← Chapters

မြင့်မြတ်သူအဆင့်အား အောင်မြင်စွာတက်လှမ်းနိုင်ခြင်း (၂)

Vol. 32 Ch. 477

မြင့်မြတ်သူအဆင့်အား အောင်မြင်စွာတက်လှမ်းနိုင်ခြင်း (၂)

Vol. 32 Ch. 477

"ယွဲ့ဟွာ သူ့ကို ခြောက်လိုက်။"

ချင်ချွမ်းက ရှန်ကွမ်းယွဲ့ဟွာကို ညွှန်ကြားလိုက်သည်။

ရှန်ကွမ်းယွဲ့ဟွာသည် ချက်ချင်းပင် သူမ၏ဝိညာဉ်စွမ်းအားကိုထုတ်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တော့သည်။ နောက်တွင်မူ ရုတ်တရက်ပင် ချင်ချွမ်းသည် အသိစိတ်ပင်လယ်ထဲ၌ ဦးနှောက်က ဆူပွက်လာပြီး အသိစိတ်က ဝေဝါးလာကာ အာရုံခံခြင်းက ဖရိုဖရဲဖြစ်လာသည်ဟု ခံစားမိသည်။ သူသည် ဝိညာဉ်စွမ်းအား တိုက်ိခုက်ခြင်းခံနေရလေသည်။ တိုက်ခိုက်နေသူမှာလည်း အခြားသူမဟုတ်ဘဲ မလှမ်းမကမ်းမှ ရှန်ကွမ်းယွဲ့ဟွာပင် ဖြစ်လေသည်။

"ယွဲ့ဟွာ ဘာလုပ်တာလဲ။"

ချင်ချွမ်းတစ်ယောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်သွားပြီး ရှန်ကွမ်းယွဲ့ဟွာကို ကြည့်၍ မေးလိုက်သည်။ ရှန်ကွမ်းယွဲ့ဟွာက ပြန်ဖြေလို်ကသည်။

"ရှင့်ကိုသတ်ဖို့လုပ်နေတာ။"

ထိုစကားကို ကြားသည့်အခါတွင် ချင်ချွမ်း၏အမူအရာက အတော်လေးအကျဉ်းတန်စွာ ပြောင်းသွားသည်။ ထိုအချိန်တွင်ကိစ္စတစ်ခုကို ရှင်းလင်းစွာ သိလိုက်ရသည်။ မိမိယုံကြည်ပြီး တန်ဖိုးထားရသော၊ မျှော်လင့်ချက်ကြီးကြီးထားထားသော ရှန်ကွမ်းယွဲ့ဟွာသည်လည်း ပိုင်ဝူပျန့်ကဲ့သို့ပင် သစ္စာဖောက်တစ်ယောက်ဖြစ်နေလေသည်။

"ယွဲ့ဟွာ မင်းရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းဖုံးကွယ်နိုင်ခဲ့တာပဲ။"

ရှန်ကွမ်းယွဲ့ဟွာ၏သွေးမျိုးဆက်စွမ်းအားထက် ပိုမြင့်သဖြင့် ချင်ချွမ်းသည် အမြန်ပင် ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုကို ခုခံလိုက်ပြီး မျက်နှာက မည်းမှောင်သွားရှာသည်။

ပိုင်ဝူပျန့်နှင့်ရှန်ကွမ်းယွဲ့ဟွာတို့သည် မြို့ထဲ၌ အမြဲပင် ထူးခြားသောသူများဖြစ်ကာ ရေနှင့်မီးကဲ့သို့ပင် အမြဲယှဉ်ပြိုင်နေကြသည်။ အဆုံးသတ်တွင် နှစ်ဦးလုံးက သစ္စာဖောက်ဖြစ်နေပြီး အချင်းချင်းကြံရာပါဖြစ်နေလေသည်။

"ယွဲ့ဟွာ သူ့ကိုထိန်းထား။ လိုက်သတ်စရာမလိုဘူး။ အဲ့လိုလုပ်ဖို့လည်းမလိုဘူး။"

ပိုင်ဝူပျန့်သည် ပြန်ကောင်းသွားသည်နှင့် ရှန်ကွမ်းယွဲ့ဟွာဘက်သို့ ပြေးသွားပြီး ပူးပေါင်းကာ ချင်ချွမ်းကို တိုက်ကြတော့သည်။ ယခုတွင် ပိုင်ဝူပျန့်၌ ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသည်။ ချင်ချွမ်းကို နှောင့်နှေးအောင်လုပ်ပြီး လင်းဇီချန်နှင့်ရှန်ချင်းဟန်ကို သတ်ပစ်ရန်ပင် ဖြစ်လေသည်။ အမှန်တွင် နှစ်ယောက်လုံးကို အရှင်ဖမ်းကာ နေလအထွတ်အမြတ်နယ်မြေသို့ ခေါ်သွားနိုင်ပါလျှင် အကောင်းဆုံးဖြစ်ပေမည်။

....

တစ်နေရာရာတွင်မူ လင်းဇီချန်က ရှန်ချင်းဟန်ကိုချီပြီး အမြန်ဆုံးနှုန်းဖြင့် ပျံသွားသည်။ နောက်တွင်လည်း ပေါက်ကွဲသံများကို ကြားနေရသည်။

မိနစ်ပိုင်းအတွင်းပင် လင်းဇီချန်က ရှန်ချင်းဟန်ကိုချီပြီး မိုင်တစ်ရာနီးပါးခန့်ရောက်သွားကာ အမြန်ပင် တိုက်ပွဲမြေပြင်မှ ထွက်လာကြသည်။

ဟမ်

မြက်ခင်းပေါ်သို့ ဆင်းရန်ပြင်လိုက်စဉ်တွင် လင်းဇီချန်သည် ရင်းနီးသောတည်ရှိမှုတစ်ခုကို ခံစားမိလိုက်သည်။ လွန်စွာရင်းနှီးနေပေသည်။ စုကျိုကျဲ၏တည်ရှိမှုပင် ဖြစ်သည်။ ထိုတည်ရှိမှုနောက်သို့ လိုက်သွားသည့်အခါတွင် မြက်ခင်းပြင်ပေါ်၌ လဲနေသာစုကျိုကျဲကို တွေ့လိုက်ရပြီး အသက်မဲ့ကာမလှုပ်မယှက်ဖြင့်ပင် ဖြစ်သည်။ အနီးကပ်ကြည့်လိုက်သောအခါတွင်မူ အသက်ရှုသေး၏။ ခြေလက်များက မလှုပ်ရှားနိုင်တော့သော်လည်း ရင်ဘတ်ကမူ လှုပ်ရှားနေဆဲဖြစ်သည်။ တွန့်ဆုတ်ခြင်းမရှိဘဲ လင်းဇီချန်သည် ဝိညာဉ်စွမ်းအားကိုသုံး၍ အောက်မှ ကျိုကျဲကို မကာ တစ်ဘက်တွင်ပွေ့ထားလိုက်သည်။

စုကျိုကျဲကို ကယ်သည်ကို မြင်လိုက်သောအခါတွင် ရှန်ချင်းဟန်၏လှပသောမျက်နှာ‌လေးက မယုံကြည်နိုင်သည့်အသွင်ပေါက်သွားသည်။ သူမသည် စုကျိုကျဲကို ပိုင်ဝူပျန့်က သတ်လိုက်သည်ကို ကိုယ်တိုင်တွေ့လိုက်ရသည်။ သို့တိုင် စုကျိုကျဲသည် ယခုတွင် အောက်မှမြက်ခင်းပင်၌ လဲနေသည်။ ရှန်ချင်းဟန်၏တွေဝေကာ မယုံကြည်နိုင်ဖြစ်နေသောမျက်နှာလေးကို သတိထားမိသောအခါတွင် လင်းဇီချန်က ရှင်းပြလိုက်သည်။

"သူက သူ့အမြီးကိုဖြတ်ပြီး သေတာကနေ လွတ်‌အောင်ပြေးနိုင်တဲ့အရည်အချင်းရှိတယ်။ အကန့်အသတ်မရှိ သေရာကနေပြန်ရှင်လာနိုင်တယ်။"

"အကန့်အသတ်မရှိ သေရာကနေပြန်ရှင်လာနိုင်တယ်"

ရှန်ချင်းဟန်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေမိသည်။

"အဲ့လိုဆို သူက မသေမျိုးခန္ဓာကိုယ်ရှိတာပေါ့။"

လင်းဇီချန်က ပြောလိုက်သည်။

"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လို့ အကန့်အသတ်ရှိမယ်လို့တော့ထင်တယ်။ သူလွတ်သွားတဲ့အခေါက်တိုင်း တန်ဖိုးတစ်ခုတော့ပြန်ပေးရတယ်။ မဟုတ်ရင် အရမ်းထူးခြားနေမှာပေါ့။"

ရှန်ချင်းဟန်က ဘာမှမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် အသက်ရှင်ရုံလေးသာရှင်နိုင်သောစုကျိုကျဲက အားအင်ဖျော့တော့စွာဖြင့် ပြောလိုက်သည်။

"ငါသေခြင်းကနေ လွတ်သွားတဲ့အခေါက်တိုင်း အမြီးတစ်ချောင်းသုံးရတယ်။"

"ခုအမြီးတစ်ချောင်းပဲကျန်တော့တယ်။"

"ဒီတစ်ခါကထပ်သေရင် တစ်ကယ်သေပြီ...."

မိမိသည် အကန့်အသတ်မရှိ ပြန်အသက်ရှင်နိုင်သည်ဟု လင်းဇီချန်ကထင်သွားပြီး မိမိအသက်ကို လျစ်လျူရှုထားမည်ကို စိုးသဖြင့် ပြောလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် နောက်ဆုံးအသက်သာကျန်တော့သည်ကို ရှင်းရှင်းလင်းလင်းသိသွားစေသည်။ လင်းဇီချန်ကမူ သူမကို မယုံရန်သာ ရွေးချယ်သည်။

စုကျိုကျဲသည် နောက်ဆုံးအသက်တစ်သက်သာ ကျန်တော့သည်ကို မယုံပေ။ မယုံသကဲ့သို့ အတည်ပြုကြည့်ရန်လည်း မကြိုးစားပေ။

"ဇီချန် ဒါက မြို့ကို ပြန်တဲ့လမ်းမဟုတ်ဘူး။ ငါတို့ဘယ်သွားနေကြတာလဲ။"

ရှန်ချင်းဟန်သည် မိမိတို့ပျံနေသည့်အရပ်က မှားနေသဖြင့် သတိပေးလိုက်သည်။

လင်းဇီချန်က ရှင်းပြလိုက်သည်။

"သစ္စာဖောက်တွေ အရမ်းများလွန်းတယ်။ မြို့အရှင်က သစ္စာဖောက်အားလုံးနဲ့ ရင်ဆိုင်နေရချိန်မှာ မြို့က နေရာကောင်းမဟုတ်ဘူး။"

"နင်ဆိုလိုတာက....မြို့ထဲမှာ သစ္စာဖောက်တွေအများကြီးရှိနေသေးတယ်ပေါ့။"

"မပြောတတ်ဘူး။ သေချာပေါက်တော့ သစ္စာဖောက်တွေက ရှိမှာပဲ။"

လင်းဇီချန်က ပြောလိုက်၏။

"ဒုမြို့အရှင်က‌တောင် သစ္စာဖောက်ဆိုရင် မြို့အရှင်ချင်ချွမ်းကတောင်သစ္စာဖောက်လို့ တစ်ယောက်ယောက်ကပြောရင် အံ့ဩစရာမရှိတော့ဘူး။"

ထိုစကားကို ကြားသည့်အခါတွင် ရှန်ချင်းဟန်၏အမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားသည်။

သစ္စာ‌ဖောက်တွေက ဘယ်လိုလုပ် အဲ့လောက်များရတာလဲ

တကယ်ပဲ သူတို့က သစ္စာဖောက်တွေလား

ကမ္ဘာဘက်မှာရော ရှိနေနိုင်သေးလား

ထိပ်တန်းအဆင့်ထိတောင်မှ ဝင်နိုင်သေးရင် မကြာခင်ပဲ လဲပြိုသွားသင့်ပြီမဟုတ်လား

ရှန်ချင်းဟန်ဘာသာ စဉ်းစားနေမိသည်။

တစ်ဖက်တွင်မူ စုကျိုကျဲသည်လည်း စိတ်ရှုပ်ထွေးနေသည်။ ရှေးဟောင်းစိမ်းလန်းတောင်တန်း၏မြင့်မြတ်မိန်းမပျိုအနေဖြင့် အားကြီးသောသူတစ်ယောက်သည် သစ္စာဖောက်များစွာ ရှိနေသောအချိန်တွင်ပင် မည်သို့လုပ်ဆောင်နိုင်သည်ကို နားလည်ရန်ခက်ခဲလှပေသည်။ အံ့ဩစရာကောင်းသောလောကကြီးပင် ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းတွင်ပင် မိနစ်များစွာကုန်ဆုံးသွားသည်။ မိန်းကလေးနှစ်ယောက်ကို ချီလာသောလင်းဇီချန်သည် မိုင်ရာချီတိုင်အောင် ထွက်ပြေးလာပြီး ဝိညာဉ်စွမ်းအားများ ကုန်ဆုံးနေသည်ဟု ခံစားမိသဖြင့် အောက်မှ‌တောအုပ်ထဲသို့ဆင်းကာ ခေတ္တမျှနားရန် ပြင်လိုက်သည်။ သူသည် မိုးထိမြင့်သည့်သစ်ပင်ကြီးပေါ်၌ နားလိုက်ပြီး သစ်ကိုင်းပေါ်၌ သာမန်ကာလျှံကာမျှထိုင်လိုက်သည်။ ထို့နောက်တွင် အတွေးဖြင့် ဆေးလုံးများကိုထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအား ပြန်လည်အားဖြည့်ရန် သောက်လိုက်သည်။

"ဇီချန် သူ့ကြည့်ရတာ အတော်အားနည်းနေပုံပဲ။ သူ့ကို သွေးဆေးလုံးတစ်လုံးလောက် ပေးသင့်တယ်မလား။"

ကြင်နာတတ်သောရှန်ချင်းဟန်သည် စုကျိုကျဲသည် ဒဏ်ရာများစွာရကာ နာကျင်ခံစားနေရသည်ကို မကြည့်ရက်တော့ပေ။ သို့သော်လည်း သူမသည် ဘာမှမလုပ်ခင်တွင် လင်းဇီချန်၏သဘောထားကို အရင်မေးတတ်သည့်အတွက် မေးလိုက်ခြင်းပင် ဖြစ်သည်။

လင်းဇီချန်က ရယ်လိုက်ကာ

"မင်းသဘောပါ။ ဒါက ကိစ္စအသေးအဖွဲပဲကိုး။ ငါ့ကို အကုန်လုံးပြောပြနေစရာမလိုဘူး။ မင်းစိတ်တိုင်းကျလုပ်နိုင်တယ်။"

ထိုစကားကို ကြားသည့်အခါတွင် ရှန်ချင်းဟန်သည် အဆင့်မြင့်သွေးဆေးလုံးတစ်လုံးကို ယူပြီး စုကျိုကျဲ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သွေးဆေးလုံးသည် ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်နှင့် ခန္ဓာကိုယ်ထဲသို့စီးသွားကာ အထဲ၌ ပျက်စီးသွားသောဆဲလ်များကို ပြန်လည်အားဖြည့်ပေးသည်။

သွေးဆေးလုံးစားပြီး မကြာခင်တွင်ပင် ဖျော့တော့နေသောစုကျိုကျဲ၏မျက်နှာသည် ပို၍အနီရောင်သမ်းလာသည်။ သို့သော်လည်း ဝိညာဉ်ကမူ အတော်လေးအားနည်းနေဟန်ပေါ်သည်။ အဘယ့်ကြောင့်ဆိုသော ဝိညာဉ်က ကြီးကြီးမားမားထိခိုက်ထားသည့်အတွက် သွေးဆေးလုံးဖြင့်ပင် ကု၍မရနိုင်ပေ။ ထိုပုံစံကို မြင်သည့်အခါတွင် ရှန်ချင်းဟန်သည် ဝိညာဉ်ပျိုးထောင်ဆေးလုံးကိုပါ ထုတ်ယူပြီး စုကျိုကျဲ၏ပါးစပ်ထဲ၌ ထည့်ပေးလိုက်ကာ ဝိညာဉ်ကိုပြန်ပြင်ရန်ပင် ဖြစ်သည်။ ဝိညာဉ်ပျိုးထောင်‌ဆေးလုံးသည်နာမည်အတိုင်းပင် ဝိညာဉ်ကို ပြန်ပြင်နိုင်သည်။ စုကျိုကျဲသည် ထိုဆေးကို သောက်ပြီးနောက်တွင် ဆိုးဆိုးဝါးဝါးထိခိုက်ထားသောဝိညာဉ်သည် သက်သာလာသောအရိပ်အယောင်မျှပင် မတွေ့ရပေ။ ထို့ကြောင့် ရှန်ချင်းဟန်တစ်ယောက် အကူအညီမဲ့သွားရှာသည်။ မိမိတတ်နိုင်သမျှကို လုပ်ပေးသော်လည်း စုကျိုကျဲကမူ အားနည်းနေဆဲဖြစ်သည်။ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်ရန်မှာ သူမ၏ပြန်လည်ကုသနိုင်စွမ်းကိုသာ အားကိုးရပေတော့မည်။

ဘေးမှလင်းဇီချန်သည် သိုလှောင်နေရာလွတ်မှ သွေးမိစ္ဆာပန်းအားလုံးကို ထုတ်ယူလိုက်သည်။ ထိုအရာများသည် မိမိနှင့်ရှန်ချင်းဟန်တို့တောထဲတွင်စုဆောင်းထားသောအရာများဖြစ်သည်။

"တစ်ယောက်တစ်ဝက်စီ။ စားလိုက်ကြမယ်။"

လင်းဇီချန်က ထိုသို့ပြောပြီး သွေးမိစ္ဆာပန်းတစ်ဝက်ကို ရှန်ချင်းဟန်ကိုပေးလိုက်သည်။ သို့သော်လည်း သူမက ပေးလိုက်သည်။

"နင်ပဲစားပါ။ နင်က သခင်အဆင့်နဝမအဆင့်ရောက်နေပြီ။ အခုကစပြီး ငါတို့ရသမျှဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေက နင့်အတွက်ပဲဖြစ်သင့်တာ။ မြင့်မြတ်သူအဆင့်ရောက်အောင် မြှင့်တင်သင့်တယ်။"

မိမိတို့ထွက်မလာခင်တွင် ချင်ချွမ်းကလည်း လင်းဇီချန်နှင့်ရှန်ချင်းဟန်ကို လဲလှယ်ရေးအမှတ်ဖြင့် အရင်းအမြစ်များစွာပေးထားသေးသည်။ ထိုအရာများဖြင့် သွေးမိစ္ဆာပန်းများကိုပါ ပေါင်းထည့်လိုက်လျှင် လင်းဇီချန်သည် မြင့်မြတ်သူအဆင့်ထိ အောင်အောင်မြင်မြင်တက်လှမ်းနိုင်ပေမည်။ ထို့ကြောင့် လင်းဇီချန်လည်း တွန့်ဆုတ်မနေဘဲ အကုန်စားလိုက်တော့သည်။

All Chapters