ချီချင်းမော့နှင့် ပြန်လည်ပေါင်းဆုံခြင်း
Vol. 32 Ch. 480
လေဟာနယ်ထဲမှ ထွက်လာသောပန်းနတ်ဘုရားသည် ချက်ချင်းပင် အဆိပ်ရနံ့ကို ကောင်းကင်တစ်ခွင်၌ ဖြန့်လိုက်သည်။ သူမသည် ပန်းရောင်ဝတ်စုံကို ဝတ်ထားပြီး ဘေး၌ ပန်းရောင်ရောင်ခြည်စက်ဝန်းတစ်ခု ထုတ်လွှင့်ထားပြီး အရုဏ်ဆည်းဆာချိန်၌ ပွင့်လန်းလာသည့် မနက်ခင်းပန်းလေးနှင့်တူလှသည်။ မြင်လိုက်ရသူအဖို့ ဘဝသည် အမှောင်ထဲသို့ မကျရောက်ခင်တွင် အလင်းရောင်လေးကို မြင်လိုက်ရသကဲ့သို့ပင်ဖြစ်သည်။ လင်းဇီချန်ကမူ မိမိရှေ့ကသူသည် သစ္စာဖောက်များ မကြာခဏပြောတတ်ကြသော ပန်းနတ်ဘုရားဆိုသည်ကို မသိရှာပေ။ သူသိသည်မှာ ရှေ့မှသူသည် လွန်စွာအားကောင်းနေခြင်းပင် ဖြစ်သည်။
ချီချင်းမော့မှလွဲ၍ ရှေ့မှအမျိုးသမီးသည် ဘဝတွင်တွေ့ခဲ့ဖူးသမျှထက် ပို၍အားကောင်းနေသည်။ မြို့အရှင်ချင်ချွမ်း၊ ဒုသမ္မတယဲ့ရုံရှန်းတို့ထက်ပင် အားကောင်းသေးသည်။ အားကောင်းသောရန်သူဖြင့် ရင်ဆိုင်ရသည့်အခါတွင် လင်းဇီချန်တစ်ယောက် အတော်လေးစိတ်တည်ငြိမ်နေသည်။ စိတ်ပျက်အားငယ်ခြင်းမျိုးမရှိပေ။ ပျာယာခတ်သွားခြင်းမျိုးလည်းမရှိပေ။
ထိုအမျိုးသမီး၏စွမ်းအားက မိမိ၏စိတ်ခံစားချက်များကို ခွာချပစ်လိုက်သည်နှင့်တူသည်။
"အသူရာချောက်နက်ကလေးနဲ့ ရေနတ်ဘုရားပြန်လည်အသက်ဝင်ခြင်းရဲ့သွေးကြော ဒီလိုမျိုး အရေးကြီးတဲ့သူတွေကို ကမ္ဘာဘက်က လျှို့ဝှက်ကာကွယ်ဖို့တောင် လူထည့်မထားပေးဘူး။ တကယ်ကို အံ့ဩစရာပဲ။"
ပန်းနတ်ဘုရားသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို ကြည့်ပြီး တွေဝေစွာဖြင့် ပြောလိုက်သည်။
စုကျိုကျဲသည်မူ သူမသည် ရှေးဟောင်းစိမ်းလန်းတောင်တန်း၏ အငယ်ဆုံးမြင့်မြတ်မိန်းမပျိုဖြစ်သဖြင့် လျစ်လျူရှုခံထားရသည်။ ပန်းနတ်ဘုရား၏မျက်လုံးထဲတွင် ရှေးဟောင်းစိမ်းလန်းတောင်တန်း၏ မြေခွေးမများသည် အသက်ရှင်ရန်အတွက် အားကြီးသူများကို ကပ်သောကပ်ပါးကောင်များထက် မပိုပေ။ ဆောင်ကြာမြိုင်မှ ပြည့်တန်ဆာများထက် မပိုပေ။ ထို့ကြောင့် ၎င်းကို အရေးတယူလုပ်မနေပေ။
တစ်ဖက်တွင်မူ လင်းဇီချန်၏အမူအရာက ရုတ်တရက် ပြောင်းသွားသည်။
'ရေနတ်ဘုရားပြန်လည်အသက်ဝင်ဖို့အတွက် အသက်သွေးကြော'
'အသူရာချောက်နက်ရဲ့ကလေး'
ဒါတွေက ဟန်ဟန်နဲ့ငါရဲ့ဘယ်သူဆိုတဲ့အကြောင်းအရာတွေလား
ဟန်ဟန်က ရေနတ်ဘုရားမဟုတ်ဘဲ ရေနတ်ဘုရားပြန်လည်အသက်ဝင်ဖို့အတွက် အသက်သွေးကြောလား။ ဒါဆို ဟန်ဟန်က ပြန်လည်ဝင်စားတာမဟုတ်တဲ့အတွက် သတင်းကောင်းပဲ။
ငါကရော....
ငါက အသူရာချောက်နက်ရဲ့ကလေးတဲ့လား
အဲ့ဒါက ဘာလဲ
ရှေးဟောင်းဆန်တဲ့အင်အားကြီးတဲ့အမွေအနှစ်မျိုးလား
လင်းဇီချန်၏အတွေးများက လွန်ဆွဲနေလေသည်။ ထိုအချိန်တွင်ပင် စုကျိုကျဲက ဘေးမှ တီးတိုးပြောလိုက်သည်။
"သူက နေလအထွတ်အမြတ်နယ်မြေရဲ့ ပန်းနတ်ဘုရားပဲ။"
ပန်းနတ်ဘုရား
ထိုစကားကို ကြားသောအခါတွင်လင်းဇီချန်၏စိတ်က အနည်းငယ်မျှ တုန်ယင်သွားမိသည်။
မကြောက်ဘဲ အံ့ဩမိခြင်းသာဖြစ်သည်။ မိမိသည် ရှေးဘိုးဘေးအဆင့်က မိမိကိုဖမ်းရန် လှုပ်ရှားလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
"ဒါက ပုံရိပ်ယောင်သာသာပဲ။"
ပန်းနတ်ဘုရားက ပြောလိုက်ပြီး သူမဘေးနားမှ ရောင်ခြည်တန်းများက ပို၍တောက်ပလာသည်။ နောက်တွင် သူမ၏မွေးရာပါဆွဲဆောင်နိုင်စွမ်းကိုအသက်သွင်းပြီး လင်းဇီချန်နှင့် အခြားသူများ၏ ကောင်းကင်တံခါးထဲသို့ သူမ၏ရောင်ခြည်တန်းများကို စိမ့်ဝင်သွားစေသည်။ ရောင်ခြည်တန်းများ ဝင်သွားသည်နှင့် လင်းဇီချန်သည် မိမိရှေ့မှ ပန်းနတ်ဘုရားကို ချစ်မိသွားကာ ရှိသမျှအရာအားလုံးကို ပေးချင်စိတ်ပေါ်လာသည်။
"မြင့်မြတ်လှတဲ့ပန်းနတ်ဘုရား...."
"ခင်ဗျားရဲ့ သစ္စာရှိတဲ့နောက်လိုက်လုပ်ဖို့ ဆန္ဒရှိပါတယ်။"
"ပန်းနတ်ဘုရားကို ရှိသမျှအရာအားလုံးကို ကမ်းလှမ်းချင်ပါတယ်။"
မကောင်းဆိုးဝါးကဲ့သို့ ရီသံတစ်သံက လင်းဇီချန်၏စိတ်ထဲတွင် ထွက်ပေါ်လာပြီး အသိစိတ်ကို နှိုးဆွပေးနေသည်။ ချက်ချင်းပင် ကိစ္စတစ်ခုကို သိလိုက်လေသည်။ ကမ္ဘာဘက်၌ သစ္စာဖောက်များကိုလည်း ပန်းနတ်ဘုရားက ထိုသို့လုပ်ထားရင်ရော
ပန်းနတ်ဘုရားက ရောင်ခြည်တန်းကိုဖြန့်ပြီး အားလုံးရဲ့အသိစိတ်ကို ပြောင်းပစ်တာဆိုရင်ရော
မဟုတ်သေးဘူး....
ပန်းနတ်ဘုရားကသာ အဲ့လိုလုပ်နိုင်ရင် ဘာလို့ ကမ္ဘာသားအားလုံးကို မထိန်းချုပ်ရတာလဲ
ထိုသို့ဖြင့် လင်းဇီချန်၏ဝိညာဉ်သည် တုန်လှုပ်သွားပြီး ရောင်ခြည်တန်းမှ အဝေးသို့လွတ်ရန် ကြိုးစားကြည့်သည်။ ရောင်ခြည်တန်းဖြင့်ကျူးကျော်ရန် ကျရှုံးသွားသည့်အခါတွင် ပန်းနတ်ဘုရားသည် မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်ပေ။ လင်းဇီချန်က ထိုကျူးကျော်မှုကို ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအား အနည်းငယ်ထုတ်ပြီး ရှောင်နိုင်ခဲ့သည်။
ရှေးဘိုးဘေးအဆင့်ဆီမှ လွတ်မြောက်ရန်က ခက်ခဲလွန်းလှသည်။ မဖြစ်နိုင်ဟုပင် ဆိုရပေမည်။ သို့သော်လည်း မကြိုးစားသင့်ဟု ဆိုလိုခြင်းမဟုတ်ပေ။
လွတ်နိုင်မည်ဆိုရင်ရော
လက်တွေ့မဆန်သောမျှော်လင့်ချက်ဖြင့် လင်းဇီချန်သည် သူ၏အဆီအနှစ်သွေးကို စွန့်ကာ အမြန်ဆုံးနှုန်းကိုပြင်လိုက်သည်။ သို့တိုင် လက်တွေ့မဆန်မှုက လက်တွေမ့ဆန်ဆဲပင် ဖြစ်သည်။ ကြောက်စရာကောင်းလှသည့် ပက်ကြားအပ်များပေါ်လာသည်အထိ လေက ဝေ့ဝဲလာသည်။ ထိုပက်ကြားအက်များက တစ်ခုပြီးတစ်ခုပေါ်လာပြီး ဝေ့ဝိုက်နေကာ လင်းဇီချန်ကို လွှမ်းခြုံပြီး ကွန်ရက်တစ်ခုဖြစ်သွားသည်။
ထိုမျှကြီးမားသောကွန်ရက်ဖြင့်ဆိုလျှင် လင်းဇီချန်အတွက် ထွက်ပြေးရန် နေရာမရှိတော့ပေ။ လှုပ်ပင်မလှုပ်နိုင်တော့ပေ။ ယခုတွင်မူ အမှန်ပင် နေလအထွတ်အမြတ်နယ်မြေဖမ်းခေါ်ခြင်းခံပေမည်။ လင်းဇီချန်သည် စိတ်ထဲ၌ မိမိဘာသာ ညီးလိုက်ပြီး ခုခံရန်အတွေးကို လက်လျော့လိုက်သည်။ မခုခံချင်၍မဟုတ်ပေ။ သို့သော်လည်း မိမိသည် မြင့်မြတ်သူအဆင့်သာဖြစ်သဖြင့် ခုခံရန်အစွမ်းမရှိပေ။ သို့သော်လည်း သတင်းကောင်းမှာ ရှေးဘိုးဘေးအဆင့်က မိမိကိုသတ်ရန်ရည်ရွယ်ထားခြင်းမဟုတ်ဘဲ နေလအထွတ်အမြတ်နယ်မြေသို့ ပြန်ခေါ်သွားရန်သာ ဖြစ်သည်။ အသက်ရှင်နိုင်လျှင် ညှိနှိုင်း၍ရသည်။ ပြန်လာရန် အခွင့်အရေးရှိသေး၏။
"ဘုန်း"
ရုတ်တရက်ပင် အောက်မှမြေကြီးဆီပေါက်ကွဲသံကို ကြားလိုက်ရသည်။ မြေကြီးမှ ကြောက်စရာကောင်းသောအရာတစ်ခုခု ထွက်လာသည်နှင့်တူသည်။ လေထဲ၌ ဖုံမှုန့်နှင့် ကျောက်တုံးများ ပျံဝဲသွားသည်။ မြေကြီးတစ်ခုလုံးကလည်း တုန်လှုပ်သွားသည်။ နောက်တွင်မူ-
"ဝှစ်"
လေကိုခွင်းသောအသံက ပေါ်လာသည်။ လင်းဇီချန်က အသံလာရာကို ကြည့်လိုက်သောအခါတွင် တာအိုဝတ်ရုံဝတ်ထားသည့်အမျိုးသမီးတစ်ယောက်ကို မိမိရှေ့၌ မြင်လိုက်ရသည်။
ကောင်းကင်လူသားသခင်
တာအိုဝတ်မိန်းမပျိုကို မြင်လိုက်ရသည့်အခါတွင် လင်းဇီချန်တစ်ယောက် အံ့ဩသွားသည်။ မူလမြေ၌ ရောက်သည်မှာ ကြာပြီဖြစ်သော်လည်း ချီချင်းမော့ဖြင့် ထိုအခြေအနေမျိုးတွင် ပြန်ဆုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ဇီချန် ကောင်းကင်လူသားသခင်ပဲ"
ရှန်ချင်းဟန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူမစိတ်ထဲ၌ ချီချင်းမော့သည် အစွမ်းဆောင်နိုင်ဆုံးသောသူပင် ဖြစ်လေ၏။