← Chapters

တာအိုလမ်းညွှန်မှု

Vol. 188 Ch. 2810

တာအိုလမ်းညွှန်မှု

Vol. 188 Ch. 2810

အန္တိမသူတော်စင်ဓာတ်တော်ကို လဲလှယ်ရယူပြီးနောက် ဆူဇီမိုမှာ တိုက်ပွဲရမှတ်များစွာမကျန်ရှိတော့ဘဲ သုံးရာဝန်းကျင်သာ ကျန်ရှိတော့လေသည်။

သူသည် ရတနာစေတီပထမထပ်သို့ ပြန်လာပြီး ဆင်မျိုးနွယ် သာမန်ပကတိစိတ်ဝိညာဉ်တစ်ဦး၏ တာအိုသစ်သီးတစ်လုံးကို လဲလှယ်ရယူရန် နောက်ထပ် တိုက်ပွဲရမှတ်တစ်ရာ ကျော်ကျော်ကို သုံးစွဲလိုက်လေသည်။

သူတို့သည် ဗုဒ္ဓနဂါးဆင်ကို နားလည်ဆင်ခြင်လိုသည်ဆိုလျှင် ဗုဒ္ဓဝါဒနှင့် နဂါးမျိုးနွယ်မှ ဓမ္မတာအိုအပြင် သူတို့သည် ဆင်မျိုးနွယ်၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုလည်း အတတ်နိုင်ဆုံးနားလည်ဆင်ခြင်ဖို့ ကြိုးစားရပေလိမ့်မည်။

ဆင်မျိုးနွယ်မှ ဆူဇီမို၏ ဓမ္မတာအိုကတော့ ၎င်းသည် နတ်ဆင်အသက်ရှူခြင်းနည်းစနစ်နှင့် ပင်ကိုယ်နတ်ဘုရားစွမ်းအားများကနေလာလေသည်။ အဲဒါက အနည်းငယ်အားနည်းနေသောကြောင့် သူသည် ဆင်မျိုးနွယ်မှ ပကတိစိတ်ဝိညာဉ်တစ်ဦး၏ တာအိုသစ်သီးကို လဲလှယ်ရယူခဲ့ခြင်းဖြစ်လေသည်။

လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများကတော့ သူတို့သည် ရတနာစေတီမှာ လှည့်ပတ်ကာသာ လျှောက်သွားနေပြီး မည်သည့်အရာကိုမှာ လဲလှယ်ရယူခြင်းမရှိပေ။ သူတို့မှာ တူညီသော အတွေးရှိနေကြသည်။ သူတို့သည် ဤတစ်ခေါက်တိုက်ပွဲရမှတ်များကို သိမ်းထားပြီး နောက်တစ်ခါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာသောအခါ နောက်ထပ်တိုက်ပွဲရမှတ်များကို စုဆောင်းပြီးနောက် ပိုမိုကောင်းမွန်သော ရတနာများကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။

လူတိုင်းသည် သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သိမ်းဆည်းထားခဲ့ပြီးနောက် မွန်မြတ်ကျွန်းကနေ ထွက်ခွာပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်သို့ ဦးတည်လိုက်ကြလေသည်။ လင်းရွှင်ကျန်း၊ ဝမ်တုန်နှင့် အခြားသူများသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့လာရာ ဤခရီးစဉ်မှာ ရတနာတစ်ခုခုကို လဲလှယ်ရယူခဲ့ခြင်းမရှိသော်လည်း သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရက်အနည်းငယ်ကြာ တိုက်ခိုက်ပြီးနောက် သူတို့၏ ဓမ္မတာအိုများက ပိုမိုလေးနက်သိမ်မွေ့လာပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက မြင့်တက်လာသည်ဟု ခံစားရလေသည်။

လင်းရွှင်ကျန်းသည် သေမင်းနှုတ်ခမ်းဝကနေ လွတ်မြောက်လာခဲ့ပြီးနောက် အင်မော်တယ်နှိမ်နင်းဓားအပေါ် သူမ၏ နားလည်ဆင်ခြင်မှုက နောက်တစ်ဆင့်သို့ မြင့်တက်လာကာ ဉာဏ်ကွန့်မြူးမှုတစ်ခုသာ လိုအပ်နေတော့လေသည်။

တကယ်တော့ သူတို့ထဲမှာ အကျိုးအမြတ်အများဆုံးရရှိသူက ဆူဇီမိုပင် ဖြစ်လေသည်။

အဲဒါသည် အန္တိမသူတော်စင်ဓာတ်တော်နှင့် ဆင်မျိုးနွယ်မှ တာအိုသစ်သီးသာလျှင် မဟုတ်ဘဲ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ကောင်းကင်ဘုံမျက်လုံးဆယ်လုံးလည်း ပါဝင်လေသည်။

သူတို့ထဲမှာ ရှန့်မုန်၏ ကောင်းကင်ဘုံမျက်လုံးတွင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု ပါဝင်နေသည်။

ဆူဇီမိုက ကောင်းကင်ဘုံမျက်လုံးများ၊ အန္တိမသူတော်စင်ဓာတ်တော်နှင့် ဆင်မျိုးနွယ်ပကတိစိတ်ဝိညာဉ်၏ တာအိုသစ်သီးမှ ဓမ္မတာအိုတို့ကို အကုန်လုံးနားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူသည် နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းပြီး ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်လာဖို့ အခွင့်များလေသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာလာပြီးနောက် လုယွင်သည် သူ၏ အင်မော်တယ်ယာဉ်ပျံကို ဆင့်ခေါ်ကာ လူတိုင်းကို တင်ဆောင်လိုက်လေသည်။ သူက လေဟာနယ်ကိုချိုးဖျက်ပြီး ဓားကမ္ဘာသို့ ပြန်သွားရန်ပြင်လိုက်သည်။

ဆူဇီမိုသည် သူ့နောက်ဘက်မှာကျန်ခဲ့သော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို အတွေးနက်စွာဖြင့် ငေးကြည့်နေ၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည်မထိုးဖောက်နိုင်သည့် မြူခိုးတစ်လွှာဖြင့် ဖုံးအုပ်ခံထားရသည့်အလား ထူးခြားအံ့မခန်းဖြစ်နေ၏။

သူတို့နေနိုင်သည့်ဆယ်ရက်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ နောက်တစ်ဖန်လာရောက်လိုသည်ဆိုလျှင် သူသည် နောက်ထပ်နှစ်တစ်ထောင် စောင့်ရပေဦးမည်။

အင်မော်တယ်ယာဉ်ပျံပေါ်မှာ လုယွင်က ဆူဇီမို၏ စိတ်ကို ဖတ်မိပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ညီကိုဆူ ခင်ဗျားက သုခဘုံလေဟာနယ် နယ်ပယ်ထိ ကျင့်ကြံပြီးမှ ဒီနေရာကို ပြန်လာမယ်ဆိုရင် အကောင်းဆုံးပဲ”

“ဘာလို့အဲလိုပြောတာလဲ”

ဆူဇီမိုက မေးလိုက်၏။

လုယွင်က ပြောလိုက်သည်။

“ခုနှစ်စင်ကြယ်ဓားကမ္ဘာက တိုက်ပွဲမှာ ငါတို့တွေက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နဲ့ ရန်သူတွေဖြစ်လာခဲ့ပြီ.. ဒီနေ့တိုက်ပွဲမှာ ခင်ဗျားက အန္တိမပကတိစိတ်ဝိညာဉ် ရှန်းမုန်ကို သတ်ဖြတ်ခဲ့တယ်.. ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ဘုရင်တစ်ပါးကိုတောင်မှာ ဆုံးရှုံးခဲ့ရတယ်”

“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ အငြိုးအတေးကြီးပုံအရဆို သူတို့တွေက ဒီကိစ္စကို သေချာပေါက် ဒီတိုင်းထားမှာမဟုတ်ဘူး… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အရင်တုန်းက ဘုရင်အေးစက်မျက်လုံးက မင်းနဲ့ အသက်ချင်းအလဲအထပ်လုပ်ဖို့ ဘုရင်တစ်ပါးကိုတောင်မှ စွန့်လွှတ်စတေးခဲ့တယ်… သူက နောက်ပိုင်းမှာ ရူးရူးမူးမူးနဲ့ ဘာတွေလုပ်လာမလဲ ဘယ်သူသိမှာလဲ”

ယုလန်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“အမှန်ပဲ… နောက်ပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ နံပါတ်တစ်ပကတိစိတ်ဝိညာဉ် ရှယင်က ရှန်းမုန်ထက် အများကြီးသန်မာတယ်… ငါသိရသလောက်ဆိုရင် ရှယင်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားလောက်တယ်”

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီးနောက် သူတို့ကို အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဟု ခေါ်ဆိုနိုင်ပြီး သူတို့၏ နာမည်များကို တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ ချန်ထားရစ်နိုင်ကြလေသည်။

ရှယင်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ပြီးနောက် သူက ဘယ်လောက်ထိသန်မာလာမလဲ သိသာထင်ရှားလေသည်။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

“သူက တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှာ နံပါတ်တစ်နေရာကို ရယူထားတာ အံ့ဩစရာမရှိတော့ဘူးပဲ.. သူက တကယ်ပဲအစွမ်းထက်ပါပေတယ်”

ဆူဇီမိုက သူ့ကို ချီးကျူးနေသည်ဟု ထင်ရသော်လည်း သူက အဲဒါကို သာမန်ကာလျှံကာ ပြောဆိုနေသည့်အလား သူ၏ လေသံက အေးဆေးပေါ့ပါးနေ၏။

ဆူဇီမိုက အလေးအနက်ထားပုံမရသည်ကို တွေ့ရသောအခါ ယုလန်က သတိပေးလိုက်၏။

“နောက်ပြီး ရှယင် နားလည်ဆင်ခြင်ထားတဲ့ အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအား ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ပဲ”

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများက များစွာမရှိဘဲ ယခုအချိန်ထိ လူတိုင်းသိရှိထားသည်က ဆယ်ခုကျော်လောက်သာ ရှိလေသည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတိုင်း၏ စွမ်းအားက အမျိုးမျိုးကွဲပြားခြားနားလေသည်။

ဥပမာအားဖြင့် ကြယ်တာရာအကျဉ်းထောင်မှာ သတ်ဖြတ်ခြင်းစွမ်းအားများစွာမပါရှိဘဲ တစ်ဘက်သူ၏ လှုပ်ရှားမှုကို ချုပ်နှောင်ထားရုံသာဖြစ်လေသည်။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကတော့ ၎င်းသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများထဲ အသန်များဆုံး သတ်ဖြတ်ခြင်းစွမ်းအားနှင့်တစ်ခု သေချာပေါက်ဖြစ်လေသည်။

“‌ဪ… ဟုတ်လား”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

တစ်ယောက်ယောက်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို အဆုံးစွန်ထိ နားလည်ဆင်ခြင်ပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ နားလည်မဆင်ခြင်နိုင်တော့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့လေပြီ။

ရှယင်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထိန်းချုပ်လာနိုင်သည်မှာ တကယ်ပင် အံ့အားသင့်ဖို့ကောင်းလေသည်။

ဆူဇီမိုက အနည်းငယ်အလေးအနက်ထားလာသည်ကို တွေ့မြင်သောအခါ ယုလန်က ရှင်းပြလိုက်၏။

“ရှယင်က ယင်ယန်မျက်လုံးတစ်စုံနဲ့ မွေးဖွားလာခဲ့တယ်… သူက တာအိုကို နားလည်ဆင်ခြင်နေတဲ့ အချိန်တစ်ခုမှာ သူ့ရဲ့ ယင်ယန်မျက်လုံးက အမှတ်တမဲ့ပွင့်လာပြီး ယင်နှင့်ယန်ကြားက အဟန့်အတားကို တိုက်တိုက်ဆိုင်ဆိုင် ချိုးဖျက်မိသွားတယ်လို့ဆိုတယ်… သူက တမလွန်ဘုံမှာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့ ပုံစံကို ဖျတ်ခနဲတွေ့မြင်လိုက်ရတယ်”

“ဟမ်… ဒါဆို သူက ငါမြင်ရသလောက် ရှင်းရှင်းလင်းလင်းမြင်ခဲ့ရမှာ မဟုတ်ဘူး”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

“စောစောက ဘာပြောလိုက်တာလဲ”

ယုလန်က ဆူဇီမို၏ စကားကို ကောင်းကောင်းမကြားရဘဲ အလိုလိုမေးလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး”

ဆူဇီမိုက ရှင်းပြမနေပေ။

ရှယင်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဖျတ်ခနဲသာ တွေ့မြင်ခဲ့ရသည်။ အရင်တုန်းက သူသည် တမလွန်ဘုံကို အမှန်တကယ်ရောက်ရှိသွားပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဘေးမှာ ရှိနေခဲ့လေသည်။

လုယွင်က ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ငါတို့တွေက သောကြာဂြိုလ်မဟူရာရွှေကျောက်တုံးကို ရလာခဲ့ပြီဆိုမှတော့ လောလောဆယ်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို မသွားကြရအောင်”

ဆူဇီမိုက ကန့်ကွက်ခြင်းမရှိပေ။

လုယွင်နှင့် အခြားသူများ စိုးရိမ်ပူပန်နေသည့် အန္တရာယ်က သူတို့ထဲမှ တစ်ခုသာဖြစ်သည်။

သို့သော်လည်း ဆူဇီမိုက အခြားတစ်စုံတစ်ရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေ၏။

သူ့အတွက်တော့ အလုံးခြုံဆုံးနေရာက ဓားကမ္ဘာဖြစ်လေသည်။

ဓားကမ္ဘာမှာ ထိန်းသိမ်းစောင့်ရှောက်နေသော ဧကရာဇ်ဆယ်ပါးကျော်ရှိလေသည်။ မည်သည့်အန္တရာယ်ကိုမဆို သူတို့က ချက်ချင်းပင် ဖယ်ရှားရှင်းလင်းပစ်ပေလိမ့်မည်။

သို့သော်လည်း မွန်မြတ်စံအိမ်မှာ သူ့ကို လိုချင်တပ်မက်စေသည့် ရတနာများစွာ တကယ်ပင်ရှိနေ၏။

သူသည် ထိုရတနာများကို လဲလှယ်ရယူချင်သည်ဆိုလျှင် သူက သင့်လျော်သည့် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းရပေဦးမည်။

အပြန်ခရီးစဉ်မှာ ဓားကမ္ဘာမှလူများသည် အုပ်စုဖွဲ့၍ စကားပြောသူပြော သူတို့၏ အခန်းများထဲမှာ တစ်ယောက်တည်းကျင့်ကြံသူကျင့်ကြံဖြင့် ရှိနေကြသည်။

ဆူဇီမိုကလည်း သူ၏ အခန်းထဲမှာ တစ်ယောက်တည်းကျင့်ကြံနေလေသည်။ တစ်နေ့မှာ သူသည် ကောင်းကင်ဘုံမျက်လုံးတစ်လုံး၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်နေစဉ် အပြင်ဘက်က ခြေသံထွက်ပေါ်လာသည်။

ထိုလူက အတန်ကြာတွေဝေတုံ့နေပြီးနောက် အခန်းတံခါးကို ညင်သာစွာခေါက်လိုက်သည်။

“တောင်ထွတ်သခင်ဆူ… ကျွန်မလင်းရွှင်ကျန်းပါ… ရှင့်ကို တွေ့ပါရစေ”

“ဝင်လာခဲ့လေ”

ဆူဇီမိုက ပြန်ဖြေလိုက်သည်။

လင်းရွှင်ကျန်းက တံခါးကို တွန်းဖွင့်ပြီး ဝင်ရောက်လာခဲ့သည်။ သူမက ဆူဇီမို၏ ရှေ့သို့ ရောက်ရှိသောအခါ ရိုသေလေးစားစွာ ဦးညွှတ်ပြီးနောက် ပြောလိုက်သည်။

“တောင်ထွတ်သခင် ရှင်က အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ထားခဲ့ပြီလို့ ကျွန်မကြားတယ်.. ကျွန်မ ရှင့်ဆီကနေ လမ်းညွှန်မှုကို ခံယူပါရစေ”

“ကောင်းပြီလေ”

ဆူဇီမိုက ပြုံး၍ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလက်ခံလိုက်သည်။

အဲဒါသည် အတိတ်ကာလတုန်းကဆိုလျှင် လင်းရွှင်ကျန်း၏ မာန်မာနအရ သူမသည် အာကာသသက်ရှိနယ်ပယ်မှာသာရှိသည့် ဆူဇီမိုကို သေချာပေါက် အကူအညီလာတောင်းလိမ့်မည် မဟုတ်ပေ။

သို့သော် ယခု ဆူဇီမိုသည် သူမအသက်ကို ကယ်တင်ခဲ့ပြီး ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်းအားကို ပြသခဲ့လေသည်။ ဓားကမ္ဘာ၏ ယခင် နံပါတ်တစ်ပကတိအင်မော်တယ်ကပင် သူမ၏ မာန်မာနကို ခဝါချကာ အကူအညီတောင်းရန် ရောက်ရှိလာရလေသည်။

ဆူဇီမိုက သူ၏ လက်ကို ဆန့်ထုတ်ပြီး အတွေးတစ်ချက်နှင့်အတူ သူ၏ လက်ဖဝါးထဲမှာ ဓားချီသုံးခုကို ပေါ်ထွက်လာစေ၏။ အဲဒါက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ တလိပ်လိပ်ထိုးတက်နေ၏။

“ဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားရဲ့ မူလဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်တစ်အုပ်ကနေ ဆင်းသက်လာခဲ့တာပဲ အဲဒီထဲမှာရှိတဲ့ စာကြောင်းသုံးကြောင်းက အင်မော်တယ်နှိမ်နင်းဓားကနေ လာတာပဲ… ဆိုရိုးတွေအတိုင်းပဲ... ကောင်းကင်ရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ...”

ဆူဇီမိုသည် အင်မော်တယ်နှိမ်နင်းဓားကို ဤမျှအထိ မြန်မြန်ဆန်ဆန် နားလည်ဆင်ခြင်နိုင်ခဲ့သည်မှာ ဓားတာအိုမှာ သူ၏ ပါရမီအရည်အချင်းနှင့် နားလည်ဆင်ခြင်နိုင်မှုကြောင့်သာ မဟုတ်ပေ။

သူသည် ယင်ယန်အဆောင်သုတ္တန်ကို ပိုင်ဆိုင်ထားသောကြောင့်လည်းဖြစ်လေသည်။ ထိုလျှိုုဝှက်ဆန်းကြယ်သော စာအုပ်မှ ဓမ္မတာအိုကို သူသည် အင်မော်တယ်နှိမ်နင်းဓား၏ ဆိုရိုးသုံးခုနှင့်ယှဥ်ကာ နေရာတိုင်းကို အကောင်အထည်ဖော်လာနိုင်ခဲ့လေသည်။

ဆူဇီမိုသည် ယင်ယန်အဆောင်သုတ္တန်၏ ဓမ္မတာအိုကို ခွဲခြမ်းစိပ်ဖြာပြီး လင်းရွှင်ကျန်း၏ ရှေ့မှာ ဓားတာအိုပုံစံဖြင့် ပြသပေးလိုက်လေသည်။ သူက အဲဒါကို မဟာဓားပညာရပ်သုံးခုထဲ ထည့်သွင်းပေါင်းစည်းပြီး နောက်ဆုံးမှာ အင်မော်တယ်နှိမ်နင်းဓားကို ဖြစ်ပေါ်လာစေသည်။

လင်းရွှင်ကျန်းသည် ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေပြီး သူမ၏ မျက်လုံးထဲရှိ အလင်းရောင်က သိပ်သည်းကျစ်လစ်လာသည်။

နောက်ဆုံးမှာ တစ်ခုသော အခိုက်အတန့်တွင် အတွေးတစ်ခုက သူမ၏ စိတ်ထဲတွင် ဖျတ်ခနဲပေါ်ထွက်လာ၏။

သူမသည် ဉာဏ်အလင်းပွင့်သွားသည့်အလား အဟန့်အတားများနှင့် မေးခွန်းများအားလုံးက ပြေလည်သွားလေသည်။

All Chapters