သွေးအတွက်သွေး
Vol. 188 Ch. 2808
ဘုရင်အေးစက်မျက်လုံးက အဲဒါကို အရှက်မဲ့စွာ ငြင်းဆိုလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ ပကတိစိတ်ဝိညာဉ်များထံမှ တီးတိုးတီးတိုးပြောဆိုသံများ ထွက်ပေါ်လာ၏။
ကမ္ဘာအမျိူးမျိုးမှ ပကတိစိတ်ဝိညာဉ်များသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကြမ်းကြုတ်ခက်ထန်မှုကို စိုးရိမ်ပူပန်နေပြီး သူတို့က သေးငယ်သော အငြိုးအတေးများအတွက်ပင် လက်စားချေတတ်သည်ကို သိရှိထားလေသည်။
ထိုသို့ဖြင့် သူတို့သည် ပေါ်ပေါ်တင်တင်လှောင်ပြောင်သရော်ရဲခြင်း မရှိပေ။
သို့သော်လည်း ဆွေးနွေးပြောဆိုမှုများနှင့် လက်ညှိုးထိုးမှုတချို့ကို ရရှိလာဖို့က မလွဲမသွေပင်။
ဘုရင်အေးစက်မျက်လုံး၏ အမူအရာက သုန်မှုန်နေပြီး သူက ဤနေရာမှာ ဆက်လက်၍ မနေလိုတော့ပေ။
မည်သည့်စကားမှမဆိုဘဲ သူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်များနှင့်အတူ လှည့်ထွက်သွားလေသည်။
ဘုရင်အေးစက်မျက်လုံးက ရူးသွပ်စွာဖြင့် တစ်ခုခုလုပ်လာမှာကို ဆိုးပြီး လုယွင်၊ ယုလန်နှင့် အခြားသော ဓားကမ္ဘာကျင့်ကြံသူများက အလောတကြီးထွက်ခွာကာ ရတနာစေတီရှိရာသို့ ဦးတည်လိုက်ကြသည်။
ဘုရင်အေးစက်မျက်လုံးသည် ရပ်တန့်ခြင်းမရှိဘဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်ကနေ ထွက်ခွာလာခဲ့သည်။
သူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်များနှင့်အတူ မွန်မြတ်ကျွန်းကနေ ထွက်ခွာပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်သို့ ဦးတည်လိုက်၏။
“ဘုရင်အေးစက်မျက်လုံး”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဝင်တစ်ဦးက မချင့်မရဲဖြစ်နေပြီး လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ ပြောလိုက်၏။
“ကျုပ်တို့က ဒီတိုင်းပဲထွက်သွားရမှာလား… ကျုပ်တို့ အဲဒါကို ဒီတိုင်းငြိမ်ခံမနေနိုင်ဘူး”
“အမှန်ပဲ… ကျုပ်တို့ကောင်းကင်ဘုံမျက်လုံမျိုးနွယ်တွေက ဒီလိုမျိုးအရှက်ရမှုနဲ့ ဘယ်တုန်းက ကြုံတွေ့ခဲ့ရဖူးလဲ”
“ကျုပ်အထင်တော့ ကျုပ်တို့က နဝမမြောက်ဓားတောင်ထွတ်က တောင်ထွတ်သခင်ကို သတ်ဖြတ်ဖို့အတွက် ကျူပ်တို့မျိုးနွယ်က နံပါတ်တစ် ပကတိစိတ်ဝိညာဉ်ကို အခုပဲ သတင်းစကားပေးပို့ပြီး လှမ်းခေါ်သင့်တယ်”
ဘုရင်အေးစက်မျက်လုံးက အေးစက်နေသော အမူအရာဖြင့် နှုတ်ဆိတ်နေ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာလာပြီးနောက် ဘုရင်အေးစက်မျက်လုံးက ပြောလိုက်၏။
“ဓားကမ္ဘာကလူတွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်နေတာ ဆယ်ရက်ပြည့်တော့မယ်… သူတို့က သိပ်မကြာခင် ဒီနေရာကနေ ထွက်သွားတော့မှာပဲ”
ငါတို့က ရှယင်ကို အခုချိန်မှာ လှမ်းခေါ်မယ်ဆိုရင်တောင် နောက်ကျသွားပြီ”
နောက်ထပ် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်တစ်ဦးက မုန်းတီးစွာပြောလိုက်၏။
“ဘုရင်အေးစက်မျက်လုံး ကျုပ်တို့ ဒီကိစ္စကို ဒီလိုဘဲ ထားလိုက်ရတော့မှာလား”
“ဘယ်ဟုတ်ပါ့မလဲ”
ဘုရင်အေးစက်မျက်လုံး၏ အကြည့်က မကောင်းဆိုးဝါးဆန်နေပြီး သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။
“မှတ်ထား… ငါတို့ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့သွေးက သေချာပေါက် အချည်းနှီးမဖြစ်ရဘူး”
“တစ်နေ့မှာ ငါတို့ကောင်းကင်ဘုံမျက်လုံးကမ္ဘာက အဲဒီဓားကမ္ဘာကလူတွေကို တန်ဖိုးတစ်ခုပြန်ပေးဆပ်ခိုင်းမယ်… ဆူကျူးက သူ့ရဲ့သွေးနဲ့ ပြန်ပေးဆပ်ရမယ်”
ထိုသို့ပြောရင်း ဘုရင်အေးစက်မျက်လုံးသည် လေထုကို သာမန်ကာလျှံကာဆုတ်ဖြဲကာ အာကာသဥမင်ထဲသို့ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှလူတိုင်းကို ဦးဆောင်ခေါ်သွားပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ပျောက်ကွယ်သွားလေသည်။
ရတနာစေတီ၏ ပထမထပ်မှာ…။
ဓားကမ္ဘာမှ လူတိုင်းသည် ဆူဇီမိုကို ရှာတွေ့သည့်အချိန်မှာ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားထဲမှ တိုက်ပွဲရမှတ်များဖြင့် သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးကို လဲလှယ်ပြီးခါစ ဖြစ်လေသည်။
“ညီကိုဆူ… ကောင်းကင်ဘုံမျက်လုံးကမ္ဘာက အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးက အခုဘဲ မင်းကိုတိုက်ခိုက်ခဲ့တယ်ဆို မင်းအဆင်ပြေရဲ့လား”
လုယွင်က မေးလိုက်၏။
“ကျုပ်အဆင်ပြေပါတယ်”
ဆူဇီမိုက ပြုံးပြလိုက်ပြီး မည်သည့်စကားမှထပ်မံ၍ မဆိုတော့ပေ။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် သေရေးရှင်ရေး အကျပ်အတည်းပေါင်းများစွာကို တွေ့ကြုံခဲ့ဖူးလေသည်။ စောစောကတစ်ခုသည် သူတို့ထဲမှတစ်ခုသာဖြစ်ပြီး သူ့အတွက် ပြောပလောက်စရာ မဟုတ်ပေ။
သို့သော်လည်း သူက စကားနည်းလေလေ ဓားကမ္ဘာမှလူတိုင်း၏ မျက်လုံးထဲမှာ သူက ပို၍ပင်ထူးခြားအံ့မခန်းဖြစ်လာလေပင်။
လုယွင်၊ ယုလန်နှင့် အခြားသော တောင်ထွတ်သခင်များကတော့ အနည်းငယ်ပိုမိုအဆင်ပြေလေသည်။ မည်သို့ပင်ဆိုစေ သူတို့သည် ဆူဇီမိုအကြောင်း အနည်းအကျဉ်းသိထားလေသည်။
ဝမ်တုန်၊ ကုန်းစွန်းယွီနှင့် အခြားသူများကတော့ သူတို့သည် ဆူဇီမိုကို ကြည့်ရှုပုံက ပြောင်းလဲသွားခဲ့လေပြီ။
အသက်ရှူချိန်အနည်းငယ်မျှမှာ သူသည် အန္တိမပကတိစိတ်ဝိညာဉ်နှင့် အခြားသူများကို ဟင်းရွက်ကန်စွန်းများကို ခုတ်ပိုင်းခဲ့သည့်အလား သတ်ဖြတ်ခဲ့သည်။
အင်မော်တယ်ပညာရှင်တစ်ဦး၏ ခွန်အားအပြည့်တိုက်ခိုက်မှုကနေပင်လျှင် သူက မထိမခိုက်မလွတ်မြောက်နိုင်ခဲ့ပေ။
ဤကဲ့သို့သောတိုက်ပွဲမှတ်တမ်းတစ်ခုက စဉ်းစားကြည့်၍မရနိုင်သော ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ရပေလိမ့်မည်။
အစတုန်းကတော့ သူတို့သည် ဆူဇီမိုအပေါ် အတော်လေးရိုသေလေးစားမှုရှိကြသော်လည်း သူတို့၏ နှလုံးသားအနက်ပိုင်းထဲမှာ ဤအပြင်လူကို အမှန်တကယ်အသိအမှတ်ပြုထားခြင်းမရှိပေ။
သို့သော် ယခု သူတို့သည် ဆူဇီမိုကို ရိုသေလေးစားလာရုံတင်မက သူတို့၏ အကြည့်မှာ အထင်ကြီးလေးစားမှုပင်ရှိလာခဲ့ပြီဖြစ်သည်။
တစ်ဘက်မှာတော့ လင်းရွှင်ကျန်း၏ အမူအရာက ပုံမှန်အတိုင်သာဖြစ်၏။ သို့သော်လည်း သူမ၏ မျက်လုံးထဲမှာ စူးစမ်းလိုစိတ်က ရံဖန်ရံခါ ပေါ်ထွက်လာတတ်၏။
“တောင်ထွတ်သခင်ဆူ…”
ရှန်းယွဲ့၏ အမူအရာက ရှက်ကိုးရှက်ကန်းဖြစ်နေ၏။ သို့သော်လည်း သူက ရှေ့သို့တက်လှမ်းလာပြီး ဆူဇီမိုကို အလေးအနက်ဦးညွှတ်လိုက်လေသည်။
“အရင်တုန်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကျုပ်က နုံအမိုက်မဲခဲ့တဲ့အတွက် ခင်ဗျားကို ဆန့်ကျင်ခဲ့မိတယ် ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ တောင်ထွတ်သခင်ဆူ”
“အဲဒါက ပြောစရာမှ မဟုတ်တာ “
ဆူဇီမိုက လက်ကာပြပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“အဲဒီတုန်းက ငါလည်းမှားခဲ့တာပဲ… ငါသာခေါင်းမာပြီး မင်းတို့ဘေးမှာဆက်နေခဲ့မယ်ဆိုရင် မင်းတို့တွေက ထိခိုက်ဒဏ်ရာရခဲ့မှာ မဟုတ်လောက်ဘူး”
ထိုစကားကိုကြားချိန်မှာ ရှန်းယွဲ့နှင့် အခြားသူများက ပို၍ပင် ရှက်ရွံ့သွားလေသည်။
ဆူဇီမိုက တစ်ဘက်သို့လှည့်ပြီး လင်းရွှင်ကျန်းနှင့် အမှတ်တမဲ့ အကြည့်ချင်းဆုံသွား၏။
သူက ခဏမျှရပ်တန့်ပြီး မေးလိုက်လေသည်။
“မင်းဘယ်လိုနေလဲ… နေရထိုင်ရကောင်းရဲ့လား”
လင်းရွှင်ကျန်းက ညင်သာစွာခေါင်းညိတ်ပြပြီး ဦးညွှတ်လိုက်၏။
“တောင်ထွတ်သခင်ဆူ… ကျွန်မအသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ခဏမျှရပ်တန့်ပြီးနောက် သူမက လိုဏ်ဂူထဲမျာ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို အမှတ်ရသွားကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။
“တောင်ထွတ်သခင်ဆူ… အဲတုန်းက ကျွန်မက…”
“ထားလိုက်ပါ”
ဆူဇီမိုက မှင်သေသေဖြင့် ပြုံးပြပြီး သူမကို ဖြတ်ပြောလိုက်၏။
သူက သူ၏ သိုလှောင်အိတ်ထဲကနေ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားတချို့ကို ထုတ်ယူပြီး လင်းရွှင်ကျန်းကို ကမ်းပေးလိုက်၏။
“ဒါက မင်းတို့တွေဟာပဲ”
လင်းရွှင်ကျန်းက အဲဒါကို လက်ခံယူပြီး တစ်ချက်ကြည့်လိုက်၏။ တံဆိပ်ပြား၏ တစ်ဘက်မှာ သူမ၏ နာမည်ကို ရေးထားလေသည်။
အစကတော့ သူမသည် ရှန်းမုန်၏ အမဲလိုက်ခြင်းခံရပြီး သူမ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားက လုယူခံခဲ့ရလေသည်။
ယခုဆူဇီမိုက အဒါကို ပြန်ယူလာခဲ့ပြီး သူက ပိုင်ရှင်အမှန်ထံ ပြန်ပေးလိုက်သည်။
လင်းရွှင်ကျန်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား၏ နောက်ဘက်ကို တစ်ချက်ကြည့်ပြီးနောက် အဲဒီမှာ တိုက်ပွဲရမှတ်တစ်ထောင်ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
သူမ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားသည် ရှန်းမုန်၏ လုယူခြင်းခံခဲ့ရပြီးနောက် ၎င်းပေါ်မှာရှိသော တိုက်ပွဲရမှတ်များကလည်း လွှဲပြောင်းရယူခြင်း ခံလိုက်ရလေသည်။
ယခု ၎င်းပေါ်မှာ တိုက်ပွဲရမှတ်တစ်ထောင်ရှိနေပြီး ဆူဇီမိုက အဲဒါကို ပြန်လွှဲပေးထားသည်မှာ သိသာလေသည်။
“တောင်ထွတ်သခင် ဒီတိုက်ပွဲရမှတ်တွေက…”
လင်းရွှင်ကျန်းက စကားပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက ပြောလိုက်၏။
“အဲဒီတိုက်ပွဲရမှတ်တစ်ထောင်က အစကတည်းက မင်းတို့တွေရှာထားတာဘဲ… မင်းတို့တွေ တစ်ယောက်ကို ဘယ်လောက်စီ ရှာထားလဲတော့ ငါမသိဘူး… မင်းတို့ဘာသာမင်းတို့ ခွဲဝေယူလိုက်ကြပေါ့”
လင်းရွှင်ကျန်းက အလောတကြီးပြောလိုက်၏။
“ကျွန်မ ဒီတိုက်ပွဲရမှတ်တွေကို လက်မခံနိုင်ပါဘူး”
“ဟုတ်ပါတယ်… တောင်ထွတ်သခင်ဆူ… ကျုပ်တို့ တိုက်ပွဲရမှတ်တွေကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရှန့်မုန်က လုယူသွားခဲ့ပြီးပြီ”
ဝမ်တုန်က ထပ်ပြောလိုက်၏။
“ငြင်းနေစရာမလိုဘူး”
ဆူဇီမိုက ပြောလိုက်သည်။
“မင်းတို့တွေက ဓားသင်္ချိုင်းတောင်ထွတ်အတွက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို အသက်စွန့်ပြီး ဝင်ရောက်ပေးခဲ့တာပဲ… အခု ငါက သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးကို ရထားပြီဆိုတော့ ဒီတိုက်ပွဲရမှတ်တစ်ထောင်ကို မင်းတို့တွေကို ပြန်ပေးရမှာပေါ့”
“ယူထားလိုက်ပါ”
ယုလန်က ညင်သာစွာခေါင်းညိတ်ပြီး ပြုံး၍ပြောလိုက်၏။
“ရောင်းရင်းဆူက ဘာပဲပြောပြော တောင်ထွတ်သခင်တစ်ဦးပဲ… မင်းတို့တွေအပေါ် ဘယ်လိုလုပ်အမြတ်ထုတ်ပါ့မလဲ”
“မင်းတို့တွေအားလုံး အဲဒီတိုက်ပွဲရမှတ်တွေကို ခွဲဝေယူပြီး မင်းတို့လိုအပ်တာ ကြည့်ကြ… မင်းတို့က ရတနာစေတီမှာ အဲဒါကို လဲလှယ်ရယူနိုင်တယ်”
သူမဆရာ၏ စကားကို ကြားရသောအခါ လင်းရွှင်ကျန်းက ဆက်လက်၍ ငြင်းပယ်မနေတော့ပေ။
သူမသည် ဆူဇီမိုကို နက်ရှိုင်းစွာတစ်ချက်ကြည့်ပြီးနောက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားပေါ်မှ တိုက်ပွဲရမှတ်များကို ဝမ်တုန်နှင့် တခြားသူများထံ ခွဲဝေပေးလိုက်လေသည်။
ဆူဇီမိုက ပြောလိုက်၏။
“တခြားရတနာတွေရှိဦးမလား ရတနာစေတီရဲ့ ဒုတိယထပ်ကို သွားကြည့်လိုက်ဦးမယ်”
အစကတော့ သူ၏ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားမှာ တိုက်ပွဲရမှတ်ငါးထောင်ကျော်ရှိခဲ့လေသည်။
သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးကို လဲလှယ်ရယူဖို့အတွက် တိုက်ပွဲရမှတ်တစ်ထောင်ကို သုံးစွဲခဲ့ရပြီး လင်းရွှင်ကျန်းနှင့် အခြားသူများကို နောက်ထပ်တစ်ထောင်ပြန်ပေးခဲ့လေသည်။
ယခု သူ့မှာ တိုက်ပွဲရမှတ်သုံးထောင်ကျော်ရှိနေဆဲဖြစ်လေသည်။
သူတို့သည် လွန်ခဲ့သည့်ကိုးရက်က ရတနာစေတီသို့ ရောက်ရှိလာခဲ့စဉ် အချိန်က အပူတပြင်းနိုင်နေပြီး အားလုံးက ပထမထပ်မှာသာ ကြည့်ရှုခဲ့ရလေသည်။
ယခု နေ့တစ်ဝက်စာ ကျန်နေသေးပြီး သူက နောက်ထပ်အထပ်များသို့ သွားရောက်ကြည့်ရှုနိုင်လေသည်။
လူတိုင်းသည် ဆူဇီမိုနောက်သို့ လိုက်ပါပြီး ရတနာစေတီ၏ ဒုတိယထပ်သို့ တက်လာကြလေသည်။
ဒုတိယထပ်သို့ ရောက်လာပြီးနောက် ခန်းမထဲတွင် အမျိုးမျိုးသောမျိုးနွယ်စုများမှ သက်ရှိများက သိသိသာသာ ပိုမိုလျော့နည်းသွားလေသည်။
မည်သို့ပင်ဆိုစေ ပကတိစိတ်ဝိညာဉ်အများစုသည် တိုက်ပွဲရမှတ်တစ်ထောင်ကျော်ကို ရရှိဖို့ ခဲယဉ်းလေသည်။ သူတို့က ဒုတိယထပ်သို့ ရောက်လာမည်ဆိုလျှင်တောင် မည်သည့်အရာကိုမှ လဲလှယ်ယူနိုင်မည် မဟုတ်ပေ။
ရတနာစေတီ၏ ဒုတိယထပ်မှ ရတနာများသည် အနည်းဆုံးတိုက်ပွဲရမှတ်တစ်ထောင်ကို လိုအပ်ပြီး အမြင့်ဆုံးက နှစ်ထောင်ဖြစ်လေသည်။
ရတနာစေတီ၏ ဒုတိယထပ်မှာရှိသော ရတနာများ၏ အရေအတွက် လုံးဝလျော့ကျမသွားပေ။
အဲဒီမှာ အင်မော်တယ်ဆေးလုံးများ၊ နတ်ဘုရားလက်နက်များ လောကဆိုင်ရာရတနာများ၊ ကျင့်ကြံရေးနည်းစနစ်များ၊ လျှို့ဝှက်အတတ်များနှင့် အင်မော်တယ်သတ္တုရိုင်းများ စသည်ဖြင့် အမျိုးမျိုးရှိလေသည်။
ဒါ့အပြင် ဒုတိယထပ်မှာရှိသောရတနာများက ပထမထပ်မှာထက် သိသိသာသာပိုမိုအဖိုးတန်ပြီး ပိုမိုရှားပါးလေသည်။
တကယ်ဆို ဆူဇီမိုသည် ရှေးဟောင်းခေတ်တုန်းက ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော အင်မော်တယ်ဆေးလုံတချိုနှင့် အဖိုးတန်သော အင်မော်တယ်ဆေးပင်များစွာကိုပင် ရတနာစေတီ၏ ဒုတိယထပ်မှာ တွေ့မြင်ရလေသည်။
အင်မော်တယ်ဆေးပင်တချို့သည် ခေတ်တချို့မှာပေါ်ထွက်ခဲ့ဖူးပြီး ယခုအချိန်မှာ ဆိတ်သုဉ်းပျောက်ကွယ်နေပြီဖြစ်သည်။ ယခု သူတို့သည် ထိုအင်မော်တယ်ဆေးပင်များကို ရတနာစေတီမှာ နောက်တစ်ဖန် ပြန်မြင်တွေ့နေရလေသည်။