← Chapters

တစ္ဆေကမ္ဘာ

Vol. 188 Ch. 2812

တစ္ဆေကမ္ဘာ

Vol. 188 Ch. 2812

နှစ်တစ်ထောင်ကုန်ဆုံးသွားပြီးနောက် ဆူဇီမိုက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ နောက်တစ်ဖန်ဝင်ရောက်နိုင်ပြီဖြစ်သည်။

သို့သော်လည်း ယခုက အချိန်မတန်သေးပေ။ သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ မဆင်မခြင်သွားရောက်မည်ဆိုလျှင် သူသည် ကြီးမားသောအန္တရာယ်တစ်ခုနှင့် ကြုံတွေ့ရဖို့ အခွင့်များလေသည်။

ဒါ့အပြင် ထိုအန္တရာယ်သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကနေသာ လာမည်မဟုတ်ပေ။

ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာနှင့် အချိန်တစ်ခုကြာတိုင်းတစ်ကြိမ် ဆက်သွယ်ဖို့ ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

အစစ်အမှန်ခန္ဓာနှစ်ခုက တမလွန်ဘုံတွင် ခွဲခွာခဲ့သည်မှာ နှစ်နှစ်ထောင်ရှိသွားခဲ့ပြီဖြစ်သည်။

ဤအခြေအနေအတွက် အကြောင်းပြချက်တစ်ခုသာလျှင်ရှိလေသည်။ သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံကမ္ဘာသို့ ယခုအချိန်ထိ ပြန်မရောက်သေးပေ။

အစစ်အမှန်ခန္ဓာနှစ်ခုသည် သီးခြားလောကနှစ်ခုမှာ ရှိနေပြီး စွမ်းအားကြီးမားသော လောကအဟန့်အတားများဖြင့် ပိုင်းခြားခံထားရလေသည်။ သူတို့က မဆက်သွယ်နိုင်ကြပေ။

သိုင်းတာအိုပင်မခန္ဓာသည် တစ္ဆေတာအိုထဲသို့ လေဟာနယ်ယက္ခနှင့် လိုက်ပါသွားခဲ့သည်မှာ နှစ်နှစ်ထောင်ရှိသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူသည် အထက်ဘုံသို့ ပြန်ရောက်မလာနိုင်သေးဘဲ ဘာဖြစ်နေသည်ကို မည်သူကမှ မသိရပေ။

လေဟာနယ်ယက္ခပြောပုံအရ တစ္ဆေတာအိုသည် အထက်ဘုံလောကနှင့် ယှဉ်နိုင်သော သီးခြားလောကတစ်ခုဖြစ်လေသည်။

သို့သော်လည်း တစ္ဆေတာအိုသည် ငရဲတာအိုနှင့် ကွဲပြားခြားနားလေသည်။ တစ္ဆေတာအိုက ချို့ယွင်းချက်ကင်းမဲ့ပြီး ၎င်း၏ နိယာမများက ပြီးပြည့်စုံမှုရှိနေ၏။ ထိုနေရာမှာ ဧကရာဇ်ပညာရှင်များရှိနေရုံသာမက အဲဒီမှာ မဟာဧကရာဇ်တစ်ပါးဖြစ်နိုင်ခြေရှိသော ဗြဟ္မာတစ္ဆေမိခင်ကဲ့သို့ ကြောက်စရာကောင်းသည့် တည်ရှိမှုများပင် ရှိနေသေးသည်။

သိုင်းတာအိုပင်မခန္ဓာသည် သိုင်းပိုင်နက်နယ်မြေနယ်ပယ်သို့ တက်လှမ်းလာခဲ့သော်လည်း သူသည် ၎င်း၏ စဦးကျွမ်းကျင်ကိုသာ ရရှိသေးလေသည်။ ခွန်အားအရာမှာ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်များအားလုံးကို ဖိနှိမ်နိုင်မည်ဖြစ်သော်လည်း သူ့အနေဖြင့် ဧကရာဇ်တစ်ပိုင်းပညာရှင်များကို ဆန့်ကျင်ဖို့က ခက်ခဲနေသေးလေသည်။

ငရဲဖိနှိမ်မီးဖို၊ ဝိညာဉ်မီးအိမ်နှင့် တမလွန်ဘုံရတနာကြေးမုံတို့၏ အကူအညီနှင့်အတူ သူသည် ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးနှင့် တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လေသည်။

သို့သော်လည်း တစ္ဆေတာအိုမှာ သိုင်းတာအိုပင်မခန္ဓာကို ခြိမ်းခြောက်နိုင်သော ဧကရာဇ်များစွာရှိနေသည်။

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချပြီး သူ့ကိုယ်သူ နောက်တစ်ဖန်တည်ငြိမ်စေကာ တာအိုကို ဆက်လက်၍ကျင့်ကြံလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက တစ္ဆေတာအိုမှာ မည်သည့်အရာနှင့် တွေ့ကြုံနေရသည်ဖြစ်စေ သူလုပ်ပေးနိုင်တာ ဘာမှမရှိပေ။

သိုင်းတာအိုပင်မခန္ဓာက သူ့အားသူကိုးရမည်သာဖြစ်လေသည်။

. . . . . .

သိုင်းတာအိုပင်မခန္ဓာသည် တစ္ဆေတာအိုထဲသို့ ခုန်ဝင်သွားပြီးနောက် သူ့ခန္ဓာကိုယ်ကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။ သူသည် ဧရာမဝဲကတော့တစ်ခုထဲသို့ ကျဆင်းသွားသည့်အလား‌ လောကက ချာချာလည်လာသည်ဟု ခံစားရပြီး သူ၏ အာရုံငါးပါးကို ချက်ချင်းပင် ဆုံးရှုံးသွားရလေသည်။

တကယ်ဆို သူသည် အချိန်စီးဆင်းမှုကိုပင် အာရုံမခံနိုင်တော့ပေ။ သူ့စိတ်ဝိညာဉ်အာရုံခံစိတ်၏ အကြွင်းအကျန်တစ်စကသာ သူက အန္တရာယ်မရှိဟု သူ့ကို ဆုံးဖြတ်စေနိုင်လေသည်။

လေဟာနယ်ယက္ခသည် သူ့ဘေးမှာ ရှိနေဆဲဖြစ်ပြီး ကလေးငယ်တစ်ဦးကဲ့သို့ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားလေသည်။

သူတို့နှစ်ဦးသည် နှုတ်ဖြင့်ဖြစ်စေ၊ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဖြစ်စေ ဆက်သွယ်နိုင်ခြင်း မရှိကြပေ။

သူတို့သည် သဘာဝအတိုင်း ခွင့်ပြုပေးထားရပြီး အလိုက်သင့်မျောပါနေရလေသည်။ အဲဒါက ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်သည်။

သူ၏ အကြွင်းအကျန်အာရုံခံစိတ်အပေါ် မှီခိုရင်း သိုင်းတာအိုပင်မခန္ဓာသည် အပြင်လောကကို အာရုံခံရန် အတတ်နိုင်ဆုံး ကြိုးစားကြည့်နေ၏။ သူသည် ရှည်လျားသောအချိန်မြစ်ထဲမှာ ကျဆင်းသွားသည့်အလားဖြစ်သည်။ သူ၏ အမြင်အာရုံက မှောင်မည်းနေခြင်း မဟုတ်ဘဲ ရောင်စုံမြင်ကွင်းတစ်ခုဖြစ်လေသည်။

ဤပြန်ဝင်စားခြင်းစက်ဝန်းထဲမှာ သူ့ခန္ဓာကိုယ်ထဲရှိ သွေးတစ်စက်ချင်းစီနှင့် သူ၏ အမြုတေစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ခြင်းခံနေရသည်ဟု ထင်ရပြီး လေဟာနယ်ထဲသို့ သူက ဝင်ရောက်သွားလေသည်။

မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ရေကန်တစ်ကန်ထဲကို ထိုးဖောက်ဝင်ရောက်သွားပုံရလေသည်။ အဘက်ဘက်ကနေ ဝင်ရောက်လာသည့် ဆွဲထုတ်နေသော ခံစားချက်ကလည်း ရုတ်တရက်ပျောက်ကွယ်သွားလေသည်။

“ဟမ်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ဖို့ ကြိုးစားပြီး သူ၏ အာရုံငါးပါးကို တဖြည်းဖြည်းပြန်လည်ရရှိလာ၏။

သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ မျက်လုံးများကို ဆတ်ခနဲဖွင့်လိုက်၏။ ဘေးပတ်ဝန်းကျင်က မှောင်မည်းနေပြီး မည့်သည့်အလင်းရောင်မှ မရှိဘဲ မကောင်းဆိုးဝါးဆန်ပုံရသော အေးစက်နေသည့် ကောင်းကင်နှင့်မြေကြီးအမြုတေချီဖြင့် ပြည့်နှက်နေသည်။

တကယ်တော့ ထိုအမှောင်ထုသည် သိုင်းတာအိုပင်မခန္ဓာ၏ အမြင်အာရုံပေါ် သက်ရောက်စေခြင်းမရှိပေ။

ဘေးမှာရှိသော လေဟာနယ်ယက္ခကလည်း တဖြည်းဖြည်း သူ၏ အသိစိတ်ကို ပြန်လည်ရရှိလာ၏။

သူက သူ၏ ခန္ဓာကိုယ်နှင့် သူ၏ ကြွက်သားများကို ဆွဲဆန့်လိုက်၏။ သူက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် စိတ်လှုပ်ရှားမှု အရိပ်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

“ဒါက တစ္ဆေကမ္ဘာပဲ”

လေဟာနယ်ယက္ခက ဘေးပတ်လည်ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။

“ငရဲကမ္ဘာက များပြားလှတဲ့ တမလွန်ချီနဲ့ ပြည့်နှက်နေတယ်… တစ္ဆေကမ္ဘာမှာကတော့ တစ္ဆေချီနဲ့ ပြည့်နှက်နေတယ်”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။

တစ္ဆေချီဖြစ်စေ၊ တမလွန်ချီဖြစ်စေ သူတို့သည် ကောင်းကင်နှင့်မြေကြီး အမြုတေချီအပေါ် အခြေခံထားလေသည်။ သို့သော်လည်း အထဲမှာပါဝင်သောစွမ်းအင်က ကွဲပြားခြားနားကြသည်။

“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲမှာ ခရီးသွားနေခဲ့တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အဲဒါက နှစ်တစ်ထောင်ကျော်ကြာသွားပြီလို့ ငါဘာလို့ ခံစားနေရတာပါလိမ့်”

“တကယ်တော့ အဲဒါက ဖြစ်နိုင်တယ်”

လေဟာနယ်ယက္ခက ပြောလိုက်၏။

“ကျုပ်တို့ယူခဲ့တဲ့လမ်းကြောင်းက ပြန်ဝင်စားခြင်းလမ်ခြောက်သွယ်ကနေတစ်ဆင့် တစ္ဆေကမ္ဘာကို ရောက်လာတာဘဲ… ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ဝိညာဉ်တွေကို ပြန်ဝင်စားဖို့အတွက် ရည်ရွယ်ထားတဲ့ လမ်းကြောင်းတစ်ခုပဲ”

“အသွေးအသားခန္ဓာနဲ့ ကျုပ်တို့လိုသက်ရှိတွေက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲမှာ ခရီးသွားတဲ့အခါ ကြီးမားတဲ့ခုခံမှုတစ်ခုကို ရရှိလိမ့်မယ်… ကျုပ်တို့အနေနဲ့ နှစ်ပေါင်းရာချီ ဒါမှမဟုတ် နှစ်ပေါင်းထောင်ချီကြာသွားဖို့က ဖြစ်နိုင်တယ်”

သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ်စဉ်းစားတွေးတေနေ၏။

သူတို့သည် ငရဲကမ္ဘာကနေ တမလွန်ဘုံသို့ သီးခြားလောကနှစ်ခုကို ဖြတ်ကျော်လာခဲ့သော်လည်း ငရဲအဝါရောင်စိမ့်စမ်းသည် ငရဲကမ္ဘာနှင့် ချိတ်ဆက်ထားလေသည်။

ထို့ကြောင့် ချိတ်ဆက်ထားသောအမှတ်ကနေ သူတို့သည် လောကအဟန့်အတားကို ချိုးဖျက်၍ ကမ္ဘာနှစ်ခုကို ဖြတ်ကျော်လာခဲ့လေသည်။

တမလွန်ဘုံနှင့် တစ္ဆေတာအိုက ချိတ်ဆက်နေခြင်းမရှိပေ။

သူတို့နှစ်ယောက်သည် တမလွန်ဘုံကနေ တစ္ဆေတာအိုသို့ ဝင်ရောက်ပြီး ပြန်ဝင်စားခြင်းလမ်ခြောက်သွယ်ကနေတစ်ဆင့် ထွက်ခွာလာခဲ့လေသည်။ ထိုသို့ဖြင့် သူတို့သည် ပြန်ဝင်စားခြင်းစက်ဝန်းထဲမှာ အဆက်မပြတ်လွင့်မျောနေခဲ့ပြီး မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးမှသာ တစ္ဆေကမ္ဘာသို့ ဆင်းသက်ရောက်ရှိလာခြင်းဖြစ်သည်။

“အရင်က မင်းပြောပုံအရဆိုရင် တစ္ဆေတာအို.. ငရဲတာအို… အဆူရာတာအိုနဲ့ တောကောင်တာအိုတွေက မတူညီတဲ့ မျိုးနွယ်သက်ရှိတွေကို မွေးထုတ်ပေးနိုင်တဲ့ သီးခြားကမ္ဘာတွေဘဲ… ပြောရမယ်ဆိုရင် မင်းဆင်းသက်မယ့်ကမ္ဘာက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့ ဝင်ပေါက်ဝမှာ မင်းခုန်ချမယ့် လမ်းကြောင်းပေါ် မူတည်နေတာပဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“လူသားတာအိုနဲ့ ကောင်းကင်ဘုံတာအိုကရော ဘာတွေလဲ… သူတို့ကရော သီးခြားလောကနှစ်ခုပဲလား”

“ကျုပ်တော့ အဲလိုမထင်ဘူး”

လေဟာနယ်ယက္ခက ခေါင်းခါပြလိုက်၏။

“လူသားတာအိုနဲ့ ကောင်းကင်ဘုံတာအိုနဲ့ပတ်သက်ပြီး ကျုပ်လည်းသေချာမပြောတတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“အဲဒါက ထူးဆန်းတယ်”

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စည်းမျဉ်းစည်းကမ်းများအရ အဲဒီမှာမတူညီသော သီးခြားလောကခြောက်ခုရှိနေသင့်လေသည်။

သို့သော်လည်း လူသားတာအိုနှင့် ကောင်းကင်ဘုံတာအိုက တခြားလေးခုနှင့် မတူဘူးလား။

တာအိုခြောက်ခု၏ အနှစ်သာရက တူညီနေမည်ဆိုလျှင် လူသားတာအိုနှင့် ကောင်းကင်ဘုံတာအိုက ဘယ်လိုလောကအမျိုးအစားတွေဖြစ်နေမလဲ။ အဲဒီမှာ ဘယ်လိုသက်ရှိတွေကို မွေးထုတ်ပေးနိုင်မလဲ။

သူတို့တွေက လူသားတာအိုမှာရှိသော သာမန်လူသားတွေပဲလား။

ကောင်းကင်ဘုံတာအိုရဲ့ ကမ္ဘာမှာ ဘာတွေရှိမလဲ။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရပြီး အဲဒါကို ရှင်းရှင်းလင်းလင်းမတွေ့မြင်နိုင်ပေ။

တမလွန်ဘုံ၊ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၊ တမလွန်မြစ်။

သူတို့က ကမ္ဘာတစ်ထောင်သုံးဆင့်လောကနှင့် ဘယ်လိုပက်သက်ဆက်စပ်နေမလဲ။ အဲဒါထက် သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကနှင့် ဘယ်လိုဆက်စပ်နေမလဲ။

သိုင်းတာအိုပင်မခန္ဓာက အတွေးနက်နေစဥ်မှာပင် လေဟာနယ်ယက္ခက စိတ်မရှည်နိုင်ဖြစ်လာပုံရပြီး တိုက်တွန်းလှုံ့ဆော်လိုက်၏။

“သွားကြရအောင်... ခင်ဗျားကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားနိုင်ဖို့ကူညီပေးနိုင်မလား မြန်မြန်သွားကြည့်ရတာပေါ့”

သိုင်းတာအိုပင်မခန္ဓာသည် အပေါ်ယံမှာ တည်ငြိမ်နေသော်လည်း သူက ရုတ်တရက် စိုးရိမ်ပူပန်လာ၏။

လေဟာနယ်ယက္ခသည် တစ္ဆေကမ္ဘာမှာ ကြီးလေးသောပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး သူ့ကို ဗြဟ္မာတစ္ဆေမိခင်က တမလွန်မြစ်သို့ နှင်ထုတ်ခဲ့လေသည်။

ယခု သူက သူ၏ ယခင်ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာပြီး သူက ကြိုတင်ပြင်ဆင်မှုတချို့ ပြုလုပ်သင့်လေသည်။

သို့သော်လည်း လေဟာနယ်ယက္ခသည် လုံးဝစိုးရွံ့​မနေရုံသာမက သူသည် စိတ်လှုပ်ရှားတက်ကြွသော အကြည့်တစ်ခုကိုပင် ထုတ်ဖော်ထားလေသည်။

ယက္ခမျိုးနွယ်သည် အစကတည်းက မကြင်နာတတ်ပေ။

ခါးသက်စိမ့်စမ်းငရဲမှာတုန်းက သိုင်းတာအိုပင်မခန္ဓာက သူ့ကိုကယ်တင်ပေးခဲ့သည့်အခါ လေဟာနယ်ယက္ခသည် လုံးဝကျေးဇူးသိတတ်ခြင်း မရှိခဲ့ရုံသာမက သူသည် သိုင်းတာအိုပင်မခန္ဓာကို သတ်ဖြတ်ဖို့ပင် ကြိုးစားခဲ့လေသည်။

နောက်ဆုံးမှာ သိုင်းတာအိုပင်မခန္ဓာက သူ၏ စွမ်းအားကြီးမားသောခွန်အားနှင့်အတူ လေဟာနယ်ယက္ခကို အတင်းအကျပ်ဖိနှိမ်ခဲ့သောကြောင့်သာ ထိုသူက အညံ့ခံခဲ့လေသည်။

ဒါ့အပြင် သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ သိုင်းတာအိုပင်မခန္ဓာကို ပြန်ပို့ပေးရန် သေချာပေါက်ကူညီပေးမည်ဟု ကတိပေးထားခဲ့လေသည်။

နောက်ပိုင်းမှာ တမလွန်ဘုံသို့ ဝင်ရောက်လာပြီးနောက် လေဟာနယ်ယက္ခသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးကနေ လိုက်ပါလာပြီး အမြဲတမ်း ရိုးသားမှုရှိခဲ့လေသည်။ ထိုအခါမှသာ သိုင်းတာအိုပင်မခန္ဓာက သူ၏ သတိကို တဖြည်းဖြည်းလျှော့ချခဲ့ခြင်းဖြစ်သည်။

ယခုအချိန်မှာ လေဟာနယ်ယက္ခထုတ်ဖော်ထားသော စိတ်ခံစားချက်များသည် သိုင်းတာအိုပင်မခန္ဓာကို နောက်တစ်ဖန် သတိထားလာစေလေသည်။

လေဟာနယ်ယက္ခသည် ကြမ်းကြုတ်ခက်ထန်ပြီး စဉ်းလဲလေသည်။ သူတို့က သူတို့၏ ကတိကဝတ်ကို ဖောက်ဖျက်မည်ဆိုလျှင် အံ့အားသင့်စရာ မရှိပေ။

သိုင်းတာအိုပင်ခန္ဓာက အရမ်းကာရော တိုက်ခိုက်ခြင်း မရှိပေ။

ဤနေရာက တစ္ဆေကမ္ဘာဖြစ်ပြီး ဤနေရာနှင့်ပတ်သက်၍ သူကအရမ်းကိုစိမ်းသက်နေ၏။

သူက ဤနေရာကို ရောက်ရှိလာပြီဆိုမှတော့ သူ့မှာ တခြားရွေးချယ်စရာမရှိတော့ပေ။

သူသည် လေဟာနယ်ယက္ခကနေတစ်ဆင့် တစ္ဆေကမ္ဘာနှင့်ပတ်သက်သည့် အခြေအနေကို အတတ်နိုင်ဆုံးစုံစမ်းရမည်ဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားရန် နည်လမ်းတစ်ခုကို ရှာဖွေရပေမည်။

All Chapters