ပန်းနတ်ဘုရားထံသို့ခစားခြင်း (၂)
Vol. 32 Ch. 479
လင်းဇီချန်ကသာ ကယ်ဖို့ငြင်းလျှင် မိမိသည် သေချာပေါက် အရှေ့ပိုင်းနယ်မြေသို့ ရောက်နိုင်တော့မည်မဟုတ်ပေ။ အရှေ့ပိုင်းနယ်မြေသို့ မရောက်နိုင်ပါလျှင် ရှေးဟောင်းစိမ်းလန်းတောင်တန်းကို အခြားသူများက သိမ်းပိုက်ပေတော့မည်။ တောင်မှ မြေခွေးမလေးများအားလုံးလည်း ဂုဏ်သိက္ခာမရှိဘဲ ကျွန်ပြုခံရပေတော့မည်။ ထိုသို့စဉ်းစားမိပြီး သူမသည် ချထားခံရမည့်အစား ပြောလိုက်သည်။
"ကျေးဇူးရှင် ကျွန်မကို ဒီတစ်ခေါက်တော့ ကူညီပးပါ။"
"အောင်မြင်တာဖြစ်ဖြစ် ကျရှုံးတာဖြစ်ဖြစ် စိတ်ကျေနပ်တဲ့အထိ ဘာမဆိုလုပ်ပါ့မယ်။"
"အိပ်ရာကျေးကျွန်ဖြစ်ဖြစ် အစေခံဖြစ်ဖြစ် တောင်းဆိုတာဘာမဆိုသဘောတူပါ့မယ်။"
"အား..."
စုကျိုကျဲပြော၍ပြီးသည်နှင့် ပါးစပ်အဟောင်းသားဖြင့် အော်လိုက်မိသည်။ လင်းဇီချန်က လွှတ်ချပစ်ခြင်းပင် ဖြစ်သည်။ သူသည် ထပ်၍သာပြောလျှင် လွှတ်ချပစ်မည်ဟု ပြောထားသည်။ စုကျိုကျဲသည် ဝိညာဉ်က ဒဏ်ရာရထားသဖြင့် မပျံနိုင်ပေ။ ထို့ကြောင့် လွှတ်ချလိုက်သည်နှင့် ပြုတ်ကျသွားကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ထိုပုံစံကို မြင်သည်နှင့် ရှန်ချင်းဟန်က စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။
"ဇီချန် သူ့ကို မြန်မြန်ကယ်။ သူ့မှာ အသက်တစ်သက်ပဲကျန်တော့တယ်။ သူ့ခန္ဓာကိုယ်ကလည်း အာနည်းနေတာ။ ပြုတ်ကျရင် သေသွားလိမ့်မယ်။"
"သေသေရှင်ရှင် ကိုယ်တို့နဲ့ဘာမှမဆိုင်ဘူး။"
လင်းဇီချန်က မထုံတတ်သေးဖြင့် ပြောလိုက်သည်။
လင်းဇီချန်က မကယ်သည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်လည်း သူမ၏ဝိညာဉ်စွမ်းအားကိုထုတ်ပြီး ပြုတ်ကျနေသည့်စုကျိုကျဲကိုထိန်းလိုက်ရသည်။ သူမတည်ငြိမ်သွားသည်နှင့ စုကျိုကျဲလည်း လန့်သဖြင့် ချွေးဇောပြန်နေရှာသည်။ သူမ မလိမ်ခဲ့ပေ။ သူမ၌ အသက်တစ်ချောင်းသာ ကျန်တော့သည်။ ကောင်းကင်ပေါ်မှ ပြုတ်ကျပါလျှင် သေချာပေါက်သေပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်။"
ခေတ္တမျှကြာပြီးနောက်တွင် စုကျိုကျဲကို ရှန်ချင်းဟန်က ပြန်ဆွဲခေါ်လိုက်သည်။ အပေါ်သို့ရောက်သည်နှင့် ရှန်ချင်းဟန်ကို ကျေးဇူးတင်သောမျက်နှာဖြင့် ကြည့်နေမိသည်။ လင်းဇီချန်က ထိုမျှအကြင်နာမဲ့မည်ဟု မထင်ခဲ့ပေ။ ပြောသည့်အတိုင်း ပစ်ချထားခဲ့ကာ သေသေရှင်ရှင်ဂရုမစိုက်ပေ။
"ဒီတစ်ခေါက် သူက သနားတတ်လို့ မင်းကို ကယ်လိုက်တာ။ နောက်တစ်ခေါက်ဆိုရင်တော့ အဲ့လောက်ကံကောင်းမှာမဟုတ်တော့ဘူး။"
လင်းဇီချန်က သတိပေးလိုက်သည်။
ယခုတွင်မူ စုကျိုကျဲလည်း ဆက်၍မပြောရဲတော့ပေ။
"ကျွန်မနားလည်ပါပြီ ကျေးဇူးရှင်။"
သူမသည် လင်းဇီချန်ထံတွင် အကူအညီဆက်မတောင်းရဲတော့ပေ။
ယခုတွင်မူ သူမလုပ်နိုင်သည်မှာ အသက်ရှင်အောင်နေပြီး အရှေ့ပိုင်းယ်မြေကို အသက်ရှင်လျက်ရောက်သွားရန်သာ ဖြစ်သည်။ ရှေးဟောင်းစိမ်းလန်းတောင်တန်းအတွက် သူမသည် စိတ်ထဲ၌ နည်းနည်းတောင့်ခံထားရန်သာ မျှော်လင့်မိသည်။
"ဝှစ်"
"ဝှစ်"
"ဝှစ်"
ရုတ်တရက်ပင် မိမိတို့နောက်မှ ဖိနှိပ်ထားနိုင်သည့် သွေးမျိုးဆက်ဖိအားတစ်ခုပေါ်ပေါ်လာသည်။ လင်းဇီချန်က ထိုဖိအားကို အာရုံခံမိပြီး အချက်အလက်များကို ထောက်လှမ်းကြည့်သည်။ ထိုအခါတွင် လေ့လာစူးစမ်းရေးအဖွဲ့ဝင်များဖြစ်နေသည်။ ထိုထဲမှအားအကြီးဆုံးသည် မြင့်မြတ်သူအဆင့်ဖြစ်သည်။
အဲ့သစ္စာဖောက်တွေက ငါ့ကိုသတ်ဖို့ လာတာလား
လင်းဇီချန်သည် အဆိုးဆုံးကို ခန့်မှန်းလိုက်သည်။
ထိုအတွေးက မှန်သွားသည်။ မကြာခင်တွင်ပင် ထိုအဖွဲ့ဝင်များက ဝိုင်းထားကာ ပျံခွင့်မပေးတော့ပေ။
"မင်းတို့ဘာလုပ်ဖို့ကြိုးစားနေတာလဲ။"
လင်းဇီချန်ကို ထိုအဖွဲ့ဝင်များကို ကြည့်ပြီး မေးလိုက်သည်။ အထင်လွဲသည်မှာ မဖြစ်နိုင်သော်လည်း အတည်ပြုရန် မေးကြည့်လိုက်သည်။ သို့သော်လည်း မိမိကို ဝိုင်းထားသည်က စကားပြောရန် မဟုတ်ပေ။ တိတ်ဆိတ်စွာဖြင့်သာ လှုပ်ရှားကြတော့သည်။ အားလုံးသည် အမြန်ပင် တိုက်ကြကာ လင်းဇီချန်ကို အရှင်ဖမ်းကာ နေလအထွတ်အမြတ်နယ်မြေသို့ခေါ်သွားရန် ကြိုးစားကြသည်။
မဖိတ်ခေါ်ဘဲ ရောက်လာသောဧည့်သည်များက အပြင်းဆုံးအားဖြင့် တိုက်ခိုက်သည်ကို မြင်ရသောအခါတွင် လင်းဇီချန်လည်း ညှာမနေတော့ပေ။ သူ၏သွေးမျိုးဆက်စွမ်းအားက မမြင့်ဘဲ မြင့်မြတ်သူပထမအဆင့်သာရှိသော်လည်း သွေးမျိုးဆက်စွမ်းအားများကိုပါ ထည့်ပေါင်းလိုက်လျှင် အလယ်အလတ်အဆင့်များနှင့် ယှဉ်နိုင်သည်။ ကြောက်စရာကောင်းသောအားက ပျံ့လာသည်နှင့် မိမိကို ဝိုင်ထားသောသူများကို လေထဲ၌ သွေးနှင့်အသားများ အစိတ်စိတ်အမွှာမွှာဖြစ်အောင်ထိ ထိုးပစ်လိုက်သည်။ နောက်ဆုံးအသက်ရှင်သည့်အခိုက်အတန့်တွင် ထိုသူများသည် အဘယ့်ကြောင့် သေသွားရသည်ကိုပင် သိလိုက်မည်မဟုတ်ပေ။
လင်းဇီချန်က ပတ်ချာလည်မှ သွေးစက်များကို အတွေးဖြင့် စုပ်ယူလိုက်သည်။ စုပ်ယူပြီးနောက်တွင် လေထဲ၌ သွေးမျိုးဆက်စွမ်းအားများရသည့်စာသာများပေါ်လာသည်။
"အားလုံးသေသွားပြီလား။"
မြင့်မြတ်သူအဆင့်များသည် လင်းဇီချန်ထံ၌ အလွယ်လေးသတ်ခံလိုက်ရသည်ကို မြင်သောအခါတွင် စုကျိုကျဲတစ်ယောက် စိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားသွားသည်။ လင်းဇီချန်နှင့်အဆင့်တူသောသူများသည် အဘယ့်ကြောင့် ချက်ချင်းအသတ်ခံလိုက်ရသည်ကို နားမလည်နိုင်တော့ပေ။
"အင်အားကတော့ မဆိုးဘူး။ အထင်ကြီးစရာကောင်းသားပဲ။"
လင်းဇီချန်နားနားလေးသို့ အသံတစ်ခုက ကပ်တိုးလေးပြောသည်ကို ကြားလိုက်ရသည်။ ထိုအသံကြောင့် လင်းဇီချန်တစ်ယောက် မျက်နှာအမူအရာပြောင်းသွားသည်။
ထိုအသံသည် မိမိ၏အနောက် မလှမ်းမကမ်းမှလာခြင်းဖြစ်သည်။
သို့တိုင် လင်းဇီချန်သည် ထိုသူ၏တည်ရှိမှုကို အာရုံမခံနိုင်ပေ။ တစ်ဖက်သူ၏တည်ရှိမှုကို အာရုံမခံနိုင်ဆိုသည်မှာ ထိုသူ၏အင်အားက မိမိထက်သာလွန်နေကြောင်း ပြနေခြင်းပင် ဖြစ်သည်။
"ငါ့ရဲ့နေလအထွတ်အမြတ်နယ်မြေက မင်းလိုပါရမီရှင်မျိုး လိုအပ်နေတာ။"
စောနကအသံကပင် ထပ်ပြောလိုက်သည်။ အချိန်တွင် အသံနှင့်အတူ ဆွဲဆောင်မှုရှိသောရနံ့တစ်ခုကပါ လေထဲတွင် လွင့်ဝဲလာသည်။ တစ်ဆက်တည်းပင် ကြီးမားလှသောပန်းအဖူးကြီးက လေထဲ၌ပေါ်လာကာ လင်းဇီချန်တို့ကို မည်းမှောင်သောချောက်နက်ထဲသို့ ဝါးမျိုသွားလေသည်။ လင်းဇီချန်မှာခုခံချင်သော်လည်း မည်သည့်အစွမ်းကိုမှသုံးမရပေ။
အနံ့ပင်ဖြစ်လေသည်။ ချီသွေးနှင့်ဝိညာဉ်စွမ်းအားကိုတားလိုက်သည်က ထိုအနံ့ပင် ဖြစ်ရမည်။ လင်းဇီချန်က သိလိုက်သည်။ သို့သော်လည်း လက်မလျော့ပေ။ ချီသွေးနှင့်ဝိညာဉ်စွမ်အားက လှုပ်ရှား၍မရတော့သည်ကို သိသည်နှင့် အဆင့်မြင့်ဝိညာဉ်နှင့် အခြားအစွမ်းများကို အသက်သွင်းလိုက်သည်။ အဆိပ်နှင့်ပက်သက်သည့်သွေးမျိုးဆက်စွမ်းအားများကို ဝိညာဉ်စွမ်းအားဖြင့် ချိတ်ဆက်လိုက်သည်။ ဝိညာဉ်စွမ်းအားက မြင့်လျှင် အဆိပ်ကိုခံနိုင်ရည်ရှိပေသည်။ အဆိပ်တစ်ရာခံနိုင်စွမ်းအားသည် အဆိပ်ကိုခုခံနိုင်စွမ်းမြင့်စေပြီး အဆိပ်မိသောအခြေအနေမှ ကာကွယ်ပေးနိုင်သည်။ တောအရှင်ကမူ အနံ့များအားလုံးကိုသန့်စင်ပေးနိုင်သည်။ မြန်ဆန်လှသောလှုပ်ရှားမှုကြောင့် လျှပ်တစ်ပြက်အတွင်းပင် စွမ်းအားများ ပြန်ထုတ်၍ရသွားသည်။ ယခုတွင်မူ ဝိညာဉ်စွမ်းအားကိုသုံးပြီး လင်းဇီချန်သည် တုန့်ဆိုင်းမနေပေ။ အမြန်ပင် ရှန်ချင်းဟန်နှင့် စုကျိုကျဲကိုခေါ်ကာ ထွက်ပြေးသွားတော့သည်။ ကံမကောင်းစွာဖြင့် ထွက်မပြေးနိုင်ခင်တွင်ပင် ပက်ကြားအက်တစ်ခုက ပေါ်လာပြီး လမ်းကို ပိတ်ထားလိုက်သည်။ ထို့နောက်တွင် ပန်းရောင်ဝတ်စုံရှည်ကို ဝတ်ထားသည့်မိန်းကလေးတစ်ယောက်သည် ထိုပက်ကြားအက်ထဲမှ ထွက်လာလေသည်။