← Chapters

ဓာတ်တော်

Vol. 188 Ch. 2809

ဓာတ်တော်

Vol. 188 Ch. 2809

“ကောင်းကင်ကိုးလွှာနဂါးကြာပန်းပဲ”

ရတနာစေတီ၏ ဒုတိယထပ်အဆုံးနားတွင် ဆူဇီမိုသည် ရတနာဘောင်တစ်ခု၏ ရှေ့မှာ မတ်တတ်ရပ်ပြီး တပ်မက်သော အမူအရာဖြင့် ကြာပန်းတစ်ပွင့်ကို ကြည့်လိုက်လေသည်။

သူ၏ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကပင်လျှင် လိုချင်တပ်မက်လာခဲ့သည်။ သူသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ တိုက်ပွဲနိုင်ငံမှာ ရှိခဲ့စဉ် အင်မော်တယ်ဘုရင်မ လင်းလုံသည် ဤကြာပန်းအကြောင်း သူ့ကို ပြောပြခဲ့ဖူးလေသည်။

ကောင်းကင်ကိုးလွှာနဂါးကြာပန်းသည် ကောင်းကင်ကိုးလွှာခေတ်မှာသာ ပေါ်ထွက်ခဲ့သော ကြာပန်းတစ်မျိုးဖြစ်လေသည်။ ရှေးဟောင်းစာအုပ်များထဲမှ မှတ်တမ်းများအရ ကောင်းကင်ကိုးလွှာခေတ်သည် ယခုအချိန်မှစပြီး ရေတွက်လျှင် ရှေးအကျဆုံးခေတ် ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုမျိုးဆက်၏ မဟာဧကရာဇ်သည် နည်းစနစ်သိုလှောင်ရုံကို ဖန်တီးခဲ့သော မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်ဖြစ်လေသည်။

အရင်တုန်းက အင်မော်တယ်ဘုရင်မလင်းလုံသည် မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကုန်းမြေမှာ ကောင်းကင်ကိုးလွှာနဂါးကြာပန်းအကြောင်း ဖတ်ရှုခဲ့ဖူးလေသည်။

ကောင်းကင်ကိုးလွှာခေတ်မှစ၍ မရေမတွက်နို်ငသောခေတ်များနှင့် နှစ်သန်းပေါင်းရာချီက ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ထိုခေတ်မှ သက်ရှိများအားလုံးက ခေတ်အဆက်ဆက်ဖြတ်ကျော်ပြီးနောက် ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အငွေ့အသက်တချို့သာလျှင် ရှားရှားပါးပါးကျန်တော့လေသည်။

ယခု သူသည် ရတနာစေတီ၏ ဒုတိယထပ်မှာ ကောင်းကင်ကိုးလွှာနဂါးကြာပန်းကို တွေ့မြင်နေရလေသည်။

ကောင်းကင်ကိုးလွှာနဂါးကြာပန်းက ညှိုးခြောက်နေပြီဖြစ်သော်လည်း အဲဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် မဟာအားဆေးတစ်ခု သေချာပေါက်ဖြစ်လေသည်။

အသက်ရှိနေသော ကောင်းကင်ကိုးလွှာနဂါးကြာပန်း ဖူးပွင့်လာသည့်အခါ ကြာပန်း၏ အလယ်တွင် အသက်ရှိနေသော နတ်နဂါးတစ်ကောင်မွေးဖွားပေါ်ထွက်လာလိမ့်မည်ဟု ဒဏ္ဍာရီရှိလေသည်။

ဆူဇီမို၏ အကြည့်က ရတနာဘောင်ပေါ်ရှိ လိုအပ်သော တိုက်ပွဲရမှတ်ပေါ် ရောက်ရှိသွားလေသည်။

တိုက်ပွဲရမှတ်နှစ်ထောင်…။

ကောင်းကင်ကိုးလွှာနဂါးကြာပန်းကို ရတနာစေတီ၏ ဒုတိယထပ်မှာ အဖိုးတန်ဆုံးနှင့် အရှားပါးဆုံးရတနာများထဲမှ တစ်ခုဟု ဆိုနိုင်သည်။

ဆူဇီမိုသည် ခဏမျှစဉ်းစားတွေးတောပြီးနောက် အဲဒါကို ချက်ချင်း လဲလှယ်ယူခြင်းမရှိပေ။ ထိုအစားသူက ရတနာစေတီ၏ တတိယထပ်သို့ ဆက်တက်သွားလိုက်လေသည်။

တတိယထပ်မှာ စိတ်ဝိညာဉ်ဆေးလုံးများဖြစ်စေ၊ နတ်ဘုရားလက်နက်များဖြစ်စေ၊ လောကဆိုင်ရာရတနာများဖြစ်စေ ကြီးမားသည့်ဧရိယာတစ်ခုကို ဖြန့်ကြက်ကာ ယူထားဆဲဖြစ်လေသည်။

ဒါ့အပြင် ရတနာစေတီ၏ တတိယထပ်မှာ ဆူဇီမိုသည် အတိတ်ခေတ်ကာလများမှာ ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သော စိတ်ဝိညာဉ်ပစ္စည်းတချို့ကိုပင် တွေ့မြင်နေရလေသည်။

အဲဒီမှာ တမလွန်ကိုးဘုံခေတ်မှာသာ ပေါ်ထွက်ခဲ့သော တမလွန်ကိုးဘုံသစ်ခွပန်းပင်တစ်ပင်ရှိပြီး အသက်ရှင်နေသေးလေသည်။

တကယ်တော့ ဤအဖိုးတန်အပင်သည် တိုက်ပွဲရမှတ်အတော်များများကို လိုအပ်လေသည်။

လမ်းတစ်လျှောက်မှာ ဓားကမ္ဘာမှလူတိုင်းသည် မကြာမကြာ အံ့အားတသင့် ရေရွတ်မိနေကြ၏။

သူတို့ထဲမှ တော်တော်များများသည် ရတနာစေတီ၏ တတိယထပ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာကြခြင်းဖြစ်သည်။

အဲဒီမှာ တောင်ထွတ်သခင်လေးဦးပင်လျှင် တစ်ခါမှမကြားဖူးသော ရတနာများစွာရှိလေသည်။

ဆူဇီမိုသည် ရှေ့သို့တက်လှမ်းပြီး ရှားရှားပါးပါးရတနာများကို တစ်ခုပြီးတစ်ခုလိုက်ကြည့်နေ၏။

အထဲမှာ ရှိသော ရတနာများက မနှိုင်းယှဉ်သာအောင် အဖိုးတန်ပြီး သူတို့ထဲမှတချို့က သူ့ကိုပင် လိုချင်တပ်မက်လာစေလေသည်။

သို့သော်လည်း ယခုအချိန်ထိတော့ သူ့အတွက် အမှန်တကယ်လိုအပ်သည့် အရာကို မတွေ့သေးပေ။

ပကတိဧကနယ်ပယ်ထိ ကျင့်ကြံပြီးနောက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကဲ့သို့ ကျင့်ကြံရေးအရင်းအမြစ်များအပြင် ကျင့်ကြံသူများအတွက် အရေးကြီးဆုံးအရာမှာ ကောင်းကင်နှင့်မြေကြီး၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်ရန်ဖြစ်လေသည်။

ပကတိစိတ်ဝိညာဉ်အတော်များများမှာ လုံးလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များရှိတတ်ပြီး သူတို့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန် အမြုတေကို သူတို့၏ အထွတ်အထိပ်ထိ အားဖြည့်စုဆောင်းထားပြီးသား ဖြစ်လေသည်။

သို့သော်လည်း သူတို့သည် သူတို့၏ နယ်ပယ်မှာ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ဆင်ခြင်နိုင်ခြင်းမရှိဘဲ အဟန့်အတားတစ်ခုမှာ တစ်ဆို့ကာ ရှေ့သို့ ဆက်မတက်နိုင်ကြတော့ပေ။

အထူးသဖြင့် ပကတိဧကနယ်ပယ်၏ နောက်ဆုံးအဆင့်နှစ်ဆင့် ဗလာနယ်ဝိညာဉ်နယ်ပယ်နှင့် သုခဘုံလေဟာနယ်အဆင့်မှာ ဖြစ်လေသည်။ ကျင့်ကြံသူများအနေဖြင့် တာအိုကို နားလည်ဆင်ခြင်ရန် အလွန်တရာမြင့်မားသော လိုအပ်ချက်များရှိလာသည်။

ယခုအချိန်သည် ဆူဇီမိုသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခု အင်မော်တယ်နှိမ်နင်းဓားနှင့် အစွယ်ရှစ်ချောင်းနတ်ဆင်ခွန်အားကို နားလည်ဆင်ခြင်ထားခဲ့ပြီဖြစ်သည်

သို့သော်လည်း တကယ်တမ်းမှာတော့ သူ့မှာ တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများ၏ အဆင့်ထိကျင့်ကြံထားသော နတ်ဘုရားစွမ်းအားတချို့ရှိနေသေးလေသည်။

တဒင်္ဂအခိုက်အတန့်၊ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နှင့် ခေါင်းလေးလုံးလက်ရှစ်ဖက်ကဲ့သို့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတချို့အနေဖြင့် သူ၏ ပါရမီ အရည်အချင်းနှင့် အခွင့်အလမ်းများနှင့်အတူ လုံလောက်သည့် အချိန်နှင့် အဆက်မပြတ်အားထုတ်မှုရှိပါက သူတို့ကို နားလည်ဆင်ခြင်နိုင်ဖို့ အခွင့်များလေသည်။

သို့သော်လည်း အဲဒီမှာ သူအတင်းအကျပ် လုပ်ယူဖို့ မတတ်နိုင်သည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများနှင့် ဓမ္မတာအိုတချို့ပင် ရှိနေသေးလေသည်။ တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်မှာ လျှို့ဝှက်အတတ်သုံးခုပါဝင်လေသည်။

ယခုအချိန်ထိ သူသည် အနိစ္စဓမ္မတာအိုကိုသာ နားလည်ဆင်ခြင်ရသေးသည်။

အဲဒီမှာ သူလုံးဝနားလည်ဆင်ခြင်နိုင်ခြင်းမရှိသေးသည့် အခြားသော ဓမ္မတာအိုနှစ်ခု အနတ္တနှင့် အေးငြိမ်းထွက်ရပ်လမ်း ရှိနေသေးသည်။

သူသည် ဗုဒ္ဓတာအိုများကို အဆုံးစွန်ထိ နားလည်ဆင်ခြင်နိုင်ပြီး နဂါးမျိုးနွယ်နှင့် ဆင်မျိုးနွယ်တို့၏ လျှို့ဝှက်အတတ်များနှင့် ပေါင်းစည်းနိုင်မည်ဆိုလျှင် သူသည် ဗုဒ္ဓနဂါးဆင်ကို အနှိုင်းမဲ့နတ်ဘုရားတစ်ခု၏ အဆင့်ထိ ကျင့်ကြံနိုင်ပေလိမ့်မည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်တိုင်း ကျင့်ကြံသူများ၏ တိုက်ခိုက်ရည်ခွန်အားက ခုန်ပေါက်၍ တိုးမြှင့်လာပေလိမ့်မည်။

ကျင့်ကြံသူများသည် အနှိုင်းမဲ့နတ်ဘုရားတစ်ခုကို နားလည်ဆင်ခြင်သည့်အခါ ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ စွမ်းအားက သူတို့၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်များကို မီးဆေးပေးရန် ဆင်းသက်လာပေလိမ့်မည်။ အဲဒါက သူတို့ကို ပကတိအသွင်ပြောင်းလဲသွားစေပေမည်။

တစ်ချိန်တည်းမှာပင် အနှိုင်းမဲ့နတ်ဘုရားစွမ်းတစ်ခုကို နားလည်ဆင်ခြင်ပြီး ဓမ္မတာအိုကို တာအိုသစ်သီးထဲသို့ ထည့်သွင်းပေါင်းစည်းပြီးနောက် ထိုကျင့်ကြံသူ၏ တာအိုသစ်သီးက ပို၍ပင် သန်မာလာပြီး သူ၏ ကျင့်ကြံမှုက ဆပွားများစွာ တိုးတက်လာပေလိမ့်မည်။

တာအိုသစ်သီးက ပိုမိုသန်မာလေလေ နောက်ပိုင်းမှာ သူစုဖွဲ့မည့် ကောင်းကင်လိုဏ်ဂူက ပိုမိုသန်မာလေဖြစ်သည်။

ဆူဇီမိုက လိုက်လံရှာဖွေကြည့်နေ၏။

နောက်ဆုံးမှာတော့ သူ၏ မျက်လုံးက ဝင်းလက်သွားလေသည်။

သူက ခြေလှမ်းတချို့ ခပ်မြန်မြန်လှမ်းပြီး ရတနာဘောင်တစ်ခုရှေ့သို့ ရောက်ရှိလာ၏။

ရတနာဘောင်ထဲမှာ ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံးရှိနေသည်။ အဲဒါက ခပ်ဝိုင်းဝိုင်းနှင့် ရွှေရောင်ဖြစ်ပြီး မည်သည့်အညစ်အကြေးမှမရှိဘဲ သလင်းလို ကြည်လင်ကာ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။

သူတော်စင်တစ်ဦး၏ ဓာတ်တော်။

ဒါ့အပြင် အဲဒါသည် အန္တိမသူတော်စင်တစ်ဦး၏ ဓာတ်တော်ဖြစ်လေသည်။

ဗုဒ္ဓကျောင်းတော်များမှာ ပကတိဧကနယ်ပယ်ကျင့်ကြံသူများကို သူတော်စင်များဟု ခေါ်ဆိုလေသည်။ သူတော်စင်တစ်ဦး၏ တာအိုသစ်သီးက ဓာတ်တော်ဖြစ်လေသည်။

ဆူဇီမိုအတွက်တော့ ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်ရန် တိုက်ရိုက်အကျဆုံးနည်းလမ်းမှာ သူတော်စင်တစ်ပါး၏ ဓာတ်တော်ကို ရှာဖွေရန်ဖြစ်လေသည်။

ဓာတ်တော်များကို လေ့လာအကဲခတ်ပြီး အထဲမှာရှိသော ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်ခြင်းကနေတစ်ဆင့် သူသင်ယူထားသည့်အရာကို အတည်ပြုနိုင်မည်ဆိုလျှင် သူသည် အသိအမြင်ကောင်းတချို့ကို ရရှိကောင်းရရှိလာပေလိမ့်မည်။

သူတော်စင်များ၏ ဓာတ်တော်များအားလုံးကြားမှာ အန္တိမသူတော်စင်များ၏ ဓာတ်တော်များက အဖိုးတန်ဆုံးဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

အန္တိမသူတော်စင်တစ်ဦး၏ ဓာတ်တော်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု သေချာပေါက် ပါဝင်နေသောကြောင့်ဖြစ်သည်။

အဲဒါသည် ဗုဒ္ဓကျောင်းတော်များ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဗုဒ္ဓနဂါးဆင်ဖြစ်မည်ဆိုလျှင် အဲဒါက ဆူဇီမိုအတွက် အသုံးတည့်ဆုံးဖြစ်ပေလိမ့်မည်။

“အန္တိမသူတော်စင်တစ်ဦးရဲ့ဓာတ်တော်…”

ထိုစဉ်မှာပင် လုယွင်က လျှောက်လှမ်းလာပြီး ထိုဓာတ်တော်ကို တွေ့မြင်သောအခါ တီးတိုးရေရွတ်လိုက်၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက မွန်မြတ်ကောင်းကင်ဘုံးကမ္ဘာတံဆိပ်ပြားကို ရတနာဘောင်ပေါ်ရှိ အချိုင့်ရာပေါ်မှာ တင်လိုက်ပြီး အန္တိမသူတော်စင်ဓာတ်တော်ကို လဲလှယ်ရယူရန် တိုက်ပွဲရမှတ်သုံးထောင်ကို အသုံးပြုလိုက်လေသည်။

“နှမြောစရာပဲ”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏

အနီးကပ်ကြည့်ရှုပြီးနောက် ဓာတ်တော်မှာ အက်ကွဲကြောင်းတစ်ခုရှိနေသည်ကို သူက တွေ့ရှိလိုက်ရသည်။

တာအိုသစ်သီးမှာ အက်ကွဲကြောင်းတစ်ခုရှိနေခြင်းသည် အထဲမှာ ပါဝင်သော ဓမ္မတာအိုက ပြီးပြည့်စုံမှုမရှိတော့ဘဲ ကျင့်ကြံသူများ၏ နားလည်ဆင်ခြင်မှုမှာ သက်ရောက်မှုရှိလာမည်ဟု ဆိုလိုလေသည်။

လုယွင်က ပြောလိုက်သည်။

“တကယ်တော့ ရတနာစေတီရဲ့ ပဉ္စမထပ်မှာ အတော်လေးကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတဲ့ အန္တိမစိတ်ဝိညာဉ်တွေရဲ့ ဓာတ်တော်တချို့ရှိနေတယ်… ဒါပေမဲ့ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတဲ့ အန္တိမပကတိစိတ်ဝိညာဉ်တာအိုသစ်သီးတစ်လုံးချင်းစီက တိုက်ပွဲရမှတ်ငါးထောင်ကို လိုအပ်တယ်”

“များလှချေလား”

ဆူဇီမိုက ဆွံ့အသွားလေသည်။

တကယ်တော့ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးရဲ့ တာအိုသစ်သီးကို လဲလှယ်ရယူတဲ့အခါ အရေးကြီးဆုံးအရာက အထဲမှာရှိတဲ့ ဓမ္မတာအိုရဲ့စွမ်းအားကို နားလည်ဆင်ခြင်ဖို့ပဲ”

လုယွင်က ပြောလိုက်သည်။

“ဒါပေမဲ့ တကယ်တမ်းမှာတော့ မင်းက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးရဲ့ တာအိုသစ်သီးကို ရရှိမယ်ဆိုရင်တောင် မင်းက နားလည်ဆင်ခြင်နိုင်ချင်မှာ နားလည်ဆင်ခြင်နိုင်လိမ့််မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ရန် လူတစ်ယောက်သည် ပါရမီအရည်အချင်း၊ အခွင့်အလမ်း၊ ကံကောင်းမှု၊ ချိန်သားကိုက်မှု၊ အားဖြည့်စုဆောင်းမှု၊ အခွင့်အလမ်းများ၊ ကမ္မနှင့် အခြားသောအခွင့်အလမ်းများကို လိုအပ်လေသည်။

သူတို့ထဲက တစ်ခုကမှ လျော့ကျနေလို့ မရပေ။

တစ်ယောက်ယောက်က အန္တိမပကတိစိတ်ဝိညာဉ်များ၏ တာအိုသစ်သီးများရှိရုံနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် နေရာတိုင်းမှာ အန္တိမပကတိစိတ်ဝိညာဉ်များကို တွေ့မြင်နေရပေလိမ့်မည်။

လုယွင်က ဆက်ပြောလိုက်၏။

“ဒီအန္တိမသူတော်စင်ရဲ့ တာအိုသစ်သီးကို ရတနာစေတီရဲ့ တတိယထပ်မှာ ထားထားတယ်ဆိုတာ အဲဒါက ချို့ယွင်းချက်ရှိနေလို့ပဲ”

“အဲဒါက အက်ကွဲကြောင်းတစ်ခုပဲဆိုရင်တောင် တိုက်ပွဲရမှတ်နှစ်ထောင်တိတိ ကွာဟနေတယ်”

“ရတနာစေတီရဲ့ ပဉ္စမထပ်မှာ အန္တိမပကတိစိတ်ဝိညာဉ်တွေရဲ့ တာအိုသစ်သီးတွေရှိရုံတင် မကဘူး… ကပ်ဘေးကိုးခုစိတ်ဝိညာဉ်လက်နက်တွေတောင်ရှိတယ်”

“ကပ်ဘေးကိုးခုစိတ်ဝိညာဉ်ရတနာတိုင်းက တိုက်ပွဲရမှတ်ငါးထောင်စီကို လိုအပ်တယ်။”

All Chapters