။ ထိုလက်သီးချက်က လေကို တစ်စစီကြေမွသွားစေနိုင်သည်။

ကမ္ဘာ‌မျက်နှာပြင်ပေါ်သို့ ဥက္ကာခဲတစ်ခဲ ပြုတ်ကျလာသည်နှင့်ပင် ဆင်တူသည်။ အားပြင်းသောစွမ်းအားကို ထုတ်လွှတ်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ပိုင်ဝူပျန့်သည် ကောင်းကင်၌ သွေးနှင့်အသားများအဖြစ် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။ သို့သော်လည်း ထိုအသွေးနှင့်အသားများက ချက်ချင်းဆိုသလိုပင် လူပုံစံပြန်ဖြစ်လာကာ စောနာကပင် ပေါက်ကွဲထွက်သွားသောပိုင်ဝူပျန့် ပြန်ဖြစ်သွားသည်။

ထိုမြင်ကွင်းကို အနီးကပ်မြင်လိုက်ရသော လင်းဇီချန်သည် အတော်လေးတုန်လှုပ်သွားရသည်။ ချင်ချွမ်း၏တိကျသောအင်အားသည် ဒဏ္ဍာရီအဆင့်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် ကြေမွသွားစေနိုင်သည်။ ပိုင်ဝူပျန့်၏အသွေးအအသားများကို ပြန်လည်ပုံဖော်နိုင်သောစွမ်းရည်ကိုလည်း အံ့ဩမိသည်။ သူသည် ချက်ချင်းဆိုသလိုပင် လူသားပုံစံပြန်ဖြစ်နိုင်သည်။

ဒါက ဒဏ္ဍာရီအဆင့်သက်ရှိတွေရဲ့စွမ်းအားပဲမဟုတ်လား

စဉ်းစားမိပြီး လင်းဇီချန်က အမြန်ပင် တုံ့ပြန်ကာ ရှန်ချင်းဟန်ကိုဆွဲ၍ တိုက်ပွဲမြေပြင်နှင့်အဝေးသို့ ထွက်ခွာသွားတော့သည်။ မိမိဘာသာ တိုက်ခိုက်နေသောချင်ချွမ်းသည် ဘေးနားမှသူများကို လက်သီးဖြင့်အန္တရာယ်မဖြစ်စေရန် စိတ်ချစေရန်အတွက် ဖြစ်၏။

သို့သော်လည်း တိုက်ပွဲသည် ပိုင်ဝူပျန့်ဖြင့် ထိပ်တိုင်ရင်ဆိုငပါလျှင် ရလဒ်က ခန့်မှန်း၍မရနိုင်‌သောကြောင့် မိနစ်ပိုင်းအတွင်းပင် မိုင်ဆယ်ချီအတွင်းကို ဖျက်ဆီးပစ်နိုင်သည်။ အခြားသူများကလည်း ထိုသို့ပင် တွေးမိသဖြင့် တိုက်ပွဲမြေပြင်မှ ဆုတ်သွားကြပြီး သက်ရောက်မှုဒဏ်ကို ခံရမည်စိုးသောကြောင့်ပင် ဖြစ်သည်။ အဖွဲ့ဝင်များသည် သခင်အဆင့်သာဖြစ်သည်။ ဒဏ္ဍာရီအဆင့်လူများ၏တိုက်ပွဲတွင် တတ်နိုင်သည်မှာ ဘာမှမရှိပေ။ ခြင်လေးများကဲ့သို့ သတ်ခံရမည်ဆိုခြင်းထက် ဝေးဝေးသို့ပြေးသည်ကသာ ပိုကောင်းပေသည်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင်ပင် ချင်ချွမ်း၊ ပိုင်ဝူပျန့်နှင့် ရှန့်ကွမ်းယွဲ့ဟွာတို့သာ ကျန်ခဲ့သည်။ ချင်ချွမ်းက လွန်စွာဒေါသထွက်နေသောဟန်ပင်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ပိုင်ဝူပျန့် မင်းက ဘယ်သူ့လက်ပါးစေလဲ။"

"နေလအထွတ်အမြတ်နယ်မြေ။"

ပိုင်ဝူပျန့်က လက်ပါးစေဟုခေါ်ခံရသည်ကို မည်သို့မှမနေဘဲ မထုံတတ်သေးဖြင့်ပင် ဖြေလိုက်သည်။

ချင်ချွမ်းကမူ နားမလည်နိုင်ပေ။

"မင်းက ဒုမြို့အရှင်‌နေရာတောင်ရောက်နေပြီ။ နောက်နှစ်ပိုင်းလောက်နေလို့ ငါဆင်းရင် မင်းက မြို့အရှင်ဖြစ်လာမှာပဲ။ ဘာလို့ နေလအထွတ်အမြတ်နယ်မြေရဲ့ လက်ပါးစေ လုပ်ရတာလဲ။"

ပိုင်ဝူပျန့်၏စိတ်ကူမ ယိမ်းယိုင်မှုမရှိပေ။

"ဒီနေ့ ဒုမြို့အရှင်နေရာမှာ ထိုင်နေနိုင်တာက နေလအထွတ်အမြတ်နယ်မြေရဲ့ကျေးဇူးနဲ့ပဲ။"

"မင်းက ဝက်တွေ ခွေးတွေထက်တောင်မှ ပိုယုတ်ညံ့သေးတာပဲ။"

ချင်ချွမ်းသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး ရှန်ကွမ်းယွဲ့ဟွာဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ယွဲ့ဟွာ ငါနဲ့ပေါင်းပြီး သူ့ကို အရှင်ဖမ်း။ ပြီးရင် အပြစ်ပေးဖို့ သူ့ကို မြို့ကိုပြန်ခေါ်သွားရမယ်။"

"ဟုတ်ကဲ့။"

ရှန်ကွမ်းယွဲ့ဟွာက ပြန်ဖြေလိုက်သည်။

ပိုင်ဝူပျန့်က ရယ်လိုက်ပြီး

"ငါ့ကို အရှင်ဖမ်းချင်တယ်လား။ ရှင်လျက်ခေါ်သွားခံရမှာထက် ကိုယ့်ဘာသာ ဖျက်စီးပစ်လိုက်တာက ပိုကောင်းသေးတယ်။"

ချင်ချွမ်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"လက်ပါးစေတွေက သေဖို့ အမြဲကြောက်နေတဲ့ကောင်တွေ။"

ထိုစကားကို ပြောပြီးသည်နှင့် အကြည့်တို့က စူးရှလာကာ ခုန်ဝင်သွားပြီး ပိုင်ဝူပျန့်အပေါ်၌ ပေါ်လာပြီး ချီသွေးစွမ်းအားအပြည့်လက်ဖဝါးချက်ဖြင့် အပေါ်မှ‌တောင်တစ်လုံးဖိနှိပ်သည့်အားဖြင့် ဖိနှိပ်ပစ်လိုက်သည်။

မရှောင်နိုင်သောပိုင်ဝူပျန့်သည် ချက်ချင်းပင် လက်ဖဝါးဖြင့် ဖိနှိပ်သည်ကို ခံလိုက်ပြီး ဘုန်းခနဲမြည်သံနှင့်အတူ မြေကြီးထဲသို့ရောက်သွားကာ မြေကြီးသည်ပင် ပင့်ကူအိမ်ကဲ့သို့ အကွက်များထင်သွားပြီး မြေကြီးကလည်း အပြင်းအထန်တုန်ခါသွားသည်။

ချင်ချွမ်းက ခေတ္တမျှပင် ရပ်မနေဘဲ ချက်ချင်းပင် ပြန်ထွက်လာသောပိုင်ဝူပျန့်ကို အသက်ရှုရန် အခွင့်အရေးမပေးဘဲ ထပ်ဖိထားရန် လုပ်လိုက်သည်။

"ဝှစ်"

"ဝှစ်"

"ဝှစ်"

ချင်ချွမ်းက ထိုဖုံမှုန့်လုံးထဲသို့ ပြေးဝင်သွားစဉ်တွင်ပင် လေကိုခွင်းလာသောစူးရှသည့်အသံကို ကြားလိုက်ရသည်။ ထိုအသံနှင့်အတူ ကောင်းကင်ထက်မှ များပြားလှစွာသောဆူးများက ကြောက်စရာကောင်းသောအရှိန်ဖြင့် ချင်ချွမ်းဆီသို့ မြှားနှယ် ပြေးဝင်လာကြသည်။ ရောက်လာသောအဆိပ်ဆူးများဖြင့် ရင်ဆိုင်လိုက်ရသော်လည်း ချင်ချွမ်းက အဖက်မလုပ်ပေ။ အားဖြင့်ခန္ဓာကိုယ်ကို လှုပ်ခါပြီး ဒဏ္ဍာရီအဆင့်၏အငွေ့အသက်ကို ထုတ်လွှတ်လိုက်ကာ ဝင်လာသောဆူးများကို ပြန်တိုက်ထုတ်လိုက်သည်။ ဆူးများက ချက်ချင်းပျောက်သွားသည်ကို မြင်သောအခါတွင် ပိုင်ဝူပျန့်၏အမူအရာက အတော်လေးပျက်သွားရှာသည်။

ချင်ချွမ်းက မိမိထက်အားကောင်းသည်ကို သိသော်လည်း ကွာခြားချက်က ထိုမျှကြီးမားလိမ့်မည်ဟု ထင်မထားမိပေ။ သဘောပေါက်သွားပြီးနောက်တွင် ချင်ချွမ်းဖြင့် ထပ်၍ပက်သက်ရန် စိတ်မရှိတော့ဘဲ ချက်ချင်းပင် ဒိုင်းကာစွမ်းအားကိုသုံးကာ ထွက်ပြေးရန် လုပ်တော့သည်။ သို့သော်လည်း ချင်ချွမ်းကမူ ထွက်ပြေးရန် အခွင့်အရေးမပေးပေ။ ပိုင်ဝူပျန့်ထွက်ပြေးကာနီးတွင် သူ၏အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုထုတ်လိုက်ပြီး မန္တာန်သုံးမည်ကို တားလိုက်သည်။ ထို့နောက်တွင် ရှန်ကွမ်းယွဲ့ဟွာရောက်လာပြီး ပိုင်ဝူပျန့်ဘေးသို့ဝင်ကာ ထွက်ပြေးမည်ကို တားထားလိုက်၏။

All Chapters