← Chapters

အသက်ချင်းအလဲအထပ်

Vol. 188 Ch. 2806

အသက်ချင်းအလဲအထပ်

Vol. 188 Ch. 2806

ထိုသို့အတွေးဖြင့် လင်းရွှင်ကျန်းနှင့် တခြားသူများသည် ပို၍ပင် ရှက်ရွံ့မိလာကြသည်။

အရင်တုန်းက ဆူကျူးကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ရှုမြင်ပြီး သူ့ကို နှင်ထုတ်ခဲ့သည့်သူများက သူတို့ပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူတို့သည် သူတို့အပြုအမူများ၏ နောက်ဆက်တွဲအကျိုးရလဒ်ကို တွေ့ကြုံခံစားခဲ့ရပြီး ကြီးမားသော အမှားတစ်ခုကို ပြုလုပ်ခဲ့မိလေသည်။

“ကဲ… နောက်ကျနေပြီ… ရတနာတွေ လဲလှယ်ရယူဖို့အတွက် ရတနာစေတီကို ကျုပ်သွားတော့မယ်”

ဆူဇီမိုက ထိုသို့ပြောပြီး လျှောက်လှမ်းထွက်သွား၏။

ယခင်က လင်းရွှင်ကျန်း ရရှိခဲ့သော တိုက်ပွဲရမှတ်တစ်ထောင်အပါအဝင် ရှန်းမုန်တို့အုပ်စုကို သတ်ဖြတ်ပြီးနောက် ယခု ဆူဇီမို၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားပေါ်မှာ တိုက်ပွဲရမှတ် ၅၃၀၀ ရှိနေပြီဖြစ်သည်။

အဲဒါသည် သောကြာဂြိုဟ်မဟူရာရွှေကျောက်တုံးကို လဲလှယ်ရယူဖို့အတွက် လုံလောက်သည်ထက်ပိုလေသည်။

ဆူဇီမိုသည် ရတနာစေတီရှိရာသို့ လျှောက်လှမ်းသွားပြီး သူ့နောက်ကနေ ပေမင်ရွှယ်ကသာ လိုက်ပါသွားလေသည်။

ဓားကမ္ဘာမှ လူတိုင်းသည် စောစောက မြင်ကွင်းမှာ အတွေးပေါင်းသောင်းခြောက်ထောင်နှင့်အတူ နစ်မျောနေဆဲဖြစ်ပြီး ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။

ဘုရင်အေးစက်မျက်လုံးနှင့် အခြားသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်သက်ရှိများက ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး သူ့ကို အရှင်လတ်လတ် အရေခွံနွှာချင်နေကြသည်။

သို့သော်လည်း ဤနေရာက မည်သို့ပင်ဆိုစေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ ဖြစ်လေသည်။ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ပင်လျှင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများကို စိန်မခေါ်ဝံ့ပေ။

သူတို့က အသက်ချင်းအလဲအထပ် မပြုလုပ်လို၍ ဖြစ်လေသည်။

ဒါ့အပြင် ကောင်းကင်လိုဏ်ဂူပညာရှင်များသာ ဆူဇီမိုနှင့် အသက်ချင်းအလဲအထပ် ပြုလုပ်နိုင်ပေမည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများဖြင့် သတ်ဖြတ်ခြင်းမခံရခင် ပကတိသစ်ဝိညာဉ်တစ်ဦးကို တိုက်ခိုက်ဖို့ တဒင်္ဂသာ အချိန်ရလေသည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များသာ ထိုကဲ့သို့သော ပြုလုပ်နိုင်စွမ်းရှိလေသည်။

တကယ်တော့ ဤစိတ်ကူးသည် ရဲတင်းလွန်းပြီး ထိပ်တန်းကမ္ဘာကြီးများကြား အလိုအလျောက်နားလည်မှုကို ချိုးဖျက်ရာကျသည်ကို ဘုရင်အေးစက်မျက်လုံးက သိထားသည်။

အင်မော်တယ်ဘုရင်တစ်ဦးအနေဖြင့် သူ၏ အဆင့်အတန်းကို လျစ်လျူရှုကာ တခြားသော ကမ္ဘာတစ်ခုမှ ပြိုင်စံရှားတစ်ဦးကို သတ်ဖြတ်ဖို့ဆိုသည်မှာ ရွံရှာစက်ဆုပ်စရာကောင်းသော အပြုအမူတစ်ရပ် ဖြစ်လေသည်။ ထိုလုပ်ရပ်သည် တစ်ဖက်အဖွဲ့ထံမှ ရူးသွပ်စွာ လက်စားချေခြင်းကို အလွယ်တကူရရှိနိုင်သည်။

သို့သော်လည်း ဘုရင်အေးစက်မျက်လုံးက ဒီတိုင်းငြိမ်ခံမနေနိုင်ပေ။

သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ယနေ့ ဆူကျူးကို သေစေချင်လေသည်။

ဘုရင်အေးစက်မျက်လုံးက ဆူဇီမို၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း ရုတ်တရက် သူ့ဘေးမှာရှိသော လူအိုကြီးတစ်ယောက်ထံ အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

“ဆီးနှင်းသစ်သား… မင်းမှာ ဘဝသက်တမ်း သိပ်မကျန်တော့ဘူးမလား”

ဤလူအိုကြီးသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရှိသော်လည်း သူသည် ဘုရင်အေးစက်မျက်လုံး၏ အစေခံဖြစ်ပြီး သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့လေသည်။

လူအိုကြီးက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး သူ၏ မျက်လုံးက မှုန်မှိုင်းလာခဲ့လေသည်။

“ဆရာ… ကျုပ်မှာ ဘဝသက်တမ်း နှစ်တစ်သိန်းကျော် ကျန်ပါသေးတယ်”

ဘဝသက်တမ်း နှစ်တစ်သန်းရှိသော ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်များအတွက် သူတို့၏ လက်ကျန်ဘဝသက်တမ်း နှစ်တစ်သိန်းကျော်က သိပ်မများဟု ထင်ရသော်လည်း သူတို့သည် သူတို့၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်ခါစသာ ဖြစ်လေသည်။

ဘုရင်အေးစက်မျက်လုံးက ပြောလိုက်၏။

“ဓားကမ္ဘာက ဆူကျူး ဒီနေ့လုပ်လိုက်တာက ရှန်းမုန်နဲ့ တခြားသူတွေကို သတ်ဖြတ်လိုက်ရုံတင်မကဘူး… ပိုပြီးတော့ အရေးကြီးတာက သူက ငါတို့ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကမ္ဘာကို အရှက်ခွဲလိုက်တာပဲ”

လူအိုကြီးသည် ဘုရင်အေးစက်မျက်လုံး၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသော်လည်း သူက နှုတ်ဆိတ်နေ၏။

မည်သို့ပင်ဆိုစေ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်တစ်ပါး ဖြစ်လေသည်။ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ တိုက်ခိုက်သည်နှင့် သူက သေချာပေါက် သေရတော့မည်ဟု အဓိပ္ပာယ်ရလေသည်။

တခြားရွေးချယ်စရာမရှိသ၍ ဘယ်သူက ဤနေရာမှာ အသေခံလိုပါ့မလဲ။

ဘုရင်အေးစက်မျက်လုံးက ဆက်ပြောလိုက်သည်။

“ဒီကောင်လေးရဲ့ ပါရမီအရည်အချင်းနဲ့ဆို သူက အနာဂတ်မှာ အင်မော်တယ်ဘုရင်တစ်ပါး သေချာပေါက်ဖြစ်လာမှာပဲ… မင်းသူ့ကို သတ်လိုက်မယ်ဆိုရင် အဲဒါက ဓားကမ္ဘာရဲ့ အနာဂတ်မျှော်လင့်ချက်ကို သတ်လိုက်တာနဲ့ အတူတူပဲ… မင်းက သူနဲ့ အသက်ချင်းလဲရတာ ဘာမှဆုံးရှုံးစရာမရှိဘူး”

လူအိုကြီးက နှုတ်ဆိတ်နေပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့လေသည်။

ဘုရင်အေးစက်မျက်လုံးသည် သူ့အသက်နှင့် အသက်ချင်းလဲရမည် မဟုတ်သောကြောင့် ထိုစကားကို သာမန်ကာလျှံကာ ပြောဆိုနိုင်လေသည်။

လူအိုကြီးသည် နှစ်ပေါင်းသိန်းချီကြာအောင် သူ့ထံမှာ အလုပ်အကျွေးပြုခဲ့သော်လည်း နောက်ဆုံးမှာတော့ ဤရလဒ်က ထွက်ပေါ်လာလေသည်။

ဘုရင်အေးစက်မျက်လုံးက ဆက်ပြောလိုက်သည်။

“ဒီကောင်လေးကို သတ်လိုက်တာက ငါ့ရဲ့ကောင်းကင်ဘုံမျက်လုံးကမ္ဘာကို ကြီးမားစွာ အကျိုးဆောင်လိုက်တာနဲ့ အတူတူပဲ… မင်းရဲ့ ကလန်သားတွေက နောက်ပိုင်း ငါ့ဘေးမှာ ပစားပေးခံရမယ်ဆိုတာ ငါအာမခံပေးနိုင်တယ်”

လူအိုကြီးသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ မဟုတ်ပေ။ သူက ဘုရင်အေးစက်မျက်လုံး၏ ကတိကဝတ်ကို ကြားသောအခါ သူက နောက်ဆုံးမှာ အလျှော့ပေးလိုက်၏။

“ကျုပ်နားလည်ပါပြီ”

လူအိုကြီးမှာ ရွေးချယ်စရာမရှိသလို ထွက်ပေါက်မရှိပေ။

သူသည် တိုက်ခိုက်ဖို့ကို ငြင်းဆန်မည်လျှင်တောင် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာပြီးနောက် အမိန့်ကို မနာခံသည့်အတွက် ဘုရင်အေးစက်မျက်လုံး၏ သတ်ဖြတ်ခြင်းကို ခံရပေဦးမည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မျက်လုံးများထဲမှာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကသာ ပကတိတော်ဝင်မျိုးနွယ်ဖြစ်ပြီး အခြားသောမျိုးနွယ်များက အစေခံများဖြစ်လေသည်။

ဘုရင်အေးစက်မျက်လုံးက ပြောလိုက်၏။

“မှတ်ထားနော်… လုံးဝ ထိန်းချန်မထားနဲ့… မင်းရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး သူ့ကို ချက်ချင်းသတ်ပစ်လိုက်”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ မည်သည့်မျိုးနွယ်ဘုရင်ဖြစ်စေ… သူတို့၏ ကောင်းကင်လိုဏ်ဂူများသည် ကန့်သတ်ခံထားရပြီး ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ကောင်းကင်လိုဏ်ဂူတစ်ခုကို ထုတ်ဖော်ခြင်းအပြင် ပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ရန် စိတ်အချရဆုံးနည်းလမ်းမှာ ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခု ပိုမိုမြင့်မားသော အားသာချက်နှင့်အတူ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ဖို့ဖြစ်လေသည်။

“ကျုပ်သိပါပြီ”

လူအိုကြီးက ပြန်ဖြေပြီး လူအုပ်ကြားထဲမှာ ရောနှောကာ ဆူဇီမိုနောက်သို့ လိုက်ပါသွားလေသည်။

ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကနေ ထွက်ခွာလာပြီးနောက် သူက ရတနာစေတီသို့ ဦးတည်လိုက်လေသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သူသည် ရှန်းမုန်နှင့် အခြားသူများကို သတ်ဖြတ်၍ တိုက်ပွဲမြေကို ရှင်းလင်းပြီးနောက် သူသည် မျောက်ဝံမ နေထိုင်ခဲ့သော လိုဏ်ဂူသို့ ပြန်သွားကြည့်ခဲ့လေသည်။

မျောက်ဝံမ သေဆုံးခြင်းနှင့်အတူ မျောက်ငယ်ကို ဂရုစိုက်ပေးမည့်သူ မည်သူမှ မရှိတော့ဘူးဆိုလျှင် သူက သိပ်ကြာကြာရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လိုဏ်ဂူသို့ သူရောက်လာပြီးနောက် သူသည် မျောက်ဝံငယ်၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရပေ။ မည်သည့်သွေးစက်ကိုမှလည်း မတွေ့ရပေ။

မျောက်ဝံမသည် မျောက်ငယ်အတွက် ကောင်းကောင်းစီစဉ်ပေးခဲ့တာ ဖြစ်ကောင်းဖြစ်ပေမည်။ သို့မဟုတ် သူ့ကို တခြားသော နီညိုရောင်မျောက်ဝံများက ခေါ်ဆောင်သွားတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဆူဇီမိုသည် အဲဒါကို စဉ်းစားတွေးတောရင်း လမ်းလျှောက်လာစဉ် ရတနာစေတီအနီးသို့ တဖြည်းဖြည်းရောက်ရှိလာခဲ့လေသည်။

ရုတ်တရက်ဆိုသလို…

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး အတန်ကြာအောင် တည်ငြိမ်နေခဲ့သည့် သူ၏ အာရုံခံသတိစိတ်က သူ့ကို အရူးအမူးသတိပေးလာခဲ့သည်။

သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုက ရုတ်တရက် ဆင်းသက်ရောက်ရှိလာ၏။

သေမင်းနှုတ်ခမ်းဝမှာ အကြိမ်ပေါင်းများစွာ ဖြတ်လျှောက်ခဲ့ဖူးသော ဆူဇီမိုက နောက်ပြန်လှည့်ကြည့်ခြင်း သို့မဟုတ် စဉ်းစားနေခြင်း မရှိပေ။ သူက သူ၏ အလိုအလျောက် တုံ့ပြန်မှုကိုသာ မှီခိုပြီး ပေမင်ရွှယ်နှင့်အတူ ချက်ချင်း တည်နေရာခုန်ကူးလိုက်လေသည်။

ပြန်လည်ပေါ်ထွက်လာပြီးနောက် ဆူဇီမိုက လုံးဝရပ်တန့်ခြင်းမရှိဘဲ နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်လိုက်၏။ သူက မမြင်တွေ့နိုင်သော အာကာသအလွှာများကို ဖြတ်ကျော်သွားသည့်အလား ရတနာစေတီ၏ ဝင်ပေါက်ဝသို့ ချက်ချင်းပင် ရောက်ရှိလာပြီး အထဲသို့ ရိပ်ခနဲ ဝင်ရောက်လိုက်လေသည်။

ရတနာစေတီထဲသို့ ဝင်ရောက်သွားပြီးနောက် အန္တရာယ်အငွေ့အသက်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ထိုအခါမှသာ ဆူဇီမိုက နောက်ပြန်လှည့်ကြည့်လိုက်၏။

ထိုအကွာအဝေးမှာ အဘိုးအို၏ မျက်ခုံးနှစ်ဖက်ကြားတွင် ယခုအချိန်ထိ မပျက်ပြယ်သေးသည့် စိတ်ဝိညာဉ်အသိစိတ်အလင်းရောင်ကို တွေ့မြင်ရလေသည်။ သူသည် အဲဒါကို မယုံကြည်နိုင်သည့်အလား ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ ဆူဇီမိုထွက်ခွာသွားရာဘက်သို့ ငေးကြည့်ကာ အံ့အားသင့်မှင်တက်နေ၏။

လေထုက ကြောက်စရာကောင်းသော အမြုတေစိတ်ဝိညာဉ်စွမ်းအားဖြင့် ပြည့်နှက်နေသည်။

ထိုသည်က အင်မော်တယ်ဘုရင်တစ်ပါး၏ အမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှုတစ်ရပ်ဖြစ်လေသည်။

အမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှုသည် ဆူဇီမိုထွက်ခွာသွားနောက်သို့ ဆက်လိုက်လာခဲ့လေသည်။ သို့သော်လည်း အဲဒါသည် ရတနာစေတီ၏ ကန့်သတ်အလွှာဖြင့် ပိတ်ဆို့တားဆီးခြင်း ခံရပြီး ပျောက်ကွယ်သွားလေသည်။

ဆူဇီမိုက အနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် သူသည် အဘိုးအို၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ဖြင့် သတ်ဖြတ်ခံရနိုင်လေသည်။

ဆူဇီမိုသည် ယခုအချိန်မှာ အာကာသသက်ရှိနယ်ပယ်ကို ရောက်ရှိနေသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က သုခဘုံလေဟာနယ်နယ်ပယ်မှာ ရှိနေလေသည်။ သို့သော်လည်း သူက အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားက ဆပွားမြင့်တက်လာမည်ဆိုလျှင်တောင် သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည် မဟုတ်ဘဲ ကောင်းကင်လိုဏ်ဂူနယ်ပယ် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု၏ သတ်ဖြတ်ခြင်းစွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။

တကယ်တော့ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်၏ သတ်ဖြတ်စွမ်းအားသည် ချက်ချင်းပင် ရောက်ရှိလာပြီး အဲဒါကို ရှောင်တိမ်းဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

ဆူဇီမိုသည် ဤကပ်ဘေးကနေ လွတ်မြောက်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ အာရုံခံသတိစိတ်က သူ့ကို ကြိုတင်သတိပေးခဲ့သောကြောင့်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် အဘိုးအိုက သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို မထုတ်ဖော်ခင်မှာပင် ဆူဇီမိုက တည်နေရာခုန်ကူးခဲ့ပြီးပြီ ဖြစ်လေသည်။

အဘိုးအိုအနေဖြင့် ထိုအချိန်မှာ သူ၏ တိုက်ခိုက်မှုကို ရပ်တန့်ဖို့က နောက်ကျသွားခဲ့လေပြီ။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်က ဆူဇီမို၏ နောက်သို့ ဆက်လိုက်လာခဲ့သော်လည်း အဲဒါက ခြေတစ်လှမ်းနောက်ကျသွားဆဲဖြစ်ပြီး ရတနာစေတီ၏ ကန့်သတ်အလွှာဖြင့်​ ပိတ်ဆို့တားဆီးခြင်းခံလိုက်ရသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးအနေဖြင့် ပကတိအင်မော်တယ်တစ်ဦးကို သတ်ဖြတ်ရာမှာ ကျရှုံးစရာ အကြောင်းမရှိပေ။

သူက ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ထားပြီး ဆူဇီမိုကို လိုက်လံတိုက်ခိုက်သည်နှင့်အမျှ သို့မဟုတ် သူ့ကိုတားဆီးထားရန် တခြားသောနည်းလမ်းများကို အသုံးပြုထားသည်နှင့် တစ်ဖက်သူက ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤနေရာက မည်သို့ပင်ဆိုစေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဖြစ်နေသည်။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး ဆူဇီမိုကို လိုက်လံတိုက်ခိုက်သည်နှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သူ့ကို ဒုတိယမြောက် တိုက်ခိုက်ဖို့အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။

ယခုဖြစ်ရပ်ကို နမူနာယူနိုင်လေသည်။ သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီးနောက် သူသည် ဆူဇီမိုကို မသတ်ဖြတ်နိုင်ခဲ့သော်လည်း သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အညှာတာမဲ့စွာ သတ်ဖြတ်ခြင်းကို ခံရပေဦးမည်။

ထိုတစ်ဒင်္ဂအခိုက်အတန့်သည် သေခြင်းရှင်ခြင်းအကြား အဆုံးအဖြတ်ဖြစ်လေသည်။

ရုတ်တရက် အလင်းတန်းတစ်ခုက တုန်လှုပ်စရာကောင်းသော အလျင်အဟုန်ဖြင့် ဆင်းသက်ရောက်ရှိလာ၏။

ဖျတ်ခနဲဆို လျှပ်စီးက အဘိုးအို၏ ဦးခေါင်းထိပ်သို့ ဝင်ရောက်သွားလေသည်။

အဘိုးအို၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက လျော့ကျသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွား၏။

နောက်ခဏ၌ မမြင်ရသော အင်အားတစ်ရပ်က အဘိုးအို၏ အလောင်းကို လေထဲသို့ ဖြည်းဖြည်းချင်း မ,ယူကာ ပျောက်ကွယ်သွားလေသည်။

All Chapters